Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Adam Ray
5.8
Jackpot! (2024)
Jackpot 2024နာမည်ကျော် ကိုရီးယား Squid Game တို့ The hungover games တို့လို Fun ဂိမ်းတွေဆော့ သတ်တဲ့ဖြတ်တဲ့ ဇာတ်လမ်းတွေ ကြည့်ရတာ ကြိုက်တဲ့ပရိသတ်တွေအတွက် တကယ့်ဒိတ်ဒိတ်ကျဲ သရုပ်ဆောင်တွေဖြစ်တဲ့ John Cena, Marvel သရုပ်ဆောင်သစ်တွေဖြစ်တဲ့ Shang Chi မင်းသားကြီး Simu Liu နဲ့ awkwafina တို့ အဓိကပါဝင်အားဖြည့်ပေးထားတဲ့ ဇာတ်ကားသစ်လေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကေတီကင်မ်ဆိုတဲ့ ကောင်မလေးဟာ လော့စ်အိန်ဂျယ်လိစ်မြို့ကို သရုပ်ဆောင်ဖြစ်ဖို့အတွက် ရောက်လာပြီး မထင်မှတ်ဘဲ အဲ့ဒီမြို့မှာလုပ်တဲ့ ဆုငွေအကြီးဆုံး ထီလက်မှတ်ကိုပေါက်တဲ့သူဖြစ်သွားပါတယ်။ပုံမှန်ဆိုရင်တော့ ဒါအတော်လေးကံကောင်းတာ ဖြစ်ပြီး ကေတီ့အတွက်ကတော့ တစ်ဝက်ပဲကံကောင်းတာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ စည်းမျဉ်းစည်းကမ်းအရ အဲ့ဒီထီလက်မှတ်ပိုင်ရှင်ကို သတ်နိုင်သူဟာ အဲ့ဒီဆုကြေးငွေ ဒေါ်လာ ဘီလံပေါင်း 3.6 သန်းရရှိမှာဖြစ်ပါတယ်။ ဒီတော့ ကေတီလုံခြုံအောင်နေဖို့လိုတာပေါ့။ဒီလိုနဲ့ သူ့ကိုကာကွယ်ပေးတဲ့ နိုးအယ်လ်ခေါ် ဂျွန်စီနာကြီးနဲ့တွေ့ပြီး သူ့ကိုကာကွယ်ပေးပေမဲ့ တစ်မြို့လုံးက လိုက်သတ်နေတဲ့ ကေတီ့ကိုသူလည်း ကာကွယ်မပေးနိုင်ပါဘူး။ အဲ့လိုနဲ့ ပြေးကြရင်း သူတို့လို ထီပေါက်တဲ့လူတွေကို အကာအကွယ်ပေးပြီး ကော်မရှင်ယူတဲ့ ရှမ်းကြီးတို့တဲ့ ...
movie
Jackpot! (2024)
2024
6.8
Ghostbusters (2016)
Ghostbusters (2016) Extended Cut VersionIMDb (6.8) / Rotten Tomatoes (74%)2016 ထွက်မယ့် ရုပ်ရှင်တွေထဲမှာ ကြည့်ချင်နေပေမယ့် သိပ်တော့မျှော်လင့်မထားတဲ့ ရုပ်ရှင်တစ်ခုရှိပါတယ်။ အဲဒါကတော့ Ghostbusters ပါပဲ။ တစ္ဆေဖမ်းသူများပေါ့။ မနေ့က ထွက်လာတော့ ကြည့်လိုက်မိတဲ့အချိန်မှာ နည်းနည်းတော့ အံ့အားသင့်သွားမိတယ်။ ဇာတ်လမ်း အဖွင့် အလည် အဆုံးက ကျေနပ်စရာလေး ဖြစ်နေလို့ပါပဲ။ အဖွင့်မှာ နိဒါန်းပျိုးသွားပုံလှတယ် သူတို့ အဖွဲ့ကို အလည်မှာ တည်ဆောက်သွားတာ အသက်ဝင်တယ် အဆုံးမှာ ကျေနပ်စရာ တိုက်ခိုက်မှုတွေနဲ့ ဇာတ်သိမ်းရလိုက်တယ်လို့ ပြောရမယ်ထင်ပါတယ်။ ဒါ့အပြင် Thor သရုပ်ဆောင်ကြီး Chris Hemsworth ကလဲ ဒီကားမှာ သူ့ကိုတွေ့တိုင်းရယ်နေရအောင် ကောင်းကောင်းအစွမ်းပြသွားတယ်။ငယ်ငယ်က တစ္ဆေသရဲနဲ့ ပတ်သတ်တာတွေကို ယုံကြည်ပြီး စာအုပ်တစ်အုပ်တောင် အတူရေးခဲ့တဲ့ အချစ်ဆုံး သူငယ်ချင်း ၂ ယောက် ...
