Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Aishwarya Rajesh
8.4
Vada Chennai (2018)
Vada Chennai (2018) ချန်နိုင်းမြောက်ပိုင်းကဂယက်များIMDb 8.4/10 Tamilမင်းသားကြီး Dhanushပါဝင်သရုပ်ဆောင်ထားတဲ့ crime drama ကောင်းတွေကို မျှော်နေသူတွေအတွက် တစ်ချိန်က မန်ဒရာလို့ခေါ်တဲ့ချန်နိုင်းမြို့ရဲ့ ကမ်းရိုးတန်းတစ်လျှောက်မှာ ကြီးစိုးနေတဲ့ လူမိုက်ဂိုဏ်းတွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ချန်နိုင်းမြောက်ပိုင်းမှာအုပ်စိုးနေတဲ့လူမိုက်ခေါင်းဆောင်ကြီးကို ဂုန ပါဇနီ ဆန်သီ ဗယ်လူ တို့သူငယ်ချင်းလေးယောက်က သတ်ပြီး သူ့နေရာကိုဝင်လုဖို့ကြိုးစားရင်း ပြစ်ဒဏ်ခံယူဖို့ကို ရှောင်လွှဲလို့မရတော့တဲ့အခါမှာတော့ သူငယ်ချင်းယောက်နှစ်ယောက် ဂုနနဲ့ ဗယ်ရူကို ထောင်ထဲဝင်ခိုင်းဖို့စည်းရုံးပြီး ဆန်သီက မြေပြင်အခြေအနေကိုထိန်းလို့ သိပ်မကြာခင်မှာ ထောင်ထဲကသူငယ်ချင်းနှစ်ယောက်ကိုအာမခံနဲ့ပြန်လွှတ်ပေးမယ်ဆိုပြီး ကတိပေးထားခဲ့ကြပေမဲ့ ကတိမတည်ကြတော့တဲ့အခါ ပြဿနာတွေပိုပြီးကြီးထွားလာပါတော့တယ်လူမိုက်ပီပီ ထောင်နှုတ်ခမ်းဝနားမှာ လမ်းလျှောက်နေရတဲ့ ဂုနနဲ့ဆန်သီတို့ရဲ့ အတွင်းလူထိုးတဲ့နောက်ကျောဓားနက်နက်ရန်ငြိုးက ထောင်ထဲမှာပါ ဘယ်လိုဆက်ဖြစ်မလဲ။ တစ်ဖက်မှာလဲ စားပွဲဇယ်တောက်ကျွမ်းတဲ့ကောင်လေး အန်ဘူးဟာ သူ့ရဲ့နုံချာတဲ့ပတ်ဝန်းကျင်ကနေ နိုင်ငံအဆင့်ဝင်အောင်လေ့ကျင့်ပြီး တစ်ချိန်မှာ အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်အောင်ကြိုးစားနေရင်း အကြောင်းမလှစွာဘဲ ပါဇနီကိုသတ်မိတာကြောင့်နဲ့ ဒီဂိုဏ်းရာဇာနှစ်ယောက်ရဲ့ ရန်ငြိုးကြားထဲ ပါဝင်ပတ်သက်မိဖို့ ဖြစ်လာချိန်မှာတော့... ချမယ် ကြမ်းမယ် ရမ်းမယ်ဆိုတဲ့ တမီလ်ကားလေးတွေ သဘောကျသူတွေတော့ အကြိုက်တွေ့မှာဖြစ်လို့ အခုပဲ ရှုစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ LinnLunn ~ Bluuri ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ်) File size… 2.8GB / ...
