Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Adam Neill
My Spy the Eternal City (2024)
IMDb 5.7/10 ရရှိထားတဲ့ အသစ်ထွက် Comedy/Action ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ My Spy ကားရဲ့ sequel ဖြစ်ပြီး ပထမကားထဲမှာလိုပဲ Dave Bautista၊ Ken Jeong နဲ့ Chloe Coleman တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဂျေဂျေက စီအိုင်အေအေးဂျင့်တစ်ယောက်ဖြစ်ပြီး မယားပါသမီးဖြစ်သူ ဆိုဖီ့အတွက် ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေသူပါ။ ၁၄ နှစ်အရွယ် သမီးနားမှာ အနီးကပ်စောင့်ရှောက်ပေးနိုင်ဖို့ အသက်အန္တရာယ်များတဲ့ ကွင်းဆင်းအလုပ်တွေကို ရှောင်ပြီး သတင်းပေးအဖြစ်နဲ့ပဲ ရုံးထိုင်အလုပ်လုပ်ကာ သမီးဖြစ်သူကို ထိန်းကျောင်းဖို့ တာဝန်ယူထားတာပါ။ဒီလိုနဲ့ သမီးဖြစ်သူက ကျောင်းက ဓမ္မတေးအဖွဲ့နဲ့အတူ အီတလီကို ခရီးထွက်ဖို့ အကြောင်းဖန်လာရာမှာတော့ စိတ်မချနိုင်စွာနဲ့ အထိန်းတော်အဖြစ် ကျောင်းအဖွဲ့နဲ့အတူ လိုက်ပါသွားခဲ့ပါတော့တယ်။ ဂျေဂျေရဲ့ အကြံကတော့ ဒီခရီးစဉ်မှာ ဆိုဖီနဲ့ ရင်းနှီးနိုင်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ တကယ်တမ်း ခရီးထွက်ရတဲ့အခါမှာမှ ...
movie
My Spy the Eternal City (2024)
6.7
The Salvation (2014)
classic westernကားကောင်းကောင်းကြည့်ချင်တယ်...actionခန်း သေနတ်ပစ်ခန်းကောင်းကောင်းတွေလည်းပါရမယ်..ဇာတ်လမ်းကလည်း Drama Thrillerလေးမှဆိုရင် ဒီကားကိုကြည့်ဖြစ်အောင်ကြည့်ပါဗျာ...။သရုပ်ဆောင်ထားတဲ့ မင်းသားတွေကလည်း ခပ်အေးအေးနဲ့ ဇာတ်ရုပ်နဲ့လိုက်ဖက်လွန်းပါတယ်...။Danish မင်းသားကြီး Mads Mikkelsenရဲ့ သရုပ်ဆောင်ဟန်တွေကိုဒီမှာမြင်တွေ့ရဦးမယ့်အပြင် မင်းသားကြီး Mikael Persbrandtကလည်းအားဖြည့်ပါဝင်ထားပါတယ်...။မင်းသမီးEva Greenဆိုရင် တစ်ကားလုံးစကားတစ်ခွန်းမှမပြောဘဲလူကြမ်းမကြီးအသွင်နဲ့ သရုပ်ဆောင်ပြသွားပါသေးတယ်...။စကားများများမပြောဘဲ ရိုက်ကွင်းရိုက်ကွက်နဲ့ ဇာတ်အိမ်ထဲမျှောပြီးခံစားရမယ့်ကားမျိုးပါ...။ဇာတ်ကြောင်းကလည်းရိုးရိုးရှင်းရှင်းပါပဲ...သားနဲ့ဇနီးက ဗီလိန်တွေသတ်ဖြတ်တာကိုခံလိုက်ရလို့ တုန့်ပြန်လက်စားချေတဲ့ဖခင်တစ်ယောက်ရဲ့ဇာတ်လမ်းပါ...။ခံစားကြည့်ရှုလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်ဗျ...။ File size…1.44GB / 671MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
The Salvation (2014)
5.0
Starship Troopers 3: Marauder (2008)
