Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Al Tantay
Kampon (2023)
Kampon 2023အာရှသရဲကား စုန်းကား မှော်ကားတွေကြိုက်တဲ့ CM ပရိသတ်ကြီးအတွက် ၂၀၂၃ ခုနှစ်ထွက် ဖိလစ်ပိုင်သရဲကားလေးနဲ့ မိတ်ဆက်ပေးပါရစေ အာရှကားတွေပီပီ ကြောက်ဖို့ကောင်းတာကတော့ ပြောစရာမလိုပါဘူး ပြူးခနဲပြဲခနဲ ဇာတ်ဝင်ခန်းတွေနဲ့ ဖြဲခြောက်မှာမို့ နှလုံးရောဂါဘာညာအခံရှိရင်တော့ မကြည့်သင့်ပါဘူးဇာတ်လမ်းအကျဉ်းလေးကတော့ အိမ်ထောင်သက်ရှစ်နှစ်ရှိပေမယ့် ကလေးမရသေးတဲ့ ကလာ့ခ်နဲ့အိုင်လင်းတို့ လင်မယားနှစ်ယောက်ရှိပါတယ် ကလာ့ခ်က အငြိမ်းစားရဲတစ်ယောက်ဖြစ်ပြီး အရင်တုန်းက ပတ်ရှုပ်ခဲ့တဲ့ဇာတ်လမ်းလေးတွေတော့ ရှိပါတယ် တစ်နေ့မှာတော့ သူတို့အိမ်တံခါးဝကို ကလာ့ခ်ရဲ့သမီးပါဆိုပြီး ကလေးမလေးတစ်ယောက်က ရောက်လာတဲ့အခါမှာတော့ လင်မယားနှစ်ယောက်ရဲ့ ဘဝမှာထူးဆန်းတာတွေစဖြစ်လာပြီး တကယ်ရော ကလာ့ခ်ရဲ့သမီးအစစ်အမှန်လား ဘာလို့ သူတို့ဆီရောက်လာတာလဲဆိုတာ ပရိသတ်ကြီးပဲ ဆက်ပြီးတော့ ခံစားကြည့်ရှုပေးကြပါဦးခင်ဗျာအညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ပဲ ဖြစ်ပါတယ်Genre..... Horror, Thriller Quality…. 1080p | 720p File size… 901MB | 481MB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Saii Thurein Lynn Encoder ..... Aaron
movie
Kampon (2023)
2023
6.5
Partners in Crime(2022)
Genre - Comedy IMDB - 6.5/10 ဖိလစ်ပိုင်နိုင်ငံရဲ့နာမည်ကြီး ရုပ်သံတင်ဆက်သူဖြစ်တဲ့ Vice Ganda နဲ့အတူ မင်းသမီးချော Ivana တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဖိလစ်ပိုင် ပေါ့ပေါ့ပါးပါး ဟာသကားလေးပါ။ဇာတ်လမ်းအကျဉ်းအရ လွန်ခဲ့တဲ့ ၅ နှစ်တုန်းက ဖြစ်ရပ်လေးကို အရင်ပြောပြချင်ပါတယ်။ ဂျက်ဆိုတဲ့ မိန်းမလျှာလေးက လူပြက်လေးပေါ့ မြို့ထဲမှာ ပွဲပေါင်းစုံ အစီအစဉ်ပေါင်းစုံ လျှောက်လုပ်နေရာကနေ ရိုစ့်နဲ့ အမှတ်မထင် ဆုံမိပြီး ပါတနာတွေဖြစ် နှစ်ယောက်အတူတူတွဲလုပ် အောင်မြင်နေကြတာပေါ့။ ရိုစ့်ကလည်း တစ်ဖက်သတ် ကြိတ်ကြိုက်နေရရှာတာပါ ဟိုက မိန်းမလျှာဆိုတာ မရိပ်မိပဲပေါ့။ ဒီလိုနဲ့ နာမည်ကြီးရုပ်သံလိုင်းကနေ သူတို့နှစ်ယောက်ကို တင်ဆက်သူလုပ်ဖို့ ကမ်းလှမ်းပါတော့တယ်။ တကယ်တမ်းဖြစ်ချင်တော့ ရုပ်သံလိုင်းက ဂျက်ကိုပဲခေါ်ပြီး ရိုစ့်ကိုပစ်ထားတော့ ရိုစ့်တစ်ယောက်က ဂျက်ကို နာကျည်းချက်တွေနဲ့ မုန်းတီးခဲ့ရပါတော့တယ်။ ခုအချိန်ကို ရောက်လာတော့ ဂျက်က ဖန်အပြည့်နဲ့ နာမည်ကြီးတင်ဆက်သူ ဖြစ်နေခဲ့ပါပြီ ဒါပေမဲ့ ...
