Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Agnieszka Grochowska
7.2
Scarborn (2023)
အရင်ခေတ်စစ်ကားတွေကို နာဇီတွေဂျာမနီတွေပဲ ကြည့်ရတာပျင်းလာပြီဆိုတဲ့ သူတွေအတွက် ပိုလန်အမေရိကန်တော်လှန်ရေးစစ်ပွဲကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်သမိုင်းဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Scarborn ဖြစ်ပြီး IMDb Rating 7.2အထိ ရရှိထားပါတယ်။ဒီဇာတ်ကားမှာအရေးအကြီးဆုံးသူကတော့Kosciuszko ဆိုတဲ့ ပိုလန်ဗိုလ်ချုပ်ကြီးတစ်ယောက်ပဲဖြစ်ပါတယ်။သူက သူ့အမိမြေဖြစ်တဲ့ ပိုလန်နိုင်ငံလွတ်လပ်ရေးရဖို့အတွက်အမေရိကန်တော်လှန်ရေးစစ်ပွဲမှာ ဦးဆောင်ပြီး ရှရှားတွေကိုတိုက်ထုတ်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ဒီအဖြစ်အပျက်တွေက ၁၇၉၄ ခုနှစ်မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်မှာကျွန်တွေ လယ်သမားတွေကို မြေရှင်ကြီးတွေမျိုးရိုးမြင့်သူတွေက နိုင်ထက်စီးနင်း ပြုပုံတွေကိုမြင်ရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့် မျိုးရိုးနိမ့်ဆင်းရဲသားတွေကလည်းဗိုလ်ချုပ်ကြီးKosciuszko ရဲ့တော်လှန်ရေးမှာပါဝင်ခဲ့ကြတာလည်း မဆန်းပါဘူး။ရှရှားတွေဘက်ကနေလည်း ဗိုလ်ချုပ်ကြီးကိုဖမ်းဆီးဖို့ အပြင်းအထန်အသည်းအသန်တွေလိုက်ရှာကြပုံတွေကိုလည်း တွေ့ရမှာပါ။ဒီလိုနဲ့အဖိနှိပ်ခံဆင်းရဲသားတွေရဲ့ဘ၀ ကျူးကျော်သူတွေရဲ့ရက်စက်ကြမ်းတမ်းပုံတွေနဲ့ ကိုယ့်နိုင်ငံလွတ်လပ်ရေးရဖို့ရရာလက်နက်အင်အားနဲ့နည်းဗျူဟာကျကျပြန်လည် တော်လှန်တဲ့ဗိုလ်ချုပ်ကြီးတို့ရဲ့တော်လှန်တိုက်ပွဲတွေကို စုံစုံလင်လင်စိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.33GB/ 521MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Scarborn (2023)
Unpredictable/ Nieobliczalna (2024)
အိမ်ထောင်ရေးဒရာမာရုပ်ရှင်ပါ။ ဒီရုပ်ရှင်ထဲမှာက အဓိကမိသားစုက နှစ်စုပါမယ်ပြောရမယ်။ ပထမမိသားစုက ဗိုအီတက်ရှ်နဲ့ မာတီနာတို့ရဲ့မိသားစု၊ သူတို့မိသားစုမှာက သမီးလေးတစ်ယောက်ရှိတယ်။ ဗိုအီတက်ရှ်က မိသားစုကိုဦးဆောင်နေတဲ့ သူဌေးတစ်ဦးဖြစ်ပြီး မိန်းမနဲ့သမီးကိုလိုလေသေးမရှိအောင် ဖြည့်ဆည်းပေးတယ် ဒါပေမဲ့ အလွန်အမင်းချုပ်ချယ်တတ်တယ် အိမ်တွင်းအကြမ်းဖက်တယ်။မိန်းမဖြစ်သူမာတီနာက အမြဲတမ်း ဗိုအီတက်ရှ်ရဲ့မျက်နှာကိုကြည့်နေရပြီး ယောက်ျားစိတ်အလိုကျနေထိုင်ပေးနေရတဲ့ လှောင်အိမ်ထဲကငှက်တစ်ကောင်ပမာ အမျိုးသမီးတစ်ဦး။ မာတီနာမှာ အလီစီယာလို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ အလီစီယာမှာက တက္ကသိုလ်ကျောင်းသားအရွယ် သားယောက်ျားလေးတစ်ယောက်ရှိပြီး အလီစီယာတို့သားအမိက အမေတစ်ခုသားတစ်ခုဘ၀နဲ့ ကြိုးစားဖြတ်သန်းနေကြရတာ။ဒီလိုနဲ့ တရက်မှာတော့ မထင်မှတ်ထားတဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ဟာ ပေါက်ဖွားလာခဲ့ပြီး ဒီဇာတ်လမ်းဟာ မာတီနာရော အလီစီယာတို့မိသားစုနှစ်ခုလုံးအတွက် ပျက်ကိန်းဆိုက်ဖို့ရာအကြောင်းဖန်လာပါတော့တယ်။ ဒီရုပ်ရှင်ထဲမှာ ရှုပ်ထွေးပွေလီလှတဲ့ အိမ်ထောင်ရေးဇာတ်လမ်းတွေ၊ လူသားတွေရဲ့ ဆန်းကြယ်လှတဲ့လိင်မှုလိုအင်ဆန္ဒတွေအကြောင်းကို နှံ့နှံ့စပ်စပ်ရိုက်ကူးပြသထားပါတယ်။**Sex scene တွေလည်း ဖောဖောသီသီပါ၀င်လို့ မိသားစုနဲ့အတူကြည့်ရှုဖို့မသင့်တော်ပါဘူး** File size…(1.4 GB)/(736 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre... Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie
Unpredictable/ Nieobliczalna (2024)
5.5
Kleks Academy (2023)
ဒီတစ်ခါ စိတ်ကူးယဉ်ဆန်ဆန် ကလေးတိုအကြိုက်ဇာတ်ကားတစ်ကား ဖြစ်မယ့် Kleks Academy ဆိုတဲ့စိတ်ကူးယဉ် ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးပါမယ်..ဆယ်ကျော်သက် အရွယ် အာဒါဆိုတဲ့ ကောင်မလေးဟာကလက်စ်အကယ်ဒမီ နတ်သမီးပုံပြင်ကျောင်းတော်မှာတက်ရောက်ဖို ဖိတ်ကြားခံခဲ့ရပါတယ်။ဒီကျောင်းဟာ ကမ္ဘာတဝှမ်းက ထူးခြားတဲ့ စွမ်းအင်ရှိပြီးအလားအလာကောင်းတဲ့ ကလေးတွေသာ တက်ရောက်နိုင်တာပါ။ အာဒါရဲ့ မိဘနှစ်ယောက်လုံးကလည်း ဒီကျောင်းမှာတက်ရောက်ခဲ့ကြပြီး အချင်းချင်း တွေ့ဆုံခဲ့ကြပါတယ်။ဒီနယ်မြေနဲ့ အပြင်လောကနဲ့အကြား အာဒါတိုလို ကလေးအရွယ်တွေသာ ကူးလူးသွားလာနိုင်တာ ဖြစ်ပြီးစိတ်ကူးယဉ်ဖန်တီးမှုတို ကွန့်မြူးရာ နယ်မြေဆိုရင်လည်းမမှားပါဘူး။ ကိုယ်တိုင်ရဲ့ ထူးခြားတဲ့စွမ်းအင်က ဘာလဲဆိုတာမသိသေးတဲ့ အာဒါတစ်ယောက် ဘဝရဲ့ စွန့်စားခန်းဖွင့်ဖိုအတွက် ဒီကျောင်းတော်ကြီးကို တက်ရောက်ဖိုဆုံးဖြတ်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ ဝံပုလွေမျိုးနွယ်စုတွေက သူတိုရဲ့ယခင်ခေါင်းဆောင်ဟောင်းကို သတ်ခဲ့တဲ့သူဟာပုံသဏ္ဍန်ပြောင်းလဲပြီး ဒီကျောင်းမှာ ရှိနေတာကို သိလိုက်တဲ့အချိန်မှာ ဒီနယ်မြေကို ဝင်ရောက်ဖို နည်းမျိုးစုံနဲ့ကြိုးစားပါတော့တယ်။အာဒါတစ်ယောက် ကလက်စ်အကယ်ဒမီမှာ တက်ရောက်ရင်းသူမရဲ့ ပျောက်ဆုံးနေတဲ့ ဖခင်ဖြစ်သူရဲ့ သဲလွန်စတချိုနဲ့အတူမိသားစု လျှိဝှက်ချက်ကိုပါ သိရှိလိုက်ရတဲ့ အချိန်မှာတော့....။ File size…2.15GB / 1.02GB Quality…NF WEB-DL ...
