Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Adam Sandler
5.6
Pixels (2015)
Pixels (2015)ဒီဇာတ်ကားလေးကတော့ ငယ်ငယ်က ထွက်ရှိခဲ့တဲ့ Video Game တွေကို ပြန်လည်အမှတ်ရစေမိတဲ့ ဇာတ်ကားလေးတခုဆိုလည်း မမှားပါဘူး ၊၁၉၈၀ ခုနှစ်ဝန်းကျင်က လူသားတွေရဲ့ Pixels Game တွေကို အခြေခံပြီး ဂြိုလ်သားတွေဟာ ကမ္ဘာမြေအပေါ် ကျုးကျော်လာပါတယ် ၊သာမန်လက်နက်တွေသာ ကိုင်ဆောင်ထားတဲ့ အမေရိကန် စစ်တပ်ဟာ ဂြိုလ်သားတွေကို မနိုင်တော့တဲ့အချိန်မှာ၁၉၈၀ ခုနှစ်က ဂိမ်းဆော့ရာမှာ အရမ်းကျွမ်းတဲ့ မင်းသားကြီး Adam Sandler ကို သူငယ်ချင်းဖြစ်သူ အမေရိကန် သမ္မတက ကူညီဖို့ ခေါ်ပါတော့တယ် ၊ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်ရှုရမယ့် ဟာသ အက်ရှင် ဇာတ်မြူးလေးဖြစ်ပြီးငယ်ငယ်က ဂိမ်းဇာတ်ကောင်တွေကို တဖန်ပြန်လည်ကြည့်ရှုရတဲ့အတွက် သဘောကျစရာရုပ်ရှင်ကားလေးပါပဲ။Review Crd File size…(2.1 GB )/(1.2 GB) Quality….BluRay 1080p / 720p Format…mp4 Duration….01:45:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie
Pixels (2015)
6.1
The Waterboy (1998)
American ဟာသကားတွေ ရဲ့ မင်းသားကြီးဖြစ်တဲ့ Adam Sandler ရဲ့ နာမည်ကြီးရုပ်ရှင်တွေထဲက တစ်ကား ဖြစ်ပါတယ် Sport/Comedy ရုပ်ရှင်အမျိုးစားဖြစ်လို့ ပေါ့ပေါ့ပါးပါး ဟာသကားလေးကြည့်ချင်တဲ့ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတစ်ခုဖြစ်မှာပါဇာတ်ကားလေးရဲ့အစမှာတော့ ဘော်ဘီဘူရှေလို့ခေါ်တဲ့ကောင်လေးဟာ ဘောလုံးပွဲတွေမှာ ကစားသမားတွေကို ရေကမ်းတဲ့အလုပ်ကိုလုပ်ကိုင်ပြီး မိခင်ဖြစ်သူရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကိုခံနေရတဲ့သူပါ သူ့ရဲ့ ထူးခြားတဲ့ပုံစံကြောင့် လူတိုင်း အနိုင်ကျင့်သမျှလဲခံရသူဖြစ်ပါတယ်တနေ့မှာ မထင်မှတ်ဘဲ ဘောလုံးပွဲအသင်းတခုမှာ ကစားသမားဖြစ်သွားရာကနေ အခက်ခဲမျိုးစုံကြုံရပါတော့တယ် အမေဖြစ်သူကရော လက်ခံနိုင်ပါ့မလား သူ့ကြုံတွေ့ရတဲ့အခက်ခဲတွေကိုရော ဘယ်လိုကျော်လွှားမှာလဲ ဆိုတာသိချင်ရင်တော့ ဇာတ်လမ်းလေးကို ကြည့်ရှုခံစားလိုက်ပါ .. File size…(1.8 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre... Comedy, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Judy Berry
movie
The Waterboy (1998)
6.3
Billy Madison (1995)
နာမည်ကျော် ဟာသသရုပ်ဆောင် Adam sandler ကိုယ်တိုင်ပါဝင်သရုပ်ဆောင်တဲ့အပြင် ဇာတ်ညွှန်းပါရေးသားထားတဲ့ ၁၉၉၅ခုနှစ်ထွက် ဟာသဇာတ်ကားလေးတစ်ကားပါ။ဒီဇာတ်ကားမှာ adam က အဓိကဇာတ်ကောင် Billy madison နေရာကနေသရုပ်ဆောင်ထားတာကိုတွေ့ရမှာပါ။ ဇာတ်လမ်းကတော့ Billy ဟာ နေ့တိုင်း အရက်သောက်၊ ပါတီလုပ်ရင်းအချိန်ကုန်နေတဲ့ ဟိုတယ်ပိုင်ရှင်သူဌေးသား လူကြီးပေါ ကြီးတစ်ယောက်ဖြစ်ပါတယ်။ တနေ့မှာတော့ သူ့အဖေရဲ့ စည်းစိမ်တွေ တစ်ခြားတစ်ယောက်ကို အမွေပေးဖို့ဖြစ်လာပါတယ်။အဲဒီ့အခါမှာ Billyက ဒီအမွေတွေကိုဆက်ခံဖို့ ထိုက်တန်ကြောင်း ကို သူငယ်တန်းကနေ အထက်တန်းကျောင်းအောင်တဲ့အထိ ကျောင်းပြန်တက်ပြီး ဘယ်လိုသက်သေပြမလဲဆိုတာကို....Adam sandlerရဲ့ ဟာသဉာဏ်ရွှင်ရွှင်သရုပ်ဆောင်ထားတာနဲ့အတူမြင်ရမှာဖြစ်လို့ ရှုစားကြပါဦး ခင်ဗျာ။ File size…(1.9 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:29:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Jack Senpai
