Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Adil Zaidi
6.2
The Wedding Contract (2023)
ဒီဇာတ်ကားကတော့ သမီးရည်းစားနှစ်ယောက်မြင်မြင်ချင်း ချစ်ကြိုက်ကြပြီး လက်ထပ်ဖို့စီစဥ်ကြတဲ့ အခါမှာသူတို့နှစ်ဦးတွေ့ကြုံရတဲ့ အခက်အခဲတွေကိုရိုက်ပြထားတဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။မင်္ဂလာပွဲမတိုင်ခင် အလုပ်ကိစ္စ၊ မိဘတွေမမြင်မတူတာ နဲ့ တစ်ဦးနဲ့ တစ်ဦး သဘောထားချင်းမကိုက်ညီတာတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာကြည့်ရမဲ့အပြင် ဂျူးလူမျိုးတွေရဲ့ မင်္ဂလာပွဲရိုးရာအကြောင်းကိုပါလေ့လာရမဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ အဓိကဇာတ်ကောင်နှစ်ဦးက ဖြစ်ပေါ်လာတဲ့အခက်အခဲတွေ့ကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာကတော့ ဇာတ်လမ်းလဲမှာ ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ.. File size…(1.3 GB)/(790 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:24:00 Genre... Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Jack
movie
The Wedding Contract (2023)
6.0
A Christmas Spark (2022)
ဒီတစ်ခါမှာတော့ ကြည်နူးစရာကောင်းတဲ့ ခရစ္စမတ်အချစ် ဇာတ်လမ်းလေး တစ်ပုဒ်ကို တင်ဆက်ပေးသွားမှာပါ။မိုလီဆိုတဲ့အမျိုးသမီးဟာ အပြောင်းအလဲကို မကြိုက်တဲ့ အမျိုးသမီးတစ်ယောက်ပါ သူရဲ့ ခင်ပွန်းဟာလည်း လွန်ခဲ့တဲ့ ၂နှစ်က ဆုံးပါးသွားတာဖြစ်ပြီး သူ့သမီးဟာလည်း တခြားမြို့မှာ သူ့မိသားစုနဲ့ အတူနေထိုင်နေတာပါ။ မိုလီတစ်ယောက် အတိတ်ကို လက်မလွှတ်နိုင်ဘဲ နေအိမ်မှာ တစ်ယောက်တည်း အထီးကျန်စွာ နေထိုင်နေရတာပေါ့။တနှစ်မှာတော့ မိုလီရဲ့ သမီးမိသားစုဟာ သူ့အိမ်ကိုလာပြီး ခရစ္စမတ်ပွဲကို မကျင်းပနိုင်တာကြောင့် သူကိုယ်တိုင် သမီးဖြစ်သူရဲ့ နေအိမ်ကိုသွားဖို့ အကြောင်းဖန်လာပါတော့တယ်။ လေဆိပ်မှာ မိုလီနဲ့ တွေ့ခဲ့သူကတော့ ဂျာနယ်လစ်ဟောင်းတစ်ယောက်ဖြစ်ပြီး အသစ်အဆန်းတွေ အမြဲလုပ်ချင်နေတဲ့ ဟန့်ခ်ဆိုတဲ့သူပါ။ အကြောင်းအမျိုးမျိုးနဲ့ သမီးရဲ့မြို့မှာ ကျင်းပမယ့် ခရစ္စမတ်ပြဇာတ်အတွက် မိုလီဟာ ဒါရိုက်တာ တာဝန်ယူလိုက်ရပြီး သက်ကြီးပိုင်းထဲမှာ ရေပန်းစားနေတဲ့ ဟန့်ခ်နဲ့ ထပ်တွေ့ရပါတော့တယ်။အပြောင်းအလဲမကြိုက်တဲ့ မိုလီတစ်ယောက် အသစ်အဆန်းတွေ စိတ်ဝင်စားတဲ့ ဟန့်ခ်နဲ့တွေ့ပြီး ရှောင်လွှဲလို့မရတဲ့ အပြောင်းအလဲတွေ ကြုံလာရင်း သူကိုယ်တိုင်ရော ...