movie
Ghostbusters (2016)
2016
4K HEVC
7.0
Spy (2015)
Spy(2015)IMDb Rating (7/10) / Rotten Tomatoes (95%)ရုပ်ရှင်လောကမှာ ဟာသ နဲ့ အက်ရှင် ဆိုတာက အရောမတတ်ရင် တိုင်ပတ်သွားနိုင်တဲ့အမျိုးအစားတစ်ခုထဲပါတယ်။ အက်ရှင်နယ်ပယ်မှာလည်းပုံမလာ၊ ဟာသထဲကျတော့လည်းပေါနေပြန် ဆိုတာတွေနဲ့ Action- Comedy ကားတွေက တော်ရုံဆိုရင် ပေါက်ဖို့ကော Rating ကောင်းဖို့ပါခက်တယ်။ ဒီရုပ်ရှင်ကတော့ အဲဒီအချက်တွေနဲ့မငြိစွန်းဘဲ တော်တော်ကိုပေါက်ခဲ့တယ်။ "ပေါက်မှာပေါ့။ ပါတဲ့သရုပ်ဆောင်တွေကိုလည်းကြည့်ဦးလေ" လို့ပြောလို့ရပေမဲ့ နာမည်ကြီးတွေပြုံထည့်ပြီး ယမ်းရှူသွားရတဲ့ရုပ်ရှင်တွေလည်း ကျနော်တို့မြင်ခဲ့ဖူးပြီးသားပါ။ ဒီရုပ်ရှင်ဘာကြောင့်ပေါက်သလဲဆိုတာ ကြည့်မှပဲသိပါလိမ့်မယ်။စီအိုင်အေမှာ မြေပြင်ကိုသွားရတဲ့စပိုင်တွေနဲ့ မြေအောက်ခန်းကနေ သတင်းအချက်အလက်ထောက်ပံ့ရတဲ့အဖွဲ့ဆိုပြီး ၂ ဖွဲ့ရှိတယ်။ မြေပြင်ကစပိုင်တွေကတော့ စပိုင်ကားတွေထဲကလို ဂျလန်းကြီးတွေလုပ်ရပေမဲ့ မြေအောက်ခန်းကကွန်ပြူတာသမားတွေကတော့ လင်းနို့ဝင်လိုက် ကြွက်ဝင်လိုက်ဖြစ်နေတဲ့အခန်းထဲ ထိုင်အလုပ်လုပ်ကြရတာပေါ့။ပထမဆုံးဇာတ်ကောင် ၂ ယောက်အနေနဲ့ ဆူဆန်ကူးပါး(Melissa McCarthy) နဲ့ ဘရက်ဒလေဖိုင်း (Jude Law) တို့ပါတယ်။ ဆူဆန်ကတော့ နားကြပ်ကတဆင့် မြေပြင်က ဖိုင်းကို ညွှန်ကြားရတာပေါ့။ အဲဒီအပြင် ဖိုင်းကိုပါကြိတ်ကြွေနေသေးတာ။တစ်နေ့တော့ ...
