Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ajil Ditto
6.8
Buya Hamka Vol. 1 (2023)
Buya Hamka Vol. 1 (2023)ဒီကားလေးကတော့ အင်ဒိုနီးရှားရဲ့ နာမည်ကျော် နိုင်ငံရေးသမား စာရေးဆရာ ဂျာနယ်လစ် ဒဿနိကပညာရှင်တစ်ဦးဖြစ်တဲ့ အဘ်ဒူလ်မာလစ်ကာရန်အမ်ရူလာလ်ရဲ့ ဘ၀ဇာတ်ကြောင်း အတ္ထုပ္ပတ္တိလေးဖြစ်ပါတယ်။ ကလောင်နာမည် ဟမ်ကာဆိုတဲ့နာမည်နဲ့ကျော်ကြားပြီး ဂျာကာတာမြို့မှာ တက္ကသိုလ်တစ်ခုကို သူ့နာမည်ပေးရတဲ့အထိ လေးစားခံပုဂ္ဂိုလ်ကြီးဖြစ်တဲ့အပြင် အင်ဒိုနီးရှားနိုင်ငံရဲ့ ပြည်သူ့သူရဲကောင်းဘွဲ့ရထားသူပါ။ ဒီကားလေးထဲမှာ ဟမ်ကာရဲ့ ဘ၀ဇာတ်ကြောင်း အနိမ့်အမြင့် အချိုးအကွေ့ပေါင်းစုံကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ဇာတ်လမ်းအစကို ဟမ်ကာထောင်ချခံရတဲ့အခန်းနဲ့စတင်ထားပြီး ဘ၀ဇာတ်ကြောင်းတစ်လျှောက်လုံး နောက်ကြောင်းပြန်ပြထားတာကိုက စိတ်၀င်စားဖို့ကောင်းပါတယ်။ ဟမ်ကာရဲ့ ဂျာနယ်လစ်သမားဘ၀ အယ်ဒီတာဘ၀ကနေ နိုင်ငံရေးသမားဘ၀ရောက်ရှိသွားပုံကို ကြည့်ရှုရင်း မြန်မာ့သမိုင်းနဲ့သိပ်မကွာခြားတဲ့ ဒတ်ခ်ျကိုလိုနီလက်အောက်ခံဘ၀ အင်ဒိုနီးရှားနိုင်ငံရဲ့သမိုင်းနဲ့ အစ္စလာမ်ဘာသာအကြောင်းကိုပါ လေ့လာနိုင်ဦးမှာဖြစ်ပါတယ်။ ဒီကားက အပိုင်း(၁)ဖြစ်ပြီး အပိုင်း(၂)လည်း ထွက်ရှိလာဦးမှာပါ။ အားလုံးပဲ IMDb မှာ ရိတ်တင် 6.8/10 ရထားတဲ့ Drama, Biography ဇာတ်ကားလေးကို ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ...
