Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Adukalam Naren
5.6
Maari 2 (2018)
Maari 2 (2018) မြန်မာစာတန်းထိုးဒီကားက ၂၀၁၅ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Maari ဇာတ်ကားရဲ့ အဆက်ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ကားမှာ ရှယ်ကြမ်းခဲ့ ရမ်းခဲ့သလိုပဲ အခုအသစ်စက်စက် ထွက်လာတဲ့ ဒီကားဟာလည်း ဖိုက်တင် အလှအပတွေ ဖောဖောသီသီသုံးထားတဲ့ အက်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့.....လူဆိုတာမျိုးက ကိုယ်ပြုခဲ့တဲ့ အကုသိုလ်တွေကို မေ့သွားတတ်ပြီး ဒီအကုသိုလ်တွေ တဖန်ပြန်အကျိုးပေးချိန်ကျရင် ဆိုးဝါးလိုက်တဲ့ လောကကြီးရယ်လို့ အော်ဟစ်ငိုကြွေးချင်ကြတဲ့ အမျိုးပါ..။ဒိတ်ဒိတ်ကြဲ လူမိုက်ကြီး မာရီဟာ သူငယ်ချင်းဖြစ်သူ ကာလိုင်နဲ့အတူ အပွဲပွဲနွှဲပြီး သူတို့ရိုက်ခဲ့တဲ့လူတွေလည်း မနည်းမနောပါပဲ။ ကာလိုင့်မှာ ဗာလာ၀မ်ဆိုတဲ့ ညီတစ်ယောက်ရှိသလို ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ လူမိုက်ကြီး မာရီ ့ကိုမှ အသည်းအသန် လိုက်တွယ်ကပ်နေတဲ့ အာနန်ဒီဆိုတဲ့ အော့ကြောလန်မလေးတစ်ယောက်လည်း ရှိပါသေးတယ်။မာရီတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ နာမည်တွေကလည်း တမီးလ်နာဒူးပြည်နယ်တစ်ခုလုံးမှာ ဟိန်းထွက်နေတယ်။ သူတို့နဲ့ပြိုင်ဘက်အဖြစ် ကိုကင်းမှောင်ခိုလုပ်ရင်း ရပ်တည်နေသူက ဆင်ဂါယာဆိုတဲ့ လူမိုက်ကြီးပေါ့။ လူမိုက်အလုပ် လုပ်ပြီဟေ့ဆိုမှတော့ ရန်သူဆိုတာ လူ့အသားအရေမှာ ကပ်တွယ်နေတဲ့ မွှေးညှင်းပေါက်တွေလိုပါပဲ.... နေရာတိုင်း အချိန်တိုင်းမှာ ရှိနေတာပါ။ကိုယ် ရိုက်ခဲ့ဖူးတဲ့သူတွေကို ရိုက်ခဲ့တဲ့သူတွေကိုယ်တိုင်က မေ့လျော့သွားပေမယ့် အရိုက်ခံရသူတွေကတော့ တသက်မေ့မယ် မထင်ပါဘူး။ဒီကြားထဲမှာမှ... ကိုယ့်သွေးရင်းသားရင်းတွေထဲက သစ္စာဖောက်တာမျိုး....နောက်ကျောကို ဓားနဲ့ထိုးဖို့ အမြဲချောင်းမြောင်းနေသူတွေကလည်း ပေါမှပေါ။လူမိုက် မာရီရဲ့ဘ၀ထဲကို အာနန်ဒီဆိုတဲ့ မိန်းကလေး ၀င်ခွင့်ရမလား....။နောက်ကျောကို ဓားနဲ့ထိုးတာမျိုး ၊ လက်စားချေလိုသူတွေရဲ့ ကြိုးပမ်းမှုမျိုးတွေကို မာရီတစ်ယောက် ရှောင်ရှားနိုင်ပါ့မလား ။သူ့မိုက်ပြစ်တွေကိုရော ဆေးကြောလို့ရပါဦးမလား ။ဖိုက်တင်ဆိုရင် လေပေါ်ကို ...
