Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Al Leong
6.1
Showdown in Little Tokyo (1991)
ဒီကားကတော့ ၁၉၉၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန် အက်ရှင် ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ တွဲဘက်ညီတဲ့ ဒေသခံရဲနှစ်ယောက်က မူးယစ်ရာဇာရာကူဇာဂိုဏ်းခေါင်းဆောင်ကို ဖမ်းဆီးကြတဲ့အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းLos Angeles ဒေသခံရဲတစ်ယောက်ဖြစ်တဲ့ Chris Kenner ဟာ ဂျပန်မှာကြီးတဲ့ အမေရိကန်တစ်ယောက်ဖြစ်ပေ့မယ့် သူ့ဖခင်ကိုတော့ ဂျပန် ရာကူဇာဂိုဏ်းသားတစ်ဦးက လုပ်ကြံသတ်ဖြတ်ခဲ့တာကြောင့် စိတ်ဒဏ်ရာ ရနေတဲ့သူလည်း ဖြစ်ပါတယ်။ သူနဲ့ သူ့တွဲဘက် Johnny Murata တို့ ၂ယောက်ကို L.A. မြို့ကြီးရဲ့ Little Tokyo လို့ ခေါ်တဲ့ အပိုင်းမှာ တာဝန်ချထားခြင်း ခံရပြီး သံသယရှိသူကို စုံစမ်းထောက်လှမ်းရင်း ဖခင်ဖြစ်သူကို လုပ်ကြံခဲ့တဲ့ မူးယစ်ရာဇာ ရာကူဇာဂိုဏ်းခေါင်းဆောင်နဲ့ ပက်ပင်းတိုးမိတဲ့အခါ လက်စားချေဖို့ ကြိုးစားပုံကို ပုံဖေါ်ရိုက်ကူးထားပါတယ်။ဒီဇာတ်လမ်းမှာ Johnny ရဲ့ အကြံပေးချက်အတိုင်း Kenner ဟာ မူးယစ်ရာဇာရာကူဇာဂိုဏ်းခေါင်းဆောင်ကို ရဲပီပီ ...
movie
Showdown in Little Tokyo (1991)
5.7
Joshua Tree (aka) Army of One (1993)
ပြစ်မှုကျူးလွန်သူအဖြစ် မှားယွင်းစွပ်စွဲ ထောင်ချခံရတဲ့ ဆန်တီဟာ အကျဉ်းထောင်ကူးပြောင်းနေတဲ့ လမ်းခုလတ်မှာပဲ ထွက်ပြေးခဲ့ပြီး မရက်ခ်အမည်ရှိတဲ့ အမျိုးသမီးတစ်ဦးကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားခဲ့ပါတယ်။အဲဒီအမျိုးသမီးဟာ သမာသမတ်ကျတဲ့ ဒုလက်ထောက်ရဲအရာရှိဖြစ်တာကြောင့် ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ၊ ဆန်တီကရော ဘာအကြောင်းကြောင့်စွပ်စွဲခံရလဲ၊ နောက်ကွယ်က လက်မည်းကြီးက ဘယ်သူဖြစ်မလဲဆိုတာကို တစ်ဆင့်ချင်းခံစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ခုပါ။ File size…(2.1 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:46:00 Genre... Action, Adventure, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina
movie
Joshua Tree (aka) Army of One (1993)
8.2
Die Hard (1988)
