Channel Myanmar

Akarin Akaranitimaytharatt

Sars Wars: Bangkok Zombie Crisis (2004)
Sars Wars: Bangkok Zombie Crisis (2004) SARs War : Bangkok Zombie Crisis (2004)ဆားဗိုင်းရပ်စ်နံပါတ်၄ အာဖရိကမှာ ဖြစ်ပွားနေတဲ့အချိန် ဖြစ်ပါတယ်။ ဒီရောဂါကို ကူးစက်လိုက်တဲ့သူတွေဟာ သွေးဆာနေတဲ့ ဇွန်ဘီတွေဖြစ်ကုန်ကြပါတယ်။ ဒီလိုနဲ့ ရောဂါဟာ ပျံ့နှံ့လာရင်းနဲ့ ထိုင်းနိုင်ငံကို ရောက်ရှိလို့လာခဲ့ပါတော့တယ်။ တစ်ဖက်မှာလည်း ကောင်မလေးတစ်ယောက်ဟာ အဆောက်အဦတစ်ခုတည်းမှာ ပြန်ပေးဆွဲခံထားရပါတယ်။ အဲဒီကောင်မလေး ပြန်ပေးဆွဲခံထားရတဲ့ အဆောက်အဦဟာ ဆားဗိုင်းရပ်စ်ပျံ့နှံ့ရာရဲ့ အစကနဦးဖြစ်နေတဲ့အခါမှာတော့ ဒီကောင်မလေး အဆောက်အဦထဲကနေ ဘယ်လို လွတ်မြောက်အောင်လုပ်မလဲ ...... ပြန်ပေးဆွဲတဲ့သူတစ်သိုက်နဲ့ ပြန်ပေးဆွဲခံရတဲ့ကောင်မလေး ဇွန်ဘီတွေနဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲ ... ပြန်ပေးဆွဲခံရတဲ့ကောင်မလေးကို လာကယ်တဲ့ကောင်လေးကရော ဘယ်လိုတွေစွန့်စားကယ်ထုတ်သွားမလဲ ဆိုတာကို ကြည့်ရှုရမယ့် ထိုင်းဇွန်ဘီကားလေးတစ်ကားဖြစ်ပါတယ်။အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Su Myat, Mary, Char Ou, Dao Phyo တို့ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy, Fantasy, Horror Quality…. 1080p WEB-DL | 720p WEB-DL File size… 1.7GB ...
movie

Sars Wars: Bangkok Zombie Crisis (2004)

2004
Pattaya Heat (2024) 6.1
Pattaya Heat (2024) Pattaya Heat ( 2024 )ဒီ Action, Thrillerအမျိုးအစား 2024ထွက် ထိုင်းရုပ်ရှင်အသစ်က မြင်နေကျ ထိုင်းရုပ်ရှင်တွေနဲ့ ကွဲတော့ကွဲတယ်။ ကားကတော့ ဂန်းကားပဲ။ မြေအောက်လောကနဲ့ မကောင်းတဲ့ရဲတွေနဲ့ ဒုစရိုက်လောကက ပြဿနာတွေအကြောင်းပေါ့။ Color Tone တွေ ဘာတွေတော့ပုံမှန်မြင်နေကျ ထိုင်းဂန်းကား အက်ရှင်ကားတွေလိုပဲပေမဲ့ သူ့တင်ဆက်ပုံရော ကာရိုက်တာတည်ဆောက်ပုံရောက ထိုင်းရုပ်ရှင်ထက်စာရင် ဟောင်ကောင်အငွေ့အသက်ပိုရတယ်။ ဇာတ်ကို ဇာတ်ကြောင်းပြောပြတဲ့ ရဲက ဒုစရိုက်လောကက အကြီးစားပြဿနာကြီးတစ်ခုဖြစ်လာပုံကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း အချိုးအကွေ့တွေနဲ့ ACTတွေခွဲပြီး ဇာတ်ကြောင်းပြောပြနေတဲ့ပုံနဲ့ တင်ဆက်ထားတာ။ မထင်ထားလောက်တာတွေကိုလည်း ဒီရုပ်ရှင်မှာပြပြီး အဲဒါတွေကိုသုံးပြီးပဲ ဇာတ်ကိုအရှိန်တင်သွားတာလည်း ကြောင်သလိုလို ဂေါ်သလိုလိုပဲ။ ဒါပေမဲ့ အဲဒီအချက်ကလွဲ တော်တော်ကြည့်ကောင်းတဲ့ ဂန်းကားပါပဲ။ဇာတ်ကတော့ ပတ္တရားတစ်မြို့လုံးကို သူ့လက်ထဲထည့်ထားတဲ့ လူဆိုးဂိုဏ်းက ဆရာကြီးတစ်ယောက်ရှိတယ်။ သူ့ကို အဲဒီဒေသက ရဲတွေကအစရှောင်ထားကြတယ်။ တစ်နေ့ သူက ဘန်ကောက်ကို သူ့လုပ်ငန်းကရတဲ့ငွေတွေပို့ပြီး ရွှေတွေနဲ့လဲပြီး ယူလာဖို့ ရဲတစ်ယောက်ကို ခိုင်းလိုက်တယ်။ အဲဒီရွှေတွေကို ဖြတ်လုဖို့ အကွက်ချတဲ့မာစတာမိုင်းက မိန်းမတစ်ယောက်။ သူက‌ ဗေဒင်ဆရာလုပ်သလို လူဆိုးဂိုဏ်းမှာလည်းလုပ်တယ်။ သူက ...
movie

