Channel Myanmar

Ai Liya

Moments We Shared ( 2024 ) 6.1
Moments We Shared ( 2024 ) Cameo အလန်းတွေနဲ့ ပြည့်နေတဲ့ Moment We Shared လေးနဲ့ အတူCM ချစ်ပရိတ်သတ်တို့ဆီ ပြန်လာပါပြီ... ဒီနေ့မှာတော့ ဘဝတွေထဲက ဘဝအကြောင်းကို ကာတွန်းတစ်ဖုံ အချစ် အလွမ်း အဆွေး မိသားစု ခံစားချက်တွေ ရောပြီး ရုပ်ရှင်တစ်ဖန် ဖန်တီး တင်ဆက်ထားတဲ့ Moment We Shared ဆိုတဲ့ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆို ငယ်စဉ်တည်းက အဖွားလက်ထဲ ကြီးပြင်းလာရတဲ့ လျိုရှီစန်းတစ်ယောက်... မြို့သေးလေးမှာ ကြီးပြင်းလာပြီး မြို့ကြီးပြကြီးမှာနေရတဲ့ ဘဝကို ခံစားချင်နေတဲ့ လျိုရှီစန်းတစ်ယောက်... သူ့အိပ်မက်တွေအတိုင်း မြို့ကြီးမှာ တက္ကသိုလ်တွေတက်ပြီး အလုပ်ဝင်ခဲ့ပေမယ့်... ဘဝက ရေခဲမုန့်စားသလို မချိုမြိန်ဘူးလေ...အာမခံကုမ္ပဏီမှာ ဝင်ပြီး အလုပ်လုပ်ခဲ့ပေမယ့်.. အထက်ဖား အောက်ဖိ တဲ့အသိုင်းအဝိုင်း... အရက်သောက်မှ ခင်ချင်တဲ့ အသိုင်းအဝိုင်း.... ပတ်သက်မှုရှိမှ လူရာသွင်းချင်တဲ့အသိုင်းအဝိုင်းကြားမှာ နေရတာ ဘယ်အဆင်ပြေပါ့မလဲ...သူ့ခဗျာ မအောင်မြင်သရွေ့ အဖွားဆီမပြန်ဘူးလို့ တွေးနေပေမယ့်... ပြောနေပေမယ့်လည်း... စိတ်ထဲမှာ အကြိမ်ကြိမ် အဖွားရှိတဲ့ မြို့လေးကို ပြန်နေခဲ့တာကနေ ရုတ်တရက်ကြီး တကယ် အဖွားအိမ်ကို ပြန်ရောက်သွားခဲ့တယ်...ဘာကြောင့်ပြန်ရောက်တယ်မသိပေမယ့် တစ်ခဏတော့ ဘဝအမောတွေကို မေ့ပြီး ဘဝရဲ့ အရသာကို တစ်ဆင့်ချင်း ပုံဖော်ပြသွားတာဆိုတော့ ပရိသတ်တို့လည်း ဘဝအမောတွေထဲက ခဏလေး ရုန်းထွက်နိုင်ဖို့ ...
movie

Moments We Shared ( 2024 )