movie
Kleks Academy (2023)
5.8
Wheel of Love (2023)
Ro လွန်းလို့မျက်ရည်ပါကျရမယ့် အချစ်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးကတော့ IMDb မှာ Rating5.8 အထိရရှိ ထားပါတယ်။ဒီဇာတ်ကားလေးရဲ့ အဓိကဇာတ်ဆောင်ကတော့မက်စ်ဆိုတဲ့အားကစားဖိနပ်ကုမ္ပဏီပိုင်ရှင် မက်စ်ဖြစ်ပြီး သူကတော့အသက် ၄၄ ရှိပြီဖြစ်တဲ့ အချစ်ကိုတစ်ခါမှသေချာမခံစားဖူးပဲ ကောင်မလေးတွေကိုလိုက်ပလေးနေတဲ့စားဘဲကြီးပါ။ဒီနေ့တွေ့မနက်ဖြန်--သဘက်ခါထားသွားမယ်ဆိုတဲ့ စကားကသူ့ရဲ့လက်သုံးစကားဖြစ်ပါတယ်။ဒါပေမယ့် အဲ့ဒီအရာတွေအားလုံးက ဂျူလီယာလို့ခေါ်တဲ့ဝှီးချဲလေးနဲ့ ကောင်မလေးကိုတွေ့လိုက်တဲ့အခါမှာတော့ သူ့အတွက်ပြောင်းလဲသွားပါတော့တယ်။အဲ့ဒီကောင်မလေးနဲ့ ရင်းနှီးခွင့်ရဖို့အတွက် မက်စ်ကိုယ်တိုင်ကဝှီးချဲနဲ့ခြေထောက်မသန်စွမ်းသလို ဟန်ဆောင်ပြီးကြိုးစားပါတော့တယ်။အချိန်တွေကြာလာတာနဲ့အမျှ မက်စ်ကသူ့ဘ၀မှာတစ်ခါမှမခံစားဖူးတဲ့ အချစ်ဆိုတဲ့အရာကြီးရဲ့စစ်မှန်တဲ့ အရသာကိုသိရှိလာတဲ့အခါမှာ သူတို့နှစ်ယောက်ကြားမှာဘယ်လိုအချစ်ဇာတ်လမ်းလေးတွေ ဆက်ဖြစ်ကြမလဲ။လိမ်ညာတာ လှည့်စားတာတွေကိုမကြိုက်တဲ့ ဂျူလီယာနဲ့ လိမ်ညာထားတဲ့မက်စ်တို့နှစ်ယောက် ဘယ်လိုတွေရှေ့ဆက်ကြမလဲဆိုတာကို ကြည့်ရမဲ့ဒရာမာကားလေးပဲဖြစ်ပါတယ်။ File size…2.11GB / 990MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 47m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Wheel of Love (2023)
5.3
Mother’s Day (2023)
Mother's Day (2023)ဒီတစ်ခေါက် မိတ်ဆက်ပေးမှာကတော့ ခပ်ကြမ်းကြမ်း အက်ရှင်ကားတွေကိုမှ ကြိုက်တဲ့သူတွေအတွက် Netflix မှာထွက်ထားတဲ့ သည်းထိတ်ရင်ဖို အက်ရှင်ကားလေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~နေတိုးအထူးအေးဂျင့်ဟောင်းတစ်ဦးဖြစ်တဲ့ နီနာတစ်ယောက် နှစ်ပေါင်းများစွာ တစ်ယောက်တည်း ဇာတ်မြုပ်နေရာကနေ ရုတ်တရက် အမေများနေ့မှာ သားဖြစ်သူ မက်စ် တစ်ယောက် ရန်သူတွေရဲ့ အငြိုးကြောင့် ပြန်ပေးဆွဲခံလိုက်ရတဲ့အခါ သူ့ရဲ့ အေးဂျင့်တုန်းက စကေးတွေကို ဘယ်လိုထုတ်သုံးပြီး ပြန်ကယ်ထုတ်မလဲဆိုတာကို အက်ရှင်ခန်းများများနဲ့ ခပ်မိုက်မိုက် ကြမ်းကြမ်းလေး ကြည့်ရမယ့် သည်းထိတ်ရင်ဖိုကားလေး တစ်ကားပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.3GB, 640MB Quality - 1080p, 720p Format - mp4 Duration - 1H 34Min Genre - Action, Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by ...
