Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Agata Buzek
5.9
She Is Conann (2023)
She Is Conann" က 2023 ခုနှစ်မှာ Bertrand Mandico က ရိုက်ကူးထားတဲ့ ပြင်သစ် အက်ရှင် စိတ်ကူးယဉ် ရုပ်ရှင် ဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ Conan the Barbarian ဇာတ်လမ်းကို ဖင်မင်နစ်အမြင်နဲ့ ပြန်လည် ရေးသားထားပြီး Conann အဖြစ် အမျိုးသမီး ဇာတ်ကောင်၏ ဘဝ အဆင့်ဆင့်ကို ဖော်ပြထားပါတယ်။ဇာတ်ကားကို အပိုင်းပိုင်းအဖြစ် ဖော်ပြထားပါတယ်။ Dark , Noir စတိုင်နဲ့ သွေးထွက်သံယိုတွေလည်းအများကြီးပါပါတယ် ခပ်ကြမ်းကြမ်းခပ်ရမ်းရမ်းကြည့်ရမယ့် ရုပ်ရှင်ပုံစံမျိုးပါ။ File size…(2.2 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre...Action, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nikobaby
movie
She Is Conann (2023)
7.9
Dovbush (2023)
၁၈ ရာစုနှစ်မှာပေါ်ထွန်းခဲ့တဲ့သူရဲကောင်းတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ IMDb Rating 7.9 အထိတောင်ရရှိထားတဲ့ Dovbush ဆိုတဲ့ဖြစ်ရပ်မှန်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။အဲ့ဒီသူရဲကောင်းကတော့ ပြောရရင်မကောင်းသူပယ် ကောင်းသူကယ်တဲ့Robin Hood နဲ့တောင်ခပ်ဆင်ဆင်ပါပဲ။ဒါပေမယ့် Robin Hood နဲ့မတူတာကတော့အဲ့ဒီသူရဲကောင်းကပုဆိန်ကိုင်ပြီး ကျည်ဆံပြီးတာပဲဖြစ်ပါတယ်။သူ့ကို သူရဲကောင်းလို့သာခေါ်နေကြပေမဲ့လဲ မတရားသဖြင့်သူတို့မြေတွေကို သိမ်းပိုက်ထားတဲ့ပိုလန်တော်ဝင်တွေအမြင်မှာတော့သူက၀ရမ်းပြေးပါပဲ။ အဲ့ဒီ၀ရမ်းပြေးတစ်ဖြစ်လဲ သူရဲကောင်းရဲ့နာမည်ကတော့အိုလက်ဆာဒို့ဘုရှ်ပဲဖြစ်ပါတယ်။သူ့မှာ အီဗန်ဆိုတဲ့ညီတစ်ယောက်ရှိပြီး သူကတော့တကယ့်ဓားပြအကြီးစားပါ။သူတို့ရဲ့မြေကိုမတရားသဖြင့်သိမ်းပိုက်ထားပြီး သူတို့ကိုလွတ်လပ်ခွင့်မပေးတဲ့ ပိုလန်တပ်တွေကိုတွန်းလှန်ဖို့အတွက် ညီအစ်ကိုနှစ်ယောက်ပေါင်းစည်းခဲ့ကြပြီး သူတို့ရဲ့မိဘတွေကိုပိုလန်တပ်တွေက သတ်ခဲ့တဲ့နောက်ပိုင်းမှာတော့ ညီအစ်ကိုနှစ်ယောက်စိတ်ဝမ်းကွဲ သွားခဲ့ကြပါတော့တယ်။အဲ့ဒါကြောင့် အိုလက်ဆာတစ်ယောက်တည်းကျန်ခဲ့တဲ့လူတွေနဲ့ ပိုလန်တွေကိုတွန်းလှန်ဖို့ကြိုးစားခဲ့ပုံတွေနဲ့ သူ့ရဲ့ကျည်ပြီးတဲ့ မသေနိုင်တဲ့စွမ်းအားကရောဘယ်က ရလာတယ်ဆိုတာတွေကို စိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်..... File size…2.53 GB / 1.25GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 4m Genre ….. Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Dovbush (2023)
5.8
High Life (2018)
High Life (2018)၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Robert Pattison ရဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ။မင်းသမီးကတော့ X, Pearl အစရှိတဲ့ A24 ရဲ့ နာမည်ကြီး Slasher ရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့ Mia Goth ပဲဖြစ်ပါတယ်။IMDb Rating 5.8, Rotten Tomatoes 82% ရရှိထားတဲ့ Sci-Fi, Mystery, Thriller အမျိုးအစားရုပ်ရှင်ပါ။ (18+ Warning- ကိုယ်လုံးတီးအခန်းတွေ၊ အမြင့်မတင့်တယ်တဲ့ ပြကွက်တချို့ပါဝင်တာမို့ မိသားစုနဲ့အတူ ကြည့်ရှုရန်မသင့်တော်ပါ။ Official rating ကလည်း R ဖြစ်ပါတယ်။)ဇာတ်လမ်းအကျဉ်းကတော့ ကမ္ဘာမြေမှာ ပြစ်ဒဏ်ကျူးလွန်ထားကြပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံထားရတဲ့ သူတွေ၊ သေဒဏ်ကျခံထားရတဲ့သူတွေကို ဒုတိယအကြိမ်အခွင့်အရေးပေးမယ် သိပ္ပံပညာတိုးတက်မှုအတွက် ထမ်းဆောင်ပေးကြဆိုပြီး အာကာသယာဉ်တစ်စီးနဲ့ ထည့်ကာ နေအဖွဲ့အစည်းနဲ့ ဝေးရာဆီကို ပစ်လွှတ်လိုက်ပါတယ်။ တကယ်တမ်းမှာတော့ ထောင်သားတွေကို ယာဉ်ပေါ်မှာ ပါလာတဲ့ ထောင်သားတွေဆီကနေ သုက်ပိုးကို ယူ၊ အမျိုးသမီးတွေထဲကိုထည့် ...
