Channel Myanmar

Ahmad Mehranfar

About Elly (2009) 7.9
About Elly (2009)  "အယ်လီ့အကြောင်း"လို့အမည်ရတဲ့ IMDb 7.9 နဲ့ Rotten Tomatoes 99% အထိ ရရှိခဲ့ပြီး ဆုပေါင်း ၂၃ ခုနဲ့ ဆန်ကာတင်ရွေးချယ်ခံရမှု ၁၇ ခု ကိုပါ သိမ်းပိုက်နိုင်ခဲ့တဲ့ ၂၀၀၉ ခုနစ်ထွက် အီရန်ဒရာမာရုပ်ရှင်ကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအစမှာတော့ တက္ကသိုလ်တုန်းက သူငယ်ချင်းဟောင်းတွေဟာ မိသားစုစုံစုံလင်လင်နဲ့ ပိတ်ရက်မှာ ကက်စ်ပီယံပင်လယ်ကမ်းခြေဆီကို ၃ရက်တာ ပျော်ပွဲစားခရီး ထွက်လာခဲ့ကြပါတယ်။ဒီအဖွဲ့ထဲမှာ လူလတ်တန်းစားမိသားစု သုံးစုပါ၀င်ပါတယ်။ ခရီးကိုစီစဉ်ခဲ့သူကတော့ "ဆယ်ပီဒေ"ဖြစ်ပြီးတော့ ဆယ်ပီဒေဟာ သမီးဖြစ်သူရဲ့ မူကြိုဆရာမဖြစ်သူ "အယ်လီ"ကို ဂျာမနီကပြန်လာတဲ့ သူငယ်ချင်းဖြစ်သူ "အာမတ်"နဲ့ မိတ်ဆက်ပေးဖို့ရာ ခရီးကိုခေါ်ခဲ့ပါတယ်။ဒီလိုနဲ့ ပင်လယ်ကမ်းခြေဘေးက ငှားရမ်းထားတဲ့ အိမ်လေးမှာ အပန်းဖြေအနားယူနေကြရင်း ကံမကောင်း အကြောင်းမလှစွာနဲ့ "အယ်လီ" တစ်ယောက် ပျောက်ချင်းမလှပျောက်သွားခဲ့ပြီး သောကပင်လယ်လှိုင်းတွေဟာ ဒီခရီးသွားအုပ်စုလေးဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာတဲ့နောက်မှာတော့..."ဆယ်ပီဒေ"တစ်ယောက် နာမည်ရင်းကိုတောင်သေချာမသိဘဲ ခေါ်လာခဲ့တဲ့ "အယ်လီ"ဆိုတဲ့မူကြိုဆရာမလေးရဲ့ တကယ့်သရုပ်မှန်က ဘာများလဲ ဘယ်လိုအကြောင်းကိစ္စကြောင့် ...
movie

About Elly (2009)