movie
Buya Hamka Vol. 1 (2023)
2023
7.0
Hamka & Siti Raham Vol. 2 (2023)
အပိုင်း ၁ တင်ဆက်ပေးခဲ့ပြီးပြီဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့နိုင်ငံကျော်စာရေးဆရာ ဂျာနယ်လစ် ဒဿနိကပညာရှင်တစ်ဦးဖြစ်တဲ့ အဘ်ဒူလ်မာလစ်ကာရန်အမ်ရူလာလ်ခေါ်ကလောင်နာမည် ဟမ်ကာရဲ့ဘ၀ဇာတ်ကြောင်းအပိုင်း ၂ ဖြစ်တဲ့Hamka & Siti Raham ကိုတင်ဆက်ပေးလိုက်ပါတယ်။သူ့ဘ၀ဇာတ်ကြောင်းက အရမ်းစိတ်ဝင်စားစရာကောင်းပြီးအရမ်းကျယ်ပြန်လွန်းတဲ့အတွက် အပိုင်း ၂ အနေနဲ့ဆက်လက်ထွက်ရှိလာတာပဲဖြစ်ပါတယ်။အပိုင်း ၁ ကြည့်ပြီးသားသူတွေဆိုရင်တော့ များများစားစားနောက်ကြောင်းပြန်နေစရာမလိုပေမဲ့ အကျဉ်းချုပ်အနေနဲ့ကတော့ ဟမ်ကာဆိုတဲ့လူက ဂျာကာတာမြို့ရဲ့ တက္ကသိုလ်တစ်ခုမှာ သူ့နာမည်ကို ပေးထားရလောက်တဲ့အထိ လူအထင်ကြီးလေးစားခံရတဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ပြည်သူ့သူရဲကောင်းရထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အပိုင်း ၂ ရဲ့ အစမှာတော့ ဟမ်ကာတစ်ယောက် ဘ၀အချိုးအကွေ့များစွာနဲ့ကြုံတွေ့လာရပြီးနောက် ၁၆၄၇ ခုနှစ်မှာဒတ်ချ်ကအင်ဒိုနီးရှားနိုင်ငံကိုကျူးကျော်လာတဲ့ အချိန်မှာတော့ ကလောင်ကိုင်တဲ့လက်က လက်နက်ကိုင်တဲ့တော်လှန်ရေးသမားတစ်ယောက်ဖြစ်လာခဲ့ပြီး အမျိုးဘာသာ သာသနာနဲ့ နိုင်ငံကိုကာကွယ်ဖို့ကြိုးစားပုံတွေကိုတွေ့ရမှာဖြစ်ပြီး ဇာတ်လမ်းရဲ့တစ်ဝက်လောက်မှာတော့ ငြိမ်းချမ်းရေးရသွားခဲ့ပြီး ၁၉၅၀ ခုနှစ်မှာသူတို့မိသားစုဂျာကာတာကို ပြောင်းရွှေ့ပြီးဘာသာရေးဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ကြောင်းတွေအပြင် အလ္လာကိုချစ်မြတ်နိုးပြီး အမှန်ကိုအမှန်အတိုင်းရေးသားတတ်တဲ့ စာပေသမားတစ်ယောက်ဖြစ်တဲ့အခါမှာ အခန့်မသင့်စွာနဲ့ပဲ ထောင်ကျသွားခဲ့ပြီး နှိပ်စက်မှုတွေခံခဲ့ရပုံတွေနဲ့ အလ္လာရဲ့ခွန်အားကိုတောင်းခံပြီး ရှေ့ဆက်တိုက်ခိုက်ရမဲ့တိုက်ပွဲပေါင်းများစွာကို ရဲရဲရင့်ရင့်တိုက်ခိုက်သွားပုံတွေကိုစိတ်ဝင်စားစရာကောင်းအောင် ကြည့်ရှုရမဲ့ အတ္ထုပတ္တိဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File ...
movie
Hamka & Siti Raham Vol. 2 (2023)
6.9
Onde Mande / The Prize (2023)