movie
Vada Chennai (2018)
2018
5
World Famous Lover (2020)
လူ့ဘ၀ဆိုတာဟာ အခန်းပေါင်းများစွာနဲ့ဖွဲ့စည်းထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ဘယ်နေရာမှာ ဘယ်သူနဲ့တွေ့ခဲ့တယ် ၊ ဘယ်မှာနေခဲ့တယ် ၊ ဘာတွေလုပ်ခဲ့တယ်ဆိုတဲ့ ခေါက်ရိုးကျိုးအခန်းတွေမဟုတ်ပဲ ဘယ်သူနဲ့ချစ်ခဲ့တယ် ဘယ်သူ့ကို ချစ်ခဲ့တယ် ၊ ဘယ်လိုအသည်းကွဲခဲ့တယ်ဆိုတဲ့ သူမတူတဲ့ အချစ်ဇာတ်လမ်းလေးတွေတော့ ကိုယ်စီရှိကြမယ် ထင်ပါရဲ့။ဒီဇာတ်လမ်းလေးထဲမှာတော့ မင်းသား(ဂေါ်သမ်)ဟာ စာရေးဆရာဖြစ်လိုသူ၊ သူ့ချစ်သူ(ယမနီ - ယမင်းရုပ်လို့ပဲ ဆိုပါစို့)ရဲ့အထောက်အပံ့ကို ယူ ၊ ချစ်သူနဲ့ အတူနေပြီး စာရေးဖို့ကြိုးစားနေသူပေါ့။ဒါပေမယ့်လည်း စာရေးဆရာတို့ ၊ ပန်းချီဆရာတို့လို အနုပညာမှော်ဝင်စားတတ်သူတွေဟာ ချစ်သူအပေါ်ထားရှိရမယ့် တာဝန် ၊ ချစ်သူအပေါ် ဂရုစိုက်ရမယ့်၀တ္တရားတွေကို မဆိုထားနဲ့ဦး ။စားဖို့ အိပ်ဖို့တောင် မေ့လျော့နေတတ်ကြသူတွေလေ...။ ယမနီအတွက်တော့ နေ့စဉ်အလုပ်သွား၊ ပြန်လာတိုင်း ဆေးလိပ်တစ်ဖက်၊စာအုပ်တစ်ဖက်နဲ့ ယောကျ်ား ယမနီလုပ်ပေးခဲ့တဲ့ စားသောက်ဖွယ်ရာတွေကို ကာတွန်းကြည့်ပြီးထိုင်စားနေတဲ့ လင်ယောကျ်ားကို မြင်ရလိုက် ညဘက်အိပ်ယာဝင်တိုင်း သန္ဓေတားဆေးသောက်ရလိုက်နဲ့ ဘာတိုးတက်မှုမှ ရှိမလာတဲ့ လင်ယောကျ်ားအပေါ် စိတ်ကုန်လာခဲ့ပါတယ်။ဒီတော့ အချိန်တွေကြာလာတာနဲ့အမျှ ချစ်သူနှစ်ဦးကြား ပဋိပက္ခတွေဖြစ်လာပြီး ဘယ်လိုမှ ညှိနှိုင်းလို့မရတဲ့အဆုံး.... ပြတ်စဲကြရတော့တယ်....။ချစ်သူနဲ့အတူနေချိန်မှာ ခေါင်းထဲက ဘာအကြောင်းအရာမှမထွက်သလို၊ နှလုံးသားထဲကနေလည်း ဘာမှဆွဲထုတ်လို့မရခဲ့တဲ့ ဂေါ်သမ်ဟာ စာတွေရေးဖြစ်လာခဲ့တယ်။သူရေးလိုက်တဲ့ ဇာတ်လမ်းတိုင်းမှာ သူကိုယ်တိုင် ...
movie
World Famous Lover (2020)
6.6
DeAr (2024)
DEAR (2024) ( ချစ်သော)2024 အသစ်ထွက်တဲ့ ဘောလိဝုဒ်ကားတွေထဲကမှ IMDb 8.6/10 ရရှိထားတဲ့ ဇာတ်အိမ်ခပ်ဆန်းဆန်းကားသစ်နဲ့ မိတ်ဆက်ပေးပါရစေ။ အိန္ဒိယတောင်ပိုင်း နိုင်ငံတကာရုပ်ရှင်ဆုရမင်းသမီးဖြစ်တဲ့ အစ်ရှ်ဝါရာ ရာဂျက်ရှ်နဲ့ သီချင်းထုတ်လုပ်သူအဖြစ်ပါ နာမည်ကြီးတဲ့ ဂျီဗီ ပရာကတ်ရှ် ကူးမားတို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဒီဗီကားက အလုပ်အကိုင်လည်းရှိ၊ ရုပ်ရည်လည်းလှပပေမဲ့ သတို့သားများစွာရဲ့ ငြင်းဆိုခြင်းကို ခံလာရတဲ့ အပျိုဟိုင်းအလောင်းအလျာလေးပဲဖြစ်ပါတယ်။ ငြင်းခံရတဲ့အကြောင်းအရင်းကလည်း သူ့ရဲ့ဆိုးရွားတဲ့ဟောက်သံကြောင့်ပါပဲ။ စမိတ်ဆက်တဲ့အချိန်မှာတင် ဟောက်တတ်ကြောင်း စကားခံလေ့ရှိပြီး အိပ်ေရးပျက်မှာကိုကြောက်ကြတဲ့ သတို့သားများဟာလည်း တွေ့စမှာတင် တပ်ခေါက်ပြေးကြတော့တာပါပဲ။တစ်ဖက်မှာလည်း အာဂျွန်က ဂျာနယ်လစ်ဖြစ်ဖို့ကို