Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Akiyoshi Nakao
6.1
L♡DK (2014)
မန်ဂကို အခြေခံရိုက်ကူးထားတဲ့ ဂျပန်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ကျောင်းမှာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်အဖြစ်ကတော့ ဂျပန်မင်းသားလေးKento Yamazakiပါပဲ။ထုံစံအတိုင်း အထက်တန်းကျောင်းမှာ မိန်းကလေးတွေရဲ့သည်းသည်းလှုပ်သဘောကျမှုခံရတဲ့ Shuseiကို Moeကလူအများရှေ့မှာ ဖွင့်ပြောလိုက်ပါတယ်။ဒီလိုဖွင့်ပြောတာကို Shuseiက လက်မခံတဲ့အပြင်ပြင်းပြင်းထန်ထန်တွေပြောလိုက်တာကြောင့် Moeရဲ့အချစ်ဆုံးသူငယ်ချင်း Aoiမှာ ဒေါသတွေထွက်ပြီးရန်တွေ့နေတုန်း မတော်တဆတစ်ခုဖြစ်သွားပါတယ်။ဒါကြောင့် Aoiမှာ Shusei မတော်တဆဖြစ်တာကိုတာဝန်ယူရပြီး နှစ်ယောက်အတူ တစ်ခန်းတည်းနေရဖို့ပါဖြစ်လာပါတယ်။ သူတို့နှစ်ယောက် တစ်ခန်းတည်းအတူနေရင်းရန်တွေတကျက်ကျက်ဖြစ်ကြရင်း ဘာတွေဆက်ဖြစ်ကြမလဲစောင့်ကြည့်လိုက်ပါဦးနော်။ File size…2.14GB / 1.02GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 53m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane
movie
L♡DK (2014)
6.6
Character (2021)
CHARACTER 2021IMDb rating - 6.6/10 Genre - Psychological Thriller, Familyကိုယ်လုပ်တာတွေကို အကုန်ပုံတူကူးချပြီး လိုက်လုပ်တတ်တဲ့ copycat သူငယ်ချင်းမိတ်ဆွေမျိုး ကြုံဖူးကြလား Copycatတွေက နေ့စဉ်ဘဝမှာဆိုရင် ဘေးနားကလူတွေကရဲ့ ဝတ်ပုံစားပုံတွေ အကျင့်တွေကအစ ပုံတူကူးချပြီးနေထိုင်တတ်ပါတယ်။ သို့ပေမဲ့ တခြားသူကျူးလွန်ထားတဲ့ လူသတ်မှုတွေကိုလိုက်ကြည့်ပြီး ပုံတူကူး လိုက်သတ်တတ်တဲ့ Copycat killer တစ်ယောက်ဆိုရင် ဘယ်လိုဖြစ်မလဲ...ဇာတ်လမ်းထဲမှာတော့ "ယမရှိရို ခဲအိဂေါ့"ဆိုတဲ့ Mangaစာရေးဆရာတစ်ယောက်က mangaဆွဲတာလည်း သေသပ်လှပပြီး ဖြတ်သွားဖြတ်လာလူတစ်ယောက်ရဲ့ပုံကိုတောင် ချက်ချင်းဆွဲနိုင်တဲ့ ပါရမီရှိတဲ့သူတစ်ယောက်ပါ။ ပြဿနာက သူရေးချင်တဲ့အမျိုးအစားက Thriller,Crimeဖြစ်ပြီး သူကိုယ်တိုင်ကတော့ သဘောကောင်းလွန်းတဲ့သူတစ်ယောက်ဖြစ်နေတာပါပဲ။ တော်ပေမဲ့အသက်ဝင်တဲ့ဇာတ်ကောင်ကိုမရေးဆွဲနိုင်တာကြောင့် ကိုယ်ပိုင်Mangaကို debutမလုပ်နိုင်သေးပါဘူး။ဒီလိုနဲ့စိတ်ဓာတ်ကျပြီးအလုပ်ထွက်ဖို့ပြင်နေတုန်း သူ့ရဲ့ဆရာဖြစ်သူက စံအိမ်တစ်လုံးရဲ့ပုံကို ညဘက်ကြီးမှာ သွားဆွဲခိုင်းခဲ့ပါတယ်။ ပုံကြမ်းဆွဲနေတုန်း စံအိမ်ထဲကသီချင်းသံကအရမ်းကျယ်လို့ အိမ်နီးချင်းက ပြဿနာလှမ်းရှာတာကြောင့် သူပါအခြေအနေမဟန်မှာစိုးလို့ အိမ်ပိုင်ရှင်တွေကိုလှမ်းပြောဖို့လုပ်ပါတယ်။ ဒါပေမဲ့အထဲက တုံ့ပြန်သံမကြားတာနဲ့ အထဲဝင်သွားတဲ့အခါ အိမ်ရှင်တွေကို ဓားနဲ့ထိုးသတ်ခံထားရတာကိုတွေ့လိုက်ရပါတယ်။ သူ့ဘဝမှာပထမဆုံး အဖြစ်ပျက်ဆိုးနဲ့ကြုံရတာမို့ကြောက်လန့်နေခဲ့တုန်းမှာ လူသတ်သမားဖြစ်သူကိုမြင်လိုက်ရပါတယ်။ ဒါပေမဲ့ ရဲတွေကမေးလို့ထွက်ချက်ပေးတဲ့အခါမှာတော့ သူဟာ လူသတ်သမားကိုမမြင်ခဲ့ပါဘူးလို့ထွက်ဆိုခဲ့ပါတယ်။အဲဒီကစလို့ ...
