Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Adam Tomei
8.2
The Truman Show (1998)
The Truman Show (1998) =============== IMDb Rating (8.2) Rotten Tomatoes (95%) Metacritic 90% Movie Type-Sci-fi/Dramaသင့်ဘဝကြီးတခုလုံးက Show တခုဖြစ်နေပြီး သင်ကဇာတ်လိုက်ဖြစ်နေမယ်လို့တွေးဖူးလား?ဒီကားက သင့်ကိုအတွေးပေါက်စေမယ့်ကားမျိုးပါ။ Sci-fi ဆိုပေမယ့် လေဆာတွေပစ် ယာဥ်ပျံတွေပါတဲ့ကားမျိုးမဟုတ်ပါဘူး။ သင်ဒီကားကြည့်ရင်းမျက်ရည်ဝဲမယ်။ နောက်ဆုံးခန်းကိုကြည့်နေရင်းမှာ လက်ကတခုခုကိုဆုပ်မှန်းမသိဆုပ်နေမိလိမ့်မယ်။ ပြီးတော့ အဆုံးမှာ ဇာတ်ကားထဲက လူတွေလိုပဲ သင်အရမ်းကိုကျေနပ်ပြီးမျက်ရည်တွေကျလာလိမ့်မယ်။ မယုံမရှိပါနဲ့။ မင်းသားက ရှားမှရှား Jim Carrey ပါ။ သူလိုလူနောက်ပေါ်လာဖို့ဆိုတာ တော်တော်မဖြစ်နိုင်တာပါ။ ဒါပေမယ့် ကျွန်တော်တို့မြင်နေကျ ပေါတောတော ဟာသ ကောင်ကြီးအဖြစ်နဲ့ ဒီကားမှာမြင်တွေ့ရမှာမဟုတ်ပါဘူး။ တကယ့် တခြား Jim Carrey တစ်ယောက်ကိုကြည့်နေရသလိုခံစားစေမှာပါ။ Oscar တန်းဝင်ကားပါ။Truman ဆိုတာက ဘဏ်မှာအလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်။ သူ့ဘဝကြီးကအစစအရာရာသာယာတယ်။ မိန်းမတစ်ယောက်ရှိတယ်။ မိန်းမကလည်းချောတယ်။ အရမ်းချစ်တဲ့သူငယ်ချင်းတစ်ယောက်လည်းရှိတယ်။ ဒါပေမယ့် သူနေနေတဲ့ကမ္ဘာကြီးမှာသူတစ်ယောက်ကလွဲ ပြီးကျန်တဲ့လူတွေကအတုတွေ နေရာတွေအကုန်လုံးက အတုတွေဆိုတာ တဖြည်းဖြည်း နဲ့ရိပ်မိလာတယ်။ Seaheaven ကျွန်းလေးဟာအတုအယောင်ဆိုတာသူတဖြည်းဖြည်းရိပ်မိလာတယ်။ သူဒီကထွက်ဖို့ကြိုးစားတော့မယ်.... ဒါပေမယ့်အောင်မြင်ပါ့မလား?Truman ဟာမိန်းမမရခင်မှာ Laurenဆိုတဲ့ကောင်မလေးနဲ့တွေ့တယ်ကြိုက်ခဲ့တယ်။ သူမကလည်းအတုအယောင်ပဲ။ ဒါပေမယ့် Lauren က Truman ကို ဒါကြီးကအတုအယောင် ...
movie
The Truman Show (1998)
4K HEVC
6.8
Dreamer: Inspired By a True Story (2005)
ဒီဇာတ်လမ်းမှာ ပြိုင်မြင်းလေ့ကျင့်ရေးသမားဖြစ်တဲ့ Benက အလုပ်များတာကြောင့် သူ့သမီးလေး Cale ကို လျစ်လျူရှုပြီး နေရင်းက အလုပ်မှာ ခြေထောက်ကျိုးသွားတဲ့ပြိုင်မြင်းမလေးတစ်ကောင်ဖြစ်တဲ့ Sonador ကိုကယ်ရင်း အလုပ်ပြုတ်သွားခဲ့တယ်။Cale လေးက Sonador ကိုချစ်ပြီး Ben နဲ့အတူ အိမ်မှာ Sonador ခြေထောက်သက်သာအောင်ကူညီရင်းက သားအဖနှစ်ယောက် ပြန်လည်စည်းလုံးလာပြီး နွေးထွေးတဲ့ မိသားစုတစ်ခုပြန်လည်ရရှိခဲ့တယ်။ ဒါပေမဲ့ ပိုက်ဆံအကျပ်အတည်းဖြစ်နေတဲ့ Ben တို့မိသားစု ငွေကြေးအတွက် Sonador မြင်းမလေးနဲ့ ပြိုင်မြင်းလောင်းကြေးလောကမှာ ဘယ်လိုရုန်းကန်ရမလဲ ဆိုတာကိုတော့ ဒီဇာတ်လမ်းမှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။ နွေးထွေးတဲ့ မိသားစုချစ်ခြင်းမေတ္တာနဲ့ ကလေးမလေး Cale ရဲ့ ကိုယ့်အိပ်မက်တွေအပေါ် ယုံကြည်မှုရှိတဲ့ အတုယူစရာစိတ်ဓာတ်နဲ့ သတ္တိကို ရင်ထဲနွေးထွေးပြီး အနှစ်သာရအပြည့်နဲ့ ကြည့်ရှုရမဲ့ အရမ်းကောင်းတဲ့ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(2GB)/(1GB) Quality_Blu-Ray 1080p ...