ရူးသွပ်နေတဲ့လူငယ်တစ်ယောက်ပါ။ ဝါသနာနဲ့ ရည်မှန်းချက်ကိုပဲ တစိုက်မှတ်မှတ်လိုက်ရင်း တခြားဘာကိုမှ အာရုံမရှိတဲ့ ကြိုးစားတဲ့လူတစ်ယောက်ပါ။ လက်ထပ်ဖို့ကိုလည်း သူလိုချင်တဲ့အလုပ်နဲ့ အခြေကျပြီးနောက်ပိုင်းမှသာ စဉ်းစားချင်တဲ့သူတစ်ယောက်ပေါ့။ ဒါပေမဲ့ အိမ်ထောင်ရေးကိုစွဲလန်းနေတဲ့ အသိုင်းအဝိုင်းကတော့ သူ့ကို ဒီတိုင်းလွှတ်မထားခဲ့ပါဘူး။ အစ်ကိုနဲ့အမေရဲ့ စီစဉ်မှုနဲ့ ကြင်ဖက်တွေ့ပြီး နှစ်လအတွင်း အိမ်ထောင်ကျဖို့ဖြစ်လာပါတော့တယ်။ကံကြမ္မာကိုက ဖန်လာတယ်ပဲ ပြောရမလား လက်မထပ်ချင်ပါဘူးဆိုမှ သတို့သမီးရဲ့အမေနဲ့ အာဂျွန့်ရဲ့အမေတို့က ငယ်သူငယ်ချင်းတွေဖြစ်နေတဲ့အခါ ငြင်းမရတဲ့မင်္ဂလာပွဲကြီးဖြစ်လာပါတော့တယ်။ အိမ်ထောင်ရေးမှာ ဟောက်သံကြောင့် ထိခိုက်မှာစိုးနေတဲ့ မင်းသမီးနဲ့ အခြေမကျနိုင်သေးတဲ့မင်းသားတို့ မိဘတွေစီစဉ်တဲ့အိမ်ထောင်ရေးမှာ အဆင်ပြေပြေနဲ့ဆက်သွားနိုင်ပါ့မလား။ အပြတ်ပြတ်နဲ့ပဲ နှာခေါင်းသွေးထွက်ကြမလား ညှိယူပြီးပဲ လက်တွဲသွားကြမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie
DeAr (2024)
2024
5.8
Pulimada(2023)
Pulimada (2023) "နွားသိုးကြိုးပြတ်" IMDb - 7.2/10ငယ်ရွယ်စဥ်အခါက အမေဖြစ်တဲ့သူကို တခြားလူတွေက အရူးမကြီးဆိုပြီးတော့ သံကြိုးတွေနဲ့ခတ်ထားပြီး သေဆုံးသွားတာတောင်မှ သံကြိုးတန်းလန်းနဲ့ သေဆုံးသွားခဲ့တာကို မြင်ခဲ့ရတဲ့ သားဖြစ်သူ ဗင်းဆင့်ဟာ သူ့အမေလိုမျိုး သူလည်း မျိုးရိုးလိုက်ပြီး ရူးသွားမှာကို ကြောက်တာနဲ့ အသက်ကြီးတဲ့အထိ အိမ်ထောင်မပြုဘဲ နေခဲ့တဲ့သူပေါ့။စီစဥ်ထားတဲ့ မင်္ဂလာပွဲတွေအကုန်လုံးကို လက်မခံဘဲနေရင်းကနေမှ သူသဘောကျတဲ့ကောင်မလေးကို တွေ့သွားပြီး လက်ထပ်ဖို့အတွက် သူ့ရဲ့ စိတ်အခြေအနေ အဆင်ပြေရဲ့လားဆိုတာကို စိတ်ရောဂါကုဆရာဝန်နဲ့ သွားရောက်ဆွေးနွေးရင်း ဆရာဝန်ရဲ့ အားပေးမှုတွေနဲ့အတူ သူသဘောကျတဲ့ ကောင်မလေးနဲ့ လက်ထပ်ဖို့ ဖြစ်လာခဲ့ပါတော့တယ်။ဗင်းဆင့်ဟာ သူသဘောကျတဲ့ကောင်မလေးနဲ့ လက်ထပ်ဖို့ ပြင်ဆင်နေရင်းနဲ့ဘဲ နှစ်ယောက်သား ညှိနှိုင်းမှုတွေလုပ်ရင်း အဆင်မပြေတာလေးတွေလည်း ရှိခဲ့ပါတယ်။ ဒီလိုနဲ့ပဲ မင်္ဂလာဆောင်ရမယ့်ရက်လေးကို ရောက်ရှိလို့လာခဲ့ပါတော့တယ်။ လူပျိုသိုးကြီးကိုဗင်းဆင့်ကတော့ သဘောကျတဲ့ကောင်မလေးနဲ့ လက်ထပ်ရတော့မှာဖြစ်တဲ့အတွက် အပျော်ကြီးပျော်နေတော့တာပေါ့။ဒီလိုနဲ့ပဲ သတို့သမီးကို သွားပြီးတော့ ခေါ်တဲ့အချိန်မှာတော့ သတို့သမီးဟာ အိမ်မှာမရှိဘဲ ပျောက်ဆုံးလို့နေပါတော့တယ်။ လူပျိုသိုးကြီးဗင်းဆင့်ဟာလည်း အရှက်ကြီးရှက်ပြီးတော့ ဒေါသထွက်ထွက်နဲ့ မင်္ဂလာပွဲကို ဖျက်ပစ်ခဲ့တော့တာပေါ့။ အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် တောထဲမှာ လူသားစားတဲ့ကျားက ...