movie
Spy (2015)
2015
4K HEVC
7.3
Barbie(2023)
Barbie(2023)*********** Lady Bird ရဲ့ ဒါရိုက်တာနဲ့ဇာတ်ညွှန်းဆရာဖြစ်တဲ့ Greta Gerwig ရဲ့ လက်ရာပဲဖြစ်ပါတယ်။မာဂေါ့ရော့ဘီနဲ့ ရိုင်ယန်ဂို့စလင်းတို့ ပါဝင်ထားပါတယ်။ ဒေါ်လာ ၁.၃ ဘီလီယံအထိ ရရှိနေပြီးIMDb 7.3 နဲ့ လူကြိုက်များနေပါတယ်။ ဒီရုပ်ရှင်ဟာ အဓိကအားဖြင့် လူ့အသိုင်းအဝိုင်းနဲ့ ကျားဝါဒီမဝါဒီတွေကို အခြေပြုတဲ့ ဟာသကားအနေနဲ့ ရိုက်ထားတာပါ။ ဖိုကြီးစိုးရေးဝါဒကိုအံတုနေရတဲ့မိန်းမသားတွေ၊ မဝါဒီအားကောင်းလာချိန်မှာ ရုန်းကန်လာရတဲ့ ယောကျ်ားတွေ စသဖြင့်ပေါ့။ဇာတ်လမ်းအကျဉ်းဘာဘီတွေနဲ့ ကန်တွေဟာ သီးသန့်ကမ္ဘာတစ်ခုမှာနေထိုင်ကြပါတယ်။အဲဒီကမ္ဘာမှာ ဘာဘီတွေ ကြီးစိုးနေပြီ သမ္မတ၊ သိပ္ပံပညာရှင်၊ တရားသူကြီး၊နိုဘယ်ဆုရှင်အားလုံးက ဘာဘီချည်းပါပဲ။ ကန်ဆိုတဲ့ ယောကျာ်းတွေကတော့ဘာဘီတွေကို မှီခိုနေရတဲ့ ဖျော်ဖြေနေရတဲ့သူတွေပေါ့။ ဘာဘီတွေဟာ လူသားကမ္ဘာကြီးကိုလည်းသူတို့တွေရဲ့ ဘာဘီအရုပ်တွေက ပိုကောင်းအောင်ပြောင်းလဲပြီး မိန်းမတွေကြီးစိုးနေပြီလို့ပဲ ထင်ထားခဲ့တာပါ။ဘာဘီအမျိုးမျိုးရှိတဲ့အထဲမှာမှ မာဂေါ့ရဲ့ ဘာဘီကတော့ သမားရိုးကျဘာဘီ တစ်ယောက်ပဲဖြစ်ပါတယ်။ဘယ်နေရာမှာ ထူးချွန်နေတာမဟုတ်တဲ့ ဘာဘီသက်သက်ပါပဲ။ တစ်နေ့မှာတော့ဘာဘီဟာ သေခြင်းတရားအကြောင်းကိုတွေးမိရာကနေ ဘာဘီလောကနဲ့ အံမဝင်တော့ဘူးဘာဘီအစွမ်းတွေပျောက်လာပြီး ဖြစ်တည်မှုသံသယတွေပွားလာပါတော့တယ်။အဲဒါကို ကုသဖို့ နည်းကတော့ ...