movie
Maari 2 (2018)
2018
6.6
Ayngaran (2022)
Ayngaran (2022) ဒီတစ်ခါမှာတော့ Tamil ဇာတ်လမ်းလေးတွေကိုမှ ကြိုက်နှစ်သက်ပါတယ်၊ စိတ်ဝင်စားပါတယ် ဆိုတဲ့ သူတွေအတွက် ဇာတ်လမ်းကောင်းလေးတစ်ခု ရုပ်သံအကြည် ထွက်လာလို့ တင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းကတော့ အပြိုင်ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ...တစ်ဖက်က သိပ္ပံနည်းကျ ပစ္စည်းတွေ တီထွင်ဖန်တီးရတာကို အရမ်းဝါသနာပါတဲ့ "မာသီ"၊ တစ်နေ့တစ်နေ့ သူ့ရဲ့ဖန်တီးမှုတွေကို အသိအမှတ်ပြုခံရဖို့ ကြိုးစားပေမဲ့လည်း ငြင်းလွှတ်ခံရတာကို အသားကျနေရတဲ့ အိပ်မက်ကြီးကြီးနဲ့ လူငယ်တစ်ယောက်၊ မတရားတာတွေ့ရင်လည်း ငြိမ်မနေနိုင်သလို လူတွေကိုကူညီပေး အကျိုးပြုပေးတတ်တဲ့သူ ...တစ်ဖက်မှာတော့ အစီအစဉ်တွေကို အကြီးအကျယ်ချထားပြီး လက်ဝတ်ရတနာဆိုင်တွေက စိန်တွေကိုမှ သီးသန့်လိုက်ဖောက်ထွင်းခိုးယူနေတဲ့ လူ ၆ ယောက်တစ်စု ...အဲ့လူ ၆ ယောက်နဲ့ "မာသီ" ဘယ်လိုတွေ့ဆုံကြမလဲ? တွေ့ဆုံရာကနေရော ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲ? ဆိုတာကိုတော့ ဇာတ်လမ်းလေးမှာပဲ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။Tamil ဇာတ်ကားတို့ထုံးစံအတိုင်း ဇာတ်ကား အစကတည်းကပါတဲ့ သီချင်းမြူးမြူးလေးတွေကိုပါ လိုက်ပါခံစားလို့ရအောင် ဘာသာပြန်တင်ဆက်ပေးထားပါကြောင်း သတင်းကောင်းပါးရင်း ဒီဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ File Size ...
movie
Ayngaran (2022)
2022
8.9
Maaran (2022)
Maaran 2022အခုလောလောလတ်လတ်ကမှထွက်ရှိလာတဲ့ အိန္ဒိယတောင်ပိုင်းအက်ရှင်ကားတစ်ကားကို CM ကနေအမြန်ဆုံးကြိုးစားပြီးတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဥ်း - ဆက်သီမိုသီဟာရိုးသားတဲ့မှုခင်းဂျာနယ်သမားတစ်ယောက်ဖြစ်ပြီး အမှန်တရားကိုဖော်ထုတ်မိတဲ့အတွက်လုပ်ကြံခံခဲ့ရပါတယ်။ သူလုပ်ကြံခံရတဲ့အချိန်မှာပဲ သူ့မိန်းမကလည်းဆေးရုံမှာသူ့သမီးလေးကိုမီးဖွားရင်းကွယ်လွန်သွားခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ဆက်သီမိုသီရဲ့သားအကြီးလေးဖြစ်တဲ့မတ်သီမာရန်ကပဲ သူ့ညီမလေးကိုအုပ်ထိန်းပျိုးထောင်ဖို့ဖြစ်လာပါတော့တယ်။ အဲဒီနောက်မှာတော့ သူကိုယ်တိုင်လည်းဂျာနယ်သမားတစ်ယောက်ဖြစ်လာခဲ့ပြီး သူ့အဖေလိုပဲ အန္တရာယ်တွေကြားကအမှန်တရားတွေကိုဖော်ထုတ်ဖို့ကြိုးစားတဲ့အခါမှာတော့...