movie
Pulimada(2023)
2023
6.4
Farhana(2023)
Farhana (2023) IMDb 6.4/10 Drama/Thriller ဘာသာရေးအရမ်းကိုင်းရှိုင်းပြီး ရှေးရိုးစွဲလွန်းတဲ့ ဘိုင်ဟာ မိသားစုစီးပွားရေးအနေနဲ့ ဖိနပ်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါတယ်။ ဒီဖိနပ်ဆိုင်ကြောင့်ပဲ သမီးတွေကို မင်္ဂလာဆောင်ပေးနိုင်ခဲ့ပေမယ့် အိမ်ထောင်အသီးသီးကျပြီး မြေးတွေထပ်ရလာတဲ့အခါမှာတော့ ဒီစီးပွားရေးကျဆင်းလာပြီး မလောက်ငှတော့ပါဘူး။ ချေးငွေယူတာကိုလည်း မကောင်းတဲ့အရာလို့ သတ်မှတ်ထားပါတယ်။အဲဒါကြောင့် သမီးဖြစ်သူ ဖာဟာနာဟာ ကလေးသုံးယောက်ရဲ့အနာဂတ်လည်းရှိသေးတာမလို့ အလုပ်ထွက်လုပ်ခွင့်ပေးဖို့ တောင်းဆိုပါတော့တယ်။ ရှေးရိုးစွဲလွန်းတဲ့အိမ်ကနေ ခက်ခက်ခဲခဲတောင်းဆိုပြီး အလုပ်ရလာတဲ့အခါ ဖာဟာနာတစ်ယောက် အစွမ်းကုန်ကြိုးစားပါတော့တယ်။ဒီလိုနဲ့တဖြည်းဖြည်းအဆင်ပြေလာခဲ့ပေမယ့် သမီးဖြစ်သူ အရေးပေါ်ခွဲစိတ်မှုနဲ့ကြုံလာတဲ့အခါ ဒီ့ထက်ပိုပြီးမက်လုံးပေးတဲ့ အလုပ်တစ်ခုကိုရဖို့ကြံပါတော့တယ်။ ဒါပေမဲ့ ဒီအလုပ်ကနေ မထင်မှတ်ထားတာတွေ ကြုံရတဲ့အခါ ဖာဟာနာဘာတွေဆက်လုပ်မလဲ။ ဘယ်လိုစိတ်ဝင်စားစရာဇာတ်ကြောင်းတွေဖြစ်လာဦးမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Cherry,Zwe,V,BpL,Yunni တို့ပဲဖြစ်ပါတယ်) File size…2.09GB / 858MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Cherry~Zwe~V~ BpL~ Yunni
movie
Farhana(2023)
2023
7.6
Soppana Sundari (2023)
Soppana Sundari 2023 IMDb - 7.8/10တေလဂူး မင်းသမီးချော Aishwarya Rajesh က မိသားစုအပေါ်သိတတ်တဲ့ အဂါလယာအဖြစ် အဓိကပါ၀င်ထားပြီး ဟာသမြိုင်မြိုင်ဆိုင်ဆိုင်လေးနဲ့ ပဋိပက္ခတသီတသန်းနဲ့ ကြည့်ရှူရမယ့် တေလဂူးဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းဆင်ခြေဖုံးရပ်ကွက်မှာနေထိုင်ကြတဲ့ အဂါလယာတို့မိသားစုဟာ ကံကောင်းထောက်မစွာနဲ့ စိန်ရွှေရတနာဆိုင်ကနေကျင်းပတဲ့ ကံစမ်းမဲပွဲမှာ ကံထူးရှင်ဖြစ်သွားပါတယ်။ ကံထူးရှင်ဖြစ်လို့ နောင်ရေးအတွက်တွေးရင်း ပျော်မယ်ကြံခါမှ ပဋိပက္ခတွေတစ်ခုပြီး တစ်ခုဖြစ်ရင်း ကြာကြာမပျော်နိုင်ခဲ့ကြပါဘူး။ဒီလိုနဲ့ ကံထူးရှင်အစစ်က ငါပါ နင်ပါ...