Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Agus Wibowo
6.9
Dance of Death aka Ronggeng Kematian (2024)
Ronggeng Kematian(2024)အကမယ်IMDb-6.9/10ဂျာဗားအလယ်ပိုင်းက ခေါင်လှတဲ့နေရာမှာ မန်ဂူဆာရီဆိုတဲ့ ရွာလေးတစ်ရွာရှိတယ် ဝေးလံခေါင်ဖျားမီး တောင်မရတဲ့ ဒေသလေးက လူငယ်တွေရဲ့ လေရဟတ်တီထွင်မှုနဲ့ လေအားလျှပ်စစ်ရဖို့ အစပျိုးကာစအချိန်....။အဲဒီရွာလေးက မိန်းမငယ်လေးတွေရဲ့ အိပ်မက်ကတော့ ရွန်ဂျန်အကမယ်တစ်ယောက်ဖြစ်ဖို့ လာရာဆာတီဆိုတဲ့ ကောင်မလေးက ရွန်ဂျန်အကမယ်ဆိုတာထက် အဲဒီအကမှာ တစ်ဖတ်ကမ်းခတ်ထူးချွန်ပြီး သိပ်လှတဲ့ ဆူလာစတရီကိုမှ အားကျပြီး သူ့လိုဖြစ်ချင်တဲ့သူ ၊ ဒါပေမဲ့သူက အဲဒီကကွက်ရဲ့ အချိုးအဆစ်ကိုတောင် ကောင်းကောင်းမလုပ်နိုင်။တစ်နေ့ကျောင်းကအပြန် ပဝါတစ်ထည်ကောက်ရခဲ့ရာက အဲဒီညမှာ ရွန်ဂျန်အကကိုလှလှပပကနေတာကို လာရာဆာတီ့အမေကမြင်သွားပြီ နောက်ရက် မနက်မှာ အကလေ့ကျင့်ပေးတဲ့ဆရာမဆီ အတင်းလိုက်ပို့ခံရတော့တာပဲ ၊ဆရာမရှေ့မှာ မကတတ်လို့ကြောင်နေတဲ့ လာရာဆာတီတစ်ယောက် သူကောက်ရလာတဲ့ပဝါကို ပုခုံးပေါ်တင်ပေးလိုက်ချိန်မှာ ဘေးကလူတွေအကုန်လုံး မှင်သက်သွားလောက်တဲ့ထိ ကကွက်တွေထွက်ပေါ်လာခဲ့တယ် ၊ ဒီလိုနဲ့သူက အကအဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရပြီး ရွာနှစ်ပတ်လည်ပွဲမှာ ဖျော်ဖြေရဖို့ဖြစ်လာတယ် အဲဒီအချိန်မှာပဲ သူတို့ရွာခံကျောင်းသားလေးယောက်က internship ဆင်းဖို့ ဒီရွာကို ခက်ခက်ခဲခဲရောက်လာချိန်....။မြို့ကျောင်းသားတွေလုပ်မဲ့ ဆုပေးပွဲနဲ့ ရွာနှစ်ပတ်လည်ပွဲက တစ်ရက်တည်းတစ်ညတည်း..။ အဲဒီအချိန်မှာ အားလုံးမထင်မှတ်ဘဲဖြစ်ပေါ်လာမဲ့အရာက......။အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Yunni တို့ပဲဖြစ်ပါတယ် File size…1.35GB / ...
