Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Aïssa Maïga
7.1
Code Unknown (2000)
ဒီတစ်ခါတော့ ပြင်သစ်လမ်းမကြီးပေါ်မှာ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ဇာတ်လမ်းတွေကိုစုပေါင်းပြီး ရိုက်ပြထားတဲ့ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂျွန်ဆိုတဲ့လူဖြူကောင်လေးတစ်ယောက်ကလမ်းဘေးမှာ မာရီယာ လို့ခေါ်တဲ့ပိုက်ဆံတောင်းတဲ့အမျိုးသမီးကိုရိုင်းပြတဲ့အပြုအမူပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါကို အာမန်ဒူက ဝင်ဖြေရှင်းပေးခဲ့ပေမယ့်သူကလူမည်းတစ်ယောက်ဖြစ်နေတော့ပတ်ဝန်းကျင်က သူ့ကိုပဲအပြစ်တင်ခဲ့ပါတယ်။နောက်ဆုံး ရဲတွေရောက်လာပြီးနောက် ဂျွန်၊ အာမန်ဒူ နဲ့မာရီယာတို့ကို ရဲစခန်းခေါ်သွားခဲ့ပါတယ်။ လူဖြူလူမည်းခွဲခြားမှုတွေ ၊ ဆင်းရဲချမ်းသာမမျှတမှုတွေနဲ့နေထိုင်မှုပုံစံကွဲပြားခြားနားမှုတွေကိုအသားပေးရိုက်ပြထားတာမို့ ရဲစခန်းရောက်ပြီးနောက်ပိုင်းသူတို့သုံးယောက်ရဲ့ အနေအထားကဘယ်လိုဆက်ဖြစ်မလဲဆိုတာဆက်ကြည့်လိုက်ပါဦးနော်.... File size… 2.7 GB / 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 58m Genre ..... Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JoJoVa
movie
Code Unknown (2000)
Neneh Superstar (2023)
ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၂ ခုနှစ်ထွက် ပြင်သစ်ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ အသက် ၁၂ နှစ်အရွယ် Neneh ဆိုတဲ့ကောင်မလေးတစ်ယောက်အကြောင်းပါ။ သူမကလူမည်းတစ်ယောက်ပါ။ သူမဟာဘဲလေးအကကိုအရမ်းဝါသနာပါပါတယ်။ ဒီတော့သူမကပဲရစ်မြို့ကအော်ပရာဘဲလေးသင်တန်းကျောင်းမှာဝင်ခွင့်သွားလျှောက်တဲ့အခါ ပါရမီပါသူတယောက်ဖြစ်တဲ့အတွက်ဝင်ခွင့်ရခဲ့ပါတယ်။ဒါပေမဲ့ လူမည်းတစ်ယောက်ဖြစ်နေတဲ့အတွက် ကျောင်းအုပ်ကြီးကတော့ သူမကိုသဘောမကျပါဘူး။ ကျောင်းအုပ်ကြီးကဘဲလေးအကဟာလူဖြူတွေကတာဆိုတဲ့ရိုးရာကိုထိန်းသိမ်းချင်သူပါ။ဒီတော့ Neneh အနေနဲ့လူဖြူတွေကြားထဲကလူမည်းတစ်ယောက်ဖြစ်နေတော့ ကျောင်းအုပ်ကြီးရဲ့ကြည်ဖြူမှုကိုရဖို့ အခြားသူတွေထက်ပိုကြိုးစားရပါတယ်။ထို့ပြင် Neneh ကထူးချွန်တဲ့အတွက်ကြောင့်မနာလိုတဲ့ကျောင်းသူအချို့ကလည်းရှိနေပါတယ်။သူတို့က Neneh ကိုပြဿနာရှာကြတဲ့အခါ Neneh အနေနဲ့မိဘခေါ်ပြီးကျောင်းအုပ်ကြီးနဲ့တွေ့ရတာမျိုးတွေရှိလာပါတယ်...ထိုအခါ Neneh ရဲ့အခြေအနေဟာပိုပြီးတော့ကျပ်တည်းလာပါတယ်....ဒီဇာတ်ကားမှာ လူဖြူတွေရဲ့ခွဲခြားမှုကိုခံရတဲ့လူမည်းမိန်းကလေးရဲ့ခံစားချက်တွေ...သူမဘဝအပေါ်မကျေနပ်မှုလေးတွေရိုက်ပြထားပါတယ်...ခံစားကြည့်ကြပါခင်ဗျာ.... File size…(1.2 GB)/(626 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM
movie
Neneh Superstar (2023)
6.5
Mood Indigo (2013)
အရမ်းချမ်းသာပြီး ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်တဲ့သူဌေးလေးကိုလန်အကြောင်းကို ရိုက်ကူးထားတဲ့ကားလေးပါ။ကုဋေရှစ်ဆယ်သူဌေးသားကိုမှ ပြင်သစ်ဗားရှင်းလေးလို့ ပြောလို့ရပါတယ်၊ဒါပေမဲ့ ဒီကုဋေရှစ်ဆယ်သူဌေးသားကကိုယ်တိုင်သုံးဖြုန်းလို့ကုန်တာမဟုတ်ဘဲအချစ်ကြောင့်ကုန်တာမျိုးဆိုတော့ သူရဲကောင်းလေးပေါ့...ကိုလန်က ဘဝမှာ အပူအပင်မရှိသက်သောင့်သက်သာနေနိုင်သလောက်ချစ်ရတဲ့သူတော့ရှိမနေပါဘူး၊ တစ်ရက် မိတ်ဆွေတစ်ယောက်ရဲ့ခွေးလေးမွေးနေ့ပါတီကိုသွားရင်း တွေ့ခဲ့တဲ့ ကလိုဝီကိုချစ်မိသွားပါတော့တယ်၊နောက်ရက်မှာ ကလိုဝီနဲ့ အပြင်မှာတွေ့ပြီး အချစ်တွေကိုဝန်ခံလိုက်ချိန်မှာတော့ကလိုဝီ့ဘက်ကလည်း လက်ခံခဲ့ပါတယ်။ချစ်သူနှစ်ယောက် မင်္ဂလာဆောင်ပြီးတဲ့ညမှာပဲကလိုဝီ့အဆုတ်ထဲမှာပဒုမ္မာကြာပေါက်လို့ အိပ်ရာထဲလဲသွားပါတော့တယ်...မိန်းမကိုအရမ်းချစ်တဲ့ ကိုလန်တစ်ယောက် ဘယ်လိုမျိုး ကုပေးမလဲ...ကလိုဝီ့ရောဂါကရော သက်သာနိုင်ပါ့မလား ဆိုတာကို 2013 ခုနှစ်မှာ ထွက်ရှိခဲ့ပြီးIMDb မှာ rating 6.5နဲ့ Rotten Tomatoes မှာ rating 61% ရရှိထားတဲ့Mood Indigo ဆိုတဲ့ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင် File size… 2.84 GB / 1.24 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 10m Genre ..... Drama, Comedy Subtitle…. Myanmar Subtitle (Hard ...