ခရစ်စမတ်နဲ့ နယူးရီးယားပိတ်ရက်တွေမှာ အက်ရှင်ပရိတ်သတ်တွေ ဘာရုပ်ရှင်ကြည့်ကြမလဲဆိုရင် မင်းသားကြီး Bruce Willis ရဲ့ John McClane ဇာတ်ကောင်ပါဝင်တဲ့ Die Hard ဇာတ်ကားတွေကိုပဲ အားလုံးကတော့ ညွှန်းကြမှာပါ။ Die Hard ရုပ်ရှင်က စုစုပေါင်း ၅ ကားထွက်ရှိခဲ့ပြီး ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=die+hard ကြည့်ပါ။Die Hard 1 နဲ့ 2 မှာတော့ John McClane တစ်ယောက် ခရစ်စမတ်ပိတ်ရက်လေးမှာ ဇနီးသည်လေး Holly Gennaro နဲ့ Chill ဖို့ တက်ကြွစွာ ဇနီးသည်ကိုလာတွေ့ပေမယ့် ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ကြုံရပြီး သူမပါလို့မရတော့တဲ့ပြသနာတွေမလို့ ကိုယ်တိုင်ပါဝင် ကယ်တင်ရပုံတွေကို ကြည့်ရှုရမှာပါ။ Die Hard 3,4,5 တွေကတော့ ခရစ်စမတ်ပိတ်ရက်နဲ့ သူ့ရဲ့ဇနီး Holly Gennaro တို့နဲ့ တိုက်ရိုက်မပတ်သက်တော့ပေမယ့် သူတို့ရဲ့ သားနဲ့သမီးနဲ့ဆက်စပ်တာတွေ ဗီလိန်တွေက ဆက်စပ်နေတာတွေနဲ့ ရှေ့ကရုပ်ရှင်ကားတွေနဲ့ဆက်စပ်မှုတော့ရှိနေပါတယ်။Die Hard နဲ့ပတ်သက်ရင်တော့ John ...
movie
Die Hard (1988)
1988
4K HEVC
7.2
They Live (1988)
They Live (1988) ============= IMDb Rating - 7.2/10နာဒါဆိုတဲ့ အိမ်ခြေရာမဲ့ဟာ အလုပ်ရှာဖို့ လော့စ်အိန်ဂျလိစ်ကို ထွက်လာခဲ့ ပါတယ်။ အလုပ်သမားရုံးကိုသွားပေမယ့် အလုပ်ရှာမပေးနိုင်ကြပါဘူး။ ဒါနဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဝင်လုပ်ခဲ့ရင်း ကံကောင်းစွာနဲ့ ဖရန့်ခ်နဲ့ ဆုံတယ်။ သူက စားစရာ အိပ်စရာ နေရာတစ်ခုကို ခေါ်သွားပေးတယ်။ သူတို့ လိုပဲ အိမ်ခြေရာမဲ့ ယခုခေတ်အခေါ် ကျူးရပ်ကွက်လိုမျိုးပေါ့ ဘေးကပ်ရပ်က ချာ့ခ်ျကျောင်းကို မသင်္ကာလို့ စပ်စုမိရင်း ဓမ္မတေးကို သီဆိုနေကြတာမဟုတ်ဘဲ ကတ်ဆက်နဲ့ဖွင့်ထားတာကို တွေ့လိုက်ရတယ် အထဲမှာလည်း ဓာတ်ခွဲခန်းလိုမျိုး အခင်းအကျင်းတွေနဲ့ပေါ့။တစ်ညမှာ ထိုကျူးရပ်ကွက်နဲ့ ချာ့ခ်ျကျောင်းကို ရဲတွေအလုံးအရင်းနဲ့ ဝင်လာပြီး စီးနင်းကြပါတော့တယ်။ အကြောင်းပြချက်ကိုတော့ ဘယ်သူမှမသိကြပါဘူး။ နောက်နေ့မှာတော့ နာဒါဟာ ဘုရားကျောင်းထဲ ဝင်နှောင့်ရင်း ထူးဆန်းတဲ့ကတ္ထူ ပုံးကို မ'လာပါတော့တယ်။ အထဲမှာတော့ နေကာမျက်မှန်တွေချည်းနဲ့ ပြည့်လို့နေ တယ်။ မျက်မှန် တစ်လက်ကိုယူပြီး တပ်ကြည့်လိုက်တဲ့အခါမှာတော့ ကမ္ဘာကြီးက သူထင်ထားသလိုမဟုတ်တာကို တွေ့လိုက်ရချိန်မှာတော့...ချာ့ခ်ျကျောင်းကို ဘာကြောင့် ဝင်စီးတာလဲ... ကျောင်းကရော ဘာတွေ လုပ်နေတာလဲ... နေကာမျက်မှန်ကနေတစ်ဆင့် ဘာတွေမြင်လိုက်လဲဆိုတာတော့ ကိုယ်တိုင်သာ ခံစားကြည့်ရှုပါတော့။ သူ့ခေတ်အခါမှာ Rating ...