movie
Character (2021)
7.4
Colorful (2010)
Colorful LifeCM fan များကို အလွန်စွတ်ပျံ့ကြည်နူးဖွယ်ကောင်းတဲ့ anime ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် Otaku တွေဆိုရင်တော့ ဒီကားလေးကို အကြိမ်ကြိမ်အခါခါကြည့်ဖူးကြမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘဲဘ၀ရဲ့အနှစ်သာရကိုဖော်ညွှန်းပေးထားတဲ့ဇာတ်ကားလေးမို့ ဒီလိုကာလကြီးမှာ မဖြစ်မနေကြည့်ကိုကြည့်သင့်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်ဘယ်လိုဇာတ်လမ်းလေးလဲဆိုရင်.....မာကိုတိုဟာ သာမန်အလယ်တန်းကျောင်းသားလေး ဆိုပေမဲ့ အရွယ်နဲ့မလိုက်အောင် စိတ်ဒဏ်ရာတွေကို အလူးအလဲခံစားနေရတဲ့ကောင်လေးတစ်ယောက်ပါ မိသားစုအရေးမှာဖြစ်ဖြစ် အချစ်ရေးမှာဖြစ်ဖြစ် ပေါင်းသင်းဆက်ဆံရေးမှာဖြစ်ဖြစ် အနှုတ်လက္ခဏာပြနေတဲ့ ကောင်လေးပေါ့ဒီလိုနဲ့တစ်နေ့မှာတော့ လုံးဝယုံချင်စရာမကောင်းတဲ့အဖြစ်အပျက်ကြီးကို မျက်မြင်ကိုယ်တွေ့ကြုံရပြီးနောက်နေ့မှာ သူ့ကိုယ်သူအဆုံးစီရင်လိုက်ပါတယ်ဖြစ်ချင်တော့ သေဆုံးတော့မယ့် မာကိုတို နေရာမှာ ဆိုးရွားသောပြစ်မှုကိုကျူးလွန်ခဲ့တဲ့အတွက် ပြန်လည်မွေးဖွားခွင့်မရှိတော့တဲ့ တခြားဝိညာဥ်တစ်ခုကို အစားထိုးဖို့ ဘုရားသခင်က ဆုံးဖြတ်ချက်ချလိုက်ပါတယ်ဒါပေမဲ့ စမ်းသပ်ချက်တစ်ခုတော့ရှိနေပါတယ် အဲ့ဒီစမ်းသပ်ချက်ကိုအောင်မြင်ရင် ပြန်လည်မွေးဖွားခွင့်ရမှာဖြစ်ပြီးတော့ ၆လအတွင်း မအောင်မြင်ရင်တော့ လူ့ခန္ဓာကိုယ်မှ ပြန်လည်ထွက်ခွာရမှာဖြစ်ပါတယ် တနည်းအားဖြင့်ပြောရရင် မာကိုတိုဟာ အပြီးတိုင်သေဆုံးသွားမှာဖြစ်ပါတယ်အဲ့ဒီတော့ စမ်းသပ်ချက်ဆိုတာ ဘာကိုစမ်းသပ်မှာလဲ မာကိုတိုရဲ့ ဝိညာဥ်ကရော ဘယ်ရောက်သွားမှာလဲ မာကိုတိုမသေဆုံးမှီက မြင်ခဲ့ရတဲ့အဖြစ်အပျက်ဆိုတာကရော ဘာဖြစ်မလဲ စတဲ့စတဲ့ မေးခွန်းပေါင်းများစွာကို အစားထိုးဝိညာဥ်လေးနဲ့အတူ အဖြေရှာရမှာဖြစ်ပါတယ် စိတ်ဝင်စားဖို့ကောင်းသလို ကြည်နူးဖို့လည်းကောင်းတယ် အဲ့လိုပဲ ဝမ်းနည်းဖို့လည်းကောင်းနေတယ် ဇာတ်လမ်းပြီးတာနဲ့ လောကကြီးကိုကြည့်တဲ့အမြင်က တမျိုးတဖုံပြောင်းလဲသွားမှာပါ တကယ့်ကိုအချိန်ပေးကြည့်ရတာနဲ့ ထိုက်တန်လွန်းလှတဲ့ anime ဇာတ်ကားကောင်းလေး တစ်ကားလို့ပဲပြောချင်ပါတယ်ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thet Hnin Hsu ပါ Translated by : Thet Hin HsuEncoded by : YKFile ...