Pattaya Heat (2024)

2024
4 Kings 2 (2024) 7..4
4 Kings 2 (2024) 4 Kings 2 (2024)ရုံတင်ဝင်ငွေတွေ တော်တော်များများ ရရှိထားတဲ့ 4 Kings 2021ရဲ့အဆက်ဖြစ်တဲ့ 4 Kings 2 ထွက်ရှိလို့လာပါပြီ။ 4Kings 2 ကလည်း Box officeတော်တော်လေးများတဲ့အပြင် good review, good ratingတွေပိုင်ဆိုင်ထားတဲ့ အက်ရှင်ကားကောင်းလေးဆိုတော့ ထိုင်းကားက လင်လုကားတွေ LGBTQ ကားတွေချည်းပဲလားဆိုသူတွေအတွက် အက်ရှင်ကားလေးလည်းရှိပါတယ်လို့ရည်ညွှန်းရင်း...4 Kings တုန်းကလိုပဲ 4 Kings 2ကလည်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြားမှာ ကျောင်းဆိုတဲ့အရာတွေက ဇိုးအဖွဲ့တွေကြောင့် ကျောင်းသားတွေအတွက် အန္တရာယ်အရှိဆုံးနေရာ ဖြစ်လာနေတာပေါ့။ ဒီတစ်ခါမှာတော့ 2 Kingsကပဲ အဓိကလှုပ်ရှားသွားမှာဖြစ်ပြီး ခိုးဆိုးလုနှိုက်တစ်ပိုင်း ဘုရားစူးကျောင်းသားရိုင်းလေးတွေကြားကရန်ပွဲကိုပဲ ဆက်လက်ရှုစားရမှာပါ။ဇိုးကိုမှဆရာတင်တဲ့အမှောင်ခေတ်နဲ့အညီ ထုံးစံအတိုင်း ကျောင်းတွေမှာ ဂိုဏ်းတွေကိုယ်စီနဲ့ ဆက်လက်ဆိုးသွမ်းမြဲ သောင်းကျန်းမြဲဖြစ်နေတုန်းပါပဲ။ ဒီတစ်ခါမှာတော့ ဘူရန်ဖွန်ကျောင်းက ဇိုးတစ်သိုက်က ကနော့ကျောင်းက ကျောင်းသားတစ်ယောက်ကို လက်စွမ်းပြရာကနေ ကျောင်းတော်ကရန်စတွေ ပြန်လည်စတင်လာပြန်တာပေါ့။နဂိုထဲက တစ်ယောက်နဲ့တစ်ယောက် အားပြိုင် မိုက်လုံးချင်းပြိုင်ဘယ်သူဖြစ်နေတဲ့ ကင်းတွေကြားမှာ ရန်စတစ်ခုရသွားချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက် လက်စားချေဖို့ အမုန်းပွေပါတော့တယ်။ဒီရန်ပွဲတွေကြားထဲမှာ ရတ်ဆိုတဲ့ကောင်ဇိုးလေးကတော့ ကြားခံဖြစ်နေတာပေါ့။ ဒါပေမဲ့ ရတ်ကလည်း ကျောင်းတွင်းရန်ပွဲကြောင့် ...
movie