movie
They Live (1988)
1988
6.0
The Shadow (1994)
The Shadow (1994) =============== IMDb Rating - 6.0Beetlejuice, The Cat in the Hat , Pearl Harbor တို့ထဲက မင်းသား Alec Baldwinနဲ့ The Last Emperor , M. Butterfly တို့ရဲ့ မင်းသား John Lone နဲ့ ဂန္တဝင်ကြီး Ian McKellenတို့ ပါဝင် သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်ဟာ Action/Adventureကားဖြစ်ပြီး စူပါဟီးရိုးဆန်ဆန်ကားလို့ ပြောလို့ရပါတယ်။ဇာတ်လမ်းကတော့ အရိပ်လို့ခေါ်တဲ့ သဘာဝလွန်သူရဲကောင်းတစ် ယောက်က ကမ္ဘာကိုဖျက်ဆီးချင်နေတဲ့ ဂျင်ဂစ်ခန်ရဲ့မျိုးဆက်သစ်နဲ့ ထိပ်ဆိုက်ရင်ဆိုင်ရတဲ့ ဇာတ်ပါ။ မှော်အစွမ်းတွေ အက်ရှင်တွေမနည်း ပါတာမို့ အက်ရှင်ပရိသတ်တွေ အကြိုက်တွေ့မယ့် ရုပ်ရှင်ပါပဲ။ ဂျွန်လုံး ကလည်း ဗီလိန်အဖြစ်ပြောင်မြောက်အောင် သရုပ်ဆောင်ပေးထား သလို ဇာတ်က ထူးထူးခြားခြားဟီးရိုးဇာတ်မို့ စူပါဟီးရိုးကားကိုမှ အရမ်း ကြီးပါဝါတွေမပြဘဲ စုံထောက်ဆန်ဆန်ကြည့်ကောင်းနေတဲ့ကားကို ကြည့် ချင်ရင်တော့ ဒီကားကိုရွေးသင့်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်)File Size..........(3.4 GB) / ...
movie
The Shadow (1994)
1994
Last Action Hero (1993)
IMDB 6.4/10 ရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသားကြီးအာနိုးလို့ချစ်စနိုးခေါ်ကြတဲ့ Arnold Schwarzeneggerရဲ့ ၁၉၉၃ ခုနှစ်က Action/Fantacy/Comedy ကားလေးပဲဖြစ်ပါတယ်.. တကယ်လို့ ပရိသတ်တစ်ယောက်အနေနဲ့ ကိုယ်ကြိုက်တဲ့ဟီးရိုးရဲ့ရုပ်ရှင်ကားထဲ ကိုယ်ကိုယ်တိုင် ပါဝင်ခွင့်ရခဲ့မယ်ဆိုရင်.. ဇာတ်လမ်းအကျဉ်း ဒန်နီမက်တီဂန်ဆိုတဲ့ ကောင်လေးက ဂျက်စလေ့တာဆိုတဲ့ ဟီးရိုးဇာတ်ကောင်ကို အလွန်အမင်း ကြိုက်နှစ်သက်ပြီး အရူးအမူးဖြစ်သူပါ.. တစ်နေ့မှာတော့ သူသွားကြည့်နေကျ ရုပ်ရှင်ရုံက နစ်ခ်ဆိုတဲ့ ရုံပိုင်ကြီးက သူ့ကို မှော်ဆန်တဲ့လက်မှတ်တစ်စောင်ပေးခဲ့ပါတယ်.. ဒီလိုနဲ့ မက်ဒီဂန်လေးတစ်ယောက် ဘုမသိဘမသိနဲ့ ဂျက်စလေ့တာရဲ့ အသစ်ထွက်ရုပ်ရှင်ထဲ မှော်လက်မှတ်တစ်စောင်ကို အရင်းပြုပြီး ရောက်ရှိသွားတော့တာပေါ့.. ဂျက်ရဲ့စွန့်စားခန်းတွေထဲ မျောပါသွားတဲ့ မက်ဒီဂန့်ဆီက မှော်လက်မှတ်က ကံမကောင်းစွာနဲ့ ဗီလိန်ဖြစ်တဲ့ ဘန်နက်ဒစ်တ်လက်ထဲ ရောက်ရှိသွားပြီး ဘန်နက်ဒစ်တ်က မှော်လက်မှတ်ရဲ့အသုံးဝင်ပုံကို သိရှိသွားချိန်မှာတော့.. ဟိုဘက်ကမ္ဘာနဲ့ ဒီဘက်ကမ္ဘာကို ကူးရင်း..ရုပ်ရှင်တွေထဲ ကူးရင်း.. ဗီလိန်ဇာတ်ကောင်တွေကို ခေါ်ထုတ်ဖို့ ကြိုးပမ်းပါတော့တယ်.. မက်ဒီဂန်နဲ့ ဂျက်တို့က ဘန်နက်ဒစ်တ်ကို ဘယ်လိုတားဆီးဖို့ကြိုးပမ်းကြမလဲ.. ...