movie
Partners in Crime(2022)
4.8
Sex Drive (2003)
Sex Drive (2003) ============ဒီဇာတ်ကားလေးကတော့ ဖိလစ်ပိုင် 18+ကားလေးဖြစ်ပါတယ်။ လိင်ကိစ္စကိုကြောက်တဲ့ အသည်းကွဲနေတဲ့ဆော်လေး ရှီလာနဲ့ တွေ့သမျှလူနဲ့ ဖောင်းဒိုင်းတဲ့ စားစော်ကြီး မဲလ်တို့ သူငယ်ချင်း နှစ်ယောက်ဟာ ဆာဂါဒါဆိုတဲ့ ဝေးလံလှတဲ့တောင်ပေါမြို့လေးကို ခရီးထွက်ခဲ့ကြပါတယ်။မထင်မှတ်ပဲ လမ်းခရီးမှာ အတိတ်မေ့နေတဲ့ ဘဲချောချောလေးကို တွေ့ပြီး ကားပေါ်တင်ခေါ်ခဲ့ပါတယ်။ သူတို့သုံးယောက်ရဲ့ ခရီးသွား ဇာတ်လမ်းလေးကို ရင်တဖိုဖို ရင်တထိတ်ထိတ် ဟာသအနှောလေး တွေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ၁၈+ ဆိုပေမယ့်လည်း အရမ်းကြမ်းတဲ့ ကားမျိုးမဟုတ်ပဲ ဇာတ်လမ်းသွားလေးနဲ့ ငြိမ့်ငြိမ့်လေးကြည့်ရမယ့် ကားမျိုးပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ ZMT ဖြစ်ပါတယ်)File Size..........(930 MB) / (550 MB) Quality............WEB-DL 720p / 480p Duration.........1Hr 28mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Adult Translator.......ZMT Encoder..........Admin X
movie
Sex Drive (2003)
2003
6.7
Ang Pambansang Third Wheel (2018)
Ang Pambansang Third Wheel (2018)~ IMDb Rating - 6.7/10 ~ဒီတစ်ခေါက်မှာတော့ သူငယ်ချင်းအတွဲတွေကြား တစ်ကိုယ်တည်း၊ အထီးကျန်၊ ကြောင်တောင်တောင်၊ သနားစရာ၊ ရည်းစားမရှိ၊ အချစ်ရေးမှာကံမကောင်း ဖြစ်နေတဲ့ တတိယဘီးလေးတွေအတွက် ဖိလစ်ပိုင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည် Ang Pambansang Third Wheel (National Third Wheel) နဲ့အညီ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင် ထရီနာဟာ သူငယ်ချင်းအတွဲတွေကြား တစ်ကိုယ်တည်းသမားဖြစ်နေရသူပါ။ ရည်းစား ၃ ယောက်ထားခဲ့ဖူးပေမယ့် ဖောက်ပြန်ခံရလိုက်၊ စနှိုက်ကြော်ဇာတ် သွင်းခံရလိုက်နဲ့ အချစ်ရေးမှာ ကံဆိုးသူမောင်ရှင်ပေါ့။ အဲဒါတွေကြောင့် ဖူးစာဖက်ကိုထိုင်ပဲစောင့်နေတော့မယ်လို့ ဟစ်ကြွေးထားပါတယ်။ လုပ်ငန်းခွင်မှာလည်း အဆူခံထိနေကျ ကောင်မလေးပါပဲ။ဒီလိုနဲ့ တစ်ရက်မှာ သူ့ရုံးမှာ အလုပ်လာလျှောက်တဲ့ နီယိုဆိုတဲ့ အမျိုးသားတစ်ယောက်နဲ့ဆုံခဲ့ရပါတယ်။ နီယိုက ထရီနာရဲ့ ဖူးစာဖက်ဖြစ်နိုင်ပ့ါမလား၊ သူတို့နှစ်ယောက် ဘာတွေကျော်ဖြတ်ရဦးမှာလဲ၊ နီယိုက ထရီနာ့ကို တကယ်ချစ်ရဲ့လား၊ ...