Fights Break Sphere 3 (2024) 5.9
Fights Break Sphere 3 (2024) CM ရဲ့ ပရိသတ်တွေအတွက် Anime ဇာတ်လမ်းကို Live Action ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးထားတဲ့ Fight Break Sphere 3 ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ အရှေ့မှာ ၂ ကားရှိပြီး CM ကနေတင်ဆက်ပီးသားပဲဖြစ်ပါတယ်အရှေ့ ၂ကားကိုဒီမှာကြည့်ပါဇာတ်လမ်းအကျဉ်းလေးကတော့ရှောင်းယန်ဟာ ဆေးဆရာကြီးနဲ့အတူ မြွေမျိုးနွယ်နဲ့ လူသားမျိုးနွယ်တို့တိုက်ပွဲကို ဖြေရှင်းပေးပြီးနောက် ချင်းလင်နဲ့ လော်ပုနဲ့အတူ ခရီးနှင်ခဲ့ပါတယ်။ လမ်းတစ်လျှောက် ကျင့်ကြံပြီး အစွမ်းမြင့်တင်ဖို့ လုပ်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ ယွင်လန်ဂိုဏ်း တပည့်ကြီးရဲ့ ၃ နှစ်တာ ကတိပြုချက်ကို ရရှိခဲ့ပါတယ်။ထာကာအာကန္တာရကို ရောက်တဲ့အချိန်မှာတော့ ချင်းလင် အဖမ်းခံလိုက်ရပါတယ်။ ချင်းလင်ကို ရှာဖို့အတွက် ရှောင်းယန်တို့အဖွဲ့ဟာ အရင်က နာမည်ကြီးခဲ့သူ ရေခဲဘုရင် ဟိုင်ပေါတုံးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ချစ်ယန်မြို့ကို သွားခဲ့ပါတယ်။ရှုပ်ထွေးနေတဲ့ စည်ကားလှတဲ့ မြို့ထဲမှာ နောက်ကွယ်က လက်မည်းကြီးတစ်စုံဟာ တစ်ဖြည်းဖြည်းပေါ်ထွက်လာပြီး သူတို့ကို ဖမ်းဆီးတိုက်ခိုက်ဖို့ စောင့်နေပါတယ်။ ရှောင်းယန်ဟာလည်း ငယ်စဉ်က အမေ့ရဲ့သေဆုံးခြင်းအမှန်တရားကို ရှာတွေ့သွားပါတော့တယ်။ရှောင်းယန်တို့အဖွဲ့ ချင်းလင်ကို ကယ်တင်နိုင်ပါ့မလား ...... နောက်ကွယ်က လက်မည်းကြီးတစ်စုံက ဘယ်သူဖြစ်နေမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှု ခံစားလိုက်ရအောင်နော်။ Quality : ...
movie

Fights Break Sphere 3 (2024)

Journey to the West ( 2023 ) 5.9
Journey to the West ( 2023 ) UFOတွေ ဂြိုလ်သားတွေဆိုတာ တကယ်ရှိသလားဆိုတဲ့မေးခွန်းကို သိချင်တဲ့သူတွေ စိတ်ဝင်စားတဲ့သူတွေအတွက်အကြိုက်တွေ့မယ့် ကားကောင်းတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ထန်ကျစ်ကျွင်းဟာ (စကြာဝဠာကိုစူးစမ်းခြင်း)ဆိုတဲ့မဂ္ဂဇင်းရဲ့ အယ်ဒီတာတစ်ယောက်ဖြစ်တယ်။ ထန်ကျစ်ကျွင်းက ကမ္ဘာပြင်ဘက်ကယဉ်ကျေးမှုတွေအပေါ်စိတ်ဝင်စားမှုက သာမန်ထပ်ပိုပြီး အလွန်အကျွံလို့တောင်ပြောလို့ရပါတယ်။သူ့ရဲ့စွဲလမ်းမှုတွေကြောင့်မိန်းမလဲမခံနိုင်ကွာရှင်းခဲ့ပြီး သ မီးလေးဟာလဲစိတ်ကျရောဂါနဲ့ဆုံးသွားခဲ့ပါတယ်။ တစ်နေ့မှာတော့ စင်္ကြာဝဠာအဝေးတစ်နေရာမှပို့လာတယ်လို့ယူဆရတဲ့ Signalကိုလက်ခံရရှိလာတဲ့အခါ နေရာအနှံ့ကသူလိုလူတွေစုစည်းပြီး သူ့တစ်ဘဝလုံးမဖြေရှင်းနိုင်ခဲ့တဲ့ပုစ္ဆာတစ်ခုနဲ့အတူ ဂြိုလ်သားရှာဖွေရေးခရီးစဉ်ကိုပြန်လည်စတင်လိုက်ပါတော့တယ်...... Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated By CM Team Reviewed By Nu Mon Encoded by LK
movie

Journey to the West ( 2023 )