movie
Last Action Hero (1993)
The Replacement Killers (1998)
ဇာတ်လမ်းအကျဥ်းလေးကတော့ မူးယစ်မှောင်ခိုဂိုဏ်းခေါင်းဆောင် တာရန့်စ်ဝေရဲ့ သားဖြစ်သူဟာ ရဲတစ်ယောက်ကြောင့် အသတ်ခံခဲ့ရတယ်။ တာရန့်စ်ဝေက ရဲကို လက်စားချေဖို့အတွက် ဂျွန်လီ့ကို တာဝန်ပေးခဲ့တယ်။ ဂျွန်လီဆိုတာကတော့ တာရန့်စ်ဝေ ခိုင်းတဲ့ မစ်ရှင်၃ခုကို ဆောင်ရွက်ပေးဖို့အကြွေးရှိတဲ့သူပေါ့။ပထမမစ်ရှင်နှစ်ခုကို အဆင်ပြေပြေလုပ်နိုင်ခဲ့ပေမဲ့ နောက်ဆုံးမစ်ရှင်ကို ဂျွန်လီတစ်ယောက် မလုပ်နိုင်ခဲ့ဘူး။ နောက်ဆုံးမစ်ရှင်ဆိုတာကလည်း ရဲရဲ့၇နှစ်အရွယ်သားလေးကို ရဲရဲ့လက်ထဲမှာပဲသတ်ဖို့ပါ။ ဟုတ်ပါတယ် တာရန့်စ်ဝေက အဲလောက်ထိရက်စက်တာပါ။ သားသမီးကို ဆုံးရှုံးရတဲ့နာကျင်မှုကို ရဲကို ထပ်တူနာကျင်စေချင်တာပါ။ ရဲနဲ့ သူ့ရဲ့သားလေးအတူရှိနေတဲ့အချိန်ကလွဲရင် ကျန်တဲ့အချိန်တွေက သူတို့အတွက် ဘေးကင်းပါတယ်။မစ်ရှင်မအောင်မြင်တဲ့အချိန်ကနေစပြီး ဂျွန်လီက တာရန့်စ်ဝေရဲ့ပစ်မှတ်ဖြစ်သွားတော့တာပါပဲ။ တာရန့်စ်ဝေက ဂျွန်လီရဲ့မစ်ရှင်ကို အပြီးသတ်ဖို့ အစားထိုးလူသတ်သမားတွေကို ထပ်ဌားခဲ့ပြီး အဲဒီလူသတ်သမားတွေကပဲ ဂျွန်လီ့အပြင် ရဲရဲ့သားလေးကိုသတ်ပေးရမှာပါ။ ဂျွန်လီ့ရဲ့စကေးနဲ့ဆိုရင် အသာလေး လွတ်မြောက်နိုင်ပေမဲ့ မိသားစုကို ကာကွယ်ဖို့နဲ့ ရဲရဲ့သားလေးကို ကာကွယ်ဖို့ဆိုတဲ့ ရွေးချယ်မှုကြုံလာတဲ့အခါ ဂျွန်လီ့အနေနဲ့ မဆိုင်တဲ့သူကို လျစ်လျူရှုထားနိုင်မလား အပြစ်မဲ့တဲ့သူတွေကို ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလို့ရပါပြီနော်။File size…(2.4 ...