movie
Barbie(2023)
2023
4K HEVC
5.8
The School for Good and Evil (2022)
The School for Good and Evil (2022)(1080p ရပါပြီ)နက်ဖလစ်ရဲ့ သရုပ်ဆောင်အစုံနဲ့ နှစ်နာရီခွဲကြာတဲ့ မှော်စိတ်ကူးယဉ်ရုပ်ရှင်အသစ်လာပါပြီ။ဟိုးရှေးရှေးတုန်းက ပုံပြင်ကမ္ဘာထဲမှာ အရမ်းအစွမ်းထက်တဲ့ ညီအစ်ကိုနှစ်ယောက်ဟာ သူတော်ကောင်းနဲ့မိစ္ဆာကြားမှာ ဟန်ချက်ညီစေဖို့ မှော်ကျောင်းတစ်ကျောင်းကို တည်ထောင်ခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာကြာလာတဲ့အခါ မိစ္ဆာညီဟာ စိတ်ပြောင်းပြီး စွမ်းအားအကုန်လုံးကို သိမ်းပိုက်ဖို့ သူ့အစ်ကိုကို သတ်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ဘဲ သေဆုံးသွားခဲ့ပါတယ်။အဲဒီကတည်းက သူတော်ကောင်းနဲ့မိစ္ဆာအတွက်ကျောင်းမှာ သူတော်ကောင်းတွေဘက်ကပဲ အရေးသာခဲ့တာ နှစ် ၂၀၀ လောက်ကြာခဲ့ပါပြီ။ အဲဒီကျောင်းမှာ မိစ္ဆာဆိုရင်လည်း ပုံပြင်တွေထဲက နာမည်ကြီး လူဆိုးကြီးတွေရဲ့ သားသမီးတွေတက်ရောက်နေတာဖြစ်ပြီ သူတော်ကောင်းတွေဘက်မှာလဲ ဘုရင်အာသာရဲ့သားတို့၊ စနှိုးဝိုက်ရဲ့သမီးတို့ စသည်ဖြင့် ပုံပြင်ဇာတ်လိုက်တွေရဲ့ မျိုးဆက်တွေ တက်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့ သူတို့ဆီမှာ စာဖတ်သူဆိုတဲ့ ပုံပြင်မျိုးရိုးမဟုတ်တဲ့ အပြင်လောကက သူတွေလည်း တက်ခွင့်ရတတ်ပါတယ်သေးတယ်။ တစ်နေ့မှာတောာ့ အဲဒီကျောင်းကို ဆိုဖီဆိုတဲ့ စိတ်ထားကောင်းတဲ့ကောင်မလေးနဲ့ အက်ဂ်သာဆိုတဲ့ ဂျစ်ကန်ကန်ကောင်မလေးတစ်ယောက် ...
movie
The School for Good and Evil (2022)
2022
5.4
Game Over, Man! (2018)
ဒီတစ်ခါတော့ CM Fan တွေကို Netflix ကဟာသ ကားလေး တစ်ခု နဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒါပေမယ့် ကြိုသတိပေးချင်တာကတော့18+ အဆင့် R- Rated အဆင့်ပါလိင်အင်္ဂါ ပုံတွေ အထင်းသား ပြထားတဲ့အပြင်သွေးထွက်သံယုံ အပြင်းစားတွေ နဲ့လူကြီး နဲ့ ကလေး အတူတူ မကြည့်သင့်တဲ့ဆဲဆိုတဲ့ အသုံးအနှုန်းတွေ အများကြီးပါဝင်တဲ့အတွက်အသက်မပြည့်သေးတဲ့ သူများ ၊ မိသားစု နဲ့ အတူကြည့်သော သူများကြည့်ရှုရန် မသင့်တော်ပါ နှလုံးရောဂါရှိသူများ မကြည့်သင့်ပါဇတ်လမ်းပုံစံကတော့ ထောင့်မကျိုး အပျင်းထူ လူတွေနဲ့အစေးမကပ် တဲ့ ဟိုတယ်တစ်ခုရဲ့ အခန်းရှင်း ၀ိတ်တာဘွိုင်း ၃ ယောက်နဲ့ဇတ်လမ်း စထားပါတယ်...သူတို့ ၃ ယောက်က မကောင်းတဲ့ အကျင့်တစ်မျိုးစီ ရှိပြီးဘာလုပ်လုပ် တလွဲတွေပဲ ဖြစ်နေပေမယ့် တူညီတဲ့အကြံတစ်ခုတော့ ရှိပါတယ် အဲ့ဒါကတော့ချမ်းသာချင်တဲ့ စိတ်ပါပဲ :Pတစ်ရက်မှာတော့ သူတို့ ဟိုတယ် ကိုVIP တစ်ယောက်လာတည်းပါတယ်အဲ့ဒီအတွက်လဲ ဟိုတယ်တစ်ခုလုံး တာဝန်တွေခွဲဝေယူရရင်း အလုပ်ရှုပ်နေတာပေါ့အဲ့ဒီ VIP ကတော့ ...
movie
Game Over, Man! (2018)
2018