Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Adrian Quinonez
6.2
How I Learned to Fly (2023)
IMDb 6.2 / RT 63% ရရှိထားတဲ့ဒရာမာရုပ်ရှင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်လေးကိုကြည့်မိရင်း "အစ်ကိုကြီးတော့ အဖအရာ"တဲ့စကားလေးကိုတောင် သတိရသွားပါတယ်။ ဒန်နီရယ် နဲ့ အီလိုင်ဆိုတဲ့ အာဖရီကန်-အမေရိကန် ဆယ်ကျော်သက်ညီအစ်ကိုနှစ်ယောက်ဟာ မိဘနှစ်ယောက်ရဲ့ရုတ်တရက်စွန့်ပစ်မှုကို ခံလိုက်ကြရပါတယ်။ အစ်ကိုဖြစ်သူ ဒန်နီရယ်ဟာ အီလိုင်ကို ဖခင်တစ်ယောက်နေရာကနေ အမြဲဂရုစိုက်စောင့်ရှောက်ပေးလာခဲ့သူပါ။ အီလိုင်က ငယ်ဘ၀က မိသားစုထရော်မာတွေကြောင့် စကားက မပြောသလောက်ကို နည်းတဲ့သူတစ်ဦးပါ။ဒီလိုနဲ့ မိဘနှစ်ပါးမရှိတော့တဲ့နောက် ညီအစ်ကိုနှစ်ယောက်ဟာ အချင်းချင်းဖေးမကူညီရင်း ခက်ခဲကြမ်းတမ်းတဲ့လောကဓံကြီးကို အံတုရင်ဆိုင်ပြီး ဆက်လက်ရှင်သန်နိုင်ကြဖို့ကြိုးစားကြပါတော့တယ်။ ဒီရုပ်ရှင်လေးက တော်တော်လေးကိုနွေးထွေးတဲ့ရုပ်ရှင်လေးပါ။ ညီအစ်ကိုနှစ်ယောက်အကြားက ချစ်ခြင်းမေတ္တာသံယောဇဉ်ကို လှလှပပပုံဖော်ထားတဲ့အပြင် ဘ၀မှာ အမြဲရှောင်ပြေးနေရတဲ့ ပြောမပြနိုင်လောက်အောင် နာကျင်ခဲ့ရတဲ့ ဒဏ်ရာတွေရှိခဲ့ရင်တောင်မှ တချိန်မှာဒါတွေကို ရင်ဆိုင်လက်ခံလိုက်ပြီး ရှေ့ဆက်အသက်ရှင်ဖို့အတွက် ခွန်အားမွေးကြရမယ့်အကြောင်းကို ပြသသွားပါတယ်။ တစ်ကားလုံးမှာ ဂျက်ဇ်တေးသီချင်းတွေနဲ့ ဆိတ်ငြိမ်တဲ့ဇာတ်၀င်ခန်းတွေနဲ့အတူ လှလှပပရိုက်ကူးပုံဖော်ထားတာမလို့ ခံစားကြည့်ရှုလိုက်ကြပါဦး။ File size…(1.7 GB)/(850 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:44:00 Genre...Drama Subtitle….Myanmar Subtitle ...
movie
How I Learned to Fly (2023)
Rooming With Danger (2023)
Rooming With Danger (2023) IMB Rating (4.9/10) Bianca တယောက်ကငယ်ငယ်ထဲသူ့ရဲ့တဦးထဲသောညီမလေးသက်ေသသွားတာကြောင့်စိတ်ဒဏ်ရာတွေနဲ့ကြီးပြင်းလာခဲ့ရတာပါ၊သူ့ညီမအတွက်ဆိုလူပါသတ်တဲ့အထိစိတ်ဒဏ်ရာပြင်းထန်နေခဲ့တာပါ၊တဖက်မှာတော့ Angelina တယောက်ကသူ့ကောင်လေး Marco ရဲ့မဆင်မခြင်ဒေါသထွက်တတ်တဲ့အကျင့်ကိုသည်းမခံနိုင်တော့တာကြောင့် အိမ်ပေါ်ကဆင်းလာခဲ့ပြီး Bianca အိမ်မှာအခန်းငှားဖို့ဖြစ်လာခဲ့ပါတော့တယ်၊Angelina တယောက်မသိတာက Bianca ကသူငှားခဲ့တဲ့အခန်းရဲ့အရင်ပိုင်ရှင်ကိုသတ်လိုက်တယ်ဆိုတာပါပဲ၊နောက်ထပ်ပြဿနာတွေကတော့ Bianca တယောက် Angelina ကိုသေသွားတဲ့သူ့ညီမနဲ့အထင်မှားရာကနေစတော့တာပါပဲ၊Bianca တယောက် Angelina ကိုချစ်စိတ်ကြောင့် Angelina ကိုနှောက်ယှက်တဲ့သူေတွကိုကော ချစ်တဲ့သူတွေကိုကော အန္တရာယ်ပြုဖို့ကြိုးစားပါတော့တယ်၊Bianca ကကောဘယ်လောက်ထိဆိုးဆိုးရွားရွားဆက်ပြုမူမှာလဲ၊ဇာတ်လမ်းအစက Marco ဆိုတဲ့သူကကောဘယ်လိုတွေပက်သက်လာမယ်၊Angelina တယောက်နောက်ဆုံးမှာဒီဖြစ်ရပ်ဆိုးတွေကလွတ်မြောက်သွားနိုင်ပါ့မလား၊ဒီလိုအကြောင်းအရာတွေကို ဒီဇာတ်ကားမှာရင်တထိတ်ထိတ်နဲ့စိတ်ဝင်စားဖွယ်ကြည့်ရှုသွားရမှာပါ။File size…(1.3 GB)/(626 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Thriller, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Kyaw