movie
Mother’s Day (2023)
2023
How I Fell in Love with a Gangster (2022)
ဒီကားလေးကတော့ အရင်ခေတ်က နာမည်ကြီးခဲ့တဲ့ပိုလန်လူဆိုးဂိုဏ်းခေါင်းဆောင်ကြီး Niko Skotarczak ရဲဘ၀ဇာတ်ကြောင်းကိုမှီငြမ်းပြီး ရိုက်ပြထားတာပါ။သူကပိုလန်နိုင်ငံမှာ ကွန်မြူနစ်ခေတ်က အရှေ့ဂျာမဏီနဲ့မှောင်ခိုကူးပြီးတော့အရမ်းချမ်းသာလာတာပါ။သူ့ကိုပိုလန်ရဲ့ Pablo Escobar လို့တောင်ခေါ်ကြပြီး သူလည်း Escobar လိုပဲသူ့မြို့ကဆင်းရဲသားတွေအတွက် တော့လူကြိုက်များပြီး ဘောလုံးအသင်းတစ်သင်းကိုလည်းငွေကုန်ခံပြီး၀ယ်ခဲ့ပါသေးတယ်။နီကိုရဲ့လူနေမှုစရိုက်ကတော့အဲဒီခေတ်မှာ ထူးဆန်းပြီးတော်တော်လူပြောများခဲ့ပါတယ်။ ဒီကားမှာတော့နီကိုရဲ့ ကလေးဘ၀ကနေစပြီး လူမိုက်ဖြစ်လာပုံ၊ဒုစရိုက်လုပ်ငန်းတွေနဲ့ကြီးပွားလာပုံ၊ပိုလန်ရဲ့နာမည်အကြီးဆုံးဂိုဏ်းစတားဖြစ်လာပုံနဲ့နောက်ပိုင်းမူးယစ်ဆေးဝါးတွေနဲ့ပတ်သက်လာပြီးကျဆုံးသွားပုံတွေကို ရိုက်ပြထားပါတယ်။နီကိုရဲ့ဘ၀တလျှောက် များပြားလှတဲ့ချစ်သူအမျိုးသမီးတွေ၊သူ့မိသားစု၀င်အကြောင်းတွေ၊ဒုစရိုက်လောကရဲ့ လှည့်ဖျားမှုတွေ၊သစ္စာဖောက်မှုတွေ ရက်စက်တာတွေပါကြည့်ရှူရမှာပါ။ ပိုလန်ဘာသာစကားပြောကားလေးဖြစ်ပြီး တင်ဆက်ပုံက Goodfellas ကားတို့လိုပုံစံဖြစ်ပြီးတမူထူးခြားပါတယ်။ဒါရိုက်တာ Maceij Kawulskiကရိုက်ကူးထားပြီး Tomasz Wlosok,Antoni Krolikowski, Agnieszka Grochowska, Magdalena Lamparska တို့ပါ၀င်ထားပါတယ်။ File size…(3 GB)/(1.7 GB)/(650 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….03:05:00 Genre...Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie
How I Fell in Love with a Gangster (2022)
6.5
Child 44 (2015)
ဒုတိယကမ္ဘာစစ်ရဲ့ စစ်ပြန် ဆိုဗီယက် သူရဲကောင်းလီယိုဒီမီဒေါ့ဟာ စစ်ကြီးအပြီးမှာတော့ နိုင့်ငံရဲ့ လျှိုဝှက်ထောက်လှမ်းရေးအဖွဲ့မှာ ရာထူးကြီးကြီးနဲ့ထမ်းဆောင်နေပြီး ဇနီးလှလှလေးရိုင်စာနဲ့ တိုက်ခန်းကောင်းကြီးမှာတူတူနေနေပါတယ်။စစ်အေးခေတ်ကြီးရဲ့မတည်ငြိမ်တဲ့အချိန်နဲ့ ဆိုဗီယက် ကွန်မြူနစ်စနစ် ရဲ့ဖိနှိပ်မှုတွေရှိနေတဲ့ကြားက လီယိုတယောက် ကလေးငယ်တွေကိုပဲ လိုက်သတ်နေတဲ့ စိတ္တဇ လူသတ်သမားကိုဖော်ထုတ်အရေးယူဖို့ဖြစ်လာရပါတယ်။ဒါပေမဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့မနာလို၀န်တိုမှုတွေရှိနေတဲ့အပြင် ဇနီးသည်နဲ့ဆက်ဆံရေးကလည်းထင်သလိုရိုးရှင်းမှုမရှိပါဘူး။လီယိုအနေနဲ့ ဒီလိုအခက်အခဲတွေကြားက ဘယ်လိုရုန်းထွက်သွားမလဲ။နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Tom Hardy နဲ့ Noomi Rapace တို့ကခေါင်းဆောင်နေရာကပါ၀င်ပြီး ဇာတ်ပို့နေရာမှာလည်း Joel Kinnama n,Paddy Considine တို့အပြင် ဝါရင့်မင်းသားကြီး Gary Oldman တို့ပါ အားဖြည့်ထားပါတယ်။စုံထောက်ဇာတ်လမ်းတွေကြိုက်တဲ့အပြင် စစ်အေးခေတ်နိုင်ငံရေးကိုစိတ်၀င်စားသူတွေအတွက် ရုပ်ရှင်ကောင်းတစ်ကားပါပဲ။ File size…(2.6 GB) / (1.3 Gb) / (600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:17:00 Genre...Crime, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sett ...
movie
Child 44 (2015)
5.0
American Dream (2021)
American Dream (2021)==================IMDb Rating - 5.0/10 Rating က ထွက်ခါစကနေ တဖြေးဖြေးလည်း တတ်လာနေပါတယ်။ 2021 မှ ပူပူနွေးနွေးထွက်ရှိထားတဲ့ Crime, Thriller ဇာတ်ကားလေးပါ။Terminators 3 တို့ Sin city တို့လို ဇာတ်ကားကောင်းတွေထဲမှာ ပါဝင်ခဲ့ဖူးတဲ့ရရှားသရုပ်ဆောင် Nick Stahl ပြန်ပွဲဦးထွက်လာတဲ့ဇာတ်ကားဆိုလည်းမမှားပါဘူး။နစ်ကီနဲ့ စကော့တို့သူငယ်ချင်းနှစ်ယောက်က အမေရိကားကိုပြောင်းလာကြတဲ့ ရရှားနွယ်ဝင် Immigrants တွေပေါ့။သူတို့ရဲ့အိပ်မက်က လော့အိန်ဂျလိစ်မှာ တိုက်တန်းလျားတစ်ခုဆောက်ပြီး ငှားစားဖို့ပါပဲ အဲဒီအိပ်မက်ကိုလည်းအကောင်အထည်ဖော်နေကြတာပေါ့။ ဒါပေမဲ့ ကံဆိုးစွာပဲ သူတို့ဆောက်လက်စတိုက်အတွက် ရန်ပုံငွေပြတ်ပြီးအပြီးမသတ်နိုင်ဖြစ်နေပါတယ်။ ဘဏ်တွေဆီကလိုက်ချေးငွေထုတ်ခဲ့ပေမယ့် အပေါင်ပစ္စည်းမပေးနိုင်တာမို့လို့ဘယ်ဘဏ်မှ ထုတ်မချေးကြပါဘူး။ ဒီလိုနဲ့ စကော့နဲ့ မင်္ဂလာပွဲတစ်ခုမှာ ခင်မင်ခဲ့တဲ့ ရရှားလူမျိုးယူရီဆိုတဲ့သူကသူတို့ကိုကူညီပေးနိုင်မယ့်သူရှိတယ်လို့ ကမ်းလှမ်းလာပါတယ်။ အဲဒီသူဆီက ချေးငွေထုတ်ပြီးကာမှ ဘဏ်တစ်ခုကတရားဝင်ထုတ်ချေးလာတာကြောင့် ပြန်ပေးခဲ့ပေမယ့် ယူရီက လက်မခံပဲ ငွေညှစ်ရာမှ တဖြေးဖြေးနဲ့ အသက်ကိုပါရန်ရှာလာတဲ့အခါမှာတော့ သူတို့ဘယ်လိုကြံကြဖန်ကြမလဲဆိုတာ စိတဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ဒီဇာတ်ကားက မင်းသား ၃ ...
movie
American Dream (2021)
2021