movie
Ang Pambansang Third Wheel (2018)
2018
6.2
This Time (2016)
ကလေးဘဝက နွေရာသီကျောင်းပိတ်ရက်တွေမှာ အလည်သွားရင်းတွေ့ရတဲ့ ငယ်ငယ်ကသူငယ်ချင်းတွေရှိခဲ့မယ်ဆိုရင် ဒီကားလေးကို ပိုသဘောကျမယ်ထင်ပါတယ်။ အခြား ရိုမန့်ရုပ်ရှင်တွေလိုပဲ ဒီရုပ်ရှင်က ငယ်သူငယ်ချင်းနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်စိတ်ဝင်စားမိတဲ့ ပုံစံအတိုင်းလာပါတယ်။ အရမ်းဒရမ်မာဆန်တဲ့ အလှည့်အပြောင်းသိပ်မရှိပဲ အေးအေးငြိမ့်ငြိမ့်လေးနဲ့ Narrative ပုံစံတစ်ခုနဲ့ ဆွဲခေါ်သွားမှာပါ Synopsis -ရုပ်ရှင်အဖွင့်မှာ ငယ်ငယ်တုံးက နှစ်ယောက်ကြားချစ်စရာအဖြစ်ပျက်ကလေးတစ်ခုနဲ့စဖွင့်ပါတယ်။ အေဗာမှာ ငယ်ငယ်ထဲကခုထိပေါင်းလာတဲ့ နွေရာသီပဲတွေ့ရတဲ့ကောင်လေးတစ်ယောက်ရှိတယ်။ သူ့နာမည်က ကိုဘီ -ကိုဘီကနွေရာသီမှာပဲ ဖိလစ်ပိုင်ကိုအလည်လာတယ် ကြာတော့ သူတို့နှစ်ယောက်ကြားမှာ ဘာခေါင်းစဥ်တပ်ရမလဲကို သူတို့ကိုယ်တိုင်လည်းမသိဘူးပေါ့။ နှစ်ယောက်ကိုတွေ့ဆုံစေတဲ့နွေရာသီဟာ ကြာတော့သူတို့နှစ်ယောက်အတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာပါတော့တယ် အရမ်းထူးခြားတဲ့ဇာတ်လမ်းဇာတ်ကွက်မပါပေမယ့် တစ်ပုဒ်တည်းသုံးထားတဲ့ဇာတ်ဝင်တေး၊ Narrative ဆန်တဲ့ဇာတ်ကြောင်းတင်ပြမှု၊ခေါင်းဆောင်မင်းသား James Reid နဲ့မင်းသမီး Nadine Lustre တို့သရုပ်ဆောင်ထားက Chemistry တော်တော်မိပါတယ်။ တခြားcast တွေက comedy ဖြစ်ပြီးကြည့် နေရင်းကို သရုပ်ဆောင်တွေနဲ့မျောပါနေမိတယ်။ ဇာတ်လမ်းအလှည့်အပြောင်းအထွေအထူး မမျှော်လင့်နေပဲ ဒီအတိုင်းအေးအေးငြိမ့်ငြိမ့်လေးကြည့်ချင်သူတွေ အတွက်ဆို ကြည့်ရအဆင်ပြေမယ့် ဇာတ်ကားတစ်ကားပါ File Size - 1.2 gb Quality - web-dl 1080p Subtitle - burmese Translator - Dod Encoder - Thit San Khant
movie
This Time (2016)
2016
5.0
The Third Party (2016)
ဒီဇာတ်ကားလေးကတော့ The Third Party လို့ခေါ်တဲ့ ဖိလစ်ပိုင် အချစ်ဇာတ်ကားလေးပါ.. သာမန်ဇာတ်ကားတွေနဲ့ မတူတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် ?.. အစပိုင်းမှာ အန်ဒီနဲ့ မက်စ်တို့က ချစ်သူတွေဖြစ်တယ် မက်စ်ကဆေးကျောင်းသွားတက်ပြီးပြန်လာတဲ့အချိန်မှာ ဖောက်ပြန်ပြီး ခရစ်ယာန်ဆိုတဲ့ကောင်နဲ့ ရည်းစားဖြစ်သွားကြတယ်.. သူတို့နှစ်ယောက်က ကလေးမွေးစားဖို့ဆုံးဖြတ်လိုက်တဲ့ အချိန်မှာ အန်ဒီ့မှာရှိတဲ့ကိုယ်ဝန်ကို သူတို့တာဝန်ယူဖို့ဆုံးဖြတ်ကြတာပေါ့.. သူတို့သုံးယောက် တစ်အိမ်တည်းနေကြပြီးတော့ ပြဿ နာတွေနဲ့ ဘယ်လိုရှေ့ဆက်သွားလဲဆိုတာ ဟာသလေးတွေနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်.. Qty - HDrip 720pGern - comedy/ RomanceSubtitle - MyanmarTranslator - AykayiEncoder - Kyaw Ye Aung
movie
The Third Party (2016)
2016