movie
Dance of Death aka Ronggeng Kematian (2024)
Anwar: The Untold Story (2023)
Anwar : The Untold Story [2023]နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် အကျင့်ပျက်ခြစားမှုဟူသည်ကား ရှိကြစမြဲပင်...ဒီဇာတ်လမ်းမှာတော့ ယခုအခါ မလေးရှား ဝန်ကြီးချုပ်ဖြစ်နေပြီဖြစ်တဲ့ အန်ဝါ အီဘရာဟင်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုဇာတ်ကြောင်းကို ပြန်ပြောင်း ရိုက်ပြထားတာပဲ ဖြစ်ပါတယ်... နိုင်ငံရေးဆန္ဒပြပွဲတွေ... အုပ်ချုပ်သူတွေရဲ့ မလျော်ဩဇာသုံးပြီး ဖမ်းဆီးမှုတွေ... နိုင်ငံရေးသမားတွေအတွက် ထောင်ဆိုတာ အိမ်သဖွယ်ဖြစ်ခဲ့ရတာတွေ... စီးပွားရေးသမား ခရိုနီတွေ ကြီးစိုးထားတဲ့ မလေးနိုင်ငံရေးလောက... စတာတွေကို အန်ဝါ တစ်ယောက် ဘယ်လို ပြုပြင်ပြောင်းလဲသွားမလဲ... လူထုအားကို ဘယ်လို အရယူသွားမလဲ... အမြစ်တွယ်နေပြီဖြစ်တဲ့ ယန္တရားကြီးက သူ့ကို ဘယ်လိုဖိနှိပ်သွားမလဲ.... ဥပဒေဆိုတာ ဘယ်လို လက်တစ်လုံးခြားပြီး လုပ်လို့ ရသလဲ... ဓမ္မနဲ့ အဓမ္မမှာ အချိန်တွေ ကြာပါစေဦးတော့ အချိန်တန်ရင် ဓမ္မတရားကသာလျှင် ပေါ်ထွန်းစမြဲပဲဆိုတာကို ရှုစားသွားရမှာပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Biography, Drama, History Quality…. 1080p | 720p File size… 1.2GB ...
movie
Anwar: The Untold Story (2023)
2023
Before I Met You (2022)
Before I met you (2022)"အချစ်" ဆိုတာ ကျွန်တော်တို့မကြာခဏ တွင်တွင်ပြောနေတတ်တဲ့ စကားလုံးတစ်လုံးပါပဲ။ ဒါပေမဲ့ ဒီစကားလုံးရဲ့အနက်ကို ဘယ်သူမှတိတိပပ အဖြေမထုတ်နိုင်ပါဘူး။ အချစ်ဆိုတာဘာလဲလို့မေးရင် အဖြေမထွက်သူများပေမယ့် ဒီအချစ်ကိုယူမလားမေးရင်လည်း ငြင်းမယ့်လူကခပ်ရှားရှားရယ်ပါ။အခုဒီကားလေးကတော့ သစ်ရွက်လှုပ်ရင်ရယ်တတ်တဲ့အရွယ် ကျောင်းသားတွေကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို သရုပ်ဖော်ထားတာပါ။ ပြောင်းလဲလွယ်တဲ့အရွယ်ရဲ့ အချစ်ဇာတ်လမ်းဆိုတော့ ဇာတ်လမ်းအလှည့်အပြောင်းများတာကတော့ ထူးထွေပြောစရာလိုမယ်မထင်ပါဘူး။ပွေရှုပ်တတ်တဲ့အဖေရဲ့သမီးတိုင်းမှာ ယောက်ျားတွေကိုမယုံ အချစ်ကိုမယုံတတ်တဲ့စိတ်ဒဏ်ရာ ကိန်းအောင်းနေတတ်တော့ ဂါးဒစ်စ်အတွက် အချစ်ကိုလက်သင့်မခံနိုင်တာ အဆန်းမဟုတ်ပါဘူး။ ဒီလိုစိတ်ဒဏ်ရာတွေနဲ့ ကောင်မလေးရဲ့ဘဝထဲကို ကျောင်းရဲ့နာမည်ကျော်ငပွေငရှုပ်ကောင်ဇိုးလေးဘာရာနဲ့ ကော်ဖီဆိုင်မှာသီချင်းဆိုနေပေမယ့် လက်တွေ့မှာကျိကျိတက်ချမ်းသာတဲ့ သူဌေးသားလေးရာမာတို့ ဝင်ရောက်လာပါတော့တယ်။ အချစ်ဦးကလည်းဖြစ်နေတဲ့အပြင် Mr. Perfect Guyဖြစ်ပေမယ့် ဆိုင်သူရှိနေပြီဖြစ်တဲ့ရာမာ၊ တစ်ချိန်က ဘယ်လောက်ပွေခဲ့ရှုပ်ခဲ့ပါစေ ဂါးဒစ်စ်ကိုမှ ကြွေသွားပါပြီဆိုတဲ့ အမြဲအနားမှာရှိနေပေးတဲ့ ဘာရာနဲ့ ဂါးဒစ်စ်တို့ရဲ့ ၃ ပွင့်ဆိုင်ချစ်ဇာတ်လမ်းရဲ့အဆုံးသတ်က ဘာဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ကြည့်ရှုရင်း အဖြေရှာလိုက်ရအောင်ပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p | 480p File size…1.9GB | 952MB ...
movie
Before I Met You (2022)