Channel Myanmar

Akinori Ando

Silk (2007) 5.8
Silk (2007)  ၁၉ ရာစုက ပြင်သစ်နိုင်ငံရဲ့ ပိုးထည်မှောင်ခိုသမားတဦးဖြစ်တဲ့Hervé Joncour အီဂျစ်နိုင်ငံကို ခရီးထွက်ပြီး နောက်ပိုင်းမှာတော့အရည်အသွေးမြင့်တဲ့ ပိုးဥများရရှိဖို့အတွက် ဂျပန်နိုင်ငံကိုသွားပြီးအရောင်းအဝယ်လုပ်ခဲ့ပါတယ်။သူ့ရဲ့ခရီးတွေက မိုင်ထောင်ပေါင်းများစွာ ဖြတ်ကျော်ပြီး ဂျပန်နိုင်ငံကိုသွားခဲ့ရတာဖြစ်ပါတယ်။သူဟာ ဂျပန်နိုင်ငံထဲရောက်ရှိနေစဉ်မှာ လျှို့ဝှက်ဆန်းကြယ်ပြီးအမည်မဖော်လိုတဲ့ ဘုရင့်ကိုယ်လုပ်တော်တယောက်ကို အစွဲအလမ်းကြီးစွဲလမ်းလာခဲ့ပါတယ်။ တဖက်မှာလည်း ပြင်သစ်နိုင်ငံထဲမှာသူ့အပေါ်နားလည်မှုအပြည့်ရှိတဲ့၊ သူချစ်တဲ့အမျိုးသမီးနဲ့လက်ထပ်ယူထားတာဖြစ်ပါတယ်။ဒီရုပ်ရှင်ထဲမှာ ပိုးထည်ဖန်တီးမှုအနုပညာ၊ ချစ်ခြင်းမေတ္တာစွဲလမ်းမှုသံယောဇဉ်နဲ့ ဇာတိမြေနဲ့ ဝေးကွာတဲ့အရပ်ဆီကဆွဲဆောင်မှုတွေအကြောင်းကို ကဗျာတပုဒ်လို လှပစွာရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ File size…2.36GB / 1.21GB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 47m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint
movie

Silk (2007)

Família (2023)
Família (2023) Familia (2023)ဇနီးဆုံးပြီးနောက်ပိုင်း ရိုးရာ မြေအိုးဖုတ်ပညာကိုပဲ တစိုက်မတ်မတ်လုပ်ခဲ့တဲ့ ဆယ်ဂျီ ကာမီရဟာ အသက်အရွယ်တော်တော်ရနေပြီး အေးချမ်းစွာနဲ့ တောင်ပေါ်ရွာလေးမှာ နေထိုင်သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ အာဖရိကမြောက်ပိုင်းက သားဖြစ်သူက နိုင်ငံခြားသူလေးတစ်ယောက်ကို လက်ထပ်ခေါ်လာပြီး စက်ရုံအလုပ်ကိုထွက်တော့မယ့်အကြောင်း၊ အဖေဖြစ်သူလိုပဲ မြေအိုးတွေလုပ်ပြီး အသက်မွေးပြီး ဂျပန်မှာပဲ အခြေပြန်ချတော့မှာတဲ့ အကြောင်း ပြောလာပါတော့တယ်။ ဆယ်ဂျီ နေတဲ့ ရွာ မနီးမ​ေ၀းမှာလည်း ဘရာဇီးကနေ ရွေ့ပြောင်းနေထိုင်လာသူတွေ စုနေတဲ့ အိမ်ရာ၀င်းထဲက မာကို ဆိုတဲ့လူငယ်လေးဟာလည်း ဂျပန်လူဆိုးလူမိုက်အဖဲွ့နဲ့ ရန်ပဲွဖြစ်ရာကနေ ထွက်ပြေးလွတ်မြောက်လာပါတယ်။ ခေတ္တ အိမ်ပြန်လာတဲ့ ဆယ်ဂျီရဲ့သားဖြစ်သူ ဆာတိုရု က လူမိုက်တွေရန်ကနေ ကယ်တင်ရာကနေ မာကိုတို့ မိသားစုနဲ့ ဆယ်ဂျီတို့ မိသားစု ခင်မင်သွားကြပါတယ်။ ဒီလိုနဲ့ အလုပ်ထွက်ဖို့ အယ်ဂျီးရီးယားနိုင်ငံကို ဆာတိုရုတို့ ဇနီးမောင်နံှ ခေတ္တပြန်သွားခဲ့ပါတယ်။ မာကိုတို့သူငယ်ချင်းတစ်သိုက်နဲ့ မာကိုရဲ့ ချစ်သူ ဟာလည်း နယ်ခံလူမိုက်ခေါင်းဆောင်ရဲ့ အဆက်မပြတ်ခြိမ်းခြောက်ခံလာရပြီး၊ ခေတ္တပြန်သွားတဲ့ ဆာတိုရုတို့ဟာလည်း ထင်မှတ်မထားတဲ့ကြမ္မာဆိုးကြီး ကြုံတွေ့ရပါတော့တယ်။ဆယ်ဂျီ ဆာတိုရု နဲ့ မာကို တို့ ...
movie

Família (2023)

2023