movie
Billy Madison (1995)
Reign Over Me (2007)
အယ်လန်ဂျွန်ဆန်ဟာ ကိုယ်ပိုင်ဆေးခန်းဖွင့်ထားတဲ့ သွားဆရာဝန်တစ်ယောက်ဖြစ်ပြီးတော့ ချစ်ရတဲ့အမျိုးသမီးနှင့်အတူ သမီးလေးထွန်းကားထားပြီး ကြည်နူးစရာမိသားစုဘဝကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ သူ့မိန်းမဖြစ်သူက သူ့ကို တအားချုပ်ချယ်လွန်းပြီး သူ့ခဗျာ မိန်းမဖြစ်စေချင်တဲ့အတိုင်းနေရရှာပါတယ်။တစ်နေ့မှာတော့ သူက ဆေးခန်းကအပြန်မှာ ကောလိပ်တုန်းက အခန်းဖော်ဖြစ်ခဲ့တဲ့ ချာလီဖိုင်းမန်းကို မီးပွိုင့်မှာ သွားတိုးပါတော့တယ်၊ တစ်ဖက်မှာ ချာလီဖိုင်းမန်းဟာ သူရဲ့မိန်းမဖြစ်သူနှင့် သမီးသုံးယောက်ကို လေယာဉ်ပျက်မှုကြောင့် ဆုံးရှုံးခဲ့ရတဲ့အတွက် စိတ်ဒဏ်ရာအကြီးအကျယ်ရရှိခဲ့ပြီး အလွမ်နာကျကာ လုံးပါးပါးနေရှာပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်ပြန်ဆုံကြတဲ့အခါ ဂျွန်ဆန်က ချာလီရဲ့စိတ်ဒဏ်ရာကို အကြောင်းပြပြီး မိန်းမရဲ့ချုပ်ချယ်မှုကနေ လွှတ်မြောက်အောင် လုပ်ပါတော့တယ်။ဒါပေမဲ့ ကြာလာတာနဲ့အမျှ ချာလီခံစားနေရတာကို မကြည့်ရက်တဲ့အတွက် ဒီစိတ်ဒဏ်ရာကို ကျော်လွှားနိုင်အောင် သူအစွမ်းကုန် ကူညီပါတော့တယ်။ ဒီဇာတ်ကားလေးကတော့ ချစ်ရတဲ့သူကို ဆုံးရှုံးလိုက်ရတဲ့ခံစားချက်ကို ချာလီ့နေရာကနေ ဝင်ခံစားရစေပြီး တစ်ဖက်မှာလည်း ဒီစိတ်ဒဏ်ရာကနေ လွတ်မြောက်အောင် ကူညီကြိုးစားပေးနေတဲ့ ဂျွန်ဆန်နေရာကနေ ဝင်ခံစားမိစေပြီး တကယ့်ကို အနှစ်သာရရှိတဲ့ လောကဓံတရားကို ပညာပေးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဒါကြောင့် ...
movie
Reign Over Me (2007)
Spaceman (2024)
Adam Sandler ကြီးရဲ့ Netflix ရုပ်ရှင်အသစ်ပါ...ဒီကားမှာတော့ ပုံမှန်မြင်နေကြ ဇာတ်ကောင်မျိုးမဟုတ်ဘဲ အာကာသယာဉ်မှူးတစ်ယောက်အဖြစ်ပါဝင်ထားပါတယ် ချက်ဇ်သမ္မတနိုင်ငံကိုယ်စားပြု အာကာသခရီးစဉ်မှာ ရွေးချယ်ခံခဲ့ရတဲ့ ယာကိုခေါ် Adam Sandler ဟာ ချော်ပရာတိမ်တိုက်တွေရှိရာ စကြဝဠာထဲကို တစ်ကိုယ်တော်တစ်နှစ် အာကာသခရီးစဉ်ထွက်လာပါတယ်ချော်ပရာခရမ်းရောင်တိမ်တိုက်တွေဟာ ယာကိုတို့နိုင်ငံရဲ့ ကောင်းကင်ကို ဖုံးလွှမ်းနေတာ ၄ နှစ်လောက်ရှိနေတဲံအတွက် ဒီပြဿနာကိုအဖြေရှာဖို့အတွက် ယာကိုကို လွှတ်လိုက်တာဖြစ်ပါတယ်ယာကိုလည်း ခရီးစဉ်ထွက်လာပြီး ၆ လအကြာ ဂျူပီတာဂြိုလ်ိကို ကျော်လွန်အပြီးမှာ တိမ်တိုက်တွေနဲ့နီးစပ်လာပါတယ် အဲ့ဒီမှာ စကြဝဠာကြီးအစထဲကရှိခဲ့တဲ့ ရှေးဟောင်းသတ္တဝါကြီးတစ်ကောင်နဲ့ တွေ့ဆုံလိုက်ရပါတယ်ဒီသတ္တဝါကြီးက ယာကိုဒီတိမ်တိုက်တွေကိုရဖို့ ကူညီပြီး ယာကိုတို့ လူသားမျိုးနွယ်တွေကို စောင့်ကြည့်လေ့လာနေတာဖြစ်ပါတယ် သတ္တဝါကြီးရဲ့အကူညီနဲ့ ချော်ပရာတိမ်တိုက်တွေကို စုဆောင်းဖို့လာတဲ့ယာကိုဟာ စကြဝဠာကြီးရဲ့ လျှို့ဝှက်ချက်တွေကိုပါ သိရှိသွားတဲ့အခါမှာတော့...ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်( အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ် ) File size…(1.4 GB)/(818 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Science Fiction, ...
