Channel Myanmar

Al Thompson

Song One (2014) 5.8
Song One (2014)  သီချင်းနားထောင်ရတာကြိုက်တဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက်သီချင်းအေးအေးလေးတွေနဲ့ တစ်ကားလုံးအေးဆေးလေး Chill ပြီးကြည့်ရှုနိုင်မဲ့ ၂၀၁၄ တုန်းကထွက်ရှိခဲ့တဲ့ ဒရာမာဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ Song One ဖြစ်ပြီး IMDb Rating 5.8ရရှိထားပါတယ်။ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်တွေကတော့The Idea Of You တို့ The Lovers တို့လိုဇာတ်ကားတွေအပြင်တခြားသောနာမည်ကြီးဒရာမာဇာတ်ကားတွေမှာသရုပ်ဆောင်ခဲ့တဲ့ဒရာမာမင်းသမီးချော မမ Anne Hathaway နဲ့ဂီတပညာရှင်သရုပ်ဆောင်Johnny Flynn တို့ပဲဖြစ်ပါတယ်။ဟန်နရီဆိုတဲ့ကောင်လေးကဂီတပညာရှင်အဆိုတော်တစ်ယောက်ဖြစ်လာဖို့အတွက် ကောလိပ်ကနေထွက်ပြီး သီချင်းတွေကိုသီဆိုရေးစပ်နေသူတစ်ဦးဖြစ်ပါတယ်။ဒါပေမယ့် အစပိုင်းဆိုတော့လမ်းဘေးတွေမှာသီချင်းလိုက်ဆို ရှိတာလေးနဲ့အဆင်ပြေအောင်နေထိုင်နေပြီး တစ်နေ့မှာအဆိုတော်ဖြစ်လာရမယ်ဆိုတဲ့ အိပ်မက်နဲ့လူငယ်တစ်ဦးပဲဖြစ်ပါတယ်။ဒါပေမယ့် တစ်နေ့မှာတော့ကံဆိုးစွာနဲ့ပဲ နားကြပ်တပ်သီချင်းနားထောင်ပြီးလမ်းလျှောက်နေတုန်းကားတိုက်ခံလိုက်ရတဲ့အတွက် ကိုမာဝင်သွားတဲ့အခြေအနေကိုပါရောက်သွားပါတော့တယ်။အဲ့ဒီအခါမှာ သူနဲ့စကားမပြောဖြစ်တာကြာပြီ ဖြစ်တဲ့အစ်မဖြစ်သူဖရန်နီနဲ့ အမေဖြစ်သူတို့ကသူ့ကိုစောင့်ရှောက်ပေးဖို့ ဆေးရုံလိုက်လာခဲ့ပြီး ဝမ်းနည်းစရာအဖြစ်အပျက်နဲ့မိသားစုပြန်ဆုံစည်းခဲ့ရပါတော့တယ်။အဲ့ဒီအခါမှာ အစ်မဖြစ်သူဖရန်နီက မောင်လေးဖြစ်သူအတွက် စိတ်မကောင်းဖြစ်ပြီး ဟန်နရီ့အကြိုက်ဆုံးအဆိုတော် ဂျိမ်းစ်နဲ့သွားတွေ့ဆုံစကားပြောခဲ့ပါတော့တယ်။ဒီလိုနဲ့ နောက်ပိုင်းမှာ ဂျိမ်းစ်နဲ့ဟန်နရီတို့မိသားစုခင်မင်သွားကြာပြီး ဟန်နရီကိုမာဝင်ရာကနေပြန်နိုးထလာနိုင်အောင်ကြိုးစားရင်းနဲ့ဘယ်လိုစိတ်ဝင်စားစရာဒရာမာလေးတွေကို ကြည့်ရှုခံစားရမလဲဆိုတာကိုစိတ်ဝင်စားစရာကောင်းစွာ ကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size…1.27GB / 560MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 26m Genre ...
movie

Song One (2014)

