Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Adam Sandler
7.0
Funny People(2009)
Funny People(2009)*******************လူတစ်ယောက်ဟာ အပြင်ပန်းမှာပျော်နေသလို၊ ရယ်မြူးနေသလို ထင်ရပေမယ့် အတွင်းစိတ်မှာတော့ ပူပန်မှုတွေ၊စိုးရိမ်သောကတွေ၊ အထီးကျန်ဝမ်းနည်းစိတ်တွေနဲ့ ရှင်သန်နေရတာမျိုး လူ့လောကမှာရှိတတ်ကြတာ သဘာဝပါ။အငြိမ့်စင်ပေါ်မှာ ကပြအသုံးတော်ခံနေတဲ့ လူရွှင်တော်တိုင်းဟာ သူတို့ထုတ်လိုက်တဲ့ပြက်လုံးတွေထဲကလိုဘဝကအမြဲရယ်မောပျော်ရွှင်စရာကောင်းချင်မှ ကောင်းပါလိမ့်မယ်။ဒါဟာ လူ့ဘဝရဲ့ ပုံမှန်ပြယုဂ်ပါပဲ။ အခက်အခဲ၊ အကျပ်အတည်းနဲ့ စိတ်အလိုမကျစရာတွေက"ဪ၊ သူကတော့ ပြက်လုံးတွေထုတ်တတ်တဲ့ လူရွှင်တော်ပဲ"ဆိုပြီး မကျရောက်လာတာမျိုး မရှိပါဘူး။ဒီလောကဓံတရားရဲ့ပြကွက်ကိုတော့ အခုဇာတ်ကားလေးထဲမှာ ခြယ်မှုန်းလှစ်ဟပြသထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျော့ခ်ျဆင်မွန်ဟာ အောင်မြင်တဲ့ တစ်ခန်းရပ်လူပြက်တစ်ယောက်ဖြစ်ပါတယ်။တီဗီဇာတ်လမ်းတွေ၊ ဟာသရှိုးတွေဝက်ဝက်ကွဲရိုက်ရပြီး ပြောင်မြောက်တဲ့ ပြက်လုံးတွေကြောင့်ပရိသတ်ကြားရေပန်းစားရတဲ့ အထင်ကရလူပြက်တစ်ယောက်ပါ။ကိုယ်ပိုင်အိမ်၊ခြံဝန်းနဲ့ စတိုင်ကျကျနေနိုင်ပြီး ဂျက်လေယာဉ်ဝယ်စီးနိုင်လောက်တဲ့အထိ ဝင်ငွေကောင်းပါတယ်။ဒါပေမယ့် ကံအကြောင်းမလှစွာနဲ့ပဲ သူ့မှာ AML လို့ခေါ်တဲ့သွေးအားနည်းရောဂါဆန်းတစ်မျိုး စွဲကပ်လာပါတယ်။ရောဂါအသစ်ဖြစ်လို့ ကုသနိုင်မယ့်ဆေးမရှိသေးတာကြောင့် ဘဝကိုလက်လျှော့အရှုံးပေးရမလိုဖြစ်နေချိန်မှာတိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့ကိုအထင်ကြီးအားကျတဲ့ လူပြက်ပေါက်စ အိုင်ရာရိုက်နဲ့ ဆုံမိခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့...............ဒီဇာတ်ကားကိုကြည့်ရင်း မိတ်ဆွေတို့လည်း ကိုယ့်ဘဝကိုယ်တစ်ချက်လည်ပြန်စောင်းငဲ့ကြည့်မိကြမှာပါ။အဒမ်ဆန်ဒလာ၊ ဆာ့သ်ရော်ဂန်နဲ့ လက်စ်လီမန်းတို့ဦးဆောင်ပါဝင်ထားတဲ့ဒီဇာတ်ကားဟာ reviewကောင်းတွေလည်းရရှိထားတာဖြစ်ပါတယ်။File Size :(4.05 GB) (1.4 GB) and (445 ...
movie
Funny People(2009)
7.0
The Longest Yard(2005)
The Longest Yard(2005) အညွှန်း***************************1974 မှာထွက်ရှိခဲ့ပြီး ရွှေကမ္ဘာလုံးဆုရရှိခဲ့တဲ့ အမေရိကန် ထောင်ဟာသဇာတ်ကားကို 2005 မှာAdam Sandler နဲ့ ပြန်လည်ဆန်းသစ်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။လူရယ်လို့ဖြစ်လာရင် တသီးတသန့်နေလို့မရပါဘူး။ ဆိုင်ရာ ဆိုင်ရာ ချစ်ခင်ရတဲ့မိသားစု မိတ်ဆွေသူငယ်ချင်းချစ်သူရည်းစားကတော့ ရှိကြစမြဲပါပဲ။ သို့ပေမယ့် ပေါလ်ခရူး (ခ) နာမည်ပျက်နဲ့ ကျော်ကြားတဲ့ရက်ဂ်ဘီကစားသမားဟောင်းမှာတော့ အဲဒီလိုတွေမရှိရှာပါဘူး။ရှိရင်လည်း သူ့အချိုးတွေကြောင့် ရေစက်ပြတ်ကုန်ကြတာကိုး။ခုလည်း သူ့ချစ်သူရဲ့ကားကိုခိုးပြီး ရဲတွေကို ပြဿနာသွားရှာလို့ ထောင်သုံးနှစ်ကျပါလေရောလား။ထူးဆန်းတာက သူရောက်သွားတဲ့ထောင်က ထောင်ပိုင်ဟာအစိုးရအဖွဲ့ ရွေးကောက်ပွဲဝင်ချင်နေပြီး ပြည်သူတွေကြားမှာကျော်စော်ချင်နေတဲ့ငနဲကြီးဖြစ်နေတော့ ထောင်စောင့်တွေနဲ့ ထောင်သားတွေတစ်သင်းစီ ခြေစစ်ပွဲလုပ်မယ်ဆိုပြီး ပေါလ်ကိုအတင်းအကျပ် ထောင်သားတွေနဲ့ အသင်းဖွဲ့ခိုင်းတော့တာပါပဲ။လူ့ဂွစာကြီးဘယ်လိုတွေဆက်ဖြတ်သန်းမလဲဆိုတာကိုတော့... File Size :(2.5GB)(1.1GB) and (330 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:55:00 Genre : Crime , Sport, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie
The Longest Yard(2005)
7.0
The Wedding Singer(1998)