movie
Spaceman (2024)
7.1
Leo (2023)
Leo (2023) ========= IMDb Rating - 7.1/10နောက်ဆုံးအသစ်ထွက်ရှိလာပြီး တောင်းဆိုမှုများနေတဲ့ Animation ကား ကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားမှာတော့ လီယိုဆိုတဲ့ ကျောင်းမွေးတိကလေးက အဓိက ဇာတ်ဆောင်အနေနဲ့ ပါဝင် ထားပါတယ်။လီယိုဆိုတဲ့ ဖွတ်ကြီးနဲ့ စကွစ်တယ်ဆိုတဲ့ လိပ်ကြီးတို့က အလယ်တန်းကျောင်း တစ်ခုမှာ ကလေးတွေအတွက် သင်ထောက်ကူအနေနဲ့ မွေးထားတဲ့ တိကလေး တွေပါ။ ငါးတန်းအခန်းကို ကြီးစိုးထားကြပြီး ခေတ်အဆက်ဆက်က ကလေး တွေမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရတဲ့သူတွေပေါ့။ တစ်ရက်မှာတော့ လီယိုတစ်ယောက် သူ့ရဲ့သက်တမ်းက တစ်နှစ်ပဲ ကျန်တော့တဲ့အကြောင်းကို မမျှော်လင့်ဘဲ သိခဲ့ လိုက်ရတယ်။မွေးကတည်းက ဖန်ကန်ထဲမှာပဲ နေလာခဲ့ရတဲ့သူ့အဖို့ ပြင်ပကမ္ဘာကြီးနဲ့ ထိတွေ့ ဆက်ဆံသွားချင်တာ သူ့ရဲ့ နောက်ဆုံးဆန္ဒပါပဲ။ ဒီလိုနဲ့ အခန်းထဲက စရိုက်မျိုးစုံနဲ့ ကလေးတွေဆီကနေ ကပ်ပြီး ပြင်ပကမ္ဘာကို ရောက်ဖို့ ကြိုးစားပါတော့တယ်။ မနိုင်စိန်ငါးတန်းကလေးတွေနဲ့ အဘိုးကြီးလီယိုတို့ ဘယ်လိုတွေနှစ်ပါးသွားကြမလဲ၊ သူ့ရဲ့နောက်ဆုံးဆန္ဒလေး ပြည့်ဝသွားနိုင်မလား ဆိုတာကိုတော့ ကိုယ်တိုင်ပဲ ခံစား ကြည့်လိုက်ရအောင်ပါ။ Child psychology အကြောင်းကိုလည်း သီချင်းလေး တွေနဲ့ တင်ဆက်ပေးသွားတာမို့ ခံစားမှုရသအစုံအလင်ပေးနိုင်မဲ့ ဇာတ်လမ်းကောင်း တစ်ပုဒ်လို့ပဲ ဆိုချင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို ...
movie
Leo (2023)
2023
5.9
I Now Pronounce You Chuck & Larry (2007)
I Now Pronounce You Chuck & Larry (2007)ဒီတစ်ခါ မိတ်ဆက်ပေးမှာကတော့ နာမည်ကြီး ဟာသသရုပ်ဆောင် Adam Sandler နဲ့ ကားတိုင်းပါနေကျ သူ့ဘော်ဒါ Kevin James ပါဝင်သရုပ်ဆောင်ထားပြီး 2007 မှာထွက်ရှိထားတဲ့ I Now Pronounce You Chuck & Larry ဆိုတဲ့ဟာသကားလေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~မိန်းမဆိုရင် ခဲတံမှာဂါဝန်ဝတ်ထားပေးရင်တောင် ဖွက်ထားရမယ်ဆိုပြီး လုပ်ဖော်ကိုင်ဖက်တွေကပြောရလောက်အောင် ဖွန်ကြောင်တတ်တဲ့ ချာ့ တစ်ယောက် အိမ်ထောင်သည် မုဆိုးဖိုသူငယ်ချင်း လယ်ရီရဲ့ ငွေကြေးပြသနာကြောင့် နှစ်ယောက်အတူ ဂေးစုံတွဲအဖြစ် နေကြဖို့ သဘောတူလိုက်ကြပါတယ်။ တစ်ဖက်မှာလည်း ပြည်နယ်ဘက်က လိမ်လည်တာဟုတ်မဟုတ် လာရောက်စစ်ဆေးရင်းနဲ့မှ တဖြည်းဖြည်း သူတို့လက်ထပ်ထားတာကို တစ်ပြည်နယ်လုံး သိသွားလောက်တဲ့အထိ နာမည်ကြီးသွားတဲ့အခါ ဘယ်လိုအကွက်တွေရွေ့မလဲ... ဘယ်လိုတွေလွဲကုန်မလဲ... ဆိုတာကို ရယ်ရင်းမောရင်းကြည့်ရှုရမယ့်ကားလေးပဲဖြစ်ပါတယ်။ ဂေးတွေကို အရမ်းလက်သင့်ခံထားခြင်းမရှိသေးတဲ့ ...
movie
I Now Pronounce You Chuck & Larry (2007)
2007
5.5
The Hot Chick (2002)
The Hot Chick (2002) Genre – Comedy, Fantasy IMDB – 5.5/10The Animal ကားနဲ့ အသေခွီနေရအောင် လုပ်ခဲ့တဲ့ဟာသမင်းသားကြီး Rob Schneider ရဲ့ အရင်ခေတ်ကအခွီနောက်တစ်ကား လာပါပြီ။သူတင်မကပဲ ကျွန်တော်တို့ Notebook တို့ About Time တို့ Doctor Strange ကောင်မလေးSherlock ကောင်မလေးတို့ လုပ်ခဲ့တဲ့ မင်းသမီးချော Rachel McAdams လည်း ပါပါသေးတယ်ဗျာ။Scary Movie တွေနဲ့ မျက်ခွက်ပြောင်ခဲ့တဲ့ Anna Faris ကလည်းဇာတ်ပို့အနေနဲ့ ပါထားတော့ မြိုင်နေရောပဲ။ဒီဟာသကားလေးကတော့ အရင်တုန်းက ခဏခဏ ထွက်ရှိခဲ့သလိုယောက်ျားမိန်းမ နေရာချင်းလဲသွားတာမျိုးပါဒါကတော့ စိတ်ချင်းလဲတာ မဟုတ်ပဲ ခန္ဓာ ကိုယ်ကြီး လဲသွားတာဖြစ်လို့မင်းသားကြီး စကေးပြထားတဲ့ကားပါ။ဇာတ်လမ်းလေးကတော့ ချောမောလှပပေမဲ့ သူများအပေါ် ယုတ်မာပြီးလူမုန်းများတဲ့ အထက်တန်းကျောင်းသူပန်းဖွားမယ်ကလေး ဂျက်ဆီကာ ဆိုတာရှိပါတယ်။ယောက်ျားလေးတွေကိုလည်း မယုံကြည်ပဲအပြိုင်ဆိုင်များ တိုက်ခိုက်ပြီး ...