Maya and Her Lover (2021) 5.5
Maya and Her Lover (2021) Maya and Her Lover (2021) ======================ဒီတစ်ခေါက် ပရိတ်သတ်ကြီးကို drama အမျိုးအစား ဇာတ်လမ်း ကောင်းလေးတစ်ခုနဲ့ တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့.. ဘဝအတက်အကျ အပြောင်းအလဲ‌တွေသိပ်မရှိတော့ဘဲ တည်ငြိမ် ရင့်ကျက်‌တဲ့ အသက်အပိုင်းအခြားတစ်ခုကို ရောက်နေပြီဖြစ်တဲ့ အသက် ၃၉ နှစ်အရွယ် မာယာဟာ introvert ဆန်ဆန် သူ့ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းရင်း အတည်တကျ မိသားစုဘဝ လေးတစ်ခုကို တည်ထောင်ချင်နေခဲ့ပါတယ်။ ဒီလိုမျိုးဘဝကို တည် တည်ငြိမ်ငြိမ်ပဲ ဖြတ်သန်းချင်နေတဲ့ သူ့ရဲ့ဘဝထဲကို သူ့အသက်ထက် ဝက်ပိုငယ်တဲ့ ကောင်လေးတစ်ယောက်က ဝင်ရောက်လာခဲ့ပါတယ်။အဲဒီကောင်လေးရဲ့ တွေးခေါ်ပုံတွေ..သူရည်မှန်းထားတဲ့ ပန်းတိုင်တွေ မျှော်လင့်ချက်တွေက မာယာကိုသူ့ရဲ့အတိတ် ငယ်ငယ်တုန်းကပုံရိပ် တွေကို ပြန်အမှတ်ရစေတာကြောင့် အဲဒီကောင်လေးဟာ သူလိုချင်တဲ့ အ‌ခြေတကျဖြစ်တဲ့ တည်ငြိမ်တဲ့ဘဝကို မပေးနိုင်ပေမဲ့ သူအဲဒီကောင် လေးအပေါ်ကို ဂရုစိုက်ပေးချင်စိတ်တွေ ကူညီပေးချင်စိတ်တွေ ပေါက် ဖွားလာခဲ့ပါတယ်။မာယာတစ်ယောက် သူ့ကောင်လေးကို တကယ်ချစ် မိသွားမှာလား.. သူ့ရဲ့ကျန်ရှိတဲ့ဘဝကို အရင်လိုပဲ အချစ်မရှိဘဲ အတိတ် မှာပဲနစ်မြောရင်း ကုန်ဆုံးသွားမလားဆိုတာကိုတော့..ဒီဇာတ်လမ်းလေး ထဲမှာ ကြည့်ရှူရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(1.17 GB) / (422 MB) Quality............WEB-DL 1080p ...
movie

Maya and Her Lover (2021)

2021
A Walk to Remember (2002) 7.4
A Walk to Remember (2002) A Walk to Remember(2002)_______IMDb....7.4/10  “A Walk to Remember” သို့ ပြန်တမ်းတခြင်း …။ မြန်မာပရိသတ်တွေအနေနဲ့ Nicholas Sparks ကို သိချင်မှသိမှာပေမယ့်၊ romance ကြိုက်သူတိုင်းရဲ့ playlist ထဲမှာ မပါမဖြစ်တဲ့The Notebook, The Lucky One, Dear John, The best of me စတဲ့ ဇာတ်ကားတွေဟာသူ့ရဲ့ဝတ္ထုတွေကို ပြန်အသက်သွင်းထားတာပါ။ အခု A Walk to Remember ဟာ ဒီကားတွေထက် စောပြီး2002 ခုနှစ်ထဲက ထွက်ရှိခဲ့တာဖြစ်ပါတယ်။အချစ်ဆိုတာ ဘယ်လိုမျိုးလဲ.. အချစ်က ကျွန်တော်တို့အတွက် ဘယ်လောက်အရေးပါလဲ။ တစ်နည်းအားဖြင့်် အချစ်ကိုကျွန်တော်တို့ ဘယ်လိုသတ်မှတ်ကြလဲ။Beauford ဆိုတဲ့ သိပ်လှတဲ့ ကမ်းနားမြို့လေးက ဇာတ်လမ်းတစ်ပုဒ်...။အဖေက သူတို့ကိုပစ်ပြီး နောက်မိန်းမယူသွားလို့ လောကကြီးကို အရွဲ့တိုက်ဆိုးပေနေတဲ့…၊မျှော်လင့်ချက်၊ ယုံကြည်ချက်၊ ပန်းတိုင်၊ မေတ္တာ ...
movie

A Walk to Remember (2002)

2002