ဆိုပြီးတော့ မဆိုင်တဲ့သူတွေပါ ဆုတွေငမ်းငမ်းတက် လိုချင်လာကြတဲ့ချိန်မှာတော့... အဂါလယာဟာဆုကိုလက်လွှတ်ပေးလိုက်မှာလား...သူကရော ကံထူးရှင်အစစ်လားဆိုတာကို အဖြေရှာရင်း လူ့ဘောင်လူ့ဘဝမှာကြုံတွေ့ရတတ်တဲ့ ကိစ္စအဝဝကို တွေ့မြင်ရမှာဖြစ်ပါတယ်။ File size…2.5GB / 986MB Quality…1080p WEBDL / 720p pFormat…mp4 Duration….1h 55m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khin ~Nyein~BpL~Cherry
movie
Soppana Sundari (2023)
2023
6.4
Run Baby Run (2023)
Run Baby Run (2023) IMDb 6.4ခြေနှစ်ချောင်းမကယ်ကောင်းတဲ့ သနားစိတ်ဝင်ပြီး ကယ်မိရာက အေးဆေးနေတဲ့ကိုယ့်ဘဝကို ငရဲကျအောင်လုပ်မိတဲ့ ဆပ်သရာ ..ဇာတ်လမ်းစစချင်းမှာကို ကျောင်းဆောင်ပေါ်က ကောင်မလေးတစ်ယောက်ခုန်ချသွားခဲ့တယ် နာမည်ကဆိုဖီယာတဲ့ သတ်သေတာလား လုပ်ကြံခံရတာလား...ဆပ်သရာကတော့ ဘာမှမသိဘဲခံရမဲ့ကောင်ပါ တစ်နေ့ .. သူ့ကားထဲမှာဘယ်ကမှန်းမသိတဲ့ကောင်မလေးရောက်နေပါတယ် သူ့နောက်ကိုလူတွေလိုက်လို့ပါဆိုပြီးတက်ပုန်းနေရင်းသူနဲ့တွေ့တယ်ပေါ့ ဖုန်းအားလေးသွင်းချင်လို့ လာကြိုတဲ့လူကိုစောင့်ချင်လို့ဆိုပြီး သူ့တိုက်ခန်းထဲရောက်လာပါတယ် ဆပ်သရာကသနားပြီး တစ်ညတည်းခိုခွင့်ပေးလိုက်မိရာက မနက်ရောက်တော့ အဲဒီကောင်မလေးကထူးဆန်းစွာသူတိုက်ခန်းထဲမှာသေဆုံးနေပါတယ် ဒီလိုနဲ့ရဲသူငယ်ချင်းရဲ့အကြံပေးမှုနဲ့ အလောင်းဖျောက်ဖို့လုပ်ရာကနေ ကြုံတွေရမဲ့ ဒုက္ခတွေ ကြားထဲမှာလည်း Plot Twist တွေ ပါတာကြောင့် မိသွားမလားဆိုတဲ့ခံစားချက်နဲ့ ကြည့်ရမဲ့ဇာတ်ကားကောင်းဖြစ်တာမို့ တင်ဆက်ပေးလိုက်ရပါတယ် File size…2.6GB / 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~Nyein Aye
movie
Run Baby Run (2023)
2023
8.5
Republic (2021)
Republic 2021 IMDb 8.5/10အသစ်ထွက်ရှိလာတဲ့ Republic ဆိုတဲ့ တောင်ပိုင်းကားလေးကတော့ Political Thriller/ Drama အမျိုးအစားဖြစ်သည့်အားလျော်စွာ နိုင်ငံရေးကားကောင်းလေးတစ်ကားဆိုပါတော့...