။နှစ်နာရီကျော်လောက်နစ်မြောသွားစေမယ့် Action/drama ကားမျိုးဖြစ်တဲ့အပြင် IMDb 8.2/10 အထိရရှိထားတာကြောင့် သာမန်ကာလျှံကာမဟုတ်တာတော့ကျိန်းသေပါပဲ။ ယနေ့ခေတ် သတင်းမီဒီယာလောကကို သရော်ထားတဲ့အပြင် ဇာတ်ညွှန်းကောင်းကောင်းနဲ့ သေသပ်တဲ့ရိုက်ချက်တွေကြောင့် သိပ်မကြာခင်မှာလူပြောများလာမယ့်ဇာတ်ကားမျိုးဖြစ်လာနိုင်ပါတယ်။ File size…1.9GB / 800MB Quality…1080pHEVC / 720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….Nyein Saeya Aung Translated byPoe & Go-O & Honeyey & Haruko
movie
Maaran (2022)
2022
8.5
Mahaan (2022)
Mahaan (2022) ------------------------- ယခုနှစ်မှထွက်ရှိလာတဲ့အိန္ဒိယတောင်ပိုင်း ဇာတ်ကားသစ်တစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့ မဟတ္တမဂန္ဒီကို လေးစားအားကျတဲ့မိသားစုမှာမွေးဖွားလာတဲ့ဂန္ဒီမဟန်ဆိုတဲ့လူတစ်ယောက်အကြောင်းကိုအခြေခံပြီး တင်ဆက်ထားတာပါ။ဂန္ဒီမဟန်ရဲ့အဖိုးနဲ့အဖေဟာ မဟတ္တမဂန္ဒီကိုအင်မတန်လေးစားတာကြောင့်သူ့ရဲ့နာမည်ကိုပါဂန္ဒီလို့ပေးထားတဲ့အပြင် မဟတ္တမဂန္ဒီနဲ့မွေးနေ့တစ်ရက်ကွာနေလို့မွေးစာရင်းမှာပါ တစ်ရက်စောသွင်းလိုက်တဲ့အထိပါပဲ။ နောက်တော့သူကိုယ်တိုင်ကလည်းမဟတ္တမဂန္ဒီကိုစံပြအဖြစ်သတ်မှတ်ထားတဲ့ နာချီဆိုတဲ့အမျိုးသမီးနဲ့လက်ထပ်ခဲ့ပါတယ်။နာချီဟာအရမ်းကိုစည်းကမ်းတင်းကြပ်ပြီး ဟောလီးဝုဒ်ဇာတ်ကားတွေရဲ့ပိုစတာကိုမြင်ရင်တောင်သူ့သားကိုမျက်လုံးပိတ်ထားခိုင်းတဲ့အထိပါပဲ။ ဘာကြောင့်လဲဆိုတော့ ဟောလီးဝုဒ်ဇာတ်ကားတိုင်းမှာကြမ်းတမ်းပြီးညစ်ညမ်းတဲ့ဇာတ်ဝင်ခန်းတွေပါဝင်တယ်လို့ သူကယုံကြည်ပါတယ်။ဂန္ဒီမဟန်အနေနဲ့ကတော့ သူ့ဘေးကလူတိုင်းဟာ ဂန္ဒီကိုအတိုင်းထက်အလွန်ကိုးကွယ်နေကြရုံမကသူ့ကိုပါအမြဲဖိအားပေးလေ့ရှိတာကြောင့် ဂန္ဒီအကြောင်းကြားရင် စိတ်အနှောင့်အယှက်ပါဖြစ်လာတဲ့အထိပါပဲ။သူ့အမြင်မှာတော့ မဟတ္တမဂန္ဒီရဲ့လမ်းစဥ်ဟာ တချို့နေရာမှာတရားသဘောနဲ့မကိုက်ညီရင်တောင် လွပ်လပ်ပျော်ရွှင်မှုကိုရှာဖွေဖို့ဖြစ်ပါတယ်။ဒီလိုနဲ့ပဲ သူ့မိန်းမနဲ့အ ဖေရဲ့ဖိအားပေးမှုတွေကြောင့် သူတို့ပြောသလို မဟတ္တမဂန္ဒီရဲ့နေထိုင်မှုပုံစံအတိုင်းနေလာခဲ့ရင်းအသက်လေးဆယ်အရွယ်မှာတော့ သူ့ရဲ့ငယ်သူငယ်ချင်းစက်သီယန် နဲ့အမှတ်မထင်ပြန်လည်တွေ့ဆုံခဲ့ပါတယ်။စက်သီယန်က အဲဒီအချိန်မှာသူ့အဖေရဲ့အရက်ချက်လုပ်ငန်းကိုဆက်ခံထားသူဖြစ်ပြီးတော့ဂန္ဒီမဟန်ကလည်းသူနဲ့ပြန်ပေါင်းမိတဲ့အချိန်မှာ အရင်ကမလုပ်ဖူးတဲ့မကောင်းမှုတွေကိုဆက်တိုက်လုပ်ရင်း မဟတ္တမဂန္ဒီကိုမုန်းတီးသူတစ်ယောက်ပါဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ဆက်သွားရင်းသူ့ဘဝအတွက်အရမ်းကိုအရေးပါတဲ့ရွေးချယ်မှုတစ်ခုကိုလုပ်ဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့...။လူတွေမြင်ဖူးနေကျဇာတ်လမ်းမျိုးလည်းမဟုတ်တဲ့အပြင်ဇာတ်ကားကပုံမှန်ထက်ကြာပေမယ့် ပျင်းစရာမကောင်းသလို ကြည့်ရကျိုးလည်းနပ်မယ့်ကားကောင်းတစ်ကားဖြစ်လို့ ရုပ်ရှင်ပရိသတ်တွေ အထူးသဖြင့်တောင်ပိုင်းကားတွေကြိုက်တတ်ရင်တော့ မလွတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။ File size…1.2Gb / 2.8GB Quality…720p WEB DL AAC 2.0 / 1080p HEVC Format…mp4 / mkv Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & Haruko & Shwe ...
movie
Mahaan (2022)
2022
1080p HEVC
7.7
Thalli Pogathey (2021)
Thalli Pgathey (2021)ဒီနေ့ Channel Myanmar က တင်ဆက်ပေးချင်တဲ့ အချစ်ဟာသကားလေးတစ်ခုကတော့ IMDb မှာ rating 7.7/10 ထိရထားတဲ့ ရုပ်ရှင်ကောင်းတစ်ခုပါ။ကာတစ် ပါလဗီ အာရွန်း ဒီ ၃ ယောက်ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးပေါ့ဗျာ။ကာတစ်နဲ့ ပါလဗီက အပြန်အလှန် မေတ္တာမျှနေကြတဲ့ ချစ်သူနှစ်ယောက်ပါ။ အိန္ဒိယတို့ရဲ့ ရိုးရာဓလေ့အရ အရွယ်ရောက်နေတဲ့ သမီးပျိုကို အိမ်ထောင်ချပေးဖို့ ပါလဗီရဲ့မိဘတွေက စီစဥ်ကြတဲ့အခါ။ အခုမှ ကောလိပ်ကဘွဲ့ရခါစ ကာတစ်က သူ့ချစ်သူကို မပြည့်စုံတဲ့ ဘဝထဲ ဆွဲမခေါ်ရက်ရှာပါဘူး။ ဒီတော့ တစ်နှစ်ဆိုတဲ့ အချိန်ကို ပါလဗီဆီက တောင်းခဲ့ပါတယ်။ ကိစ္စတိုင်းက ကိုယ်မျှော်လင့်သလိုတော့ ဖြစ်မလာနိုင်တာ သဘာဝပဲမို့လားဗျာ။သူပြည်ပရောက်နေတဲ့ အချိန်မှာ မိဘတွေရဲ့ဆန္ဒကိုမလွန်ဆန်နိုင်တဲ့ ပါလဗီက အာရွန်းနဲ့လက်ထပ်ခဲ့ရပါတယ်။" သူများနဲ့ညား ငါ့ရည်းစား '' ဆိုသလိုပါပဲ ချစ်ရသူကို သူတစ်ပါးရင်ခွင်ထဲ ထည့်လိုက်ရတဲ့ ကာတစ်ခမျာ အရူးတပိုင်း အရက်သမားလုံးလုံးဖြစ်ပါလေရော။ ဒါပေမယ့် ဇာတ်လမ်းက ဒီမှာမပြီးသေးပါဘူး။မထင်မှတ်ထားတဲ့အလှည့်အပြောင်းတစ်ခုမှာ သူတို့ ၃ ယောက် ...