The Wedding Singer(1998) အညွှန်း*******************************Adam Sandler နဲ့ Drew Barrymore တို့ရဲ့ နောက်တစ်ကား..ရော်ဘီဟာ့ထ်ဆိုတဲ့ အဆိုရှင်တစ်ဦးကတော့ အတော်လေးအချစ်ကံခေခဲ့သူလေးဖြစ်ပါတယ်။လက်ထပ်ဖို့အထိရည်ရွယ်ထားသူဆီက အစွန့်ပစ်ခံခဲ့ရတဲ့ရော်ဘီတစ်ယောက်ဂျူလီယာဆိုတဲ့ မိန်းမလှလေးနဲ့ တွေ့ဆုံမိမှ ပျော်ရွှင်မှာကိုပြန်ရှာတတ်လာပါတော့တယ်။ဒါပေမယ့်လည်း ဂျူလီယာဆီမှာလည်း လက်ထပ်ရမယ့်သူကရှိနေပြန်တော့ခပ်နုံနုံ ရော်ဘီတစ်ယောက် ရှေ့တိုးဖို့ခက်နောက်ဆုတ်ဖို့မလွယ်နဲ့ပေါ့။အလွဲလေးတွေကိုယ်စီနဲ့ အချစ်ကံခေတဲ့ရော်ဘီတစ်ယောက်ကိုယ်ချစ်တဲ့မိန်းကလေးကို တစ်ပါးသူလက်ထဲက အမိဆွဲထားနိုင်ပါ့မလား၊ဂျူလီကရော လက်ထပ်ဖို့အထိရည်ရွယ်ထားတဲ့သူကိုပစ်ပြီး ရော်ဘီကိုရွေးချယ်ပါ့မလားဆိုတာကိုတော့ ဆက်လက်စောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်။သီချင်းငြိမ့်ငြိမ့်လေးတွေနဲ့အတူ ရိုမန့်တစ်လည်းဆန်ဆန် ဟာသလည်းနှောရက်နဲ့ သိပ်ကြည့်လို့ကောင်းတဲ့ ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့အပြင်မင်းသမီးလေးကလည်း သိပ်လှတာမို့ လက်မလွှတ်တမ်းကြည့်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ်ဗျာ။ File Size : (1.8GB )(941 MB) and (213MB) Quality : Blu-Ray 720p Format…mp4 Duration…01:37:00 Genre : Romance , Comedy, Music Subtitle : Myanmar Subtitle (Hard Sub) Translated by Hae Areum Encoded by Phyo Pyae
movie
The Wedding Singer(1998)
7.0
Mr. Deeds(2002)
Mr. Deeds(2002) အညွှန်း*********************Adam Sandler ဆိုတာ အခြားမင်းသားတွေလို ရူပါ မဖြူးသလိုစွဲမက်ဖွယ် ခပ်ဖြောင့်ဖြောင့် body ရှိသူလည်းမဟုတ်ပါဘူး...သို့ပေမဲ့သူရိုက်တဲ့ romance ,drama တွေဟာ ကျွန်တော်တို့ ရင်ထဲကိုအမျိုးမျိုးသော ရသတွေရောက်ရှိအောင် ပို့ဆောင်နိုင်သူပါ...ဒီဇာတ်ကားလေးဟာ ဒါရိုက်တာ Steven Brill ရိုက်ကူးထားပြီး အားလုံးသိတဲ့မင်းသားကြီး Adam Sandler နဲ့ မင်းသမီး Winona Ryder တို့အပြင် အခြားသောသရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထားတဲ့အချစ်ဟာသကားလေးပဲဖြစ်ပါတယ်။ ဇာတ်ကားထဲမှာတော့ ဘလိတ်မီဒီယာရဲ့ ပဲ့ကိုင်ရှင်ဖြစ်သူပရက်စတန်ဘလိတ်ရဲ့သေဆုံးမှုကြောင့် သူ့ရဲ့ကျန်ရှိတဲ့ အမွေပစ္စည်းတွေနဲ့ရှယ်ယာတွေကိုဆက်ခံမယ့်သူလိုက်ရှာရာမှာ လူမသိသူမသိမြို့လေးတစ်ခုမှာနေထိုင်နေတဲ့ ဘလိတ်ရဲ့တူ လောင်းဖဲလိုးဒိစ် (Adam Sandler)ကို သွားတွေ့ပါတော့တယ်။ဒီတော့ ဒိစ်ဟာစာရွက်စာတမ်းကိစ္စတွေနဲ့ နယူးယောက်မြို့ကိုလိုက်လာရင်း ရိုးအေးပြီးကူညီချင်စိတ်အပြည့်ရှိတဲ့ဒိစ်ဟာမီဒီယာတစ်ခုရဲ့သတင်းထောက်ဖြစ်သူ ပန်ဒေါ်ဆန်(Winona Ryder) နဲ့တွေ့ဆုံပြီးဘယ်လိုပြဿနာတွေကြုံရမလဲဆိုတာကိုတော့... File Size : (3.5GB )(995 MB) and (465 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:36:00 Genre : Comedy ,Romance Subtitle : Myanmar Subtitle (Hard ...
movie
Mr. Deeds(2002)
7.3
Hustle (2022)
Hustle (2022) =========== IMDb Rating - 7.3/10 Comedy, Drama, SportBasketball ကိုအခြေခံထားတဲ့ Netflix ရဲ့ Sport ဇာတ်ကားကောင်းလေး အသစ်ထွက်လာပါတယ်။ နာမည်ကြီး ဟာသ သရုပ်ဆောင် Adam Sandler က ဦးဆောင်ပါ၀င်ထားပြီး IMDB မှာလည်း 7.3 အထိရထားပါတယ်။ ဇာတ်လမ်းအညွှန်းက စတန်လီဟာ NBA လိဂ် ( အမေရိကန် ဘတ်စ်ကတ်ဘော ပရိုလိဂ်) စစ်ဆာ ဘတ်စ်ကတ်ဘော အသင်းရဲ့ ကစားသမားရှာ ကင်းထောက် အဖြစ်လုပ်ခဲ့တာ သူ့တစ်သက်နည်းပါးပါပဲ ။နောက်ဆုံး အသင်းပိုင်ရှင်အပြောင်းအလဲမှာ သူ့ကို လက်ထောက်နည်းပြအဖြစ် ခန့်ဖို့ အကြောင်းဖန်လာပါတယ် ။ ဒါပေမယ့် ပရိုလိဂ်နဲ့ ကိုက္မယ့် ကစားသမား တစ်ယောက်ရှာခဲ့ဆိုပြီး တာ၀န်ပေးလိုက်ပါတယ်။ သူ့ဘ၀ရဲ့ နောက်ဆုံးနဲ့အကောင်းဆုံး ကစားသမားကိုရှာဖို့ စပိန်ကိုထွက်လာခဲ့ပေမယ့်၊ မထင်မှတ်ဘဲ လမ်းဘေး basketball ပွဲကနေ ရွက်ပုန်းသီး ကစားသမားတစ်ယောက်ကိုတွေ့သွားပြီး NBA စင်မြင့်ပေါ် တင်ကာ အောင်မြင်မှုတွေ ဆွတ်ခူးသွားမယ့်ပုံကို ကြည့်ရမယ့် ကားကောင်းလေး ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Thiha ...