အိန္ဒိယနိုင်ငံရေးဇာတ်ကားဖြစ်တာနဲ့အညီ နိုင်ငံရေးသမားတွေရဲ့လုပ်စားကွက်တွေ၊ နိုင်ငံရေးလှည့်ကွက်တွေ၊ သူတော်ချင်းချင်းသတင်းလွေ့လွေ့လုပ်နေတာတွေ၊ လက်ဝါးကြီးအုပ်အမြတ်ထုတ်တာတွေကြောင့် အောက်ခြေဆင်းရဲသားနင်းပြားလေးတွေရဲ့ဘဝတွေ အဖိနှိပ်ခံရပုံတွေ... ပညာရေးစနစ်၊ တရားရေးစနစ်၊ စာရိတ္တပိုင်းဆိုင်ရာတွေပါ ချို့ယွင်းပျက်စီးနေပုံတွေကို ထည့်သွင်းရိုက်ကူးထားပါတယ်။အာဏာကိုအလွဲသုံးစားလုပ်မယ့်သူနဲ့ မတရားရင် ငြိမ်မခံတဲ့ ပြည်သူ့ဖက်က ဘက်တော်သားတို့ ဒီကားမှာ သူနိုင်ကိုယ်နိုင်အပြိုင်ကြဲကြမှာပါ.. လူသိများနာမည်ကြီးတဲ့တောင်ပိုင်းမင်းသားမင်းသမီးတွေဇာတ်ပို့တွေ ပါဝင်တာကြောင့် တောင်ပိုင်းစတိုင်မိုက်တဲ့ဇာတ်ကားပါပဲ။ File size…(2.2 GB)/(1 GB) Quality….WEB-DL HEVC 1080p/720p Format…mkv/mp4 Duration….02:26:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Murphy & Mugiwara Ya & San Thu Aung
movie
Republic (2021)
HEVC 1080p
6.7
Tuck Jagadish(2021)
Tuck Jagadish (2021) ----------------------------------မြန်မာပြည်ပရိသတ်တွေကြား ယင်ကောင်မင်းသားရယ်လို့ နာမည်ရခဲ့တဲ့ Nani ရဲ့ ဇာတ်ကားကောင်းလေးတစ်ကားထွက်လာလို့ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးကလည်း မနှစ်ကထွက်တဲ့ V ဆိုတဲ့ ရုပ်ရှင်လိုပဲ ရသတစ်ခုခုကို ပေးစွမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဇာတ်လမ်းအကျဥ်းဘူဒေဗီပူရမ်လို့ခေါ်တဲ့ ရွာကြီးတစ်ရွာမှာ ရွာခေါင်းဆောင် အာဒီးဆာ့နိုင်ဒူးဆိုသူ တစ်ဦးရှိပြီး ၊ရွာရဲ့သာရေးနာရေး ကိစ္စအဝဝကိုသာမက ၊ ရပ်ရွာအေးချမ်းသာယာရေးအတွက်ပါ ကိုယ်ကျိုးစွန့်အနစ်နာခံ ဆောင်ရွက်နေသူဖြစ်ပါတယ်။ကိုယ်တိုင်ချမ်းသာကြွယ်ဝသူ ဖြစ်တဲ့ အလျောက် သားသမီးတွေကလည်း များပြားလှပါတယ်။သူရှိနေတုန်းက သင့်မြတ်ကြတဲ့ သားသမီးတွေဟာ သူမရှိတဲ့အချိန်ကျတော့ အမွေကိစ္စတွေကြောင့် အချေအတင်ဖြစ် ၊ပြဿနာတွေ တောက်လျောက်တက်ကုန်ရာကစပြီးအာဒီးဆာ့နိုင်ဒူးရဲ့ မယားကြီးငယ်နဲ့ရတဲ့ သားကြီးဖြစ်သူ ဘို့စ်က ဒီအမွေတွေဟာ သွားလေသူမိခင်ဘက်က ပါလာတာဆိုပြီးဖခင်အမွေအားလုံးကို မောင်ပိုင်စီးပါတော့တယ်။အမွေတွေကို မလိုချင်ဘဲ ၊ မိသားစုကို ပြန်သင့်မြတ်စေလိုတဲ့ အငယ်ဆုံးသားလေး Tuck ဂျာဒစ်ရှ်တစ်ယောက်ဒီမိသားစုအရေးကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတာက ဒီဇာတ်လမ်းရဲ့ ဇာတ်အိမ်တည်ရှိရာ ဖြစ်ပါတယ်။မိသားစုပြဿနာတွေဆိုလို့ ဒရမ်မာကားသက်သက်လို့ ထင်နေဦးမယ်။တောင်ပိုင်းရုပ်ရှင်ထုံးစံအတိုင်း အချစ် ၊ အကြမ်း ၊ ...
