Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Aileen Burdock
6.6
Bright (2017)
ကမ္ဘာကြီးရဲ့ Alternate Timeline တစ်ခုမှာလူတွေဟာOrcs တွေ Elves တွေ အစရှိတဲ့ဒဏ္ဏာရီထဲကသတ္တဝါတွေနဲ့အတူကမ္ဘာဦးအစကတည်းက နေထိုင်ပါတယ်။ဒီဇာတ်ကားမှာတော့Ward (Will Smith) ဟာလော့အိန်ဂျလိစ်က ဝါရင့်ရဲအရာရှိတစ်ယောက်ဖြစ်ပြီး လော့အိန်ဂျလိစ်ရဲဌာနရဲ့ပထမဆုံး Orcs ရဲအရှာရှိဖြစ်တဲ့ Jakoby နဲ့အတူတာဝန်ထမ်းဆောင်နေရတာဖြစ်ပါတယ်။လူတွေနဲ့ Orc တွေကလဲ သိပ်မတည့်ကြသလို Jakoby နဲ့လဲဘယ်သူကမှ အလုပ်တွဲမလုပ်ချင်ကြပါဘူး။တစ်ညမှာတော့Ward နဲ့ Jakoby တို့ Tikka လို့ခေါ်တဲ့Elf တစ်ယောက်ကို တွေ့ရှိခဲ့ပြီး သူ့ဆီမှာ ကမ္ဘာကိုအမှောင်ခေတ်ပြန်ရောက်သွားအောင်လုပ်နိုင်စွမ်းရှိနေတဲ့မှော်တုတ်တံတစ်ချောင်းရှိနေတာကို သိလိုက်ရပါတယ်။ အဲ့ဒီ မှော်တုတ်တံကို လူမျိုးစုအားလုံးသတ္တဝါအားလုံးကအလိုရှိနေတာဖြစ်ပြီးမှော်တုတ်တံပိုင်ရှင်အစစ်ဖြစ်တဲ့ Leilah ကိုယ်တိုင်ကလဲလိုက်ရှာဖွေနေတာဖြစ်ပါတယ်။ကမ္ဘာကြီး မပျက်စီးအောင်Ward နဲ့ Jakoby တို့ဘယ်လိုတားဆီးမလဲ ဆိုတာတော့ရုပ်ရှင်ထဲမှာ ဆက်လက်စီးမျောခံစားလိုက်ပါ။ဒီကားကို ဝေဖန်သူတွေက ၂၀၁၇ ခုနှစ်ရဲ့အဆိုးဝါးဆုံးရုပ်ရှင်လို့ မှတ်ချက်ပေးနေပေမယ့်တကယ်တော့ အဲ့လောက်မဆိုးဝါးပါဘူး။ Imdb 6.7, Rotten Tomatoes 30% ရရှိထားတဲ့အပြင်David Ayer ရဲ့ အမြင်ဆန်းသစ်တဲ့ရုပ်ရှင်တစ်ကားဖြစ်တာမို့ကြည့်သင့်တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ File size… ...
movie
Bright (2017)
2017
4K HEVC
6.1
The Guilty (2021)
The Guilty (2021)စောင့်မျှော်နေကြတဲ့ Jake Gyllenhaalရဲ့ Crime, Thrillerကားသစ် ရပါပြီ၊ ဒီကားကတော့ 2018 တုန်းက ထွက်ခဲ့တဲ့ ဒိန်းမတ်ရုပ်ရှင် The Guilty ကို Remake ပြန်ရိုက်ထားတာပါသူ့နာမည်က ဂျိုးဘေလာ၊ LAရဲတပ်ဖွဲ့ရဲ့ အရာရှိတစ်ဦးဖြစ်ပေမယ့် အတိတ်ကအကြောင်းတစ်ခုကြောင့် ၉၁၁- အရေးပေါ်ဌာနကို ရာထူးချခံထားရသူအရေးပေါ်ဌာနတို့ရဲ့ ထုံးစံအတိုင်း ကားပိတ်တာ၊ ကြောင်သစ်ပင်ပေါ်တက်တာကအစ သဘာဝဘေးအန္တရာယ်အဆုံး ဖုန်းတဂွမ်ဂွမ်ဆက်လာတာကို ပြန်ဖြေပေးရတဲ့နေရာဆိုတော့ဂျိုးတစ်ယောက် သိပ်နေသားမကျလှ၊ ရဲအရာရှိဘဝကလာတာမလို့ ပေါင်းသင်းဆက်ဆံရေးကလည်းညံ့တော့ အတော်ဘုကလန့်ကျနေတာပေါ့၊ ဒီကြားထဲ အိမ်ထောင်ရေးကလည်း အဆင်မပြေတော့ တစ်ပူပေါ်နှစ်ပူဆင့် ဖြစ်နေတာပေါ့တစ်ရက် LAမှာ မီးအကြီးအကျယ်လောင်မှုကြောင့် အရေးပေါ်ဌာနတစ်ခုလုံး ဗျာများနေချိန် ဂျိုးဆီကို ဖုန်းတစ်ကောလ်ဝင်လာတယ်၊ ဖုန်းဆက်လာသူအမည်က အမ်မလီလိုက်တန်၊ ဂျိုးဖုန်းကိုင်ကိုင်ချင်းပဲ သူ့ကို Sweetyဆိုပြီး စခေါ်တော့ လူဂွစာကြီးဂျိုး ထောင်းခနဲဒေါသထွက်သွားပြီ၊ ဌာနတစ်ခုလုံးအလုပ်များနေချိန် မျက်နှာပြောင်ပြီး ဖုန်းဆက်တာပဲပေါ့ဒါပေမယ့်အဲ့ဒီအမျိုးသမီးရဲ့အသံက တုန်နေတယ်၊ ငိုသံပါနေတယ်၊ ကြောက်လန့်နေတယ်၊ နောက်ပြောင်ပြီးခေါ်တဲ့ဖုန်းမဟုတ်ဘူး။ဂျိုးလည်းစဉ်းစားရပြီ၊သူ့ကိုဘာလို့ Sweetyလို့ခေါ်ရတာလဲ? ဘာလို့ ဖုန်းပြောတဲ့အသံက ထူးဆန်းနေတာလဲ?စသဖြင့် မေးခွန်းတွေမေး၊ စကားတွေပြောရင်း ကိစ္စကသူထင်ထားသလို ရိုးရှင်းမနေမှန်းသိသွားတဲ့အခါ....အမ်မလီလိုက်တန်ဆိုတဲ့ အမျိုးသမီးက ဘယ်သူလဲ? သူအခုကြုံနေရတဲ့ကိစ္စက ...
movie
The Guilty (2021)
2021