Channel Myanmar

Adel Radwan

Head to Head (2023) 6.7
Head to Head (2023)  လတ်တလောကမှ Netflix ကနေထွက်ရှိလာတဲ့ ဆော်ဒီဟာသဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအညွှန်းဒါရဝစ်ချ်ဆိုတဲ့သူဟာ ကုမ္ပဏီတစ်ခုမှာ ဒရိုင်ဘာအနေနဲ့အလုပ်လုပ်နေတဲ့သူဖြစ်ပါတယ်။ဖာယက်ဆိုတဲ့သူကတော့ ဒါရဝစ်ချ်နဲ့ ကုမ္ပဏီတစ်ခုတည်းမှာ အလုပ်လုပ်နေတဲ့ကားပြင်ဆရာဖြစ်ပါတယ်။ ကားပြင်တယ်ဆိုပြီး ကုမ္ပဏီကကားတွေရဲ့အင်ဂျင်တွေကိုထုတ်ရောင်းစားပြီး ပျက်နေတဲ့အဟောင်းတွေကိုထည့်ထားတတ်ပါတယ်။အဲဒါကိုကုမ္ပဏီကမိထားလို့ အလုပ်ပြုတ်ခံရလုနီးပါးဖြစ်နေတာပါ။ဖြစ်ချင်တော့ သူတို့ကုမ္ပဏီရဲ့စီအီးအိုရဲ့သားက သူ့အဖေမရှိတုန်း ကုမ္ပဏီရဲ့ရှယ်ယာတွေကိုရောင်းစားဖို့လုပ်နေပါတယ်။ ဖာယက်ကို သူ့ဘက်ပါလာအောင် CEO ရာထူးကိုပေးသလိုလုပ်ပြီးတော့ သူ့ဆီလာနေတဲ့ သူ့အဖေကိုလေဆိပ်ကသွားခေါ်ပြီး စာချုပ်မှာလက်မှတ်ထိုးဖို့ကူညီပေးရင် သန်း ၄၀ တန်တဲ့ ရှယ်ယာတွေကိုပေးမယ်လို့ပြောခဲ့ပါတယ်။ပိုက်ဆံမက်တဲ့ဖာယက်ကလည်း သဘောတူပြီး ဒါရဝစ်ချ်ကို လေဆိပ်ကနေ စီအီးအိုဟောင်းဖြစ်သူကိုကြိုခိုင်းတဲ့အခါ ဖာယက်ကလူမှားပြီးတော့ အမှောင်လောကရဲ့ဘုရင်ဖြစ်တဲ့စိန်များဘုရင်ဆိုတဲ့အဖိုးကြီးကို ကားပေါ်ခေါ်တင်လာပါတော့တယ်။စိန်များဘုရင်က အရင်ကလူတိုင်းကြောက်ရတဲ့သူပေမဲ့ အခုကတော့ ရုရှားတွေဆီမှာအဖမ်းခံရပြီးတော့ သေမလိုဖြစ်နေရာက အခုမှဆောဒီကိုပြန်ရောက်လာတာဖြစ်ပါတယ်။အဲဒါကလည်း သူ့သားက ရုရှားမာဖီယားတွေနဲ့ အပေးအယူလုပ်ပြီး ဆောဒီကိုပြန်ခေါ်လာတာပါ။အဲဒီကနေ ပြဿနာတွေတက်ပြီးတော့ မှားသွားတဲ့လူအချင်းချင်းလဲဖို့ ဘသီယခါဆိုတဲ့နေရာကိုသူတို့နှစ်ယောက်သွားခဲ့ကြပါတယ်။ အဲဒီနေရာက လုံးဝကိုမကောင်းတဲ့လူမိုက်တွေ၊လူသတ်သမားတွေ ကျက်စားတဲ့နေရာဖြစ်နေတဲ့အပြင် စိန်များဘုရင်က ရုတ်တရက်သေသွားတဲ့အခါ အဲဒီအလောင်းကြီးနဲ့ သူတို့နှစ်ယောက် လူမိုက်တွေဆီကနေအသတ်မခံရဖို့ရှောင်ပြေးကြတာကို အခွီတစ်လိုင်းနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်အိမ်ကောင်းကောင်းနဲ့ ဒါရဝစ်ချ်နဲ့ ဖာယက်နှစ်ယောက်သားရဲ့ မတည့်အတူနေဆက်ဆံရေးကို ဟာသ‌ဇာတ်ကွက်တွေနဲ့ ရိုက်ကူးတင်ဆက်ထားပြီးတော့မူးယစ်ဆေးလောကတွေ၊ ...
movie

Head to Head (2023)