movie
High Life (2018)
2018
5.3
After Blue (Dirty Paradise) (2021)
After Blue (Dirty Paradise) (2021)အရာရာမှာ အနုပညာခံစားမှု မြင့်မားတဲ့ ပြင်သစ်တို့ရဲ့ ထုံးစံအတိုင်း ဒီဇာတ်ကားကို ဖန်တီးထားရာမှာ plot နည်းနည်းနဲ့ မော်ဒန်ဆန်ဆန်ရိုက်ကူးထားတာကို တွေ့ရပါတယ်။ ရုပ်ရှင် artအဖွဲ့ရဲ့ ကြိုးစားပုံကို အဝတ်အစားတွေ ဆက်တင်တွေကြည့်ရုံနဲ့ ဘယ်လောက်ကြိုးစားထားမှန် သိသာပါတယ်။ အနုပညာသက်သက်အတွက် ဖန်တီးထားတဲ့ကားလို့တောင် ဆိုလို့ရပါတယ်။ဇာတ်လမ်းအနေနဲ့ကတော့ အနာဂတ်က ကမ္ဘာကြီးမှာ နေထိုင်မရတော့လို့ စွန့်ပစ်ကာ After Blue ဆိုတဲ့ ဂြိုလ်ပေါ်မှာ လူတွေရွှေ့ပြောင်းနေထိုင်ကြပါတယ်။ အဲဒီဂြိုလ်ပေါ်မှာတော့ မိန်းမတွေသာ ရှင်သန်နိုင်ပြီး မေထုန်မဲ့မျိုးစပ်ကြပါတယ်။ တစ်နေ့တော့ Roxyဆိုတဲ့ကောင်မလေးဟာ သဲထဲမှာမြုပ်နေတဲ့ လူသတ်သမား Kate Bush ကို ဘုမသိဘာမသိ ကယ်မိပါတယ်။ကယ်ပြီးပြီးချင်းမှာပဲ Kate Bushဟာ သူ့ကိုလှောင်ပြောင်ခဲ့တဲ့ Roxy သူငယ်ချင်းသုံးယောက်ကို သတ်ပစ်လိုက်ပါတယ်။ ရွာကအာဏာပိုင်တွေကတော့ Roxy ကြောင့် ကောင်မလေးတွေ သေခဲ့ရတာမို့ အပြစ်ပေးတဲ့အနေနဲ့ သူ့အမေနဲ့အတူ ...