Onde Mande / The Prize (2023)Drama ချစ်ပရိသတ်တို့ အကြိုက်တွေစေမယ့် အင်ဒိုမိသားစုဟာသရုပ်ရှင်လေးတစ်ကားဖြစ်တဲ့ Onde Mande(ဆုငွေ)ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လူသူအရောက်အပေါက်နည်းတဲ့ တောင်ကြားထဲမှာရှိတဲ့ ရွာငယ်လေးတစ်ရွာက ဆုမဲပေါက်သွားတဲ့လူတစ်ယောက်ရဲ့ ရိုးရှင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။မီနန်သားတွေဟာ ကိုယ့်ရဲ့အမိမြေကို သိပ်ချစ်ကြတဲ့သူတွေပေါ့။ ဘယ်သူတွေဘာပြောပြော ဘဝနဲ့ရင်းပြီး ကိုယ့်မြေကိုချစ်တဲ့မီနန်သားတွေက မိုးပြိုရင်တောင်မှ ကိုယ့်ရဲ့နေရပ်ကို စွန့်ခွာကြမယ့်သူတွေမဟုတ်ပါဘူး။ ဒီလူတွေထဲမှာ အန်ကူဝမ်ဆိုတဲ့ အဘိုးကြီးလည်း အပါအဝင်ပေါ့။အန်ကူဝမ်ဟာ ခေါင်းမာပြီး စိတ်ဓာတ်ပြင်းတဲ့သူတစ်ယောက်၊ အငြိမ်းစားကျောင်းဆရာပီပီ အရာရာကို စာအုပ်ကြီးလိုလုပ်တတ်တဲ့သူ့ကို တော်ရုံလူက သည်းမခံနိုင်ပါဘူး။ ငယ်စဉ်ကတည်းက သူ့အရိပ်အောက်မှာ ကြီးပြင်းလာခဲ့တဲ့ အမ်ကလွဲလို့ပေါ့။ အန်ကူဝမ်ဘယ်လောက်ပဲ ခေါင်းမာတယ်ပြောပြော မန်နင်ဂျောရွာလေးကို ချစ်တဲ့နေရာမှာတော့ အန်ကူဝမ်ကို ဘယ်သူမှမမီကြပါဘူး။ မိန်းမနဲ့သားဖြစ်သူက ရွာကိုစွန့်ပြီး ဂျကာတာမြို့ပေါ်ပြောင်းသွားတာတောင် ရွာကိုချစ်လွန်းလို့နေရစ်ခဲ့ပြီး ကျောင်းဆရာဆက်လုပ်ခဲ့တဲ့ အန်ကူဝမ်ရဲ့ ရွာအပေါ်ထားတဲ့အချစ်ကို ဘယ်သူကများ မေးခွန်းထုတ်ရဲမှာလဲ။မန်နင်ဂျောရွာရဲ့ အသက်သွေးကြောဖြစ်တဲ့ ရေကန်ကြီးက ၁၅ နှစ်တစ်ခါ ကန်အောက်ခြေက ကန့်တွေတက်လာပြီးတော့ ငါးတွေအဆိပ်သင့်ပြီး တစ်ရွာလုံး ဒုက္ခရောက်တတ်ကြပါသတဲ့။ ဒါကိုမြင်နေတဲ့အန်ကူဝမ်တစ်ယောက် ရွာပြုပြင်ပြောင်းလဲရေးအတွက် ရည်စူးပြီး မဲထည့်နေရင်းကနေ ၂ ဘီလီယံဆုကြီးပေါက်သွားပါတော့တယ်။ တစ်ယောက်တည်း ပီတိဖြာရင်း ...
movie
Onde Mande / The Prize (2023)
2023
5.7
Hidayah (2023)
Hidayah (2023)ဘဝရဲ့အလှည့်အပြောင်း လောကဓံအထုအထောင်းတွေကြားမှာ ရွေးရကြပ်တည်းလာတဲ့အခါ ခဲရာခဲဆစ်နဲ့ ကြိုးပမ်းကြသူတွေရှိကြသလို အလွယ်လမ်းလိုက်သူတွေလည်းရှိပါတယ်။ အခုတစ်ခါမှာလည်း အလွယ်လမ်းလိုက်ရာက အဖြစ်ဆိုးနဲ့ကြုံသွားရတဲ့ ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဘာရီဆိုတဲ့ကောင်လေးဟာ တစ်ချိန်ကတော့ ဘာသာရေးကိုင်းရှိုင်းတဲ့ အပနှင်ဆရာလေးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ အခုချိန်မှာတော့ အတိတ်ရဲ့ဖြစ်ရပ်ဆိုးတွေကြောင့် မိခင်ကိုဆုံးရှုံးလိုက်ရတဲ့ဘာရီဟာ ယုံကြည်မှုတွေပျောက်ဆုံးနေတဲ့ အတိတ်ရဲ့ လောင်းရိပ်အောက်က အလွတ်ရုန်းထွက်နေတဲ့ ထောင်ထွက်လေးဘာရီဖြစ်နေပါပြီ။ ဒီလိုနဲ့ စက်ပြင်ဆရာလုပ်နေတဲ့ဘာရီဆီကို သူ့ရဲ့ဇာတိဖြစ်တဲ့ မာကာဆာဂီရွာကငယ်သူငယ်ချင်း ဟာဆန်ရောက်လာပါတော့တယ်။မာကာဆာဂီရွာမှာ ထူးဆန်းတဲ့သဘာဝလွန်ဖြစ်ရပ်တွေဖြစ်ပြီး တစ်ရွာလုံးကျီးလန့်စာစားနေရတဲ့အတွက် အပနှင်ပေးဖို့ ဘာရီကိုဟာဆန်က လာခေါ်တာပါ။ တည်ငြိမ်နေတဲ့ရေပြင်ကို ဂယက်ထစေမယ့် ဒီကိစ္စကို ဘာရီတစ်ယောက် သဘောမကျလှပေမဲ့ ဒုက္ခရောက်နေသူက တစ်ချိန်ကသူငယ်ချင်းရတ်နာဖြစ်နေတော့ မငြင်းဆန်နိုင်ဘဲ ရွာကိုသွားဖို့ဖြစ်လာတဲ့အခါရတ်နာတစ်ယောက် ညနေ ၆ နာရီတိုင်းမှာ အသံနက်ကြီးနဲ့အော်နေတာ ဘာကြောင့်များလဲ။ ရွာကိုရောက်လာတဲ့ အပနှင်ဆရာလေး ဘာရီကရော သူ့ကိုမကြည်ဖြူချင်ကြတဲ့ရွာသားတွေကို ကူညီသွားမှာလား။ ယုံကြည်မှုတွေပျောက်ဆုံးနေလို့ လမ်းညွှန်မှုကိုရှာနေတဲ့ဘာရီတစ်ယောက် သူ့ရဲ့ဇာတိကနေ လမ်းစပြန်ရလာမလားဆိုတာကိုတော့ ဒီ Hidayahဆိုတဲ့ရုပ်ရှင်လေးမှာ အတူကြည့်ရှုလိုက်ရအောင်ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Horror Quality…. 720p File size… 513MB Format… mp4 Duration…. ...
movie
Hidayah (2023)
2023
6.7
Keramat 2 Caruban Larang(2022)
Keramat 2 Caruban Larang(2022)******************************2009 ခုနှစ်ကထွက်ခဲ့တဲ့ကားကို ကြည့်ဖူးတယ်ဆိုရင် ဒီကားက သူ့ရဲ့အဆက်ပါ... ဒီဇာတ်လမ်းမှာ အကမေဂျာက ကျောင်းသူတွေနဲ့ ရုပ်ရှင်မေဂျာက ကျောင်းသားတွေပေါင်းပြီးစာတမ်းတွေနဲ့ ဗီဒီယိုတွေလုပ်ဖို့ Cirebon ဆိုတဲ့မြို့ကို ထွက်ခဲ့ပါတယ်... အဲ့ဒီမြို့မှာ တစ်ချိန်က သိပ်ကိုနာမည်ကြီးလှတဲ့ Mimi Kemuning ဆိုတဲ့အကသမားလေးတစ်ယောက်ရှိခဲ့ပါတယ်..သူဟာ တစ်နေ့မှာ ပြဿနာတစ်ခုတက်ခဲ့ပြီး အကလောကကနေရော Cirebon မြို့ကနေရော အပြီးတိုင်ပျောက်ကွယ်သွားခဲ့ပါတယ်... သူ့ရဲ့ကိစ္စကို အကမေဂျာက ကျောင်းသူလေးတွေက သိချင်တာမို့လို့ လိုက်စပ်စုရင်းကနေဘာတွေဖြစ်ကြမလဲ။ 2009 ခုနှစ်က ထွက်ခဲ့တဲ့ ကားထဲက အဖွဲ့နဲ့ရော ဘယ်နေရာမှာဘယ်လိုတွေ ပြန်တွေ့ကြမလဲဆိုတာကတော့ ... File Size :(1.5GB) and (596MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:34:00 Genre :Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae
movie
Keramat 2 Caruban Larang(2022)