movie
Tuck Jagadish(2021)
2021
6.1
Boomika (2021)
Boomika (2021)အိမ်ရာစီမံကိန်းပရောဂျက်တစ်ခုကိုရေးဆွဲဖို့အတွက် ၁၀နှစ်တာလောက် စွန့်ပစ်ထားခြင်းခံထားရတဲ့ ဗြိတိသျှခေတ်က ရဲတိုက်ကြီးတစ်ခုဆီကို မိသားစုတစ်စုထွက်လာကြတယ်...ရဲတိုက်ကြီးက ဟိန်းနေပြီး ခြံဝန်းကြီးကလည်း အကျယ်ကြီး...ရဲတိုက်ကြီးဆီရောက်ပြီး သူတို့တွေ ခဏတထောက်နားကြရင်း ခရစ်ရှနားဆိုတဲ့ သူငယ်ချင်းကောင်လေးတစ်ယောက်နဲ့ စာပို့စကားပြောနေကြတယ်...သိပ်မကြာခင်မှာပဲ အဲ့ဒီကောင်လေးဟာ လွန်ခဲ့တဲ့ ၁နာရီလောက်ကတည်းက ယာဉ်တိုက်မှုကြောင့် သေဆုံးသွားပြီဆိုတာ သိလိုက်ရတဲ့အခါ..တဖြည်းဖြည်းနဲ့ ရဲတိုက်ကြီးအတွင်းမှာလည်း သဘာဝလွန်ဖြစ်ရပ်တွေ ဖြစ်ပေါ်လာပါတော့တယ်...သူတို့ အဲ့ဒီရဲတိုက်ကြီးကနေ ထွက်ပြေးလေလေ ပိုအချုပ်ကျလေလေ ဖြစ်လာတဲ့အခါ...ရှေ့ဆက်ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာတော့....။Review by : May Zin OoTranslated by : May Zin Oo and MyaFile size…2.33 GB and 1.5 GB and 487MB Quality….WEB-DL 1080p 5.1CH and 720p and 480p Format…mp4 Duration…. 2h 3min Subtitle….Myanmar Subtitle (Hardsub) Translator ..... May Zin Oo and Mya Encoder ..... August
movie
Boomika (2021)
2021
7.1
Thittam Irandu (or) Plan B (2021)
IMDb Rating (7.1)Plan B လို့ အမည်ရတဲ့ Tamil ဇာတ်ကားလေးပါ... SonyLIV ကနေ အသစ်ထုတ်လွှင့်ပြသသွားခဲ့တဲ့ Crime,Thriller,Drama ဇာတ်ကားဖြစ်ပါတယ်... ဒီဇာတ်ကားရဲ့ လှည့်ကွက်တချို့က ဝေဖန်ရေးဆရာတွေ အကြိုက်တွေ့စေခဲ့ပါတယ်...ဇာတ်လမ်းကတော့... အာဒီရားနဲ့ ဆူရီယားတို့က သိပ်ချစ်ကြတဲ့ ငယ်သူငယ်ချင်းတွေဖြစ်ပါတယ်.. အာဒီရားက ရဲမေ..ဆူရီယားကတော့ အိမ်ထောင်ကျပြီး ခင်ပွန်းနဲ့အတူနေတယ် တစ်ရက်မှာ...ဆူရီယားရဲ့ခင်ပွန်းဖြစ်သူက ဆူရီယားပျောက်နေကြောင်း အိမ်ကို လုံးဝ ပြန်မလာတော့ကြောင်း အာဒီရားကို ဆက်သွယ်အကြောင်းကြားလာပါတယ်... အာဒီရားကလဲ သူ့သူငယ်ချင်းပျောက်တဲ့ကိစ္စကို စုံစမ်းရင်း စုံစမ်းရင်းနဲ့ တောအုပ်နားတစ်ခုမှာ ကားတစ်စီးမီးလောင်ပျက်စီးနေပြီး မောင်းလာတဲ့သူကလည်း သေဆုံးနေတာကို တွေ့လိုက်ရတယ်... သေဆုံးသူဟာ ဆေးမှတ်တမ်းစစ်ဆေးမှုများအရ ဆူရီယားရဲ့ အလောင်းဖြစ်နေကြောင်း သိလိုက်ရပါတယ်...ဒါပေမယ့် ဒီသေဆုံးမှုရဲ့နောက်ကွယ်မှာ မမြင်ရတဲ့လျှို့ဝှက်ချက်ကြီးက လှည့်ကွက်အပြည့်တွေနဲ့မို့ ကြည့်ရှုသူတွေအနေနဲ့ ထိုင်ရာမထ ကြည့်ရှုရမယ့် ဇာတ်ကားမျိုးပါ...(အညွှန်းနဲ့ဘာသာပြန်ကတော့ Thuya & May တို့ပဲဖြစ်ပါတယ်။) File size…(2 GB) / (1.1 GB) / (500 MB) Quality…WEB-DL 1080p /720p/ 480p Format…mp4 Duration….02:03:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by ...