movie
Colorful (2010)
2010
7.2
Color Me True(2018)
Color Me True(2018)IMDb....7.2ဂျပန်ရုပ်ရှင်တွေတော်တော်များများဟာ ဆုတွေလည်း တသီကြီးရ မှတ်တမ်းကောင်းများစွာလည်း စိုက်ထူထားခဲ့ပေမယ့်ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ဂျပန်ကားတွေကို နှစ်ခြိုက်သဘောကျတဲ့ ပရိသတ်က အခြားရုပ်ရှင်များထက်စာလျှင်အတော်ပင်နည်းပါတယ်.......သို့ပေမယ့် သူတို့ရဲ့ ရုပ်ရှင်အဆင့်အတန်းက မနိမ့်ကျကြောင်းကို သက်သေပြလို့ရတဲ့ကားပေါင်းများစွာရှိပါတယ်.. ကျွန်တော့်အထင်ပြောရရင် ဂျပန်ရုပ်ရှင်တွေဟာ တခြားရုပ်ရှင်ကားများထက်စာရင်ဖျော်ဖြေရေးသိပ်မဆန်ဘူးဟုသာပြောချင်ပါသည်...ယ္ခု Color Me True(2018)ကျတော့ တခြားကားတွေထက်စာရင် မြူးမြူးကြွကြွလေးနဲ့ စထားပြီးကြည့်ရှုသူကိုမပျင်းမရိအောင် ဆွဲခေါ်နိုင်စွမ်းရှိတယ်...ဇာတ်လမ်းအမျိုးအစားကလည်း Fantasy, Romance ဖြစ်နေတာကလည်း တစ်ပိုင်းပေါ့လေ...ဇာတ်လမ်းအကြောင်းကိုသွားလိုက်ရအောင်....ကောင်လေးတစ်ယောက်ရှိတယ်...သူက လက်ထောက်ဒါရိုက်တာတစ်ယောက် ....လက်ထောက်ဒါရိုက်တာဆိုပေမယ့် သူလုပ်ရတာအများဆုံးက ..မီးထိုး..မှန်ထိုး ....ထိုင်ခုံခင်း ..လိုတဲ့ပစ္စည်းလေးတွေဝယ်ပေးရပေါ့... ဘယ်လောက်ပဲအလုပ်တွေများများ သူမပျက်မကွက်လုပ်တဲ့ ကိစ္စတစ်ခုရှိတယ်...အဲ့ဒါကတော့ ရုပ်ရှင်ရုံမှာ တစ်ယောက်ထဲ ဘယ်သူမှမကြည့်တော့တဲ့ အဖြူအမဲခေတ်က ဇာတ်ကားတစ်ကားကို ကြည့်တာပါပဲ... သူ့ကြည့်ရတာ ဒီကားထဲက မင်းသမီးလေးကို အတော်သဘောကျပုံပဲ... သူ့ဘဝက ရိုးရှင်းပါတယ်.. ရိုက်ကူးရေးမှာအလုပ်လုပ်လိုက်...တစ်ယောက်ထဲ ရုပ်ရှင်ရုံမှာ အဖြူအမဲခေတ်က မင်းသမီးလေးကို သွားငေးလိုက်ပေါ့... တစ်နေ့တော့ သူ့ဘဝပျက်မတတ်ခံစားလိုက်ရတဲ့သတင်းတစ်ခုကြားလိုက်ရတယ်.. အဲ့ဒါက သူကြိုက်တဲ့မင်းသမီးပါတဲ့ ရုပ်ရှင်ကားကို ရောင်းလိုက်တော့မယ်ဆိုတာပါပဲ ....နောက်ဆုံးအနေနဲ့ သူတစ်ယောက်ထဲ မင်းသမီးလေးပါတဲ့ရုပ်ရှင်ကိုကြည့်နေတယ်.. ပါးစပ်ကလည်း ဒီညက မင်းသမီးလေးကိုကြည့်ရတာနောက်ဆုံးပါ့လားလို့ရေရွတ်နေတယ်..