Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Adarsh Sukumaran
6.5
Turbo (2024)
Turbo (2024) "ဇိုး" IMDb - 6.5/10ဒီနှစ်ထဲမှာပဲ Bramayugam (2024)ဖြူမည်းရုပ်ရှင်နဲ့ ပရိသတ်အားပေးမှုတွေရခဲ့တဲ့ မလေယာလမ်းမင်းသားကြီး မမ်မူတီရဲ့ အသစ်စက်စက်ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးပါရစေ။ ဆရာဗီဂျေးစည်သူပတီလည်း ဧည့်သည်သရုပ်ဆောင်နေရာက ပါဝင်ထားပါသေးတယ်။ဂျို့စ်ဆိုတာ ရွာရဲ့အော်ကြောလန်။ ကျန်တဲ့အချိန်ထက် ဘုရားပွဲတော်အတွင်းမှာ ဂျစ်ကားကြီးနဲ့ ရောက်ချလာပြီး ရန်ပွဲတွေဖန်တီးတတ်သူကြီးပေါ့။တာဘိုတပ်ထားသလား ထင်မှတ်မှားရအောင် သောင်းကြမ်းတတ်သူမို့ သူ့ကို တာဘိုဂျို့စ်လို့တောင် ကင်ပွန်းတပ်ကြလေရဲ့။ဒါပေမဲ့ ပွဲတော်အတွင်း သူရန်ဖြစ်တာကြည့်ရဖို့ သက်သက်အရောက်လာတဲ့လူတွေက ရှိသေးသဗျာ။ ဘယ်လောက်ပဲလူကြမ်းကြီးဖြစ်နေပါစေ မိခင်ဖြစ်သူကိုကျလည်း ကြောက်ရပြန်ရော။ သူ့ဘော်ဒါဘော်ကျွတ်က ဘဏ်ဝန်ထမ်း ဂျယ်ရီ။ဂျယ်ရီ့အတွက်ဆို ကောင်မလေးမိဘအသိုင်းအဝိုင်းက သဘောမတူတာတောင် စေ့စပ်ပွဲနေ့ကြီး သွားခေါ်လာပေးတဲ့သူ။ တစ်နေ့ ဂျယ်ရီ့ဆီကို ကံကြမ္မာဂြိုလ်ဆိုးဝင်လာချိန် ဂျို့စ်လည်း ရှောင်လွှဲလို့မရတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်ဖြေရှင်းရပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.8GB / 1.34GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 35mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Turbo (2024)
2024
8.2
Kaathal – The Core (2023)
Kaathal – The Core (2023) ဗဟိုအူတိုင်IMDb-8.2/10 Rotten tomatoes -100%အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်တို့ လက်လွတ်မခံသင့်တဲ့ မလေယာလမ်းဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပြန်ပါပြီ။Raatchasi (2019)ထဲမှာ ကြမ်းခဲ့တဲ့ စစ်တပ်အရာရှိ ကျောင်းအုပ်ဆရာမကြီးကို မှတ်မိတယ်ဟုတ်။ အဲဒီ မင်းသမီးချောကြီး ဂျိုသီကာက ဒီထဲမှာလဲ အခွင့်အရေးတစ်ခုအတွက် တိုက်ပွဲဝင်နေပြန်ပါပြီ။ မင်းသားကလည်း နုပါတယ်ဆိုတဲ့ဘောလိ၀ုဒ်မင်းသားကြီးတွေထက်ပိုနုနေတဲ့ တောင်ပိုင်းမင်းသားကြီးမမ်မိုတီ။ ဝေဖန်ခြင်းခံရသလောက် အရမ်းကိုအောင်မြင်ခဲ့တဲ့ရုပ်ရှင်တစ်ကားဆိုလည်း မမှားဘူးပေါ့။ဇာတ်လမ်းကိုအကျဉ်းချုံးပြောရရင် မိဘကို မလွန်ဆန်နိုင်လို့ မိဘပေးစားတဲ့သူနဲ့လက်ထပ်လိုက်ရတဲ့အမျိုးသမီး