movie
The Hot Chick (2002)
2002
6
You Are So Not Invited to My Bat Mitzvah (2023)
You Are So Not Invited to My Bat Mitzvah (2023)ဒီကားလေးကတော့ လတ်တလော Rotten Tomato မှာ Rating 95% ရနေတဲ့ ဟာသကားလေးပါပဲ။ မင်းသားကြီး Adam Sandler နဲ့ သူ့ရဲ့ မိန်းမ၊ သူ့ရဲ့သမီးတွေ မိသားစုလိုက် ပါဝင်သရုပ်ဆောင်ထားတာပါပဲ။ သူ့ရဲ့မိန်းမနဲ့သမီးတွေဆိုပေမဲ့ အကုန်လုံးက အရင်ကတည်းက အောင်မြင်ပြီးသား သရုပ်ဆောင်၊မော်ဒယ်တွေမို့ အခုရုပ်ရှင်မှာမှ ပွဲထုတ်တာမျိုးတော့မဟုတ်ပါဘူး။ ဒီကားက Are You There God? It's Me, Margaret နဲ့အတော်လေးကို ပုံစံဆင်တူပြီး၊ Anne with an E တို့လို ကလေးဘဝကနေ အရွယ်ရောက်တဲ့အချိန်အကြောင်း ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ရိတ်တင် ကောင်းရတဲ့အချက်ကတော့ အဖေလုပ်တဲ့သူနဲ့ သမီးတွေ အရမ်း သဘာဝကျကျ လိုက်ဖက်ညီနေတာဖြစ်ပြီး ဇာတ်လမ်းလေးကလည်း ချစ်ဖို့ကောင်းနေတာပါပဲ။ ဒီတော့ မိန်းကလေး အချစ်ဆုံးသူငယ်ချင်းတွေကြားကအဖြစ်အပျက်တွေ မိသားစုကြားကအဖြစ်အပျက် ဒရမာ ...
movie
You Are So Not Invited to My Bat Mitzvah (2023)
2023
5.2
Zookeeper (2011)
ဒီတစ်ခေါက်မှာတော့ Comedy Movie တွေမှာ မြင်နေကျ တလွဲking ကြီးလို့ ပြောလို့ရတဲ့ မင်းသားကြီး Kevin James ရဲ့ ကားတင်ပေးမှာပါ၊ ဒီကားထဲမှာဆို သူက ဂရစ်ဖင်း၊ တိရိစ္ဆာန်ရုံမှာအလုပ်လုပ်တဲ့သူ၊ ဝါသနာနဲ့ အလုပ် တထပ်တည်းကျတော့ အလုပ်အဆင်ပြေပေမဲ့ အချစ်ရေးကံခေနေရှာတာပေါ့ ၊ ဂရစ်ဖင်း ခမျာ အဲ့ကိစ္စနဲ့ပဲ စိတ်ညစ်တော့ အလုပ်ကထွက်ပြီး စော်ကြည်မယ်ထင်တဲ့အလုပ်ပြောင်းဖို့လုပ်တော့တာပါပဲ။ တစ်ခုရှိတာက ရုံကအကောင်လေးတွေက ဂရစ်ဖင်းစိတ်ထားကောင်းတာကိုသိတော့ မထွက်စေချင်ကြပါဘူး၊ အဲတာနဲ့ပဲ မထွက်ရအောင် ဂရစ်ဖင်းကို ဒီအလုပ်ကနေမထွက်ပဲစော်ကြည်စေနိုင်ဖို့ကူညီကြပါတယ် ၊ ကူညီကြပုံလေးတွေကချစ်စရာကောင်းအောင် စပရိုက်ဖြစ်တာမို့ ကြည့်ရင်းရယ်ရင်း နဲ့အမောပြေစေမှာအမှန်ပါFile size…(1.8 GB)/(1 GB)Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre...Comedy, Romance, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia
movie
Zookeeper (2011)
5.5
You Don’t Mess with the Zohan (2008)
You Don't Mess with the Zohan (2008)Adam Sandler ရဲ့ မကြည့်ဖူးသူမရှိလောက်မယ့် ကားဟောင်းကားကောင်းတစ်ကားပါ။ သူကိုယ်တိုင် သရုပ်ဆောင်ရုံတင်မကဘဲ ဇာတ်ညွှန်းကိုလည်း သူပဲ ဝင်ရေးပေးခဲ့ပါသေးတယ်။ ဒါ့အပြင် အခြားနာမည်ကျော် ရုပ်ရှင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Emmanuelle Chriqui, John Turturro နဲ့ Buddy Games ဇာတ်ကားထဲက မင်းသားကြီး Nick Swardson ကိုလည်း လူငယ်သရုပ်ဆောင်အနေနဲ့ တွေ့ရမှာဖြစ်လို့ လုံးဝကို လက်ရာမြောက် ဟာသဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်ကားကတော့ ဇိုဟန်ဆိုတဲ့ အစ္စရေးနိုင်ငံသား အထူးစစ်သားတစ်ယောက်အပေါ် ဇာတ်အိမ်တည်ပြီးတော့ရိုက်ကူးထားတာပါ။ ဇိုဟန်ဟာ သူလုပ်နေတဲ့အလုပ်မှာ ကျွမ်းကျင်ရုံတင်မကဘဲ အတော်လေးကို နာမည်ကြီးလှတဲ့ အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ရဲ့ နိုင်ငံကျော်စူပါစတားပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ဒီအလုပ်ကိုလုပ်နေရင်းနဲ့ ဒီလိုပဲ သူ့ဘဝကြီးက သံသရာလည်တာကို မနှစ်သက်တော့ပါဘူး။ အဲဒီအခါ ဇိုဟန်ဟာ သူ့ရဲ့ ဝါသနာပါရာ စိတ်ကူးအိပ်မက်ကို ...
