Channel Myanmar

Al Nazemian

An American Pickle (2020) 5.7
An American Pickle (2020) An American Pickle Genre - Comedy,Fantasy IMDb - 5.7/10Herschel Greenbaumဟာဂျူးလူမျိုးတစ်ယောက်ဖြစ်ပြီးမြောင်းတူးတဲ့အလုပ်လုပ်ကာ အသက်မွေးနေသူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ သူ့ဘဝထဲ Sarashဆိုတဲ့ အမျိုးသမီးလေးတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်ပြီးတစ်မြို့လုံးရှေ့မှာဘဲလက်ထက်လိုက်ကြပါတော့တယ်။ ဒါပေမယ့်ကံတရားကHerschelတို့ကိုမျက်နှာသာမပေးခဲ့ပါဘူး။ သူတို့လက်ထပ်ပြီးမကြာခင်မှာပဲ Cossacksဆိုတဲ့ ဂျူးသုတ်သင်ရှင်းလင်းရေးသမားတွေ ဟာ Herschelတို့မြို့လေးကို ဝင်ရောက်ဖျက်စီးပြီးမြို့ခံဂျူးတွေကိုသုတ်သင်ခဲ့ကြပါတယ်။ အဲ့ဒီအဖြစ်ဆိုးကြီးဖြစ်ပြီးတဲ့နောက် Herschelတို့ဇနီးမောင်နှံနှစ်ယောက်လည်းပိုမိုကောင်းမွန်တဲ့အနာဂတ်အတွက်အမေရိကကို အခြေချပြောင်းရွေ့နေထိုင်ဖို့အကြောင်းဖန်လာပါတော့တယ်။အမေရိကကိုရောက်တော့ သခွားချဉ်လုပ်တဲ့စက်ရုံတစ်ခုမှာ Herschelက ကြွက်နှိမ်နင်းတဲ့အလုပ်ရသွားခဲ့ပါတယ်။ Sarashကလည်းသူတို့ရဲ့ပထမဆုံးရင်သွေးလေးကို လွယ်ထားရနေပြီဆိုတော့ မျိုးဆက်ကိုကြီးပွားတိုးတက်စေချင်တဲ့ Herschelက အလုပ်ကိုပိုကြိုးစားလုပ်ကိုင်ရပါတော့တယ်။ ဒါပေမယ့်ကံမကောင်းစွာနဲ့ Herschelတို့ရဲ့ စက်ရုံဟာပိတ်သိမ်းခံလိုက်ရပါတော့တယ်။ အဲ့ဒီနေ့မှာဘဲ Herschelဟာကြွက်လိုက်ဖမ်းရင်း သခွားသီးတွေစိမ်ထားတဲ့ဆားရည်စည်ကြီးထဲကိုကျပြီးသတိမေ့ပြီးကျန်နေခဲ့ပါတော့တယ်။နှစ်တစ်ရာအကြာHerschelပြန်နိုးလာတဲ့အခါမှာတော့မော်ဒန်ခေတ်ကြီးကိုရောက်နေပြီးဖြစ်ပြီး Sarashနဲ့သူရင်သွေးလေးအပါအဝင်သူသိသမျှလူတွေအကုန်မရှိကြတော့ပါဘူး။ အဲ့လို့နဲ့ယူကြုံးမရဖြစ်နေတုန်းမှာပဲသူမှာBenဆိုတဲ့မြစ်တစ်ယောက်ရှိနေ‌သေးမှန်းသိသွားပြီး Benရဲ့တိုက်ခန်းမှာအတူလိုက်ခဲ့ပါတယ်။နှစ်တရာလုံးလုံးကမ္ဘာကြီးနဲ့အဆက်သွက်ပြတ်နေသူတစ်ယောက်အနေနဲ့ မော်ဒန်ခေတ်ရဲ့ လူနေမှုစနစ်တွေကြားမှာ ဘယ်လိုတွေ တိုင်ပတ်နေမလဲ သူ့ရဲ့မြစ်ဖြစ်သူBenနဲ့ရော လူကြီးနဲ့လူငယ်သဘောထားမတိုက်ဆိုင်မှုတွေကိုရော ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ဟာသနှောပြီးရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တဲ့အတွက် စိတ်လက်ပေါ့ပါးစွာ ကြည့်ချင်တဲ့သူတွေအတွက် အကြိုက်တွေ့စေမှာအသေချာပါပဲ။File size…    2.2 GB / 781 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 28m Genre ..... Comedy/Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Jonny Miller
movie