movie
The Replacement Killers (1998)
5.5
The Scorpion King (2002)
The Scorpion King(ကင်းမြီးကောက်ဘုရင်ကြီး) ဇာတ်ကားဟာ Dwayne Johnson(The Rock) အဓိကဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ပထမဦးဆုံးဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမတိုင်ခင်က The Rock ကြီးဟာ The Mummy Returns ဇာတ်ကားမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။တကယ်တော့ ကင်းမြီးကောက်ဘုရင်ကြီးဇာတ်ရုပ်ဟာ The Mummy Returns ထဲမှ ဇာတ်ရုပ်ကို ခွဲထုတ်ရိုက်ကူးထားခြင်းလည်းဖြစ်ပါတယ်။The Mummy Returns ဇာတ်ကားထဲမှာတော့ ကင်းမြီးကောက်ဘုရင်ကြီးဟာ တိုက်ပွဲများစွာကို အောင်နိုင်ခဲ့တဲ့ စစ်ဘုရင်ကြီးဖြစ်ပါတယ်။စစ်ဘုရင်တို့ထုံးစံအတိုင်း နောက်ဆုံးမှာတော့ တိုက်ပွဲတစ်ခုမှာစစ်ရှုံးခဲ့ပြီး လက်ကျန်စစ်သည်အနည်းငယ်နဲ့အတူ အာမ်ရှိုင်းယားသဲကန္တာရကြီးကိုဖြတ်သန်း ပြန်လာခဲ့ကြပါတယ်။အာမ်ရှိုင်းယားသဲကန္တာရအလယ်မှာ အစာပြတ်ရေငတ် ဖြစ်ပြီး နောက်ဆုံးမှာတော့ ကင်းမြီးကောက်ဘုရင်ကြီး တစ်ဦးသာ ကျန်ခဲ့ပါတော့တယ်။ကင်းမြီးကောက်ဘုရင်ကြီးသေဆုံးခါနီးမှာ အမှောင်နတ်ဘုရား အနူးဘစ်နဲ့ အပေးအယူလုပ်ပြီး အသက်ရှင်သန်ခွင့်ရခဲ့ရုံသာမက အနူးဘစ်ရဲ့ စစ်တပ်ကြီးကိုဦးဆောင်ကာ ပိုလို့ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဘုရင်ကြီးဖြစ်လာခဲ့ပါတယ်။The Scorpion King ဇာတ်ကားမှာတော့ ကင်းမြီးကောက်ဘုရင်ကြီးရဲ့ ငယ်ရွယ်နုပျိုစဉ်အချိန်ကာလကို ရိုက်ကူးထားတာပါ။ မားသရပ်စ် အမည်နဲ့ လူငယ်လေးဘဝမှ ...