movie
Hustle (2022)
2022
5
Jack and Jill (2011)
[Unicode]ချစ်စရာကောင်းတဲ့မိသားစုလေးကိုပိုင်ဆိုင်ထားတဲ့အောင်မြင်နေတဲ့ကြော်ငြာလုပ်ငန်းစုက Jack နဲ့ Thanksgiving ရောက်တိုင်း တစ်နှစ်ကိုတစ်ကြိမ် အစ်ကိုရှိရာနေရာကို လာလာလည်တဲ့ သူ့ရဲ့အမြွှာညီမလေး Jill...ကလေးဆန်ပြီး ရိုးသားပွင့်လင်းတဲ့ အဒေါ်အပျိုကြီး Jill ဟာ တူတူမတွေနဲ့ပျော်ရင်းပါးရင်း ဒိတ်လုပ်ဖို့ပါ အကြံဉာဏ်ရပြီး သူရဲ့ဖူးစာရှင်ကို ရှာဖွေပါတော့တယ် ။ညီမဖြစ်သူရဲ့ အမူအကျင့်တွေကြောင့်စိတ်ရှုပ်နေတဲ့ Jack ကတော့ သူ့ညီမ မြန်မြန်ပြန်ဖို့ကိုသာ အာရုံစိုက်နေပါတော့တယ်..တစ်ဖက်မှာလည်း မင်းသားကြီးAl Pacino နဲ့သာကြော်ငြာရိုက်ချင်ပါတယ်ဆိုတဲ့ client ကြောင့်အခက်တွေ့နေတဲ့ Jackကစားပွဲတစ်ခုမှာAl Pacino နဲ့အလုပ်အကြောင်းပြောဖို့ကြိုးစားရင်း ထင်မှတ်မထားပဲ ညီမဖြစ်သူကိုပါစိတ်ဝင်စားသွားကြောင်း သိလိုက်ရတဲ့အခါJack ဟာဘယ်လို ဉာဏ်နီဉာဏ်နက်တွေထုတ်သုံးပြီး စီမံသွားမလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်...။ဒီအမြွှာမောင်နှမရဲ့ဇာတ်လမ်းလေးကို ဟာသဆန်ဆန်ရိုက်ကူးထားတာဖြစ်လို့ ကြည်ရှုသူများဘဝအမောတွေပြေစေဖို့တင်ဆက်ပေးလိုက်ရပါတယ်...။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thinzar Oo ဖြစ်ပါတယ် ) [Zawgyi]ချစ်စရာကောင်းတဲ့မိသားစုလေးကိုပိုင်ဆိုင်ထားတဲ့အောင်မြင်နေတဲ့ကြော်ငြာလုပ်ငန်းစုက Jack နဲ့ Thanksgiving ရောက်တိုင်း တစ်နှစ်ကိုတစ်ကြိမ် အစ်ကိုရှိရာနေရာကို လာလာလည်တဲ့ သူ့ရဲ့အမြွှာညီမလေး Jill...ကလေးဆန်ပြီး ရိုးသားပွင့်လင်းတဲ့ အဒေါ်အပျိုကြီး Jill ...
movie
Jack and Jill (2011)
5.4
Hubie Halloween 2020
မင်းသားကြီး အဒမ် ဆမ်ဒလာရဲ့ ဟောလိုးဝင်း ဟာသ ကားအသစ် ထွက်ပါပြီ။ ဒီရုပ်ရှင်မှာတော့ အဒမ်ဟာ ဟျူဘီ ဒူဘွား ဆိုတဲ့ သဘောကောင်းပြီး ရိုးအတဲ့လူကြီး၊ တစ်မြို့လုံးက အနိုင်ကျင့်ခံရတဲ့သူ အဖြစ် ပါဝင်ထားပါတယ်။ ဟျူဘီဟာ အင်မတင် ရိုးအပြီး ကြီးမားတဲ့ ယုံကြည်ချက်ကြီး တစ်ခုလည်း ရှိပါတယ်။ အဲဒါကတော့ ဟောလိုးဝင်း ညတိုင်းမှာ မြို့သူမြို့သားတွေ ဘေးကင်းဖို့ဟာ သူ့တာဝန်ပဲ ဖြစ်တယ်လို့ပါပဲ။ ဒါကြောင့် ဟောလိုးဝင်းညတိုင်းမှာ တစ်မြို့လုံးကို ကင်းလှည့်ပြီး အမြင်မတော်တာတွေ မသင်္ကာတာတွေကို ရဲကို သတင်းပြေးပြေးပို့တတ်ပါတယ်။ ဒါကြောင့် တစ်မြို့လုံးက လူတွေရော၊ ရဲတွေရောက ဟျူဘီကို အမြင်ကတ်ပြီး ပတ်ရှောင်နေကြရတာပါ။ ဒီလိုနဲ့ အခုရောက်လာတဲ့ ဟောလိုးဝင်းညမှာတော့ အရင်က ဟောလိုးဝင်း ညတွေလို မဟုတ်ဘဲ ထူးခြားတဲ့ ကိစ္စတွေ၊ လူပျောက်ဆုံးမှုတွေစတင်ဖြစ်လာပြီး ဟျူဘီက ရဲတွေကို သတင်းပေးပေမယ့် ...