movie
You Don’t Mess with the Zohan (2008)
2008
The Animal (2001)
ပါးစပ်မစေ့ပဲနဲ့ ရယ်နေရမယ့် ဟာသကားလေး လာပါပြီဗျာတစ်ခုတော့ပြောမယ် IMDB Rating သွားမကြည့်လိုက်နဲ့ဒီကားမှာတော့ အဲဒီဟာ တကယ်မှားတယ်၊ ကြည့်ကြည့်လိုက်မင်းသား Rob Schneider ရဲ့ အဖောက်သရုပ်ဆောင်ချက်တွေနဲ့တင် တန်စေရမယ်။ ဇာတ်လမ်းအကျဉ်းလေးက ဒီလို ကိုယ်တွေဆရာသမားမာဗင်ဆိုတာ သောက်တလွဲကောင် အရှုံးသမား၊ အဖေကရဲဖြစ်ခဲ့လို့ ရဲဖြစ်ချင်ပေမဲ့ အရည်အချင်း မပြည့်မှီတဲ့ကောင်ရဲဖြစ်ဖို့ စာမေးပွဲ ဖြေတိုင်းလည်း အမြဲကျနေကြ၊ ကြိုက်တဲ့ဆော်လေးကလည်း သဘာဝထိန်းသိမ်းရေးနဲ့ တိရစ္ဆာန်ချစ်ဘာညာပေါ့ဗျာ။ စခန်းမှာလည်း အကုန်လုံး ဝိုင်းနှိမ်ခံထားရတော့တစ်ရက်ကျ တစ်စခန်းလုံး ဘောပွဲသွားနေကြတုန်း ဓားပြမှုဖုန်းဝင်လာတယ်၊ အရာရှိတွေ ဆက်မရတဲ့အဆုံး သူကိုယ်တိုင်သွားကယ်တင်ရာကနေ လမ်းမှာတင် ကားမှောက် ခွေးဖြစ်ပါလေရော သေလုနီးပါးပဲ။ ဒါပေမဲ့ နောက်နေ့ကျ ပြန်ကောင်းလာတယ်ထင်တာ တကယ်က မဟုတ်ဘူး သူပျောက်နေတာ ၈ ရက်လောက်ရှိနေပြီ နောက်ပြီး သူ ထူးဆန်းနေတယ် သတ္တဝါပေါင်းစုံလိုပြုမူနေပြီး ထိန်းချုပ်မှု လွတ်လွတ်သွားတယ်။ တကယ်တမ်းအဲဒီအတွက် အဖြေက သူ ကားမှောက်နေတဲ့အချိန် ...
movie
The Animal (2001)
5.5
That’s My Boy (2012)
ဒီတစ်ခေါက်မှာတော့ CM ပရိတ်သတ်ကြီးကို ၂၀၁၂ ခုနှစ်ထွက် Comedy/Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဟာသဇာတ်ရုပ်ကို ပိုင်နိုင်လှတဲ့ မင်းသားကြီး Adam Sandler (50 First Dates/Murder Mystery)၊ ရုပ်တည်ကြီးနဲ့ အရွှန်းထထဖောက်တတ်တဲ့ ဟာသမင်းသား Andy Samberg (Brooklyn Nine-Nine/Palm Springs)နဲ့ မင်းသမီးချော Leighton Meester (Monte Carlo/The Judge)တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း ဆယ်ကျော်သက်လေး ဒွန်နီက အရွယ်ငယ်ပေမယ့် အစွယ်မသေးဆိုသလို အသက်မပြည့်ခင်မှာပဲ ကျောင်းက ဆရာမနဲ့ တဂျိန်းဂျိန်းဖြစ်ရာကနေ ဆရာမက ကိုယ်ဝန်ရသွားခဲ့ပါတယ်။လူငယ်ပေမယ့် ဇ မသေးလှတဲ့ ဒွန်နီတစ်ယောက် ဆရာမကို ဂျိန်းတဲ့ ကျောင်းသားအဖြစ် အားလုံးရဲ့ပါးစပ်ဖျားရေပန်းစားပြီး နာမည်ကြီးသွားခဲ့ပါတယ်။ တစ်ဖက်မှာလည်း ကလေးက ကလေးကို ပျိုးထောင်ဆိုသလို တစ်ကိုယ်တော်အဖေအဖြစ် သားလေး ဟန်းဆိုလိုကို ပျိုးထောင်ခဲ့ပြီး ...