movie
After Blue (Dirty Paradise) (2021)
2021
5.8
My Wonderful Life (2021)
My Wonderful Life (2021) ===================IMDb Rating - 5.8/10အိမ်ထောင်ရေးနဲ့ မိသားစုတာဝန်တွေကြား နစ်မွန်းနေတဲ့မိန်းမတစ်ယောက် စိတ်ထွက်ပေါက်ရှာဖို့ကြိုးစားတဲ့အခါ လူတွေက အပြစ်လို့ မှတ်ယူကြတာလား ? ဂျိုအန်နာဟာ မိသားစုဝန်ပိနေတဲ့ အိမ်ထောင်သည်အမျိုးသမီးတစ်ဦးပါ။- အယ်ဇိုင်းမားရောဂါခံစားနေရတဲ့မိခင် - မိသားစုတာဝန်ကို ကိုယ်နဲ့မဆိုင်သလိုနေတဲ့ယောကျ်ား - အိမ်ထောင်သည်ဖြစ်နေပေမယ့် အစွမ်းအစမရှိတာကြောင့် အရာရာထောက်ပံ့နေရတဲ့သားကြီးနဲ့ - အကူအညီမရတဲ့သားငယ်တို့ကြောင့် သူ့ဘဝဟာ မွန်းကျပ်စရာတွေနဲ့ပြည့်နှက်လို့နေပါတယ်။ဒီလိုဘဝထဲက ခေတ္တခဏရုန်းထွက်ဖို့ကြိုးစားရင်းနဲ့ စည်းတစ်ချို့ကိုချိုးဖောက်မိချိန် မှာတော့ ထိုအပြစ်တွေက ဂျိုအန်နာရဲ့နောက်ကို အရိပ်ပမာလိုက်ပြီးခြိမ်းခြောက်လို့ နေပါတော့တယ်။ ဂျိုအန်နာကျူးလွန်မိတဲ့ အပြစ်တွေက ဘာတွေဖြစ်မလဲ သူ့နောက်ကို လိုက်နေတဲ့ ခြိမ်းခြောက်စာရဲ့နောက်ကွယ်မှာရော ဘယ်သူတွေရှိမလဲ။ သူ့ရဲ့ကမောက်ကမ ဖြစ်နေတဲ့ဘဝကရော ဘယ်လိုတွေဆက်ဖြစ်မှာလဲ ဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Lwin Aung ဖြစ်ပါတယ်)File Size - (1.08 GB) / (539 MB) / (361 MB) Quality – Web-DL 1080p / 720p/480p Duration - 1h ...
movie
My Wonderful Life (2021)
2021
6.2
Redemption (Hummingbird) (2013)
Redemption (Hummingbird) (2013)===========================IMDb Rating - 6.2/10ဒီရုပ်ရှင်ရဲ့ ဇာတ်ညွှန်းဆရာနဲ့ ဒါရိုက်တာက ခင်ဗျားတို့ အသဲစွဲကြိုက်ကြတဲ့ Peaky blindersရဲ့ creatorနဲ့ ဇာတ်ညွှန်းဆရာ ဖြစ်တဲ့ Steven Knight ။ ဒီကားက သူ့ရဲ့ ပွဲဦးထွက် ဒါရိုက်တာလုပ်တဲ့ကား။မင်းသားက ဂျေဆန်စတက်တန်။ 2000ပြည့်နှစ်နဲ့ အနီးတစ်ဝိုက်ကာလတွေမှာ ကြီးပျင်းလာတဲ့ သူတွေအတွက် အနောက်တိုင်းအက်ရှင်ဆို သူ့ကားတွေပဲ ပြေးကြည့်ကြတာများတယ်။ The Transporterတို့ ဘာတို့ဆို ငယ်ဘ၀က အသည်းစွဲတွေဖြစ်ခဲ့ကြတယ်။ဇာတ်လမ်းကတော့ ဂျေဆန့်ထုံးစံအတိုင်း သူက အထူးတပ်ဖွဲ့က စစ်သားဟောင်း ခပ်ကြမ်းကြမ်းကောင်။ နောက် စစ်ရာဇ၀တ် ကျူးလွန်မိပြီး အဲဒီစိတ်နဲ့ အရက်သမား ဖြစ်သွားတယ်။စစ်ထွက် အရက်သမားဟာ အကြောင်းတစ်ခုနဲ့ လန်ဒန်မြေအောက် လောကနဲ့ သွားရှုပ်မိတဲ့အကြောင်းပေါ့။Peaky Blindersရဲ့ Creatorက ရိုက်ကူး ရေးသားထားတာဆိုတော့ အက်ရှင်ကားပေမဲ့ အက်ရှင်ခန်းတွေကို တော်သင့်ရုံပဲထည့်ပြီး ဇာတ်ကို တဖြည်းဖြည်းနဲ့ရင်ဖိုရအောင်တော့ ရေးသွားတာကိုလည်းတွေ့ရတယ်။ PBဖန်တွေလည်းကိုယ့်ကားCreatorရဲ့ ပွဲဦးထွက်ကားအနေနဲ့ မြည်းစမ်းကြည့်သင့်ပြီး ဂျေဆန်စတက်တန် ဖန်တွေအတွက်လည်း သူ့ရွှေခေတ်နှောင်းကို ပြန်ခံစားရစေမယ့် ကားဆိုလည်းမမှားပါဘူး။ Quality – 1080p, 720p, 360p BluRayDuration - 1h 40minSubtitle – Myanmar HardsubFormat – Mp4Genre : ...
movie
Redemption (Hummingbird) (2013)
2013