movie
Hubie Halloween 2020
7.3
Punch-Drunk Love(2002)
Punch-Drunk Love(2002)IMDb - 7.3ဘယ်ရီတဲ့ သူဟာ ကြောင်တောင်တောင်လူလို့ပဲပြောရမလားမသိ...သူဟာ အချစ်ဆိုတာ မကြုံခဲ့ဖူးသူ ....သူ့မှာ အစ်မတွေ ၇ ယောက်တောင်ရှိတယ်...ဒီအစ်မတွေဟာ သူငယ်ငယ်က ဖြစ်ပျက်ခဲ့တဲ့ ရယ်စရာကိစ္စတစ်ခုနဲ့ ပတ်သတ်ပြီး သူ့ကိုအမြဲလှောင်ပြောင်နေလေ့ရှိတယ် ...အဲ့ဒီအစ်မတွေကပဲ အချစ်မရှာတဲ့သူ့အတွက် ချစ်သူတစ်ယောက် ဝိုင်းရှာပေးကြတယ် ..အကွက်တွေဖန်ပေးကြတယ် ....ဒါပေမဲ့လည်း ဘယ်ရီတစ်ယောက်ဟာ အဆင်မပြေနေခဲ့လေတော့ တစ်ယောက်တည်း အထီးကျန်နေတာပေါ့ ..ဒီလိုနဲ့ တစ်နေ့မှာ သူ့ရဲ့အထီးကျန်မှုကို ခဏတာဖြေဖျောက်ဖို့ လုပ်ငန်းတစ်ခုနဲ့ဆက်သွယ်မိချိန်ကစလို့ကိစ္စပေါင်းစုံကြုံရပါတော့....ဒီကားက မင်းသားကြီး Adam Sandler ကိုတော့တော်တော်များများသိကြမှာပါ..ရုပ်ရည်ပြေပြစ်တဲ့မင်းသားမဟုတ်ပေမဲ့ Drama တွေ Romance တွေမှာဆိုပရိတ်သတ်နှလုံးအိမ်ကို လွန်စွာမှ ဖမ်းစားနိုင်တာသိကြမှာပါ...သူ့ကားတော်တော်များများ တကယ်ကောင်းလွန်းသလိုယခုကားလည်း ကောင်းတဲ့ဇာတ်ကားတစ်ကားပေမို့ တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်.....File Size : (850 MB) and (469 MB) Quality : Blu-Ray 720p Format…mp4 Duration…01:35:00 Genre : Romance, Drama, ...
movie
Punch-Drunk Love(2002)
6.8
50 First Dates(2004)
50 First Dates(2004)သစ္စာနီကပြောတယ် အချစ်ဆိုတာ ဆပ်ပြာဖူဖောင်းတဲ့ တာရာမင်းဝေကတော့ အချစ်ဆိုတာ မသိစိတ်ရဲ့တည်ရှိခြင်းနဲ့ ဖြစ်ခြင်းကြားက လျှို့ဝှက်သောဆုံမှတ်တဲ့ တက္ကသိုလ်ဘုန်းနိုင်ကတော့ အချစ်စစ်ဆိုတာ တစ်သက်မှာတစ်ခါပွင့်တဲ့ ပိတောက်ပန်းရဲ့သစ္စာတရားနဲ့ခိုင်းနှိုင်းထားတယ် အချစ်ကြောင့်ဖြစ်တဲ့လုပ်ရပ်တွေကိုတော့တစ်ချို့ကပြောကြတယ် ဟန်ဆောင်မှုတွေကျော်လွန်ပြီး သတ္တိတွေရဲ့အလွန်ကိုတွန်းပို့ခြင်းခံရတဲ့လုပ်ရပ်တဲ့ ရူးသွပ်မိုက်မဲခြင်းလို့လည်း ခပ်ကြမ်းကြမ်းခေါင်းစဉ်တပ်ကြတာလည်းရှိတယ်....ကျွန်တော်တို့ဘဝမှာ မိုက်မဲခြင်းရူးသွပ်ခြင်းတွေမြောက်များစွာ လုပ်ခဲ့ကြတယ် ဒီလိုလုပ်ရပ်တွေကြားမှာ အချစ်ကြောင့်ရူးသွပ်သွားတာကတော့ အရမ်းချိုမြိန်ပျော်ရွှင်ဖို့ကောင်းပါတယ် .....ဘာလို့ဆိုနှလုံးသားရဲ့လိုအပ် ချက် အချစ်ကိုတခြားအရာတွေက ဖြည့်ဆည်းပေးနိုင်တာမှမဟုတ်တာ......... ငါးပြတိုက်မှာအလုပ်လုပ်နေတဲ့လူရွယ်တစ်ယောက်ရှိတယ်...တစ်နေ့စားသောက်ဆိုင်မှာထိုင်နေရင်း မုန်တွေ့နဲ့ဆော့ကစားနေတဲ့ကောင်မလေးကိုတွေ့ မိတယ်....အဲ့ကောင်မလေးကိုမြင်တော့စိတ်ဝင်စားသွားပြီး ချဉ်းကပ်မိတယ်.....သူအောင်မြင်ပါတယ်...နောက်နေ့ဒီလိုအချိန်တွေ့ဖို့ကောင်မလေး ကတောင်ပြန်ချိန်းသွားတယ်....နောက်တစ်နေ့မှာ ကောင်မလေးနဲ့တွေ့တော့ သူနှုတ်ဆက်မိတယ်...ထူးဆန်းတာက ကောင်မလေးရဲ့တုန့်ပြန်မှုပဲ... ခပ်စိမ်းစိမ်းကြည့်ရင်း ဘာတွေလာကြောင်နေတာလဲဆိုတဲ့ခွန်းတုံပြန်မှုကြောင့် သူဆွံအသွားတယ်.... နောက်မှသိလိုက်ရတာက ကောင်မလေးဟာ ကားမတော်တဆမှုကြောင့် ခပ်ဆန်းဆန်းအတိတ်မေ့ရောဂါရနေတာပါပဲ..... ကျွန်တော်ပြောတဲ့ သတ္တိတွေရဲ့အလွန် ရူးသွပ်မိုက်မဲခြင်းဆိုတာ အဲ့ဒီမှ စတာပဲ...ဆက်ပြောရင် ပေါ့သွားမှာစိုးရိမ်လို့ ဒီတင်ပဲနားပါရစေ.... " ခင်ဗျား တို့ ကျွန်တော့ကိုရူးတယ်ပဲပြောပြော မိုက်မဲလွန်းတယ်ပြောပြောရပါတယ် ဒါပေမဲ့ ကျွန်တော်ပျော်တယ် ကျွန်တော့ဘဝဟာ သူမပါ.... အားလုံးအတွက်ရင်ဆိုင်နိုင်တယ်...နောက်တစ်ခုပြောချင်တာက ကျွန်တော့ကိုပြစ်တင်ဝေဖန်နေမိတယ်ဆိုရင် သေချာတယ် ခင်ဗျားဟာ အချစ်ကိုမကြုံဖူးသေးသလို ကျွန်တော့လိုအချစ်စစ်တစ်ခုနဲ့မချစ်ဖူးသေးလို့ပါပဲ...." ဒီကားလေးပြီးတော့ လူရွယ်က ကျွန်တော်တို့ကို အသံတိတ် ဒီစကားလေးပြောသွားတယ်လို့ ကျွန်တော်ထင်မိတယ်File Size…(850MB) Quality…BluRay 720p Format…mp4 Duration…01:39:00 Subtitle…Myanmar Subtitle(Hardsub) Encoder… ...