movie
That’s My Boy (2012)
The Meyerowitz Stories (New and Selected)(2017)
"The Meyerowitz Stories" ဆိုတဲ့ဇာတ်ကားလေးကတော့ နွေးထွေးတဲ့ မိသားစုအကြောင်း၊ အနုပညာနဲ့ ရှုပ်ထွေးလှတဲ့ လူ့ဘဝအကြောင်းတွေကို သရုပ်ဖော်ထားတဲ့ နွေးနွေးထွေးထွေး ဟာသကားလေးပဲ ဖြစ်ပါတယ်တော်လှတဲ့ ပန်းပုဆရာဖြစ်ပေမယ့် အပြစ်လည်း သိပ်မကင်းလှတဲ့ သူတို့ အဖေအပေါ် မာယာဝစ် မွေးချင်းသားတွေနဲ့အတူ သူတို့ ဘယ်လိုခံစားကြရတယ်ဆိုတာ တူတူခံစားကြည့်လို့ ရပါတယ်ဒီကားလေးကတော့ မိဘနဲ့ သားသမီးတွေအကြား ဆက်ဆံရေးတွေကို သေချာ စူးစမ်းလေ့လာထားတဲ့ ရင်ထဲ ထိဖွယ် ဟာသ ဇာတ်ကားလေးဖြစ်ပါတယ်မိသားစု တစ်ခုမှာ ဘယ်လို အတက်အကျတွေ ရှိတယ်ဆိုတာရယ် ခဏတာ ရယ်မောချင်တာရယ်အတွက်ကတော့ ဒီကားလေးက လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်.. File size…2.31GB / 892.6MB Quality…Web-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ..... Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie
The Meyerowitz Stories (New and Selected)(2017)
6.4
Just Go with It(2011)
Comedy ကားကောင်းတွေ ရှားပါးလာတဲ့အချိန်မှာ ၂၀၁၁ ခုနှစ်က ထွက်ရှိထားတဲ့ Comedy/Drama ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်တွေကတော့ Grown ups, Big Daddy တို့ရဲ့မင်းသားကြီး Adam Sandler... Friends seriesက မင်းသမီး Jennifer Aniston... Battleship ဇာတ်ကားထဲက မင်းသမီးချောလေး Brooklyn Decker တို့နဲ့ဆိုတော့ တကယ့်ကိုကြည့်ကောင်းတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်ကားလေးကတော့ လက်စွပ်လေးတစ်ကွင်းကြောင့် တစ်လောကလုံးဗြောင်းဆန်ကုန်တယ်လို့ပဲပြောရမှာပါ။ ပလက်စတစ်ဆာဂျရီပညာရှင် ဒန်နီယယ်မက်ကာဘီးဟာ လက်ထပ်ခါနီးမှာ သူ့ဇနီးလောင်းကသူ့မကောင်းကြောင်းပြောနေတာကို ကြားခဲ့ရပြီး မင်္ဂလာပွဲပျက်ပြီး စိတ်ဒဏ်ရာရခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်သူဟာ လက်ထပ်လက်စွပ်ကို မစွန့်ပစ်လိုက်ပဲနဲ့ ကောင်မလေးတွေကိုလက်စွပ်ပြ၊ မိန်းမကနှိပ်စက်ကြောင်းပြော၊ မျက်ရည်ခြူတဲ့ စားဘဲကြီးလုပ်ပါတော့တယ်။ တစ်ရက်မှာတော့ သူတကယ်သဘောကျတဲ့ကောင်မလေးတွေ့ပေမယ့် သူ့လက်စွပ်အကြောင်းကိုအမှန်အတိုင်းမပြောချင်တဲ့အခါ လိမ်ပြောဖို့ ဉာဏ်နီဉာဏ်နက်တွေသုံးပါတော့တယ်။ သူ့ကိုကူပြီးလိမ်ပေးဖို့ သူ့လက်ထောက်လည်းမနေရ၊ သူ့လက်ထောက်ရဲ့သားသမီးတွေလည်းမနေရ၊ အဲဒီသားအမိတွေကလည်း အခွင့်အရေးရတုန်း မွှေချလိုက်တော့ ဒန်နီတစ်ယောက် ပြဿနာတွေကြီးပါတော့တယ်။ဒီလိုနဲ့ ဒန်နီက သူချစ်တဲ့ကောင်မလေးကိုရမလား၊ ...
movie
Just Go with It(2011)
5.7
Murder Mystery 2 (2023)
Murder Mystery 2 (2023) =================== IMDb Rating - 5.7/10နာမည်ကြီး မင်းသား Adam Sandler နဲ့ မင်းသမီး Jennifer Aniston တို့ အဓိကသရုပ်ဆောင်ရိုက်ကူးထားတဲ့ Mystery Murder 2 ပြန်လာပါပြီ။ ဇာတ်လမ်းကတော့ တစ်ကားလုံး ရယ်စရာဟာသတွေနဲ့ တစ်လွဲတွေကို တွေ့မြင်ရမယ့် Mystery, Comedy Genre ပဲ ဖြစ်ပါတယ်။Nick Spitz နဲ့ Audrey Spitz တို့ သူတို့ စုံထောက်လုပ်ငန်းမှာ အလွဲတွေချည်းလုပ်ပြီး ဒေဝါလီခံလုနီးပါးအချိန်မှာ သူတို့ရဲ့ သူငယ်ချင်း ဘီလီယံနာသူဋ္ဌေးဆီက မင်္ဂလာဆောင်ဖိတ်တာကို ခံလိုက်ရတယ်။ သူတို့လည်း လက်ခံလိုက်ပြီး ဥရောပကို ခရီး ထွက်လာကြတာပေါ့။ ရောက်လည်းရောက်ရော ဘီလီယံနာ သူဋ္ဌေးရဲ့ အပျံ့စားဧည့်ခံမှုတွေကြောင့် ပျော်နေချိန်မှာပဲ မကြာ လိုက်ပါဘူး၊ ပြဿနာအကြီးကြီးတက်တော့တာပဲ။ သတို့သား ဘီလီယံနာသူဋ္ဌေးကို မင်္ဂလာဆောင်မှာ ပြန်ပေးဆွဲခံလိုက်ရပါ တယ်။အဲဒါကြောင့်Nick နဲ့ Audrey လည်း စုံထောက်တွေအဖြစ် တရား ခံကိုရှာဖွေဖို့ သံသယဝင်သူတွေကို စစ်ကြတယ်။ ဒါပေမဲ့ အဲ့ဒီ သံသယဝင်ခံရတာက Nick ...