မျက်ရည်တွေလည်းကျလို့ပေါ့... အဲ့ဒီအချိန်မှာပဲ မီးတွေပြတ်ပြီးရုပ်ရှင်ရုံတစ်ခုလုံးအမှောင် အတိကျသွားတယ်... မီးပြန်လာတဲ့အချိန်မှာ ထူးဆန်းစွာပဲ မင်းသမီးလေးဟာ ကောင်လေးရှေ့ကိုရောက်လာတယ်.... ကိုင်းဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးဗျ... စကားမစပ် ဂျပန်မင်းသမီးက နင်းကန် လှလွန်းတယ်....File Size ...
movie
Color Me True(2018)
2018
6.5
Time Traveller: The Girl Who Leapt Through Time (2010)
IMDb Rating (6.5/10)ဒီဇာတ်ကားလေးက ငယ်ကချစ် အနှစ်တစ်ရာမမေ့သာ ဆိုတဲ့စကားပုံလေးကိုဖေါ်ပြထားတဲ့ ငြိမ့်ငြိမ့်ဆိမ့်ဆိမ့်လေး ခံစားရမယ့် အချစ်ဇာတ်ကားလေးပါ။ဇာတ်လမ်းပိုင်းကိုပြောပြရင်တော့.. အမေလုပ်တဲ့သူဟာ ငယ်ငယ်ကတစ်ကြိမ်လောက်ပဲဆုံပြီး သူအချစ်ကြီးချစ်ခဲ့ရတဲ့သူရှိပါတယ်... သူ့တစ်ဘဝလုံး အတိတ်ကိုပြန်သွားဖို့ ဆေးရည်ဖျော်စပ်ရင်း အချိန်ကုန်မှန်းမသိ ကုန်နေခဲ့ပါတယ်။အသက်တွေကြီးလာမှ အတိတ်ကဓါတ်ပုံလေးတစ်ပုံကို ပြန်ရလိုက်တဲ့အချိန်မှာ သူဖေါ်စပ်ခဲ့တဲ့ အတိတ်ကိုပြန်သွားနိုင်တဲ့ဆေးရည်ကိုအသုံးပြုဖို့ကြိုးစားပါတော့တယ် ...အကြောင်းမတိုက်ဆိုင်ပဲ နာမကျန်းဖြစ်သွားရတော့ သမီးဖြစ်တဲ့သူကို သွားဖို့ပြောပြီး အကူအညီတောင်းခဲ့တယ် သမီးလုပ်တဲ့သူက ပြာကလပ်စိန် ရှပ်ပြာလေး ... အဲ့မှာပဲ သွားခိုင်းတဲ့ ခုနှစ်အစား ၂နှစ်လောက်နောက်ကျပြီးမှ ရောက်သွားတော့ ဘာတွေဖြစ်မလဲ ဆက်လက်ကြည့်လိုက်ပါဦးနော်။အရမ်းချစ်ဖို့ကောင်းတဲ့ အချစ်ဇာတ်လမ်းလေးတွေ ပျော်စရာအလွဲလေးတွေနဲ့ မင်းသမီးလေးရဲ့ချစ်စရာကောင်းမှုလေးတွေ သီချင်းတွေက ဘယ်လိုတွေဖီးလ်လို့ကောင်းလိုက်လဲ ဆိုတာ ကြည့်သာကြည့်လိုက်ကျပါတော့နော်။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်သူကတော့ Thinzar HtQuality…Blu-Ray Rip 720pFormat…mp4 Duration….02:02:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Thin Zar Htet
movie
Time Traveller: The Girl Who Leapt Through Time (2010)
2010