movie
Dreamer: Inspired By a True Story (2005)
6.4
She’s Out of My League (2010)
She's Out of My League (2010) IMDb - 6.4/10_____Rotten - 58%ဒီဇာတ်ကားကတော့ ပေါ့ပေါ့ပါးပါး လူငယ်အချစ်ဟာသဇာတ်ကားလေးပါ။ အချစ်ကို အောင်မြင်မှုတွေနဲ့ တိုင်းတာတွက်ချက်နေတဲ့ ခေတ်ကြီးမှာ ရိုးသားတဲ့အချစ်အကြောင်းကို မီးမောင်းထိုးပြထားပြီး အချစ်မှာ နားလည်မှုသာ အရေးကြီးတဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားပါတယ်။ အလွန်သဘောမနောကောင်းတဲ့ကောင်လေးနဲ့ အလွန်လန်းတဲ့ကောင်မလေးတို့ဇာတ်လမ်းကို အလွန်ဘော်ဒါပီသတဲ့ဇာတ်ပို့တွေနဲ့ ရသစုံအောင် တင်ဆက်ထားပါတယ်။ မကြည့်ရသေးရင်တော့ အပန်းဖြေကြည့်ရှုသင့်တဲ့ Comedy ဇာတ်ကားကောင်းဖြစ်ပါတယ်။ IMDb Rating(6.4/10) ရရှိထားတဲ့ ဇာတ်ကားပါ။ File size…(2.3 GB) and (1.2 GB) Quality….BluRay 1080p and 720p 5.1CH Format…mp4 Duration….01:44:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
She’s Out of My League (2010)
2010
1080p Untouched
7.0
Independence Day (1996)
ဒီဇာတ်ကားက ထွက်ထားတာ တော်တော်ကြာနေပေမဲ့ ဘယ်အချိန်ကြည့်ကြည့်မရိုးနိူင်တဲ့ဇာတ်ကားကောင်းတစ်ကားပါ။ ၂၀၁၆မှာ ဒီဇာတ်ကား အနှစ် ၂၀ပြည့် အထိမ်းအမှတ်အနေနဲ့Independence Day 2လာဦးမှာမို့ ဒီဇာတ်ကားကို အရင် ကြည့်ထားသင့်ပါတယ်။ ဒီဇာတ်ကားက စိတ်ကူးယာဉ်သိပ္ဗံဇာတ်ကား တစ်ကားဖြစ်ပြီး ဂြိုလ်သားတွေက ကမ္ဘာမြေကို လာဖျက်ဆီးတဲ့ ဇာတ်ကားပါ။ နည်းပညာမြင့်တဲ့ဂြိုလ်သားတွေက လူသားတွေက ဘယ်လို စိတ်ဓာတ်၊ဘယ်လို အစီအမံတွေနဲ့ ရင်ဆိုင်မှာလဲဆိုတာ စိတ်ဝင်စားစရာပါ။သူ့ခေတ် သူ့အခါတုန်းအနေအထားနဲ့ကြည့်ရင် ကွန်ပျူတာ ပြုလုပ်ချက်တွေ အဲလောက်ထိ ကောင်းမွန်တာက အံ့သြစရာပါ။ဒီဇာတ်ကားမှာတော့ ပရိသတ်အချစ်တော် Will Smithက ခေါင်းဆောင်မင်းသားအနေနဲ့ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မကြည့်ရသေးတဲ့လူများ ကြည့်လိုက်ကြပါဦး
movie
Independence Day (1996)
1996