movie
Murder Mystery 2 (2023)
2023
6.1
Murder Mystery (2019)
Murder Mystery (2019) =================၂၀၁၉ထွက်ဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေး ချင်ပါတယ်။ နာမည်ကြီးမင်းသားမင်းသမီးတွေ ပါဝင် ထားတဲ့ဇာတ်ကားကောင်းလေးပါ။ဇာတ်လမ်းအကျဉ်းကိုစလိုက်ရအောင်ဗျာ ... နယူးယောက်က စုံထောက်စာမေးပွဲကိုခဏခဏကျတဲ့ ရဲအရာရှိတစ်ယောက်နဲ့ သူ့မိန်းမ ကအိမ်ထောင်သက် ၁၅နှစ် ပြည့်မှာ ဇနီးသည်ရဲ့အလိုဆန္ဒကိုလိုက်လျောသော အားဖြင့် မင်္ဂလာဦးပေးထားခဲ့တဲ့ ဥရောပခရီးထွက်ဖို့ဖြစ် လာခဲ့ပါတယ်။ လေယာဉ်ပေါ်ရောက်တော့ ကယ်ဗန်ဒစ်ချ် ဆိုတဲ့လူတစ်ယောက်နဲ့ရင်းနှီးသွားတယ်။ စကားတွေ ပြော ဖြစ်ရင်းနဲ့ သူ့ဦးလေးဘီလီယံနာ အဖိုးကြီးမင်္ဂလာဆောင် ဂုဏ်ပြုပွဲလုပ်တဲ့အပန်းဖြေသင်္ဘောကိုခေါ်လို့လင်မယား နှစ်ယောက်လိုက်သွားတာပေါ့။ညဖက်ရောက်တော့အခန်းထဲမှာအဖိုးကြီးရဲ့မိသားစုတွေ မိတ်ဆွေရှေ့မှာ အဖိုးကြီးက သူ့ဇနီးသည်ငယ်ငယ်လေးကို သူပိုင်ဆိုင်သမျှ ဘီလီယံနာ ၇၀ လုံးလွှဲပေးဖို့လက်မှတ် ထိုးခါနီး ရုတ်တရက်မီးပြတ်ပြီး အဖိုးကြီးအသတ်ခံလိုက် ရတယ်။ ဇာတ်လမ်းကအဲ့ကနေစတော့တာပဲ . . .ဒါနဲ့ ရဲလင်မယားနှစ်ယောက်က သံသယရှိတဲ့လူတွေကို စုံစမ်းကြတယ်၊ သူတို့သံသယရှိတယ်လို့ထင်တဲ့သူတွေက လည်း တစ်ယောက်ပြီးတစ်ယောက်သေသွားကြတယ်။ ဘယ်လိုအလွဲလေးတွေနဲ့လိုက်စုံစမ်းကြမလဲဆိုတာ ရယ် စရာတွေကြည့်ရင်းရင်းအပန်းဖြေရင်းကြည့်ကြမယ်ဗျာIMDB rating 6.1ရထားတဲ့ ဟာသ ကားလေးမို့အားပေးကြပါဦး(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုတင်မျိုးလွင် ပါ)File Size : (800 MB) and (400 MB) Quality : NF WEB-DL 720p Running Time : 1h 37min Format : Mp4 Genre : ...
movie
Murder Mystery (2019)
2019
7.0
Happy Gilmore (1996)
လူတိုင်းသိကြတဲ့ဟာသသရုပ်ဆောင်ကြီး Adam Sandlerရဲ့ ဟာသရုပ်ရှင်ကောင်းလေးလာပါပြီ။ဟပ်ပီးဂေးလ်မောဆိုသူဟာ ငယ်စဥ်ကတည်းက ဟောကီအားကစားကိုနှစ်သက်သူတစ်ဦးပါ။ သူက ဟောကီကိုအလွန်နှစ်ကြိုက်ပင်မယ့်လည်း ကံမကောင်းလှရှာတော့ ဟောကီနဲ့သူနဲ့ကံမပါရှာပါဘူး။ ဒါပေမဲ့ သူ့ရဲ့ပြောင်မြောက်လှတဲ့ အားအင်ကို ဂေါက်ဖ်ကစားတဲ့နေရာမှာ အသုံးချဖို့ဖြစ်လာပါတော့တယ်။ သူ့အဖွားကလည်း IRSရဲ့အကြွေးသိမ်းခြင်းခံရပြီး သူ့အဖွားအိမ်အတွက် ဟပ်ပီးတစ်ယောက်ဂေါက်ဖ်ကိုအသုံးချသွားပြီး အိမ်ကိုပြန်ရွေးသွားနိုင်မလား၊ ဂေါက်ဖ်လမ်းခရီးမှာ ဘယ်လိုအခက်ခဲတွေတွေ့ကြုံသွားရမလဲဆိုတာကို အတက်ကျ အနိမ့်အမြင့်လေးတွေကို ဟာသနှောပြီးကြည့်ရှူ့ရမှာဖြစ်ပါတယ်။ Nominations၄ခုဝင်ပြီး 1ခုဆုရရှိထားတာမို့လို့ စိတ်ကိုပေါ့ပေါ့ပါးပါးလေးနဲ့ရယ်လိုက်မောလိုက်ကိုမှ plotလေးနဲ့ကြည့်ချင်တဲ့လူတွေအတွက် ဒီကားလေးကိုကြည့်ရှု့ဖို့တိုက်တွန်းပါတယ်။File size…(2.82GB) / (1.36GB) /714MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre...Comedy / Spot Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win