movie
50 First Dates(2004)
2004
8.0
Uncut Gems(2019)
Uncut Gems(2019)IMDb....8.0,,,,,Rotten..93%(unicode)ကျောက်ရိုင်းတုံး သို့မဟုတ် မသွေးရသေးတဲ့ ကျောက်ပေါ့ ဒီကျောက်တစ်တုံးပတ်မွှေတာနဲ့တင်တိုင်လည်နေတဲ့ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် ဟော၀ပ်ရပ်တနာ Click ကားနဲ့နာမည်ကြီးခဲ့တဲ့မင်းသားကြီးAdam Sandler ကိုမြင်ရမှာပါ အဲ့ဘဲကြီးကားတွေဆိုကတည်းက လုံး၀ ပြဿနာပေါင်းစုံနဲ့ မရိုးရတဲ့ကားတွေပဲဖြစ်တယ်ဆိုတာကို အားလုံးလည်း သိကြမှာပါ...ဒီကားမှာလည်း တချိန်လုံးပြဿနာတက် ကွိုင်တက်တိုင်တွေပတ်နေတာကိုမြင်ရမှာပါ ...လက်၀တ်ရတနာဆိုင်ရှင်ဟော၀ပ်ရပ်တနာတစ်ယောက် အီသီယိုးပီးယားက ရောင်ပြေးရွဲကျောက်လေးတစ်လုံးရလာချိန် အဲ့ကျောက်နဲ့ဘယ်လိုတွေ အရှုတ်အထွေးတွေ ဖြစ်မလဲကြည့်ရမှာပါ.....ကြည့်ရင်းကြည့်ရင်း ကိုယ်တိုင်ပါ တိုင်ပတ်သလိုဖြစ်လာပါလိမ့်မယ်... လောင်းကစားဝါသနာအိုးကြီးဖြစ်တဲ့ဟောဝပ် အိမ်ထောင်ရေးလူမှုရေးနဲ့စီးပွါးရေး သုံးရပ်လုံးမှာပြဿနာအလီလီတက် သူ့ကိုဆိုဘယ်သူမှမယုံကြည်ချင်ဖြစ်လောက်အောင် ကံကလဲမျက်နှာသာမလိုက်ခဲ့ပါဘူးမျက်နှာသာလိုက်တဲ့ခါကျပြန်တော့လဲ မမျှော်လင့်ထားတဲ့ဘယ်လို ကိစ္စတွေထပ်ဖြစ်မလဲကတော့ပရိတ်သတ်ကြီးကိုယ်တိုင်ပဲကြည့်ကြည့်ပါ IMDbမှာ8ရထားပြီးRottenTomatoesမှာ93%နဲ့လတ်လတ်ဆတ်ဆတ်ကြီးဆိုတော့ဘ၀မှာအမြဲအဆင်ပြေနေတဲ့ CM ပရိတ်သတ်တွေအနေနဲ့ ရသမြောက်စွာ အရှုတ်အထွေး တွေပြည့်နေတဲ့ ဒီကားကို လွန်စွာမှ သဘောကျလိမ့်မယ်လို့ ညွှန်းဆိုလိုက်ပါတယ်.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing နဲ့ Aye Mon Kyaw တို့ပဲဖြစ်ပါတယ်....File Size : (1.04 GB) and (409 MB) Quality : Blu-Ray ...
movie
Uncut Gems(2019)
6.2
Anger Management (2003
ဒေ့ဗ် ဟာ အရမ်းတော်တဲ့ စီးပွားရေးသမား တစ်ယောက်ဖြစ်ပါတယ် အရာရာတိုင်းကို စည်းစနစ်တကျ လုပ်တက်ပြီး အရှက်အကြောက်လဲ ကြီးသလို ဒေါသကိုလဲ မျိုသိပ်နိုင်သူဖြစ်ပြီး အောက်ကျို့တက်သူပါ ဒါပေမဲ့ တစ်ရက်မှာတော့ အလုပ်ကိစ္စ တစ်ခုကို ချိန်းဆိုထားလို့ လေယဉ် နဲ့ ခရီးထွက်ရပါတော့တယ်... အဲ့ဒီမှာ ပြသနာက စတော့တာပါပဲ ဒေ့ဗ် ဘေးနားမှာ ကျပ်မပြည့်တဲ့ အူကြောင်ကြား ဘဲတစ်ပွေ ရောက်နေပြီး စိတ်အနှောက်အယှက်ဖြစ်စရာတွေကိုပဲ ဆက်တိုက်လုပ်နေခဲ့ပါတယ်... သက်သာလို သက်သာငြား ဆိုပြီး နားကြပ်လေးတပ်ပြီး ရုပ်ရှင်ကြည့်ဖို့ လေယဉ်မယ် ကို အကူအညီတောင်းခဲ့ပေမဲ့ တလွဲတွေ ဖြစ်ခဲ့ပြီး နောက်ဆုံး ကိုယ်ထိလက်ရောက်မှု နဲ့ တရားရုံးရောက်ခဲ့ပါတယ် တရားသူကြီးက အင်မတန်စိတ်ရှည်ပြီး ဒေါသထိန်းချုပ်နိုင်တဲ့ ဒေ့ဗ် ကိုမှ ဒေါသထိန်းချုပ်နည်း သင်တန်း တက်ဖို့ အမိန့်ချမှတ်လိုက်ပါတော့တယ် ကဲ ဒေ့ဗ် တစ်ယောက် အေးချမ်းတဲ့ ဘ၀လေး ကနေ ဘယ်လို သောက်တလွဲ တွေ နဲ့ စတင်တော့မလဲ ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါစို့ ဒီရုပ်ရှင်ကားကို Yuki Aurora က ဘာသာပြန်ပေးထားပြီး Thit San Khant မှ Encode ၍ ...