An American Pickle (2020)

Bourek (2015) 6.2
Bourek (2015) Bourek (2015) Comedy Drama IMDB Rating: 6.2/10 အကောင်းနဲ့ အဆိုး ဒွန်တွဲနေတဲ့ လောကကြီးမှာသင်က အကောင်းမြင်တတ်သူလား အဆိုးတွေပဲမြင်တတ်သူလားဒါမှမဟုတ် ကိလေသာတဏှာကိုပဲ တပ်မက်နေတဲ့သူလားအခွင့်အရေးရတိုင်း အမြတ်ထုတ်ချင်နေတဲ့ ဓနရှင်လား။ကိုယ်က ဘယ်အမျိုးအစားထဲမှာပဲ ပါပါ ဒီကားလေးကို ကြည့်ပြီးရင်ကိုယ်လိုချင်တာကို ရအောင် တစိုက်မတ်မတ် သွားချင်တဲ့ စိတ်ဖြစ်လာမှာပါ။ ဒီဇာတ်ကားလေဟာ (၂၀၁၂)ခုနှစ်မှာထွက်ပေါ်ခဲ့တဲ့ကမ္ဘာပျက်ဟောကိန်းကို ယုံကြည်သူ တစ်ယောက်နဲ့ စတင်ပါတယ်။ကမ္ဘာပျက်ရင် ရှောင်ဖို့ စည်းစိမ်တွေကို စွန့်လွှတ်ပြီးလွတ်မြောက်ရာလို့ ညွှန်းပေးလိုက်တဲ့ဂရိနိုင်ငံက ကျွန်းလေးကို လာခဲ့ပါတယ်။ ဒီအချိန်မှာပဲ ကမ္ဘာကြီးတစ်ခုလုံး စီးပွားရေးကျဆင်းနေတာကြောင့်ဂရိအစိုးရက နိုင်ငံပိုင် ကျွန်းလေးတွေကို ပုဂ္ဂလိကလက်ထဲရောင်းချနေရတဲ့ အချိန်ပါ။ ဂရိနိုင်ငံက ခရိုးနို့စ်ကျွန်းလေးမှာအဖွားရဲ့လက်ငုပ်လက်ရင်းဆိုင်လေးကို ဆက်ပြီးအသက်ဆက်အောင်ကြိုးစားနေတဲ့ အီလီနီဆိုတဲ့ ကောင်မလေးရှိနေပါတယ်။ သူမရဲ့ ဘဝကို အရှုံးမပေးပဲ ရင်ဆိုင်မယ့် တိုက်ပွဲမှာအဖက်ဖက်က ပါဝင်လာကြမယ့်သူတွေရယ်။ကမ္ဘာပျက်ရင် လွတ်မြောက်နယ်မြေဖြစ်မယ်လို့ယုံကြည်ပြီးရောက်လာတဲ့ သူဌေးရယ်။တဏှာကလွဲပြီး ကျန်တာ စိတ်မဝင်စားတဲ့ ညီအစ်ကိုဝမ်းကွဲနှစ်ယောက်ရယ်နဲ့ ဟာသဇာတ်မြူးတစ်ခုကို ကြည့်ရမှာဖြစ်ပါတယ်။ ဂရိမှာရှိတဲ့ ကျွန်းလေးပေါ်မှာ ရိုက်ထားတဲ့ ဒီကားလေးဟာအီဂျစ်ရုပ်ရှင်ပြပွဲနဲ့ အေသင်ရုပ်ရှင်ပြပွဲတွေမှာ ပြသဖို့ ...
movie

Bourek (2015)