Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Al Linea
6.6
The Immigrant (2013)
1921 မှာ Ewa Cybulska နဲ့သူ့အမဟာ သူတိုရဲ့ အမေရိကန်အိပ်မက်ကိုအကောင်အထည်ဖော်ဖိုအတွက် မွေးရပ်ပိုလန်မြေကနေပြီးတော့ New York မြိုကိုထွက်လာခဲ့ပါတယ်။ကံမကောင်းအကြောင်းမလှစွာပဲ Ellis ကျွန်းပေါ်ရောက်တဲ့အချိန်မှာတော့ သူ့အမဟာ နာမကျန်းဖြစ်နေတဲ့အတွက် ညီအမနှစ်ယောက်ခွဲရပါတော့တယ်။ မန်ဟန်တန်ရဲ့လမ်းမတွေပေါ်မှာသွားစရာနေရာမရှိချိန် နာမကျန်းဖြစ်လိုသီးသန့်ထားခံထားရတဲ့သူ့အမ Magda ကို ကယ်တင်ဖို ကြံရာမရဖြစ်နေချိန်မှာ Ewa ဟာBruno Weiss ရဲ့အကူအညီကိုရယူပြီး Bruno ရဲ့ ပြည့်တန်ဆာလုပ်ငန်းထဲ ဝင်ရောက်ရပါတော့တယ်။ပြင်သစ်မင်းသမီးချော Marion Cotillard , Joker မင်းသားJoaquin Phoenix နဲ့ Hawkeye မင်းသား Jeremy Renner တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ၁၉၀၀ နှစ်အစောပိုင်းကာလများဆီကimmigrants တွေရဲ့ ဘဝဖြစ်ရပ်မှန်တွေကို အခြေခံရိုက်ကူးထားတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်...... File size…1.24GB / 562MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h Genre …..Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie
The Immigrant (2013)
Townhouse Confidential (2023)
တောင်းဟောက်စ်ဆိုတာကတော့ အနံကျဉ်းပြီး အလျားကျယ်တဲ့အပြင် အထပ်အများကြီးပါတဲ့ တိုက်အိမ်ကြီးအမျိုးအစားတွေပါ။နယူးယော့ခ်မြို့ အနောက်ရွာမှာရှိတဲ့ တောင်းဟောက်စ်တွေကို ဝယ်ပြီး ဆောက်လုပ်ရေးစီမံကိန်းအဖြစ်ပြောင်းလဲဖို့ အနောက်ရွာ အိမ်ခြံမြေလုပ်ငန်းရဲ့ နာမည်ကြီး ဘဲရိုးမိသားစုက ဂျော့ ဘဲရိုးက စီစဉ်နေခဲ့ပါတယ်။ ဒါပေမဲ့ သူ့စီမံကိန်းကိုအပြီးသတ်ဖို့အတွက် အလယ်တည့်တည့်က တောင်းဟောက်စ်တစ်လုံးပဲထီးထီးကြီးကျန်နေခဲ့ပါတယ်။အဲဒီတောင်းဟောက်စ်မှာတော့ အဲလစ်ဇဘတ်၊ လစ်ဒီရာနဲ့၊ မယ်ရီဆိုတဲ့ ပယ်ရီညီအစ်မသုံးယောက်နေကြပြီး သူတို့မိဘတွေဆီကတွေ အမွေရထားတာပဲဖြစ်ပါတယ်။ အိမ်ကြီးအိမ်ကောင်းနဲ့နေကြပေမဲ့ ညီအစ်မသုံးယောက်ပေါင်းလို့မှ သာမာန်လစာပဲရကြတာပါ။အပေါင်စာချုပ်တွေ၊ အခွန်အခတွေနဲ့ ပြင်ဆင်စရိတ်တွေကြောင့် သူတို့အိမ်မှာပိုနေတဲ့ ပန်းခြံတိုက်ခန်းကို အိမ်ငှားတင်ဖို့ လူငှားရှာနေကြတာလည်းဖြစ်ပါတယ်။တနေ့မှာတော့ သူတို့ချေးမထားတဲ့ ဒေါ်လာတစ်သိန်းအတွက် အတိုးမသွင်းလို့ တစ်ပတ်အတွင်းအိမ်ကိုသိမ်းမယ်ဆိုတဲ့ ဘဏ်အကြောင်းကြားစာရောက်လာခဲ့ပြီး သူတို့ရဲ့ အိမ်တန်ဖိုးနဲ့ညီတဲ့ ချက်လက်မှတ်စာအုပ်ကလည်းပျောက်နေမှန်းသိလိုက်ရတဲ့အခါမှာတော့ ပယ်ရီညီအစ်မတွေ ဘယ်လိုဖြေရှင်းကြရမလဲ၊ ဂျော့ ဘဲရိုးရဲ့ စီမံကိန်းလက်ထဲပဲထိုးအပ်လိုက်ရမှာလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.5 GB)/(772 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre... Comedy, Roamance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie
Townhouse Confidential (2023)
8.7
The Irishman (2019)
ဒီရုပ်ရှင်ကတော့ မာတင်စကော်ဆက်ဆီရဲ့ ရုပ်ရှင်တွေထဲမှာ အရှည်ဆုံး ရုပ်ရှင်ကားပါ။ ၃ နာရီ ၂၉ မိနစ်ရှိပါတယ်။ဒါရိုက်တာနဲ့ သရုပ်ဆောင်အားလုံးက တကယ့် legend တွေပါပဲ။ဒါရိုက်တာ မာတင်စကော်ဆက်ဆီးက Goodfells, Taxi driver, Departed နဲ့ Raging bull လို ရုပ်ရှင်တွေကြောင့် နာမည်ကြီးပါတယ်။သူက အခု အဓိက မင်းသား ၃ ယောက်ကို ခေါ်ထားလိုက်ပါတယ်။အဓိကသရုပ်ဆောင် Robert De Niro ကိုတော့ Taxi Driver, Goodfellas, The Untouchables, Jackie Brown, Casino တို့လိုကားတွေနဲ့ သိကြမှာပါ။Al Pacio ဆိုတာနဲ့ Godfather ကို ပြေးမြင်ကြပါလိမ့်မယ်။ Joe Pesci ကလည်း Goodfellas, Casino, Raging bull နဲ့ ကမ္ဘာကျော်ပါပဲ။ဇာတ်လမ်းကတော့ ကမ္ဘာကျော်ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို အခြေခံထားပါတယ်။သမ္မတ နစ်ဆွန် ...
movie
The Irishman (2019)
2019
4K HEVC
We Own the Night(2007)
ဘဝကို ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းလာတဲ့ နယူးယောက်မှ နာမည်ကြီး အဒ်ကာဘီဘားကိုကြီးကြပ်ရသူ ဘော်ဘီဂရင်း။ကောင်မလေးဖြစ်သူ အမန်ဒါနဲ့ နေ့ရက်တိုင်းအချိန်းဖြုန်း၊ လည်ပင်းဖက်ပေါင်းတဲ့ဘော်ဒါဖြစ်တဲ့ ဂျန်ဘိုတို့နဲ့ ပါတီလုပ်လိုက်ပျောက်လိုက်ပါးလိုက်နဲ့နေလာခဲ့သည်။ထို့အပြင် ဘားပိုင်ရှင်ဖြစ်သူ ရုရှားလူမျိုးမစ္စတာဘူရှိုင်းရာ့ဗ်နဲ့လည်း မိသားစုလိုမျိုး ဆက်ဆံရေးကောင်းမွန်ပြီး သူကလည်း ဘော်ဘီရဲ့လုပ်ရည်ကိုင်ရည်ကိုသဘောကျသည်။လုပ်ငန်းတိုးချဲဖို့ကြံစည်နေသော ဘူရှိုင်းရာ့ဗ်နှင့် နဂိုကတည်းက ဘားကို မန်ဟတ်တန်ဘက်အထိထိုးဖောက်ချင်နေသော ဘော်ဘီ။ အရာရာအဆင်ပြေသလိုလိုရှိနေစဉ်မှာပင် ဘော်ဘီ့ဆီမမျှော်လင့်တာတွေဖြစ်လာသည်။တကယ်တော့သူ့နာမည်အရင်းက ဘော်ဘီဂရင်းမဟုတ်ဘဲ အရင်မျိုးရိုးနာမည်မှာ အဖေဖြစ်သူမြို့တော်ရဲ့ရဲချုပ်ညွှန်ကြားရေးမှူးနဲ့ အစ်ကိုဖြစ်သူ ရဲအရာရှိတို့အတိုင်း ရူဇင်စကီဖြစ်လေသည်။သူ့အစ်ကိုမှာ မူးယစ်ဆေးဝါးနှိပ်နင်းရေးမှာတာဝန်ယူရစဉ် ရုရှားမူးယစ်ရာဇာတစ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့တော့သည်။ ထိုအဖွဲ့က သူ့အစ်ကိုဖြစ်သူကိုလုပ်ကြံခဲ့ပြီး သူ့အဖေကိုပါကြံစည်နေတာကို သူ သိသွားတဲ့အခါ ရဲဌာနနဲ့ပူးပေါင်းပြီး မူးယစ်ဆေးဝါးမှုကို သူကိုယ်တိုင် ဘယ်လိုပေါ်အောင်လုပ်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။File size…(1.9GB) / (`981GB) / (741.04MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:57:00 Genre... Drama / Crime / ...
movie
We Own the Night(2007)