movie
A Christmas Spark (2022)
6.6
Fourth Down and Love (2023)
ဒီတစ်ခါတင်ဆက်ပေးမှာကတော့ Fourth down and love ဆိုတဲ့ ကားလေးပဲဖြစ်ပါတယ်၊ ဒီကားလေးက မိသားစုဇာတ်လမ်းလေးလည်းဖြစ် စိတ်လည်းအေးချမ်းစေမှာမို့လို့ တကယ်ကိုကြည့်သင့်တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ အဓိကဇာတ်ကောင်တွေအနေနဲ့တော့ ဘောလုံးကစားရတဲ့ကြိုက်တဲ့ 12နှစ်အရွယ် ကီရာရဲ့အမေ Single mother အယ်ရင်, Whalers အသင်းရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ယောက်ဖြစ်တဲ့ မိုက်ခ် ဟန်ဆင်၊ သူတို့နှစ်ယောက်ဟာ ကောလိပ်တုန်းက တွဲခဲ့ကြပြီး ကွဲကွာသွားတဲ့ ငယ်ချစ်တွေပေါ့နော်။ ပြီးတော့ တိုက်ဆိုင်စွာပဲ မိုက်ခ်ဟန်ဆင်က ကီရာ့တို့ ဘောလုံးအသင်း နည်းပြရဲ့ညီဖြစ်နေခဲ့တယ်။ ကီရာ့ရဲ့ လေ့ကျင့်ရေးမှာ အယ်ရင်နဲ့ မိုက်ခ်ဟာ ပြန်ဆုံခဲ့ကြပြီး မိုက်ခ်ဟန်ဆင်ကလည်း ဒဏ်ရာကြောင့် အသင်းကနေ တစ်လနားနေစဉ်အတွင်းမှာ ကီရာ့တို့ အသင်းကို နည်းပြလုပ်ပေးဖို့ ကံစီမံလာတဲ့ အခါမှာတော့ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေက ပြန်လည်ပေါက်ဖွားလာမှာလား ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရမလဲ၊ မိုက်ခ်ဟန်ဆင်ကရော သူ့အသင်းမှာပြန်လည်ကစားနိုင်ပါ့မလား သူတို့ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ပြီး ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ...
movie
Fourth Down and Love (2023)
5.6
Love Amongst the Stars (2022)
မနှစ်ကထွက်ရှိထားတဲ့ Love Amongst The Stars ဆိုတဲ့ ကြယ်တာရာတွေကြားက အချစ်ပုံပြင်လေးတစ်ပုဒ်အကြောင်း ပြောပြချင်ပါတယ်ဗျ။ဟိုက်ဒီက မြို့ငယ်လေးတစ်မြို့က တက္ကသိုလ်တစ်ခုရဲ့ နက္ခတ္တဗေဒပရော်ဖက်ဆာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ကျောင်းသားတွေအတွက် နက္ခတ်တာရာကြည့်မျှော်စင်တည်ဆောက်ဖို့ ရန်ပုံငွေလိုအပ်တာကြောင့် အထက်ဘုတ်အဖွဲ့ကို ဒဏ္ဍာရီလာကြယ်တံခွန်တစ်ခုရဲ့ တည်ရှိမှုအကြောင်း သက်သေပြဖို့ကြိုးစားနေသူဖြစ်ပါတယ်။ ဩဂတ်စ်ကတော့ ဒီတက္ကသိုလ်ကို သမိုင်းဌာနရဲ့ ပရော်ဖက်ဆာရာထူးနဲ့ ရောက်ရှိလာသူဖြစ်ပါတယ်။ ဒါပေမဲ့သူက ရှေးဟောင်းသုတေသီတစ်ယောက်လည်းဖြစ်ပြီး ကမ္ဘာလှည့် စွန့်စားခန်းတွေဖွင့်ဖို့အတွက် နယူးယော့က်မှာ အခြေခိုင်တဲ့အလုပ်တစ်ခုရဖို့ ကြိုးစားနေသူဖြစ်ပါတယ်။ ဒါကြောင့် နယူးယောက်က အထက်လူကြီးတွေရဲ့ စိတ်အာရုံကိုဖမ်းယူနိုင်ဖို့ ဟိုက်ဒီရဲ့ ကြယ်တံခွန်ရှာဖွေရေးမစ်ရှင်ကြီးပါ ပါဝင်ကူညီဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီဇာတ်ကားမှာဆို အဓိကဇာတ်ဆောင်တွေက အချစ်ကိုကိုးကွယ်တဲ့အရွယ်မဟုတ်ဘဲ တက္ကသိုလ်တစ်ခုရဲ့ပါမောက္ခတွေအနေနဲ့ ပုံဖော်ထားတာမို့ မျက်စိနောက်စရာ ရင်ခုန်စရာ ဆယ်ကျော်သက်အချစ်ဇာတ်လမ်းပုံစံမဟုတ်ဘဲ ဘဝရဲ့လမ်းကြောင်းတစ်ခုပေါ်ရောက်နေတဲ့ သက်လတ်ပိုင်းတွေနဲ့ သူတို့ရဲ့အချစ်အပေါ်အမြင်၊ အချစ်တစ်ခုကို သူတို့ဘဝရဲ့ ဘယ်အတိုင်းအတာအထိ ဝင်စွက်ဖက်ခွင့်ပေးမလဲဆိုတာကို ဇာတ်လမ်းလေးတစ်ပုဒ်နဲ့အတူ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.5 GB)/(720 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre...Drama, ...