movie
The Scorpion King (2002)
2002
5.7
Escape from L.A(1996)
ဒီကားလေးကတော့ ၁၉၉၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ သိပ္ပံအက်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ၁၉၈၁ ခုနှစ်က ထွက်ရှိထားတဲ့ Escape from New York ရဲ့ sequel ကားပဲဖြစ်ပါတယ်။ဇာတ်ကားထဲက timeline ကတော့ ၂၀၁၃ ခုနှစ်ကိုယူထားတာဖြစ်ပြီး ခေတ်မီလက်နက်တွေ ပစ္စည်းကိရိယာတွေကို ထည့်သွင်းပြသထားပါတယ်အမေရိကန်ပြည်ထောင်စုထဲက လော့စ်အိန်ဂျယ်လိစ်မြို့တော်ကြီးက ဒုစရိုက်မှုတွေများပြားလာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သမ္မတအသစ်က အဲဒီမြို့ကို နိုင်ငံကနေ ခွဲထုတ်ပစ်လိုက်ပါတယ်ပြီးတော့ အမေရိကကို ပြန်လည်ပြုပြင်မယ်ဆိုပြီး မူးယစ်ဆေး၊ အရက်၊ဆေးလိပ် မသောက်ရ၊ မိန်းမ မလိုက်စားရဆိုပြီး စည်းကမ်းတွေချမှတ်ခဲ့ပါတယ်အဲဒါတွေကို ဆန့်ကျင်သူအားလုံး ပြည့်တန်ဆာတွေ လူဆိုးတွေ ပြစ်မှုအသေးလုပ်မိသူတွေကအစ နိုင်ငံထဲမှာမနေရဘဲ အယ်လ်အေမြို့ကြီးကို ပြည်နှင်ဒဏ်ပေးဖို့ အမိန့်ပါချမှတ်ခဲ့ပါတယ်တစ်နေ့မှာတော့ သမ္မတရဲ့သမီးဖြစ်သူက နိုင်ငံတော်လျှို့ဝှက်စီမံကိန်းပစ္စည်းတစ်ခုကို ခိုးယူသွားပြီး အယ်လ်အေမြို့ကို ထွက်ပြေးခဲ့ပါတယ် ပြီးတော့ အဲဒီပစ္စည်းကို အယ်လ်အေမြို့ထဲက အကြမ်းဖက်ခေါင်းဆောင်ဆီ အပ်လိုက်ပါတယ်အဲဒီပစ္စည်းကို လိုက်ယူဖို့အတွက် နာမည်ကျော် လူဆိုး စနိတ်ခ် ...
movie
Escape from L.A(1996)
Lethal Weapon (1987)
အက်ရှင်ဇာတ်လမ်းကောင်းတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် Old but Gold ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။Cast အနေနဲ့လည်း Hacksaw Ridge ရဲ့ပဲ့ကိုင်ရှင်တဖြစ်လဲ Braveheart တို့၊ Conspiracy Theory တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ စွယ်စုံရမင်းသားကြီး Mel Gibson နုစဥ်က ဇာတ်ကားမလို့ ကြည့်သင့်နေပါပြီ။ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့ ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းနေတဲ့ ရဲအရာရှိ ရော်ဂျာဟာ အသက် ၅၀ ပြည့်မွေးနေ့မှာ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးခဲ့ပြီး ခါတိုင်းလိုပဲ အလုပ်သွားခဲ့ပေမယ့် ရောက်ရောက်ချင်း မထင်မှတ်ထားတဲ့ သတင်းဆိုးတစ်ခု ကြားလိုက်ရပါတယ်။ဒါကတော့ သူနဲ့ ၁၂ နှစ်ကြာ အဆက်အသွယ်ပြတ်နေတဲ့ စစ်ပွဲမှာအတူတိုက်ခဲ့ပြီး သူ့အသက်ကိုကယ်တင်ခဲ့တဲ့ သူငယ်ချင်းဟောင်းရဲ့သမီးဖြစ်သူ တိုက်ပေါ်က နေခုန်ချသွားတဲ့ အမှုပါပဲ။ဒီအမှုကို သူနဲ့ အတူလိုက်ဖို့အတွက် တာဝန်ကျတဲ့ တွဲဖက်အသစ်ကတော့ အရင်င်က အထူးတပ်ဖွဲ့ဝင်ဟောင်းဖြစ်ခဲ့ပြီး သိပ်တော်ပေမယ့်လောလောလတ်လတ်ကမှ သိပ်ချစ်ရတဲ့ဇနီးဖြစ်သူ ဆုံးပါးသွားလို့ စိတ်အခြေအနေ မတည်မငြိမ်ဖြစ်နေပြီး ...