movie
Happy Gilmore (1996)
6.4
Big Daddy (1999)
Big Daddy (1999) ============= IMDb Rating - 6.4/10၁၉၉၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကြီး မင်းသား Adam Sandler ရဲ့ ဟာသဒရာမာ ဇာတ်ကားတစ်ကားပါ။ Adam Sandler ရဲ့ ထုံးစံအတိုင်း ဟာသတွေအများကြီးပါသလို ဒရာမာကိုလည်း ခပ်ပါးပါးလေး ထည့် ထားပါတယ်။ Adam Sandler လျှမ်းလျှမ်းတောက်ခဲ့တဲ့ အချိန်တွေကို ပြန်လည်အမှတ်ရရင်း ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှု့နိုင်အောင် CM ပရိသတ် ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ဆန်နီဟာ ဥပဒေနဲ့ ဘွဲ့ရထားတဲ့ သူတစ်ယောက်ဖြစ်ပေမယ့် ရှေ့နေ အလုပ် ကိုမလုပ်ဘဲ လမ်းကြေးကောက်တဲ့ ဂိတ်မှာ အလုပ်လုပ်နေတဲ့သူပါ။ ဘဝကို အလေးအနက်မထားဘဲ ခပ်ပေါ့ပေါ့ပဲ ဖြတ်သန်းနေတာမို့ ရည်းစားဖြစ်သူ ဗနက်ဆာက သိပ်ပြီး မကြိုက်လှပါဘူး။ ဗနက်ဆာဟာလည်း ဆန်နီနဲ့ လမ်းခွဲဖို့ ပြောခဲ့လိုက်ပါတယ်။ ဆန်နီဟာ ဖခင်ဖြစ်စေချင်တဲ့ ရှေ့နေ အလုပ်ကိုမလုပ်တဲ့ အတွက် ဖခင်ဖြစ်သူနဲ့လည်း အဆင်မပြေပါဘူး။ ဒီလိုမျိုး ဘဝကို ဖြတ်သန်းနေတဲ့ ဆန်နီ့ဘဝထဲကို ဂျူလီယန်ဆိုတဲ့ ကောင်လေးတစ်ယောက်ရောက်လာခဲ့ပါတယ်။တကယ်တော့ ဂျူလီယန်ဟာ ဆန်နီ့အခန်းဖော်ဖြစ်တဲ့ ...
movie
Big Daddy (1999)
1999
5.3
Little Nicky (2000)
Little Nicky (2000) ===============ငရဲပြည်ကို အုပ်စိုးတဲ့ စေတန်သခင်ကြီးမှာ အေဒရီယန်၊ ကတ်ဆီးရပ်စ်နဲ့ နစ်ကီဆိုပြီးသား(၃)ယောက် ရှိပါတယ်။ ပျော့တိပျော့ညံ့ နစ်ကီက အစ်ကိုနှစ်ယောက် ဗိုလ်ကျ နှိပ် စက်တာကိုတစ်ချိန်လုံး ခါးစည်းခံနေရသူပါ။ တစ်နေ့တော့ စေတန် သခင်ကြီး ငရဲပြည်ကိုအုပ်ချုပ်တာ နှစ်(၁)သောင်း ပြည့်တဲ့နေ့ကို ရောက်လာပါတယ်။နှစ်(၁)သောင်းပြည့်ရင် အုပ်ချုပ်သူနေရာကို လွှဲပေးရတဲ့ စည်း မျဉ်းရှိပေမဲ့ ကြီးကျယ်မြင့်မြတ်တဲ့ စေတန်နတ်ဆိုးကြီးက ဘယ် သူ့ကိုမှ လွှဲမပေးဘဲ သူကိုယ်တိုင်ပဲဆက်ပြီး အုပ်စိုးမယ် လုပ်ပါ တော့တယ်။ အဲဒီမှာပဲ အေဒရီယန်နဲ့ကတ်ဆီးရပ်စ်တို့က မကျေ မနပ်တွေဖြစ်၊ ငရဲပြည်အသစ် ဖန်တီးမယ်ဆိုပြီး ဝိဉာဉ်တွေ ဝင်တဲ့ ငရဲမီးဂိတ်ပေါက်ကနေတစ်ဆင့်ကမ္ဘာမြေပေါ်ကို ထွက်သွားပါ တော့တယ်။အဝင်ဂိတ်လို့ သတ်မှတ်ထားတဲ့ ငရဲမီးဂိတ်ကနေထွက်သွားတာ ကြောင့် ငရဲမီးဂိတ်ဝကြီး ခဲသွားပြီးဝိဉာဉ်တွေ ဝင်လို့မရ ဖြစ်ကုန် ပါတော့တယ်။ စေတန်ကြီးလည်း တတိတိနဲ့ အားနည်းလာပြီး သေမလို ဖြစ်လာတာပေါ့။ အဲဒီမှာပဲ ကမ္ဘာမြေပေါ် ထွက်သွားတဲ့ အစ်ကိုနှစ်ယောက်ကို ငရဲပြည်ဆီ ပြန်ခေါပြီး ဖခင်ဖြစ်သူကို ကယ် တင်ပေးဖို့ကနစ်ကီ့ခေါင်းပေါ် ရောက်လာပါတော့တယ်။ရုပ်ဆိုးဆိုး၊ စကားထစ်ထစ်၊ အူကြောင်ကြောင်ရုပ်နဲ့ ပျော့ဖတ်ဖတ် နစ်ကီတစ်ယောက်ကမ္ဘာမြေပေါ် ရောက်သွားပြီး အလွဲလွဲအချော် ချော်တွေ ဖြစ်ပျက်ပုံကိုအခွီတစ်လိုင်းနဲ့ ...
movie
Little Nicky (2000)
2000
1
2
Next