4 Kings 2 (2024)

2024
4 Kings (2021) 7.1
4 Kings (2021) 4 Kings (2021) ဒီတစ်ခေါက် တင်ဆက်ပေးမယ့်ကားလေးကတော့ 90 ခုနှစ်ဝန်းကျင်က အသက်မွေးဝမ်းကျောင်းတက္ကသိုလ်လေးခုကြားမှာဖြစ်ခဲ့တဲ့ ပဋိပက္ခဖြစ်ရပ်မှန်အကြောင်းရိုက်ကူးထားတဲ့ကားလေးပါ။ဆယ်ကျော်သက်အရွယ် သမီးတစ်ယောက်နဲ့ အဖေတစ်ခု သမီးတစ်ခု အခြေအနေကို ရောက်သွားခဲ့ရတဲ့ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ကျောင်းသားဟောင်း ဘီလီရဲ့ မှတ်ဉာဏ်ကနေ ပြန်လည်ဖော်ပြရိုက်ကူးထားတဲ့ကားလေးဖြစ်ပါတယ်။အဖေနဲ့သမီး ဆက်ဆံရေးက သိပ်မကောင်းပေမဲ့ ကျောင်းသားလူဆိုးဂိုဏ်းကြောင့် သမီးဖြစ်သူ ထိခိုက်ဒဏ်ရာ ရသွားတဲ့အခါမှာ ဘီလီက သူနဲ့ သူ့သူငယ်ချင်းရဲ့ အတိတ်ကအကြောင်းအရာတွေကို ပြန်အမှတ်ရသွားခဲ့ပါတယ်။အဲဒီခေတ်အခါတုန်းက အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေကို မျှော်လင့်ချက်ကင်းမဲ့ပြီး အနာဂတ်မရှိတဲ့ နေရာလို့ သတ်မှတ်ထားကြတာပါ။ အမေက နောက်အိမ်ထောင်ပြုပြီး ပထွေးဖြစ်သူ အမုန်းခံ‌နေရတဲ့ ဘီလီအတွက် စိတ်ထွက်ပေါက်ဆိုလို့ သူ့ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေပဲ ရှိခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ကျောင်းနေဖက် ရဲဘော်ရဲဘက်တွေကို ကာကွယ်ဖို့ ဘာမဆိုလုပ်ခဲ့ပြီး ပြဿနာတွေ အများကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ရရင်း အချစ်ဆုံးသူငယ်ချင်းကို ဆုံးရှုံးလိုက်ရတဲ့အခါ ...ယနေ့ထိတိုင် သူပေးဆပ်နေရတဲ့ ဘဝသင်ခန်းစာ ဖြစ်ရပ်မှန်အကြောင်းကို ပြန်လည်ရိုက်ကူးထားတဲ့ 4 ...
movie

4 Kings (2021)

2021
Ghost Rookie (2023) 6
Ghost Rookie (2023) Ghost Rookie (2023)ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ''Ghost Rookie ''ဆိုတဲ့ 2023 ထွက်သရဲကားလေးပါ သူကသရဲကားဆိုပေမယ့်ရုပ်ဆိုးဆိုးသရဲမဟုတ်ပဲ သရဲအလှလေးနဲ့ သရဲအဆင်လေးတွေပါနော် ဝင်း ဆိုတဲ့ ကောင်လေးက မွေးတည်းက ကံဆိုးမှုနဲ့မွေးလာလို့ ဘဝတစ်လျှောက်လုံးအဆင်မပြေဖြစ်နေတဲ့ကောင်လေးပါ တစ်နေ့မှာသူကထုံးစံအတိုင်းအပြင်ထွက်ပြီး အလုပ်လုပ်ရင်းကံဆိုးပြီးမတော်တဆသေ သွားတဲ့အခါ တမလွန်ဘဝမှာ သူ အသက်ရှိစဥ်တုန်းက မိဘနှစ်ပါးအပေါ် တာဝန်မကျေခဲ့ရတဲ့အတွက် ထီပေါက်အောင်လုပ်ပေးဖို့ကြိုးစားပါတော့တယ် ဝင်းတစ်ယောက်မိဘတွေကိုထီပေါက်အောင်လုပ်ပေးပြီး နောက်ဘဝမှာစိတ်ချလက်ချနဲ့ပြန်ပြီးဝင်စားနိုင်ပါ့မလားဆိုတာကြည့်လိုက်ရအောင်နော်အညွန်းနဲ့ ဘာသာပြန်ကတော့ Thae Thae ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama Quality…. 1080p | 720p File size… 1.3GB | 607MB Format… mp4 Duration…. 1h 51min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thae Thae Encoder ..... Aaron
movie

Ghost Rookie (2023)

