Channel Myanmar

Agnieszka Rajda

Scarborn (2023) 7.2
Scarborn (2023)  အရင်ခေတ်စစ်ကားတွေကို နာဇီတွေဂျာမနီတွေပဲ ကြည့်ရတာပျင်းလာပြီဆိုတဲ့ သူတွေအတွက် ပိုလန်အမေရိကန်တော်လှန်ရေးစစ်ပွဲကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်သမိုင်းဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Scarborn ဖြစ်ပြီး IMDb Rating 7.2အထိ ရရှိထားပါတယ်။ဒီဇာတ်ကားမှာအရေးအကြီးဆုံးသူကတော့Kosciuszko ဆိုတဲ့ ပိုလန်ဗိုလ်ချုပ်ကြီးတစ်ယောက်ပဲဖြစ်ပါတယ်။သူက သူ့အမိမြေဖြစ်တဲ့ ပိုလန်နိုင်ငံလွတ်လပ်ရေးရဖို့အတွက်အမေရိကန်တော်လှန်ရေးစစ်ပွဲမှာ ဦးဆောင်ပြီး ရှရှားတွေကိုတိုက်ထုတ်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ဒီအဖြစ်အပျက်တွေက ၁၇၉၄ ခုနှစ်မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်မှာကျွန်တွေ လယ်သမားတွေကို မြေရှင်ကြီးတွေမျိုးရိုးမြင့်သူတွေက နိုင်ထက်စီးနင်း ပြုပုံတွေကိုမြင်ရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့် မျိုးရိုးနိမ့်ဆင်းရဲသားတွေကလည်းဗိုလ်ချုပ်ကြီးKosciuszko ရဲ့တော်လှန်ရေးမှာပါဝင်ခဲ့ကြတာလည်း မဆန်းပါဘူး။ရှရှားတွေဘက်ကနေလည်း ဗိုလ်ချုပ်ကြီးကိုဖမ်းဆီးဖို့ အပြင်းအထန်အသည်းအသန်တွေလိုက်ရှာကြပုံတွေကိုလည်း တွေ့ရမှာပါ။ဒီလိုနဲ့အဖိနှိပ်ခံဆင်းရဲသားတွေရဲ့ဘ၀ ကျူးကျော်သူတွေရဲ့ရက်စက်ကြမ်းတမ်းပုံတွေနဲ့ ကိုယ့်နိုင်ငံလွတ်လပ်ရေးရဖို့ရရာလက်နက်အင်အားနဲ့နည်းဗျူဟာကျကျပြန်လည် တော်လှန်တဲ့ဗိုလ်ချုပ်ကြီးတို့ရဲ့တော်လှန်တိုက်ပွဲတွေကို စုံစုံလင်လင်စိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.33GB/ 521MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Scarborn (2023)

Fanfic (2023) 5.1
Fanfic (2023) Fanfic (2023) ============နေ့စဥ်လူ​နေဘဝမှာ စိတ်ပင်ပန်းစရာ​တွေ၊​ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာ တွေက လူတိုင်း​တွေ့ကြုံခံစား​နေရတဲ့ကိစ္စ​တွေပါပဲ၊ "ငါက ဘယ်လိုလူလဲ ငါက ဘာမို့လို့ ဒါကိုမလုပ်နိုင်ရတာလဲ" စသဖြင့် မိမိကိုယ်မိမိယုံကြည်မှု​ ပျောက်ဆုံး​နေတာလည်း ပိုပြီးဆိုးရွားတဲ့ခံစားချက်ပါပဲ "။ ငါ လမ်း​​ပျောက်​ နေပြီ၊ ငါဘာဆက်လုပ်မလဲ၊ ငါကဘာ​ကောင်မှန်းမသိ​တော့ဘူး" ဒါ​တွေက ကျွန်​တော်တို့ အ​တွေး​တွေထဲ အမြဲတ​စေ တခါတရံဖြစ်​ပေါ်လာတတ်ပါ တယ်။မိသားစုပြဿနာ​တွေ၊ အလုပ်ကိစ္စအဆင်မ​ပြေတဲ့အခါ၊ သမီးရည်းစားရန် ဖြစ်တာမျိုး​တွေမှာ၊ နှစ်ဦးနှစ်ဖက်ညှိနှိုင်းမရတဲ့အခါမျိုး​တွေမှာ စိတ်ရူးမတတ် အ​ခြေအ​နေမျိုး​တွေဖြစ်လာတတ်တယ်၊ အထူးသဖြင့် ခံစားချက်ကို ထိန်း ချုပ်ဖို့မလွယ်တဲ့ ဆယ်​ကျော်သက်အရွယ်​တွေ​ပေါ့။ဒီဇာတ်လမ်းမှာ ဆယ်​ကျော်သက်တွေဖြစ်တတ်တဲ့ စိတ်ကူးအယဥ်လွန်ပြီး​ အမှားလုပ်မိတာ​တွေ၊ မိမိကိုယ်မိမိယုံကြည်မှု​ပျောက်ဆုံးတာ၊တဖက်လူရဲ့ ခံစားချက်ကိုထည့်မတွက်ဘဲ ကိုယ်လုပ်ချင်တာလုပ်တတ်တာ၊ အရာရာကို ငါသိငါတတ်ဆိုတဲ့စိတ်​အခံ​တွေ၊ မိဘနဲ့သားသမီးကြားက မလိုအပ်တဲ့ အ သေးအမွှားပြဿနာ​လေး​တွေကို​ဖော်ကျူးထားတာဖြစ်လို့ ငါသာဆိုရင် သူ့​နေရာမှာ ဘာလုပ်မလဲ စသဖြင့် ​ကိုယ်တိုင်ခံစားဖြည့်​တွေးရင်း ကြည့်ရှု ရမယ့် ဇာတ်ကားလေးမို့ ခံစားကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်)File Size..........(1.9 GB) / (782 MB) / (455 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 35Mins Subtitle...........Myanmar ...
movie

Fanfic (2023)

2023