movie
Anger Management (2003
2003
6.0
Grown Ups (2010)
Grown Ups ဆိုတဲ့ကားလေးက ၂၀၁၀ ခုနှစ်က ထွက်ခဲ့တဲ့ အမေရိကန် comedy ရုပ်ရှင်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ အလယ်တန်းတုန်းက အတူဘတ်စကတ်ဘောကစားခဲ့ကြတဲ့သူငယ်ချင်း ၅ ယောက် သူတို့ရဲ့ နည်းပြဖြစ်သူ ဆုံးသွားကြောင်းကို ကြားသိပြီးနောက် ပြန်လည်ဆုံစည်းဖြစ်ခဲ့ကြပုံလေးပါ။သူငယ်ချင်း ၅ ယောက်ဆိုပေမယ့် မတူကွဲပြားတဲ့ စရိုက်ကိုယ်စီ ရှိကြသူတွေဖြစ်ပြီး လက်ရှိမှာလည်း ကိုယ်ပိုင် မတူညီတဲ့ ဘဝအသီးသီးကို ပိုင်ဆိုင်ထားကြပါတယ်။ဒါပေမယ့်ဒီလိုစရိုက်မတူသူ ၅ ဦးကပဲ ငယ်စဉ်က ကျောင်းဘတ်စကတ်ဘော ပြိုင်ပွဲမှာ ချန်ပီယံဆုကို ရရှိိခဲ့ကြသူတွေ ဖြစ်ကြပါတယ်။ဘတ်စကတ်ဘောလို အားကစားတစ်ခုကစားရာမှာ တစ်ဦးတစ်ယောက်တည်း ကောင်းနေရုံနဲ့ နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။တစ်သင်းလုံး တက်ညီလက်ညီ စိတ်တူကိုယ်တူနဲ့ အပေးအယူမျှမျှှ ကစားရတာမျိုး ဖြစ်ပါတယ်။ဒါပေမယ့်ဒီလို စရိုက်ချင်းမတူညီကြတဲ့ သူငယ်ချင်း ၅ ယောက်ကရော ဘယ်လိုကြောင့် ပြိုင်ပွဲမှာအနိုင်ရရှိခဲ့ကြတာလဲ?သူတို့ ၅ ယောက်ရဲ့ တူညီတဲ့ အချက်ကရော ဘာဖြစ်နိုင်မလဲ?နှစ်တွေအကြာကြီး ကွဲကွာနေတဲ့ ငယ်သူငယ်ချင်းတွေ ပြန်တွေ့တဲ့အခါမှာရော ...
movie
Grown Ups (2010)
2010
4.8
The Ridiculous 6 (2015)
လူဆိုးကြီးမှာ မမွေးခင်ကတည်းကကွဲနေတဲ့ သားခြောက်ယောက်ရှိပါတယ် လူဆိုးကြီးဟာ အသက်ကြီးလာတာကြောင့်မဆိုးနိုင်တော့ပါဘူး လူဆိုးကြီးက အချီကြီးတစ်ခါလောက်ရရင်နားမယ်ဆိုပြီးကြံနေပါတယ် လူဆိုးကြီးဟာ သူ့သားခြောက်ယောက်ကိုအယုံသွင်းပြီး ဒေါ်လာငါးသောင်းကိုဓားပြတိုက်အောင်လုပ်ပါတော့တယ် မတူညီတဲ့သားခြောက်ယောက်ရဲ့စရိုက်ကဇာတ်လမ်းကို ပုံမှန်ကောင်းဘွိုင်ကားတွေနဲ့မတူအောင်လုပ်သွားနိုင်ပါတယ် သားခြောက်ယောက်နဲ့အဖေ ဘယ်သူနိုင်သွားမလဲဆိုတာ အခုပဲဒေါင်းလုပ်ဆွဲပြီးကြည့်လို့ရပါပြီ ဘာသာပြန်ပေးထားတာတော့ကိုမျိုးညွန့်ဖြစ်ပါတယ် encoded by sithu
movie
The Ridiculous 6 (2015)
2015
6.5
Blended(2014)
Blended (2014) IMDB..... 6.5 ဒီကားထဲက မင်းသား Adam Slanderကိုအတော်များများလည်း ရင်းနှီးပြီးသား ဖြစ်မှာပါ။ သူရဲ့ရုပ်ရည်နဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက နှုတ်ခမ်းနီမလေးတို့အကြိုက်မဖြစ်သလို ရိုက်တဲ့ဇာတ်ကားတော်တော်များများရဲ့ Character ပိုင်းကလည်း ထက်မြက်ထူးချွန်တဲ့ ပုံစံမျိုးမရှိသလောက်ပါပဲ... အူတူတူ အတတနဲ့ ပေါက်ကရ အလွဲလွဲအချော်ချော်တွေကြီးပဲ...သို့ပေမယ့် ဒီစရိုက် ဒီပုံစံနဲ့လူကြီးကပဲ ကျွန်တော်တို့ရဲ့ နှုတ်ခမ်းတွေကိုပြုံးပျော်နိုင်စေသလို နှလုံးအိမ်ကိုလည်း ၀မ်းနည်းကြေကွဲအောင်လုပ်နိုင်စွမ်းရှိတယ်.... ဒီကားလေးမှာလည်း အိမ်ထောင်ဖက်ကောင်းရှာဖို့ blind date ကျရင်း အလွဲလွဲအချောချောဖြစ်တဲ့ လူကြီးတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို အဓိကထားရိုက်ကူးထားတာပါ... ကိုင်းပရိတ်သတ်ကြီးရေ အကြောင်းအမျိုးမျိုးကြောင့် တင်းတင်းစေ့ထားရတဲ့ ခင်ဗျားတို့ နှုတ်ခမ်းတွေကို ပျော်ရွှင်စွာနဲ့ ကွေးညွှတ်သွားစေချင်ရင်တော့ ဒီကားလေးကိုကြည့်လိုက်ပါနော်..... စကားမစပ် ဒီမင်းသားနဲ့မင်းသမီးပဲရိုက်ထားတဲ့ 50 First Dates လည်းကောင်းတယ်နော်..... File Size : (1GB) and (373 MB) Quality : Blu-Ray 720p Format…mp4 Duration…01:570:00 Genre : Comedy, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by May Tharaphi Lwin Encoded by Phyo Pyae
movie
Blended(2014)
2014
6.3
Blu-Ray 1080p 5.1 CH x264 Hotel Transylvania 3: Summer Vacation (2018) IMDb - 6.3/10_____Rotten - 62% သွေးစုပ်ဖုတ်ကောင်ကြီး ဒရက်ကူလာခေါ် ဒရက်ဟာ မုဆိုးဖို ဖြစ်ပြီး နောက်ပိုင်းမှာ အထီးကျန် ဝေဒနာ ခံစားနေရတာကြောင့် သူ့ သမီးမေးဗစ္စက သူ့အတွက် ချစ်သူအသစ် ရှာပေးရင်း ပင်လယ်ကူး အပျော်စီးသင်္ဘောကြီးနဲ့ အပန်းဖြေခရီးထွက်ဖို့ စီစဉ်ပေးပါတယ်။ဒရက်၊မေးဗစ္စနဲ့ သူမခင်ပွန်းဂျော်နီတို့ ဦးဆောင်ပြီး ဒရက်မိသားစုပိုင် ဟိုတယ်မှာ လာတည်းတဲ့ ဧည့်သည်တွေအားလုံး ဂယ်လက်ဇီသင်္ဘောကြီးနဲ့ ခရီးထွက်ကြတော့ ချောမောလှပတဲ့ လူသားရေယာဉ်မှူး အဲရစ်ကာကို ဒရက်က မြင်မြင်ချင်း ချစ်မိသွားတယ်။ဒရက်အလစ်မှာ အဲရစ်ကာက သင်္ဘောအောက်ထပ်မှ ာ ပုန်းပြီး လိုက်ပါလာတဲ့ သူမအဘိုး ဗင်ဟဲလ်ဆင်းနဲ့ သွားတွေ့တယ်။ဗင်ဟာ သွေးစုပ်ဖုတ်ကောင်နဲ့ တ ခြား ကြောက်စရာ သတ္တဝါကောင်တွေ အားလုံးကို မျိုးဖြုတ်သုတ် ...