movie
Thalli Pogathey (2021)
5.3
Udanpirappe(2021)
Udanpirappe (2021)Udanpieappe .. အဓိပ္ပာယ်ကတော့ “မောင်နှမ” တဲ့။ မိသားစုတစ်စုတည်းကနေ အတူပေါက်ဖွားကြီးပြင်းလာတဲ့ညီအစ်ကိုမောင်နှမတွေဟာ တစ်လောကလုံးမှာ အရင်းနှီးဆုံးသူငယ်ချင်းတွေပါ။တချို့က အမြဲရန်ဖြစ်ပြီး မတည့်နေတာရှိတယ် .. တချို့ကျလည်းတစ်ယောက်နဲ့တစ်ယောက် သိသိသာသာကို သိပ်ချစ်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချင်းချင်းချစ်ကြတယ်ဆိုတာတော့ မုချပါပဲ။ဒီ Tamil ဇာတ်ကားလေးကလည်း သိပ်ချစ်ကြတဲ့ “မာသံဂီ” နဲ့ “ဗေရာဗာ” တို့ရဲ့ မောင်နှမသံယောဇဉ်ကိုအခြေခံပြီး ရိုက်ကူးထားတဲ့ကားလေးပါ။ ထူးထူးဆန်းဆန်းပဲ လူငယ်မောင်နှမနှစ်ယောက်အကြောင်းမဟုတ်ဘဲအိမ်ထောင်ကိုယ်စီနဲ့ ကိုယ်ပိုင်မိသားစုကိုယ်စီပိုင်ဆိုင်ထားကြပြီဖြစ်တဲ့ မောင်နှမရဲ့ ကြီးမားတဲ့သံယောဇဉ်ကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ အစ်ကိုကြီးဖြစ်တဲ့ ဗေရာဗာက အမှန်တရားရဲ့ဘက်တော်သား၊ မတရားတာမြင်တာနဲ့ကိုယ်ထိလက်ရောက်ကျူးလွန်ပြီးဆုံးမပစ်လိုက်တဲ့သူ .. ဒီလိုလူမျိုးကို ယောက်ဖဖြစ်သူကျောင်းဆရာကတော့ သဘောမကျဘူးပေါ့။“အစ်ကိုကြီးအဖရာ” ဆိုတဲ့အတိုင်း အစ်ကိုဖြစ်သူ ဗေရာဗာက သူ့ညီမလေးကို သမီးလေးနဲ့မခြားသိပ်ချစ်ရှာတယ်။ညီမဖြစ်သူ မာသံဂီကလည်း ကိုယ့်သားနဲ့ အစ်ကို့ရဲ့သား နှစ်ယောက်လုံးအသက်ဘေးကြုံနေရပြီးတစ်ဦးတည်းကယ်လို့ရတဲ့အခြေအနေမှာတောင် အစ်ကို့ရဲ့သားကိုရွေးချယ်ကယ်တင်ခဲ့တဲ့အထိသူ့အစ်ကိုကို သိပ်ချစ်ရှာတယ်။ ဒီလိုအဖြစ်အပျက်တွေကြောင့်ပဲ ခင်ပွန်းဖြစ်သူကအစ်ကိုဖြစ်သူကိုပိုအမြင်စောင်းပြီး မောင်နှမနှစ်ယောက် စကားမပြောဖြစ်တော့တဲ့အထိ တဖြည်းဖြည်းအနေဝေးသွားခဲ့ရတယ်။သိပ်ချစ်ကြတဲ့မောင်နှမနှစ်ဦးရဲ့ဆက်ဆံရေး နှစ်ပေါင်းများစွာအနေဝေးနေရာကနေတစ်စတစ်စ ပိုပြီးအေးစက်သွားမလား .. ...