movie
Love Amongst the Stars (2022)
4.4
[18+] Fifty Shades Freed (2018)
Fifty Shades Freed ရဲ့ preview ကိုတော့ စာအုပ်ထဲဇာတ်လမ်းနဲ့Trailer ကိုဆက်စပ်ပြီးဖော်ပြပေးပါမယ်။ Trailer ဟာ Christian နဲ့ Ana မင်္ဂလာဆောင်တဲ့ဇာတ်ဝင်ခန်းနဲ့ဖွင့်ထားပြီး Grey တို့ဇနီးမောင်နှံ ဥရောပတခွင် ဟန်နီးမွန်းထွက်တဲ့ ပုံရိပ်တွေကိုမြင်တွေ့ရမှာပါ။ဒါပေမယ့် သူတို့ရဲ့ ဟန်းနီးမွန်းမှာ အကြောင်းတစ်စုံတစ်ခုကြောင့် နောက်ကြောင်းမအေးဖြစ်ခဲ့ရပါတယ်။ အကြောင်းကတော့ Christian ရဲ့ ရုံးအဆောက်အဦးမှာ မီးလောင်မှုဖြစ်ခဲ့တာဖြစ်ပြီး ထိုမီးဟာ မတော်တဆကြောင့်လောင်ကျွမ်းတာမျိုးမဟုတ်ပဲ တစ်စုံတစ်ဦးရဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ရပ်ကြောင့်ဖြစ်ကြောင်း Christian သိလိုက်ရပါတယ်။ ဒါပေမယ့် Ana ရဲ့အကူအညီနဲ့ တရားခံဘယ်သူဖြစ်တယ်ဆိုတာကို Christian တစ်ယောက်အတည်ပြုနိုင်ခဲ့တယ်။ သူတို့ ဟန်းနီးမွန်းကပြန်ရောက်ပြီး လုပ်ငန်းခွင်ထဲပြန်ဝင်ကြရတဲ့အခါ Ana ဟာ Acting Fiction Editor မဟုတ်တော့ပဲ Fiction Editor ဖြစ်နေပါပြီ။ Christian Grey ရဲ့ အရှိန်အဝါကြောင့် ပစားပေးခြင်းခံရတာကို မလိုလားတဲ့ Ana ဟာ SIP ရုံးတွင်းမှာ ...
movie
[18+] Fifty Shades Freed (2018)
2018
4K HEVC
6.7
You’re Bacon Me Crazy 2020
ဒီကားက ၂၀၂၀မှာထွက်တဲ့ romantic comedyဇာတ်ကားလေးပါ food truck theme ကိုယူထားတဲ့အတွက်ကြောင့်foodieတွေအတွက်စိတ်၀င်စား စရာကောင်းစေမဲ့ဇာတ်လမ်းလေးပါ ဇာတ်လမ်းအကျဥ္းကတော့ portlandက သွက်လက်ထက် မြက်တဲ့ မုန့်ကားပိုင်ရှင်လေးကလီယိုဟာ အဘိုးရဲ့လျို့၀ှက်ချက်ပြုတ်နည်းတွေကိုလက်ဆင့်ကမ်းပြီး လက်ရာကောင်းတဲ့စားဖိုမှူးတစ်ယောက်ပါနဲ့ တစ်နေ့မှာ city of roses ကိုနယ်တကာလှည့်နေတဲ့ ဂေ့ဘ်ဘရီရယ်ရောက်လာပြီးသူတို့စျေးမှာတွေ့ဆုံကြပြီး ကလီယိုကို လိုက်ရှာဖို့ကြိုးစားပါတော့တယ် ကလီယိုကိုတွေ့တဲ့အခါသူ့ဆိုင်နားမှာ ၀က်ဆားနယ်ခြောက် မုန့်တွေလာရောင်းပြီးတဖြည်းဖြည်းရင်းနှီးသွားကြပါတယ် သူတို့နှစ်ယောက်ဆက်ဆံရေး အတွက် မုန့်ကားပြိုင်ပွဲကနဲဲနဲတော့အပြောင်းအလဲသွားခဲ့ပါတယ် သူတို့ပြိုင်ပွဲအပြီးမှာဆက်ဆံရေးအရင်အတိုင်းပဲဆက်ရှိနေမလား တစ်ဆင့်တက်သွားမလားဆိုတာစောင့်ကြည့်ရမှာပါ File Size : 600 Mb and 300mb Quality : webrip 720p/480p Format…mp4 Duration…1hr 22min Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Nyein Lai Wai Encoded by Littleneo
movie
You’re Bacon Me Crazy 2020