movie
Thittam Irandu (or) Plan B (2021)
7.5
Ka/Pae. Ranasingam(2020)
Ka/Pae. Ranasingam(2020)ဖြစ်ရပ်မှန်ပေါ်မှာဇာတ်အိမ်တည်ပြီးရိုက်ကူးထားတဲ့အတွက်တစ်ခြားတမီးလ်ဇာတ်ကားတွေလိုစူပါဖိုက်ခန်းတွေမပါဝင်ဘဲ ဇာတ်လမ်းပြီးတဲ့အထိ ဆွဲဆောင်မှုရှိရှိကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားပါ... ဇာတ်လမ်းအကျဥ်းကတော့ ရွာတစ်ရွာမှာအလုပ်ကရှားပါး ရေကလဲမရှိတော့ အဲ့ကရွာသားတွေဟာ နိုင်ငံခြားကိုထွက်ပြီး ပိုက်ဆံရှာကြပါတယ်...ဒါပေမယ့်အဲ့ရွာကရာနာ့ဆင်းလို့ခေါ်တဲ့လူတစ်ယောက်ကတော့ ရွာမှာပဲနေပြီးရွာသူရွာသားတွေရဲ့အခက်အခဲတွေကို ကူညီဖြေရှင်းပေးနေတဲ့ ရွာ့အချစ်တော်လူတစ်ယောက်..ရွာကမိန်းကလေးတစ်ယောက်နဲ့အိမ်ထောင်ကျပြီးတဲ့နောက်မှာတော့ ဒီိလိုလူမှုရေးကိစ္စတွေလိုက်လုပ်နေလို့မဖြစ်တော့တာနဲ့နိုင်ငံခြားထွက်ပြီးအလုပ်လုပ်ခဲ့တော့တယ်...ဒါပေမယ့်တစ်နေ့မှာ သူတို့မျှော်လင့်မထားတဲ့ ရာနာ့ဆင်းနဲ့ပတ်သက်ပြီးသတင်းဆိုးတစ်ခုရောက်လာခဲ့တယ်.....အဲ့ဒီနောက်မှာတော့...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ပါ...IMDb...7.5 တောင်ရထားတာမို့ India ကားကောင်းကြိုက်သူတို့ လက်မလွှတ်သင့်ပါကြောင်း....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zwel Zan Aung ပဲဖြစ်ပါတယ်.... File Size :(1.37 GB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…02:57:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zwe Zan Aung Encoded by Phyo Pyae
movie
Ka/Pae. Ranasingam(2020)
8.0
Chekka Chivantha Vaanam (2018)
IMDb Rating -7.9/10 Google Users - 93% ထိ"ဇာတ်လမ်းအညွှန်း"ဆယ်နာပသီ ဆိုတဲ့ ဩဇာကြီးတဲ့ ဒုစရိုက်သမားကြီးဟာဘုရားက အပြန်မှာ လူမိုက်တချို့ရဲ့ လုပ်ကြံခြင်းကိုခံလိုက်ရပါတယ်။ဒီသတင်းကို ကြားတော့...သားသုံးယောက်ဖြစ်တဲ့ချန်နိုင်းရာဇာ "ဗာရာဒန် "၊ဒူဘိုင်းမှာ အခြေချနေကြတဲ့ သားလတ် "သီယာဂူ"၊သားငယ် "အီသီ"တို့ ရောက်လာကြပါတယ်။ဖခင်ကို လုပ်ကြံသူအား လက်စားချေဖို့ပါ။ ဖခင်ဆုံးသွားရင် နေရာဆက်ခံဖို့လည်း ပါတာပေါ့။ ဖခင်ကတော့ ဘယ်သူလက်ချက်လဲဆိုတာသိတယ်တဲ့။ ဒါပေမဲ့ မပြောပြခဲ့ပါဘူး။တနေ့မှာတော့ ဖခင်ဟာ အကြောင်းမဲ့ သေဆုံးသွားခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲ သားတွေရဲ့ ဇနီးမယားတွေလည်းလုပ်ကြံခံရတယ်။တရားခံက ဘယ်သူလဲ?ဒုစရိုက်လောက တစ်ခုလုံး ကြောက်ရတဲ့သူတို့ကို ဘယ်အဖွဲ့က လုပ်ကြံသလဲ?ဘာကြောင့်လုပ်ကြံလဲ ဆိုတာကို ကြည့်ရှုခံစားကြပါဦးဗျာ....။ ---------------------------------------- လူတွေရဲ့ အတွင်းစိတ်ဟာ အင်မတန်ကြောက်ဖို့ ကောင်းတယ် . . .ပိုပြီးကြောက်ဖို့ကောင်းတာက အပေါ်ယံဟန်ဆောင်ပြုံးပြပြီး နောက်ကျောကို ဓားနဲ့ ထိုးတဲ့သူတွေ။. . .သူတစ်လူ ငါတစ်မင်းဆိုတဲ့စကားရယ်ငဖြူသေရင် ငမည်းပေါ်လိမ့်မယ်ဆိုတဲ့စကားရယ်. . .ဒီဇာတ်ကားထဲက အဖြစ်အပျက်တွေဟာ ကွက်တိတွေ။ဇာတ်လမ်းက ...
movie
2018