2008 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Starship troopers 3 ပိုးကောင်တွေနဲ့လူတွေရဲ့ကြားက တိုက်ပွဲအကြောင်းကိုရိုက်ကူးထားတာပါ။ရိုခုဆန်မှာ ပိုးကောင်စစ်ပွဲဖြစ်ပွါးခဲ့ပြီးနောက် ရိုခုဆန်ဒေသခံတွေကစစ်ပွဲကို ဆန့်ကျင်လာခဲ့ပါတယ်၊ အဲဒါကြောင့် ဒေသခံတွေဟာသူတို့နယ်မြေအတွင်းရှိ စစ်သားတွေကို မထီမဲ့မြင်ဆက်ဆံလာပါတယ်။တစ်နေ့မှာတော့ စစ်ဌာနချုပ်ကနေ ဗိုလ်ချုပ်ကြီးအိုမာအနုတ်၊ဗိုလ်ချုပ်ဟောင်ဇာနဲ့ လိုလာဘက်ခ်တို့ လာရောက်လှည့်ပတ်ကြည့်ရှုပါတယ်။အဲဒီအချိန်မှာပဲ ရိုခုဆန်မှာရှိတဲ့ ပိုးကောင်တွေကိုဟန့်တားထားတဲ့ခြံစည်းရိုးလုံခြုံရေး ပျက်ဆီးသွားလို့ ဗိုလ်ချုပ်ဟောင်ဇာကစစ်မြေပြင်ကို ထိန်းချုပ်ပြီး ဗိုလ်ချုပ်ကြီးအိုမာနဲ့လိုလာဘက်ခ်တို့ကဌာနချုပ်ကိုပြန်သွားကြပါတယ်...ဗိုလ်ချုပ်ကြီးအိုမာတို့ယာဉ်ဟာ လမ်းခုလတ်မှာစက်ချို့ယွင်းပြီးကန္တာရတစ်ခုမှာ ပျက်ကျသွားပါတယ်၊ ဌာနချုပ်ကိုကယ်ဆယ်ရေးအကူအညီလှမ်းတောင်းပေမယ့် ဌာနချုပ်က လျစ်လျူရှုခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးအိုမာတို့ ဌာနချုပ်ကိုပြန်နိုင်မလား...ကန္တာရထဲမှာ ဘာတွေကြုံတွေ့ရမလဲဆိုတာကိုဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုကြရအောင် File size… 2.4 GB / 1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 45m Genre ..... Action , Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni
movie
Starship Troopers 3: Marauder (2008)
2008
5.6
Jungle Beat: The Movie (2020)
Jungle Beat: The Movie (2020)=======================IMDb Rating - 5.6/10#Unicodeဒီတစ်ခါတော့ ကလေးတွေ အကြိုက်ကာတွန်းကားလေး တင်ဆက်ပေးပါမယ်။ ကလေးတွေအတွက် တင်ဆက်ပေးနေတဲ့ချစ်စရာ ကောင်းတဲ့ တောကောင်လေးတွေရဲ့ ရယ်စရာလေးများကို သဘာဝအငွေ့အသက်နဲ့ ဖန်တီးထားတဲ့ AnimationSeries - Jungle Beat ရဲ့ Jungle Beat: The Movie ဖြစ်ပါတယ်။ Series တွေထဲမှာတော့ တိရစ္ဆာန်လေးတွေက စကားမပြောနိုင်ပေမဲ့ ဒီ Movie ထဲမှာတော့ စကားပြောနိုင်ကြပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းကတော့ ဂြိုလ်သားလေးတစ်ယောက် သူတို့နေတဲ့တောထဲကို ရောက်လာလို့ပါပဲ။ သူတို့တွေ တခြားကမ္ဘာကလာတဲ့ သူငယ်ချင်းကိုတွေ့ပြီး အထီးကျန်နေတဲ့၊ အိမ်ကိုလွမ်းနေတဲ့ သူတို့ရဲ့သူငယ်ချင်းကို အိမ်ပြန်နိုင်အောင် သူတို့တွေ ကူညီပေးတာကိုတွေ့ရမှာပါ။ ဇာတ်လမ်းလေးက ချစ်စရာလေးပါပဲ။ ဒီကားလေးဟာ IMDb Rating 5.6/10 ရထားပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut ...
movie
Jungle Beat: The Movie (2020)
2020