movie
Udanpirappe(2021)
7.6
Thupparivaalan
Thupparivaalan (2017) မြန်မာစာတန်းထိုး Imdb Ratings : 7.8 ဒီကားလေးက ကြည့်ဖူးနေကျ တေလဂူကားတွေနဲ့ လုံး၀ကွဲထွက်နေတဲ့ မင်းသားချော Vishal ရဲ့ Mysteryဆန်တဲ့ကားလေးစုံထောက်ကြီးရှားလော့ဟုမ်းကို ကြိုက်ခဲ့လို့လား မသိတေလဂူ စုံထောက်ကားကို အရသာတွေ့နေမိပါတယ် ညွှန်းတယ်လို့ပဲ ဆိုဆို ဒီကားက တေလဂူ(ကောလိဝုဒ်)မဆန်တဲ့ကား လို့ ပြောပါရစေတေလဂူမဆန်ဘူးဆိုတာ့တစ်ခြားပြောတာ မဟုတ်ပါ သီချင်းတွေလုံး၀မပါတာ၊ စကားတွေအများကြီး မပြောတာ ဇာတ်လမ်း အရမ်းကြီးမရှည်တာတွေကို ပြောတာပါမင်းသားကလည်း နာမည်ကြီး မင်းသား အရင်ဇာတ်ရုပ်တွေနဲ့လုံး၀ကို မတူပဲ တစ်ခေတ်ဆန်းထားတဲ့ကားလို့ပဲ ဆိုချင်တယ်ဇာတ်ကြောင်းက...အလွတ်စုံထောက်တစ်ယောက် အမှုလိုက်စရာမရှိလို့ ငြီးတွားနေရာက စပါတယ် လာအပ်တဲ့အမှုတွေကလည်း သာမာန်အမှုတွေမို့သူ့အတွက် ပျင်းဖို့ကောင်းနေတာပေါ့ ပျင်းရင် စောင်ခြုံအိပ်လိုက် စာအုပ်တွေဖတ်လိုက်နဲ့ မာနကြီးပြီး စကားတွေအများကြီးမပြောတတ်တဲ့ ဂွတီးဂွကျ စုံထောက်ပေါ့ (Sherlock charactorကို မှီငြမ်းထားတာကိုး)အမှုမရှိချင်နေ..ပိုက်ဆံတွေ ဘယ်လောက်ပုံပေးပါစေ သူစိတ်မပါရင် ဘယ်အမှုကိုမှ လက်မခံတတ်တဲ့ ခေါင်းမာတဲ့စုံထောက်နာမည်က ကာနီယန်းတဲ့တစ်နေ့တော့ သူတို့မြို့လေးရဲ့ ပင်လယ်ကမ်းခြေနားမှာနေတဲ့ကောင်လေး တစ်ယောက် သူ့ဆီကို အမှုတစ်ခုလာအပ်တယ်အမှုက အဲ့ဒီကောင်လေး မွေးထားတဲ့ခွေးလေး ပျောက်ဆုံးတဲ့အမှုကောင်လေးနာမည်က နာဗီးတဲ့အမှုကိုကြားလိုက်တာနဲ့ရယ်ချင်စရာကောင်းပေမယ့် အကြောင်းစုံသိလိုက်ရတဲ့အခါ ဆန်းကြယ်တဲ့အမှုတစ်ခု ဖြစ်နေမှန်း သိလိုက်ရတယ်ဒါနဲ့အဲ့ဒီခွေးပျောက်တဲ့အမှုကို လက်ခံပြီး ...
movie
Thupparivaalan
2017
N/A
Asuran (2019)
(Unicode) Genre : Drama/ActionIMDb ratings : 8.9/10ဒီတစ်ခါတင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားကတော့ သုံးဘဝဇာတ်ကား (Anegan),VIP 1+2 တို့နဲ့ မြန်မာပြည်က အိန္ဒိယပရိတ်သတ်တွေကို ညှို့ယူဖမ်းစားနိုင်ခဲ့တဲ့ Tamil မင်းသား Dhanush ရဲ့ ဇာတ်ကား ဖြစ်ပါတယ်။ယောက္ခမဖြစ်သူ Rajinikanth ရဲ့ ခြေရာကို နင်းတယ်လို့ ဆိုရအောင် Dhanush ဟာလည်း အောင်မြင်မှုတွေ ရရှိနေတဲ့ Tamil မင်းသားပါ။# အညွှန်းအိန္ဒိယနိုင်ငံဟာ ဗြိတိသျှလက်အောက်မှာ အချိန်ကြာမြင့်စွာ ရှိတဲ့ဖူးတဲ့အတွက် ဗြိတိသျှတွေ ထွက်ခွာသွားပြီးနောက်ပိုင်း ဆိုးမွေအဖြစ်နဲ့ပြဿနာပေါင်း သောင်းခြောက်ထောင် ကျန်ရစ် ခံစားခဲ့ရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ဒီလိုပြဿနာတွေကြားမှာမှ မြေရှင် ၊ အလုပ်သမားပြသနာတွေကလည်း ဖွံဖြိုးမှု နောက်ကျကျန်ရစ်တဲ့ ဒေသတွေမှာ အမြစ်စွဲနေပါတော့တယ်။ငွေကြေးဥစ္စာ ကြွယ်ဝသူက မရှိဆင်းရဲသားတွေကို ...