movie
Hotel Transylvania 3: Summer Vacation (2018) Blu-Ray 1080p 5.1 CH x264
2018
6.3
Hotel Transylvania 3: Summer Vacation (2018)
Hotel Transylvania 3: Summer Vacation (2018) IMDb - 6.3/10_____Rotten - 62% သွေးစုပ်ဖုတ်ကောင်ကြီး ဒရက်ကူလာခေါ် ဒရက်ဟာ မုဆိုးဖို ဖြစ်ပြီး နောက်ပိုင်းမှာ အထီးကျန် ဝေဒနာ ခံစားနေရတာကြောင့် သူ့ သမီးမေးဗစ္စက သူ့အတွက် ချစ်သူအသစ် ရှာပေးရင်း ပင်လယ်ကူး အပျော်စီးသင်္ဘောကြီးနဲ့ အပန်းဖြေခရီးထွက်ဖို့ စီစဉ်ပေးပါတယ်။ဒရက်၊မေးဗစ္စနဲ့ သူမခင်ပွန်းဂျော်နီတို့ ဦးဆောင်ပြီး ဒရက်မိသားစုပိုင် ဟိုတယ်မှာ လာတည်းတဲ့ ဧည့်သည်တွေအားလုံး ဂယ်လက်ဇီသင်္ဘောကြီးနဲ့ ခရီးထွက်ကြတော့ ချောမောလှပတဲ့ လူသားရေယာဉ်မှူး အဲရစ်ကာကို ဒရက်က မြင်မြင်ချင်း ချစ်မိသွားတယ်။ဒရက်အလစ်မှာ အဲရစ်ကာက သင်္ဘောအောက်ထပ်မှ ာ ပုန်းပြီး လိုက်ပါလာတဲ့ သူမအဘိုး ဗင်ဟဲလ်ဆင်းနဲ့ သွားတွေ့တယ်။ဗင်ဟာ သွေးစုပ်ဖုတ်ကောင်နဲ့ တ ခြား ကြောက်စရာ သတ္တဝါကောင်တွေ အားလုံးကို မျိုးဖြုတ်သုတ် သင်ဖို့ အမြဲကြိုးစားနေသူ ဖြစ်တယ်။သည်တစ်ခါတော့ ရှေးဟောင်းရေ ...
movie
Hotel Transylvania 3: Summer Vacation (2018)
2018
6.7
Hotel Transylvania 2 (2015)
Hotel Transylvania 2 (2015)IMDb - 6.7/10_____Rotten - 56% 2012 က အောင်မြင်ကျော်ကြားလူကြိုက်များခဲ့လို့ အခုသူ့ရဲ့နောက်ဆက်2015မှာ Part 2အနေနဲ့ထပ်ထွက်လာတဲ့ Animation ကားလေးတစ်ခုကိုတင်ပေးပါရစေ။IMDb Rating 7 အထိရရှိထားပြီးတဲ့ ဒီကားလေးကိုအားလုံးပဲမျှော်လင့်နေကြမှာပါ။ဒီဇာတ်ကားလေးဟာမကောင်းဆိုးဝါးလေးတွေနဲ့ဇာတ်လမ်းစထားခဲ့ပြီး . Draculaဘုရင်တစ်ပါးရဲ့သမီးလေးနဲ့ချစ်ကြိုက်ခဲ့တဲ့ လူသားတစ်ဦးတို့ရဲ့ အချစ်မေတ္တာနဲ့ပေါင်းစပ်လက်တွဲမှုကို အချက်ကျကျသဘောကျဖွယ် ဖန်တီးထားပါတယ်။Part 1 မှာ ချစ်ကြိုက်ခဲ့တဲ့ Dracula မလေး Mavis နဲ့လူသားလေး Jonathan တို့ရဲ့ လက်ထပ် မင်္ဂလာဆောင်ပွဲကနေစထားပါတယ်။Mavis နဲ့ Jonတို့ဟာ လက်ထပ်ပြီးကာလတစ်ခုမှာသားလေး တစ်ယောက်မွေးဖွားခဲ့ပါတယ်။အထူးသဖြင့်ဒီဇာတ်ကားမှာတွေ့ရမှာက အဘိုးဖြစ်သူ Count Dracula ရဲ့သူ့ မြေးလေးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို လှလှပပဖွဲ့နွဲ့သွားခဲ့ပြီးသူ့လိုပဲမြေးလေးကိုမှော်အတတ်တွေကျွမ်းကျင်တဲ့Dracular လေးတစ်ဦးဖြစ်စေချင်တာကိုလည်းတွေ့ရပါမယ်။Spoiler ဖြစ်သွားမှာစိုးလို့ ဇာတ်ကားအကြောင်းကို ဆက်လက်မပြောပြတော့ပါဘူးMovie သာဆက်လက်ကြည့်ရှုကြပါ။ ခေတ်နဲ့လျော်ညီအောင် တင်ဆက်ထားပြီး . Sony Entertainmentကထုတ်လုပ်ထားတဲ့အတွက် Sony Product များကိုပါသုံးနှုန်းသွားတာဟာ ကြော်ငြာတဲ့ဘက်ကိုမသိသာစေဘဲ ...
movie
Hotel Transylvania 2 (2015)
2015
7.1
Hotel Transylvania (2012)
Hotel Transylvania (2012) IMDb - 7.1/10_____Rotten - 45% ဒီတစ်ခါတော့ စိတ်အပန်းဖြေအနေနဲ့ကြည့်လို့တော်တော်လေးကောင်းတဲ့ ကာတွန်းကားလေး တစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်...Count Dracula ဟာသူ့ရဲ့ ဇနီး Martha သေဆုံးပြီး နောက်ပိုင်းမှာ သူ့မိန်းကို ကတိ ပေးထား ခဲ့တဲ့အတိုင်း သူတို့ ၂ ယောက်ရဲ့ သမီးလေး Mavis ကို မျက်စိ အောက်က အပျောက် မခံပဲ ထိန်းသိမ်း စောင့်ရှောက် ခဲ့ပါတယ်။Count Dracula ဟာ Transylvania လို့ခေါ်တဲ့ Five Star အဆင့်ရှိ Hotel တစ်ခု တည်ဆောက် ခဲ့ပြီး သူ့ရဲ့ သူငယ်ချင်းတွေ ဖြစ်တဲ့ Frank နဲ့ သူ့ဇနီး Eunice, Wayne, Wanda နဲ့ သူတို့ရဲ့ မြေခွေး သားသမီး တစ်ဖွဲ့, Griffin ဆိုတဲ့ ကိုယ်ပျောက် ...