movie
Mood Indigo (2013)
2013
7.6
The Boy Who Harnessed the Wind (2019)
The Boy Who Harnessed the Wind (2019) IMDb - 7.6/10_______Rotten - 87%Channel Myanmar ပရိသတ်ကြီးအတွက်ဒီတစ်ခေါက် ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုပါတယ်။ဇာတ်လမ်းလေးနာမည်ကတော့ The Boy Who Harnessed The Wind(2019)ပါ။Rating တွေအနေနဲ့လဲ မြင့်မားပြီး အပြင်မှာ တကယ်ရှိတဲ့ ဝီလီယမ် ကန်ကွမ်ဘာဆိုတဲ့ကောင်လေးအကြောင်းကိုရိုက်ကူးထားတဲ့ ဒီကားလေးဟာ ဆွဲဆောင်မှုရှိရှိနဲ့ဇာတ်လမ်းအဆုံးထိကိုဆွဲခေါ်သွားနိုင်မှာပါ။ကြည်နူးပီတိဖြစ်ရင်း အလိုမကျဒေါသထွက်ရင်း စိတ်ခွန်အားတွေပါပေးစွမ်းနိုင်တဲ့ဒီကားလေးက IMDb Rating 7.6/10 Rotten Tomatoes 87%ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်လေးကိုလဲ တင်ပြလိုပါသေးတယ်။တစ်ခါတစ်ရံမှာ တကယ့်အဖြစ်အပျက်တွေဟာပုံပြင်တွေထက် ဆန်းကျယ်တယ်ဆိုတာ တကယ်ပါပဲ။ထို့အတူပါပဲ။ဒီဇာတ်လမ်းလေးမှာ တက်မရှိလက်နဲ့လှော်မယ်ဆိုတဲ့ထုံးနှလုံးမူထားတဲ့၁၃နှစ်အရွယ်ကောင်လေး ဝီလီယမ် ကန်ကွမ်ဘာ ဟာWimbeဆိုတဲ့ရွာလေးတစ်ရွာမှာနေတဲ့ ကလေးလေးတစ်ယောက်ပါ။မိဘတွေရဲ့မပြည့်စုံမှုကြောင့် ကျောင်းလခအကျေမပေးသွင်းလို့ကျောင်းတစ်ပိုင်းတစ်စနဲ့ကျောင်းထွက်ခဲ့ရပါတယ်။တစ်နေ့သူတို့ရွာမှာ ရာသီဥတုဖောက်ပြန်ကာ အငတ်ဘေးဆိုက်ကိန်းကြုံပါတော့တယ်။မဲရရှိရေးသာစိတ်ဝင်စားတဲ့အစိုးရကလဲ မသိချင်ယောင်ဆောင်မျက်နှာလွှဲနေခဲ့ပါတယ်။ဝီလီယမ် တစ်ယောက်ကတော့ သူ့ဆရာရဲ့စက်ဘီးကမီးသီးခွက်လေးကိုကြည့်ကာ အကြံရသွားပါတော့တယ်။ရသွားတဲ့အကြံပေါ်မူတည်ရင်း ကျောင်းစာကြည့်တိုက်ထဲကိုခိုးဝင်ကာစာတွေဖတ်ပြီး ရွာလေးကိုကယ်တင်ဖို့ကြိုးစားပါတော့တယ်။၁၃နှစ်အရွယ်ကောင်လေးတစ်ယောက်က ဘယ်လိုများလုပ်ပေးနိုင်မှာလဲ?သူဘယ်လိုစွန့်စားကာ ကြိုးစားခဲ့သလဲ?သူဖြစ်ချင်ခဲ့သလိုတွေရော ဖြစ်လာပါ့မလား?စတဲ့မေးခွန်းပေါင်းများစွာကို အာဖရိကရဲ့အလှအပတွေခံစားရင်းစိတ်ဓာတ်ခွန်အားတွေ ရယူကာ ကြည့်ရှူရမယ့်ကားလေးဖြစ်ပါတယ်...Channel ...
movie
The Boy Who Harnessed the Wind (2019)
2019