2023
18+ Resemblance (2023)
18+ Resemblance (2023) (18+) Resemblance (2023)ထိုင်းနိုင်ငံထဲမှာ လူငယ်တွေ တောအုပ်တစ်ခုထဲ ဝင်ပြီး ပျောက်ဆုံးသွားတဲ့ ဖြစ်စဉ်တွေ ဖြစ်နေတာပါ။ ဒီကိစ္စမှာ ပျောက်ဆုံးနေတဲ့ လူငယ်တွေနဲ့ အဆက်အစပ်ရှိတဲ့ တစ်ဦးတည်းသောသူကတော့ ဘော်ဘီ ပါပဲ။ ဒါကြောင့် ရဲတွေလည်း ဘော်ဘီနောက်ကို လိုက်စုံစမ်းကြပါတော့တယ်။ဇာတ်လမ်းကတော့ ပနားနား ဆိုတဲ့ မော်ဒယ်လ်မလေး ပျောက်ဆုံးရာက စပါတယ်။ သူ နောက်ဆုံးတွေ့ခဲ့တဲ့လူကတော့ ဘော်ဘီပါပဲ။ သူက တစ်ဆင့် ရောဂါဆန်းလိုမျိုး ဖြန့်ဝေသွားတာပါ။ ဘယ်လိုဖြန့်ဝေတာလဲဆိုတော့ လိင်ကိစ္စကနေ တစ်ဆင့်ပါပဲ။ ဒါကတော့ ဇာတ်ရဲ့အနှစ်သာရပေါ့လေ။ ဆရာသမားတို့ ကြိုက်ကြမဲ့အပိုင်းတွေ အများကြီး ပါပါတယ်။ ရောဂါပုံစံမျိုး ဘယ်လိုကူးကြလဲ ဆိုတာကတော့ ဖန်သားပြင်ထက်မှာ ဆက်လက် ရှုစားလိုက်ကြပါဦး။မင်းသားမင်းသမီးတွေက နာမည်ကြီးတွေ ပါတာမို့ အမှောင်လောကသားတွေ စိတ်ကျေနပ်ရမယ့် ကားတစ်ကားဆိုလည်း မမှားပါဘူး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Top ပဲ ဖြစ်ပါတယ်။Genre..... Horror, Crime, Sci-fi Quality…. 1080p | 720p File size…  1.3GB | 677MB Format… mp4 Duration…. ...
movie

18+ Resemblance (2023)

2023
Four (The 4 movie) (2011) 5.2
Four (The 4 movie) (2011) The 4 Movieဒီရုပ်ရှင်က မတူညီတဲ့ ဇာတ်လမ်း ၄မျိုးကို တစ်ကားတည်းပေါင်းရိုက်ထားတာပါ...သရဲကားလည်းပါတယ် ဟာသလည်းပါတယ် လူတွေရဲ့ မနာလိုမုန်းတီးစိတ် အာဃတတရားတွေလည်းပါတယ်... အနီးကပ် သစ္စာဖောက်မှုတွေလည်းပါတယ်.. ချစ်ခြင်းမေတ္တာအကြောင်းလည်းပါတယ်... အိုး အစုံစုံကို ပါပါတယ်... ပါဆို ဇာတ်ကြောင်းက ၄ခုကိုးဗျ....ထုံးစံကြည့်နေကျအတိုင်း ဇာတ်ကြောင်းတစ်ခုတည်းကို အချိန်အကြာကြီးပေးမကြည့်ချင်တော့ဘူး မတူညီတဲ့ရသတွေကို တထိုင်တည်း ခံစားလိုက်ချင်တယ်ဆိုရင် ၂နာရီလောက်သာရှိတဲ့ ဒီထိုင်းကားလေးကို ကြည့်လိုက်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်ခဗျာ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(2.8GB) / (1.5GB) Quality__1080p, 720p IMDb Rating__5.2/10 Format__mp4 Duration__01:36:00 Type__Comedy, Horror Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt
movie

Four (The 4 movie) (2011)

Heaven and Hell (2012) 5.0
Heaven and Hell (2012) Heaven & Hellနတ်ပြည်နဲ့ ငရဲပြည်... အချစ်ဟာ တန်ခိုးရှိန်ဝါကြိးမားပါသတဲ့...ကိုယ်ချစ်တဲ့သူဆီက ပြန်အချစ်ခံရတဲ့ အရသာကို သိဖူးကြတယ်မလား... ပြန်အချစ်မခံရဘဲ ပစ်ပယ်ခံကြရတဲ့အခါမှာရော ဘယ်လိုတောင် နာကျင်ခံစားကြရသလဲ...လူ့ပြည်မှာနေရင်းနဲ့ကို နတ်ပြည်လား ငရဲပြည်လားဆိုတဲ့ ခံစားချက်မျိုးကို အချစ်က ပေးစွမ်းနိုင်ပါတယ်...ဒီဇာတ်ကားဟာ သရဲကားပါ အချစ် အမုန်းနဲ့ သက်ဆိုင်တဲ့ ထိုင်းသရဲကားလေးပါ.... ကြောက်စရာလည်း အင်မတန်ကောင်းတာမို့ ဒီဇာတ်ကားထဲက နတ်ပြည်ရောက်နေတဲ့ သရဲနဲ့ ငရဲပြည် ရောက်နေတဲ့ သရဲတို့အကြောင်း ကြည့်ရှုရမှာပဲဖြစ်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(1.8GB) / (800MB) Quality__1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:32:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt
movie

Heaven and Hell (2012)