movie
Lethal Weapon (1987)
6.6
Lethal Weapon 4(1998)
Lethal Weapon series ရဲ့ နောက်ဆုံးကားဖြစ်တဲ့ Lethal weapon 4 မှာတော့ ရစ်ဂ်စ်ဟာ ဆံပင်ညှပ်လိုက်ပါပြီ။ ရစ်ဂ်စ်ရော မာတော့ဖ်ရောဟာ အသက်အရွယ်တစ်ခုရောက်လာတာကြောင့် ဇရာရဲ့ဒဏ်ကို မသိမသာခံစားလာကြရပါပြီဗျ။ ဒါပေမဲ့ ရစ်ဂ်စ်ကတော့ အခုထိ ငါမအိုသေးဆိုပြီး ရူးရူးမိုက်မိုက် စွန့်စားခန်းတွေလုပ်ဆဲပါပဲ။ ဒီ နံပါတ် ၄ မှာလည်း ရစ်ဂ်စ်နဲ့ မာတော့ဖ်တို့ဟာ ကိုယ့်ဘာသာနေရင်း ပြဿနာက သူတို့ဆီ ရောက်လာပြန်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ ဒီကားထဲမှာ မင်းသားကြီး ဂျက်လီနဲ့အတူ ဟာသ သရုပ်ဆောင် Chris Rock လည်း ပါဝင်လာပါတယ်ဗျ။ မင်းသားကြီး မယ်လ်ဂစ်ဘ်ဆင်တို့နှစ်ယောက်နဲ့ ဂျက်လီတို့ အပြိုင်ကြဲကြတာကြောင့် ဒီကားက အရင်ကားတွေထက် အက်ရှင်ခန်းတွေ ပိုမိုက်လာတဲ့အပြင် Chris Rock လည်း ပါဝင်လာတဲ့အတွက် ကြည့်ရတာလည်း အရင်ထက် ပိုခွီနေရပါသေးတယ်။ ဒီ Lethal Weapon 4 ဟာဆိုရင် ဇာတ်လမ်းတစ်ခုကို လှလှပပလေးအဆုံးသတ်ပေးထားတဲ့ ကြည့်ရတာတန်တဲ့ ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်ဗျ...။File ...
movie
Lethal Weapon 4(1998)
6.9
Bill & Ted’s Excellent Adventure(1989)
Bill & Ted's Excellent Adventure(1989)ဘီလ်နဲ့တက်ဒ် ဆိုတဲ့ သူငယ်ချင်း (၂)ယောက်ဟာ ဂစ်တာကိုရူးသွပ်သူများဖြစ်ကြသလို အောင်မြင်တဲ့ တီးဝိုင်းတစ်ခုဖြစ်ဖို့ကြိုးစားနေတဲ့လူငယ်တွေ.... သို့ပေမယ့် သူတို့၂ယောက်ဟာ အကောင်းမွန်ဆုံးလမ်းညွှန်ပေးတဲ့သူမရှိလို့ ဖြစ်ချင်ရာဖြစ်နေတဲ့ပုံပေါက်နေတယ်... ဂစ်တာဘက်ကိုရူးသွပ်လွန်းပြီး ကျောင်းစာမှာတော့ စာမေးပွဲတိုင်းကို တဘုန်းဘုန်းကျနေတယ်... ဒီလိုကျဆုံးခြင်းဟာ နောက်ဆုံးတော့ ကျောင်းကနောက်ဆုံးအနေနဲ့ သတိပေးခြင်းတစ်ရပ်ထုတ်လိုက်တယ်... နောက်ဆုံးစာတမ်းတစ်ခုကို A+မှမရရင် ကျောင်းက ထာဝရနားရတော့မယ်ဆိုတာပါပဲ... တက်ဒ်အတွက် ကျောင်းနားရရင် စစ်ကျောင်းကိုသွားရမှာဖြစ်တဲ့အပြင် သူတို့ရူးသွပ်တဲ့ တီးဝိုင်းလည်းဘယ်တော့မှဖြစ်လာတော့မှာမဟုတ်ပါဘူး... ဘီလ်လည်းထို့အတူပါပဲ.... ဒီကားက သူငယ်ချင်း ၂ယောက်ရဲ့ အလွဲလွဲအချော်ချော်တွေနဲ့ ရယ်မောရသလို