အူမာနာ၊ ခင်ပွန်းဖြစ်သူကလည်း နယ်နယ်ရရမဟုတ် တစ်ချိန်ကဘဏ်မန်နေဂျာဖြစ်ပြီး အခုချိန်မှာ ရွေးကောက်ပွဲဝင်ပြိုင်မယ့်အမတ်လောင်းတစ်ယောက်ဖြစ်တဲ့ မက်သရူး၊အများအမြင်မှာတော့ အူမာနာဟာ သိပ်တော်တဲ့ခင်ပွန်းတစ်ယောက်ကို ပိုင်ဆိုင်ထားရတဲ့ ဂုဏ်ယူနေတဲ့ဇနီးတစ်ယောက် အများသူငါက အားကျရတဲ့အိမ်ထောင်ရှင်မတစ်ယောက်လို့ ထင်ရက်စရာရှိပေမဲ့ ကိုယ့်ဝမ်းနာကိုယ်သာသိဆိုသလိုပဲ တကယ့်လက်တွေ့ဘဝက အူမာနာကတော့ ဖန်သားနန်းတော်က ပင်တိုင်စံဘုရင်မတစ်ယောက်သာသာရယ်ပါ။ ဘာလို့လဲဆိုတော့ ခင်ပွန်းဖြစ်သူအမတ်လောင်းမက်သရူးက ကိုယ်တိုင်က လိင်တူစိတ်ဝင်စားသူဖြစ်ပါရဲ့နဲ့၊ ကိုယ့်မှာလည်း လိင်တူချစ်သူရှိနေပေမဲ့ အများအမြင်မှာ ဇွတ်ကျားလေးဖြစ်အောင် Anti LGBTတစ်ယောက်လုပ်နေတဲ့အပုန်းဖြစ်နေလို့ပါပဲ။ဘာသာရေးအယူအဆ အိန္ဒိယလူနေမှုအသိုင်းအဝိုင်းရဲ့ဖိအားတွေကတစ်ဖက်၊ လူထုကလည်း LGBTကိုလက်ခံတဲ့နေရာမဟုတ်လေတော့ အမတ်ဖြစ်ချင်တဲ့မက်သရူးတစ်ယောက် ...
movie
Kaathal – The Core (2023)
2023
6.6
Neymar(2023)
Neymar 2023ပရိသတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ပေါ့ပေါ့ပါးပါး လူငယ်ဟာသကားလေးပဲ ဖြစ်ပါတယ် လူငယ်ဟာသကားလေးဆိုပေမဲ့ အဓိကဟာသလုပ်မှာကတော့ ခွေးတစ်ကောင်ဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့...... ကွန်ဂျာဗာနဲ့အာကမ်ရှ်တို့က ဆယ်ကျော်သက်ကျောင်းသားအရွယ်လေးတွေပါ ကွန်ဂျာဗာက ဒိုနာဆိုတဲ့မြီးကောင်ပေါက်မလေးကိုကြိုက်လို့ ဘေးကနေဆရာကြီး အာကမ်ရှ်က အခါတော်ပေးရွှေဖူးစာရေးပေးပါတော့တယ် အဲ့မှာပဲ မိန်းမပိုးနည်း ဆယ့်ကိုးနည်းထဲက စော်ခွေးမွေးရင် ကိုယ်လိုက်မွေးဆိုတဲ့အကွက်အတွက် ခွေးမျိုးခွေးသန်းလေးလိုက်ရှာရပါတော့တယ်သူတို့သွားရှာတဲ့နေရာက ခွေးတွေကလည်း ပိုင်ရှင်က ဘောပွဲဖန်မို့ ခွေးအားလုံးက လူကာကူ ရာမိုစ့် ပီပီ ဒရော့ဘာ စသည်ဖြင့် ဆရ ကောင်နာမည်တွေပါပဲ အဲ့မှာပဲ ကွန်ဂျာဗာတို့ ငတိနှစ်ကောင်အတွက် ရလာတဲ့ခွေးက နေမာပါတဲ့ နေမာတစ်ကောင် ဘယ်လိုတွေအကွက်တွေပြပြီး ကွန်ဂျာဗာတို့ အာကမ်ရှ်တို့နဲ့အတူ ပတ်မွှေမလဲဆိုတာ ပရိသတ်ကြီးပဲ တခွီးခွီးနဲ့ ကြည့်တော်မူကြပါကုန်အညွှန်းနဲ့ ဘာသာပြန် CM Bollywood Team ကပဲ ဖြစ်ပါတယ် File size…3.5GB /1.52GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 40min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Zwe~V~Yunni~Saii
movie
Neymar(2023)
2023