movie
Asuran (2019)
2019
7.7
Petta (2019)
ဖေဖော်ဝါရီလကတည်းက အကြည်ထွက်ခဲ့တဲ့ကားဆိုပေမဲ့စာအသေကပ်ပါပြီး ရုပ်ထွက်သိပ်မကောင်းတာရယ်ကြောင့် ဥထားခဲ့တာ ခုတော့ ရှင်းရှင်းလင်းလင်းလေး ထွက်လာခဲ့ပါပြီ။------------------------------------------------သိပ်ကို ဆိုးတဲ့ ကျောင်းသားတွေကြားအဆောင်မှူးနေရာကို အတင်းရယူလာတဲ့ လူတစ်ယောက် ရှိလာခဲ့ပါတယ်။ကာလီတဲ့။အသက်ကြည့်တော့ လူကြီးပိုင်းရောက်နေပြီ၊ကိုယ့်ကို ထိပါးလာပြီဟေ့ဆိုရင် ဘယ်သူ့ကိုမှခွင့်မလွှတ်သူ။ဒီတော့ ဒီကလေးတွေကြား သူ အဆောင်မှူး ဖြစ်ချင်ရတဲ့ ရည်ရွယ်ချက်က ဘာများလဲ။ကျောင်းသားတွေ ထမင်းကောင်းကောင်းစားရဖို့၊ဂျူနီယာတွေ ဘိုကျအနိုင်ကျင့်တာ မရှိဘဲကောင်းကောင်းနေထိုင်ရဖို့ သူ ကျောင်းရဲ့ အာ့ကြောလန်အဖွဲ့အပြင်ကန်ထရိုက်တာတွေနဲ့ ရင်ဆိုင်ခဲ့တယ်။မထင်မှတ်ဘဲ ညတစ်ညမှာ ကျောင်းသားတစ်ယောက် ခွင့်မတိုင်ဘဲ အပြင်သွားခဲ့တယ်။ခေါင်းမီးခဲပြီး ကာလီဟာ လိုက်ရှာရမှာတော့ချစ်သူနဲ့ သွားတွေ့တဲ့ ထိုကျောင်းသား အဏ္ဏဝါနဲ့ ရင်းနှီးခဲ့ပါတယ်။အန်ကယ်ကာလီ.... အန်ကယ်က လူပျိုကြီးလား အိမ်ထောင်ရှိလား တဲ့။တချိန်က သူ့မှာ ဒါတွေ ရှိခဲ့ကြောင်း နှုတ်က ထုတ်ဖော်မပြောလိုတော့တဲ့ ရင့်ကျက်ချိန်ရောက်ခဲ့ပြီလေ။ကျောင်းစာမေးပွဲပြီး နှုတ်ဆက်ပွဲညမှာအဏ္ဏဝါကို လူတစ်စု အန္တရာယ် လာပြုခဲ့တယ်။အဏ္ဏဝါ .. ကျောင်းထဲမှာနေတဲ့ ကျောင်းသား...သူ့မှာ ဘယ်လိုအကြောင်းကြောင့် ဒီလို ရန်နဲ့ ရင်ဆိုင်ရတာလဲ...သိပ်ကို ဂရုစိုက်လွန်းတဲ့ ...
movie
Petta (2019)
2019
1
2
Previous