movie
Hotel Transylvania (2012)
2012
6.4
Click (2006)
[Unicode]Click (2006)ဘဝဆိုတာ ဘာများလဲ....။ ဘဝမှာ ရှင်သန်ဖို့ အလုပ်လုပ်ကြတာလား အလုပ်လုပ်ဖို့ ရှင်သန်ကြတာလား....။ ရှင်သန်ဖို့ အလုပ်လုပ်ကြရင်း ဘဝရဲ့ အဓိပ္ပါယ်က အလုပ်လုပ်ဖို့ ရှင်သန်သလို ဖြစ်သွားကြသူတွေလည်း ရှိတက်ပါတယ်။ဒီ ဇာတ်လမ်းလေးရဲ့ အစမှာ မိုက်ကယ်ဆိုတဲ့ အလုပ်ပဲ အချိန်ပြည့်လုပ်နေတက်တဲ့ ဗိသုကာပညာရှင်တစ်ယောက်ရှိပါတယ်။ မိသားစု အားလပ်ရက်ကိုပါ ဖျက်ပြီး အလုပ်ပဲ အချိန်ပြည့် လုပ်နေတက်ပါတယ်။အဲ့ဒီလို လူရဲ့လက်ထဲ အရာအားလုံးကို ထိန်းချုပ်ထားနိုင်တဲ့ ရီမု ကွန်ထရိုး တစ်ခု ရောက်လာခဲ့ပါတယ်။ဘဝကို ဇာတ်ကား တစ်ခုလို ကျော်ပစ်လို့ရတဲ့အခါ စိတ်မရှည်တဲ့ အခန်းတွေကို သူ ကျော်ပစ်ခဲ့ပါတယ်။ ဒီလို ကျော်ပစ်ရင်း...မိသားစု အပါအဝ် အရာအားလုံးနဲ့ သူ ကင်းကွာလာခဲ့ပါတယ်၊ဘဝဆိုတာ ဖြတ်သန်းဖို့ပါပဲ... စိတ်ပျက်စရာ ငြီးငွေ့စရာတွေ အများကြီးပါပဲ ဒီအခါမှာ ချစ်ခြင်းတရားဟာ အရေးပါလာပါပြီ။ကျွန်တော်တို့ ကိုယ့်ကို ချစ်တဲ့ လူတွေရဲ့ ချစ်ခြင်း ပျော်ရွှင်မှု..တွေကို ဘယ်လောက်ထိ လျစ်လျှူ ရှု့ ဲပြီး ကြပြီလဲ။ဖြစ်ချင်တာတွေက အများကြီး ဖြစ်မလာသေးတာတွေက အများကြီး ဒါပေမဲ့ ဒါတွေက ဘယ်လောက်များ အရေးပါလဲ။မျှဝေ ခံစားမဲ့သူ မရှိတဲ့ အောင်မြင်မှုတစ်ခုကရော ပျော်ရွှင်မှု ဟုတ်ပါ့မလား။ အောင်မြင်မှု ရော ဟုတ်ပါ့မလား။ ဘဝမှာ ဘယ်အရာမဆို အစွန်းမရောက်ဖို့ ...
movie
Click (2006)
2006
6.1
Bedtime Stories 2008
အိပ်ရာဝင်ချိန်ဆိုတာ လူသားတိုင်းရဲ့တစ်နေ့တာမှာအငြိမ်းချမ်းဆုံးအနားယူတဲ့အချိန်လေးပါ အိပ်ရာဝင်ချိန်မှာ ယုံတမ်းပုံပြင်များကိုနားထောင်ပြီးတော့ ကျွန်တော်တို့အိပ်စက်ခဲ့ရပါတယ်.... အခုလည်း Disney ရဲ့အိပ်ရာဝင်ပုံပြင်လေးကို ကြည့်ပြီးတော့ ဒီညအိပ်မက်တွေကို ကိုယ်စိတ်ကြိုက်ဖန်တီးပြီးတော့ ပေါက်တတ်ကရတွေမက်လိုက်ရအောင်.... ငယ်ငယ်တုန်းက အိပ်ရာဝင်ပုံပြင်လေးတွေ နားထောင်ခဲ့ဖူးတယ် ။ ပုံပြောကောင်းတဲ့ အစ်ကိုကြီးအစ်မတွေဆီကနေ တစ္ဆေသူရဲပုံပြင်တွေ အဘိုးအဘွားတွေဆီကလည်း “ တို့တွေခေတ်တုန်းက ဘယ်လို၊ တို့ငယ်ငယ်တုန်းက ဘယ်လို” စသဖြင့်ပေါ့ဗျာ နားထောင်ခဲ့ဖူးကြပါတယ် ။ အပြောကောင်းတဲ့သူတွေနဲ့ဆို သူတို့ဇာတ်လမ်းလေးမှာ စီးမျောရင်း အချိန်တွေကုန်မှန်းတောင် မသိခဲ့ဘူး။ ဇာတ်လမ်းအကျဉ်းလေးကတော့ စကီတာ ဆိုတဲ့ ဦးလေးလူပျိုကြီး တစ်ယောက် သူ့တူလေးနဲ့ သူတူမလေးကို သူတို့အမေခရီးသွားတုန်း တစ်ပတ်လောက် ညဖက်တွေမှာ ကြည့်ရှုစောင့်ရှောက်ပေးဖို့ အကြောင်းပေါ်လာတယ်။ သူကလည်း လူပျိုကြီးဆိုတော့ ကလေးမထိန်းတတ် အိပ်ရာဝင်ပုံပြင်ပြောရတော့မယ်ဆိုတော့ ပုံပြင်စာအုပ်ထဲက ဇာတ်လမ်းတွေကိုလည်း သူမကြိုက်ဘူး။ ဒါနဲ့ပဲ သူရဲ့အကြောင်းကို ရာဇ၀င်ဇာတ်လမ်းတွေထဲက သူရဲကောင်းတွေနဲ့ရောပြီး ပေါက်တက်ကရတွေ လျောက်ပြောတော့တာပဲ။ သူကပြောလိုက် သူ့တူလေးတူမလေးတွေလည်းက ဇာတ်လမ်းပြင်ပြောလိုက်နဲ့ လုပ်နေကြတာပေါ့။ ဒီလိုနဲ့ ထူးထူးဆန်းဆန်း ...
movie
Bedtime Stories 2008
2008
1
2
Previous