movie
Rooming With Danger (2023)
5.1
[21+] Now & Later (2009)
Dark Side Production မှတင်ဆက်သည်......Now & Later(2009)IMDb....5.1(21+ ဆိုတဲ့ လျှို့ဝှက်သင်္ကေတကို တပ်လိုက်ကထဲက ဒီဇာတ်ကားရဲ့ အတိမ်အနက်ကိုသိုင်းလောကသားများသိပြီးလောက်ပြီထင်ပါတယ်..သို့ပေမယ့် ဒီကားက ဇာတ်လမ်းလေးလည်းကောင်းသလို တန်းဝင်တဲ့အဆင့်မှာရှိပါတယ်...ဇာတ်လမ်းအကျဉ်းကတော့ နီကာရာဂွာနိုင်ငံက တော်လှန်ရေးခေါင်းဆောင်ရဲ့သမီးလေးနဲ့ ကမ္ဘာနဲ့ချီတဲ့ ဘဏ်ကိစ္စတွေလုပ်ခဲ့တဲ့ နိုင်ငံတွေရဲ့ စီးပွားရေးကို ကစားခဲ့တဲ့ လူတစ်ယောက်ရဲ့ One Night Stand ဆန်ဆန် အချစ်ဇာတ်လမ်းကလေးပါပဲ။နိုင်ငံရေးဗဟုသုတတွေအပြင် အမေရိကန်ကို အပုတ်ချထားတာတွေပါ မြင်ရမှာဖြစ်ပြီး CIAနဲ့ ပဒေသရာဇ်နိုင်ငံလေးတွေကြားက ဇာတ်ရှုပ်တွေကိုပါ ဖော်ပြထားပါတယ်။Later ဖြစ်မလာသေးတာတွေကို တွေးပူတတ်သူတွေကို Now လက်ရှိပစ္စုပ္ပန် မှာနေထိုင်ပြီး လုပ်စရာရှိတာလုပ်ဖို့ ဖလော်ဆော်ဖီတစ်ချို့ကိုလည်း အစာသွပ်ထားပါသေးတယ်။ကိုင်း ဇာတ်လမ်းကောင်းလည်း ခံစားရင်း ရသစုံလေး သဘောကျတယ်ဆိုရင်တော့ ခံစားကြည့်လိုက်ပါ...ကျော်တော့မကြည့်ကြပါနဲ့ ....ရသစုံလေးခံစားချင်လို့ပါ.......... File Size : (855MB) Quality : Blu-Ray 720p Format…mp4 Duration…01:30:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Wild Race Encoded by War Dog
movie
[21+] Now & Later (2009)
2009
5.7
Bad Milo (2013)
Bad Milo ဇာတ်ကားလေးကတော့ Director:Jocob Vaughan ရိုက်ကူးထားသမျှဇာတ်ကားတွေထဲမှ ထူးခြားတဲ့ ဇာတ်ကားလေးတစ်ကားလည်းဖြစ်ပါတယ်။> IMDb Rating 5.7/10ဒီဇာတ်ကားထဲမှာဆိုရင်တော့ Duncan ဟာဆိုရင်တော့ အစာအိမ်ရောဂါကြောင့် အမြဲစိတ်ဖိစီးနေတတ်သူဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့ရောဂါဟာပိုဆိုးလာတာကြောင့် Gastroenterologist နဲ့ပြသဖို့ ရက်ချိန်းယူခဲ့ပါတယ်။ ဆရာဝန်များက စမ်းသပ်ရှာဖွေစဉ်မှာဆိုရင်တော့ polyp လို့ခေါ်တဲ့ ကြီးမားတဲ့အရာကြီးကို သူ့အူလမ်းကြောင်းမှာ တွေ့ခဲ့ရပါတယ်။ ထိုသို့တွေ့သည့်နောက်မှာပဲ အရွယ်အစားနှစ်ပေလောက်ရှိသော အကောင်တစ်ကောင်က သူ့စအို မှထွက်လာကာ ဆရာဝန်ကို တိုက်ခိုက်ခဲ့ပါတယ်။ အဲ့သတ္တဝါလေးဟာဆိုရင်တော့ သူ့ရဲ့ဗိုက်ထဲမှာ ထူးဆန်းစွာ ကပ်တွယ်နေတာဖြစ်ပါတယ်။ အဲ့သတ္တဝါလေးရဲ့နာမည်ကတော့ မိုင်လို ဖြစ်ပါတယ်။ အဲ့သတ္တဝါလေးက တစ်ကယ်ကော အန္တရာယ်ရှိတာလား ဒါမှမဟုတ် သနားဖို့ကောင်းလားဆိုတာကတော့ ဇာတ်လမ်းလေးထဲမှာဆက်လက်ရှု့စားကြပါတော့...။ဒီဇာတ်ကားလေးကတော့ ၂၀၁၃မှာ ထွက်ရှိခဲ့တဲ့ Comedy, Horror ဇာတ်ကားလေးတစ်ကားဖြစ်သည့်အပြင် IMDb ကလည်း 5.7 ရရှိထားတာဆိုတော့ ကြည့်ရှု့သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။File size…(800 MB) and (350 MB) Quality…BR-Rip 720p IMDb Rating... 5.7/10 Format…mp4 Duration….01:24:09 Subtitle….Myanmar Subtitle (Hardsub) Encoded by Naing Aung Latt
movie
Bad Milo (2013)
2013