ဇာတ်လမ်းကလည်းစိတ်ဝင်စားစရာကောင်းပါတယ်... သူတို့ ၂ယောက်ရဲ့ မှားယွင်းနေတဲ့လမ်းကြောင်းကိုတည့်မတ်ပေးဖို့ လက်ရှိ ၁၉၈၈ခုနှစ်ကို ၂၆၈၈ခုနှစ်ကနေ အချိန်ခရီးသွားပြီး လာရောက်ကူညီတာတွေပါလို့ပါ... ဘယ်လိုတွေ တလွဲလုပ်ကြမလဲ.. သူတို့စာမေးပွဲအောင်ပြီး ကျောင်းဆက်တက်နိုင်မလား... အောင်မြင်တဲ့တီးဝိုင်းတစ်ခုဆက်ဖန်တီးနိုင်မလား... ၂၆၈၈ခုနှစ်က သူတွေကလည်း အချိန်ခရီးသွားပြီး ဘာကြောင့်လာကူညီကြတာလဲ.အချိန်ခရီးသွားတဲ့သူတွေရဲ့ အကူအညီနဲ့ ဒီ ၂ယောက်ဘာတွေဆက်ဗရုတ်ကျမလဲ.ခံစားကြည့်ကြပါ... ကျွန်တော်တို့လည်း ၁၉၈၈ခုနှစ်က ငယ်ရွယ်နုပျိုတဲ့ Keanu Reeves ရဲ့ဇာတ်ကားကောင်းကို အချိန်ခရီးသွားခြင်းပုံစံတစ်မျိုးနဲ့ခံစားကြည့်လိုက်ရအောင် File Size : (850MB) and (328 MB) Quality : Blu-Ray 720p Format…mp4 Duration…01:30:00 Genre : Adventure, Comedy,Music Subtitle : Myanmar Subtitle ...
movie
1989
5.5
Beverly Hills Cop III (1994)
တစ်ခါတစ်လေမှာ ဂုဏ်သရေအရှိဆုံးလို့ ထင်ရတဲ့လူတစ်ယောက်ဟာ ရက်စက်တဲ့ရာဇ၀တ်ကောင်ဖြစ်နေတက်သလို ပျော်စရာအကောင်းဆုံးအပန်းဖြေနေရာတစ်ခု ရဲ့နောက်ကွယ်မှာ ကြောက်စရာလျှို့ဝှက်ချက်တွေရှိနေတက်ပါတယ်။ အသက်ရှင်စဉ်မှာအမြဲကတောက်ကဆဖြစ်ခဲ့ပေမဲ့ သံယောဇဉ်အရှိဆုံးဆရာသမားကိုဆုံးရူံးလိုက်ရတဲ့အတွက် Alex Foley တစ်ယောက် အဲ့ဒီလူသတ်ကောင်ကိုမဖြစ်မနေလက်စားချေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ တစ်ကားလုံးရယ်နေရမှာသေချာတဲ့ ရဲဇာတ်မြူးကားလေးပါ။ ရုပ်ရှင်ကားကို Archi Thang Gyi မှ ဘာသာပြန်ပေးထားပါတယ်
movie
Beverly Hills Cop III (1994)
1994
5.3
Godzilla (1998)
ဟောလိဝုဒ်က ရိုက်ကူးထားတဲ့ ဂျပန်တို့ရဲ့ ဂေါ်ဇီလာဇာတ်ကားပါ။ဂေါ်ဇီလာဇာတ်ကောင်ကို မိတ်ဆက်နိုင်ခဲ့ပြီး အားပေးမှုအတော်အတန်ရရှိခဲ့သလိုဝင်ငွေလဲကောင်းခဲ့ပါတယ်။ဒီဇာတ်ကားကနေအစပြုလို့ ဂေါ်ဇီလာပါဝင်တဲ့ MonsterVerse ဇာတ်ကားတွေ တောက်လျှောက်ပေါ်ထွက်လာဖို့ရှိပါတယ်။ File size…(2.3 GB) and (1.2 GB) Quality….Blu-Ray 1080p & 720p Format…mp4 Duration….02:20:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
Godzilla (1998)
1998