Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Adam Ferency
5.0
Inheritance (2024)
အနှစ်၃၀လောက် အဆက်အသွယ်မရှိခဲ့တဲ့ တစ်ကိုယ်တည်းသမားဘီလီယံနာ ဦးလေး ဖြစ်သူက ရုတ်တရတ်ကြီး သေဆုံးသွားပြီး ကျန်ခဲ့တဲ့ ဥစ္စာဓန အားလုံးကို တူ၊ တူမ တွေကို အမွေပေးခဲ့တဲ့ အခါ။လူထူးဆန်း ဖြစ်တဲ့ ဦးလေးက အမွေကို ရိုးရိုး မပေးဘဲ ရသစုံဂိမ်းရှိုးလို စီစဥ်ခဲ့တဲ့အခါ ဒီအမွေတွေကို နောက်ဆုံးမှာ ဘယ်သူရသွားမလဲ။ အေးခဲနေတဲ့ မြို့ထဲက ပဟေဠိတွေပြည့်နေတဲ့ အိမ်ကြီးထဲမှာ သူတို့ကို ဘယ်လိုအရာတွေက စောင့်ကြိုနေမလဲ။မူလပိုလန်စကားပြောရုပ်ရှင်ဖြစ်ပြီး production design ကောင်းကောင်းနဲ့ ဖန်တီးထားတဲ့ အတွက် အမြင်အရ ဆန်းသစ်နေပါတယ်။ စိတ်ဝင်စားစရာ ဇာတ်ကြောင်းပြောပုံတွေ၊ ဟာသတွေ နဲ့ စကားလုံးတွေကို ကစားထားမှု က ဇာတ်လမ်းကို အဆုံးထိဆွဲခေါ်ပေးသွားမှာပါ။ Netflix ပေါ် ရောက်လာတဲ့ ပိုလန် ရုံတင်ကား တစ်ကားဖြစ်တဲ့ အတွက် အသစ်အဆန်းအနေနဲ့ ကြည့်ရှု ခံစားကြည့်ကြပါဦး ။ File size…(1.3 ...
movie
Inheritance (2024)
4.5
Mr. Car and the Knights Templar (2023)
Mr. Car and the Knights Templar (2023) =============================ပေါ့ပေါ့ပါးပါး ကြည့်စရာရှာနေသူတွေအတွက် ပိုလန်ရုပ်ရှင်သစ် တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ပိုလန်စာရေးဆရာကြီး Zbigniew Nienacki ရဲ့နာမည်တူ၀တ္ထုကို အခြေခံရိုက်ကူးထားတာပါ။ အလွယ်ပြောရရင်တော့ ဇာတ်လိုက်နဲ့ကလေးတစ်သိုက်က ရတနာ သိုက်လိုက်ရှာတဲ့ ဇာတ်လမ်းမျိုးပါပဲ။ ဒါပေမဲ့ ထူးခြားတာကတော့ ခရူးဆိတ်စစ်ပွဲနဲ့ သမိုင်းကြောင်းထဲက သူရဲကောင်းတွေနဲ့ ဆက်စပ် တဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေပါနေတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအရတော့ လူသိများတဲ့ ပိုလန်လူမျိုး အနုပညာသမိုင်း ပညာရှင် တောမတ်ရှ်ဟာ တမ်ပလာလက်ဝါးကပ်တိုင်တစ်ခုကို ရှာ တွေ့ထားပါတယ်။ အဲဒီကပေးတဲ့ သဲလွန်စနဲ့ ရှေးခေတ်က ရတနာ သိုက်တစ်ခုကိုရှာဖွေဖို့ ကြိုးပမ်းပါတော့တယ်။ ဒါပေမဲ့ လူအတော် စိတ်၀င်စားတဲ့ ရတနာသိုက်ဖြစ်တာကြောင့် ဟိုးလေးတကျော်နာမည် ကြီးသွားပါတယ်။ အဲဒီအခါမှာ ရတနာသိုက်မုဆိုးတွေစုလာပြီး အချင်း ချင်းပြိုင်ဆိုင်တိုက်ခိုက်မှုတွေ ရှိလာပါတယ်။တောမတ်ရှ်ကတော့ သူနဲ့သိပ်မတည့်လှတဲ့ သတင်းထောက်မတစ်ယောက်၊ သူအထင်မကြီးလှတဲ့ ဆယ်ကျော်သက်ကလေး ၃ ယောက်နဲ့ မထင်မှတ် ဘဲ တစ်ဖွဲ့တည်းဖြစ်သွားခဲ့ပါတယ်။ အဲဒီလိုနဲ့ တောမတ်ရှ်တို့အဖွဲ့ အလွဲ တွေကြားမှာ ရတနာသိုက်ဘယ်လိုရှာကြမလဲ၊ ဘာတွေရင်ဆိုင်ရမလဲ၊ ဘယ်သူမှ ဘာမှန်းမသိတဲ့ ရတနာသိုက်ဆိုတာက နောက်ဆုံးမှာ ဘာဖြစ် နေမလဲဆိုတာကို ကြည့်ကြရမှာပါ။ ...
movie
Mr. Car and the Knights Templar (2023)
2023
7.6
Cold War (2018)
Cold War (2018)=============IMDb Rating 7.6/10#UnicodeCold Warကိုကြည့်ပြီးနောက် တွေးမိတာက ကျောင်းသင်ရိုးက မြန်မာကဗျာတွေရဲ့ အရေးပါပုံကိုပါပဲ။ Cold Warဟာ ဂီတသမားတစ်ယောက်က ဂီတတင်ဆက်မှုတစ်ခုလုပ်ဖို့ လူစုတဲ့အကြောင်းကနေ အစပြုထားတယ်။ သူ့တင်ဆက်ချင်တဲ့ဂီတက နည်းနည်းတော့ထူးခြားတယ်။ ကျေးတောနေလူတန်စားတွေရဲ့ ဂီတ။ ကျွန်တော်တို့ မြန်မာကဗျာမှာသင်ရတဲ့ တောင်တွင်းရှင်ငြိမ်းမယ်ရဲ့ အိုင်ချင်းတွေလိုကဗျာတွေကို ဆိုကြတဲ့ဂီတမျိုးပဲ။ ကောက်စိုက်သမဂီတပဲဆိုရမယ်။ ဒီဂီတလေးတွေက ဒီကားရဲ့အသက်ပဲထင်တယ်။ Cold Warဟာ ဒီတစ်မူထူးတဲ့ဂီတတွေကြောင့်ပဲ တခြားMusical Dramaတွေထက်ထူးနေတယ်။ ဒီဂီတကဗျာတွေရဲ့ အရေးပါပုံကိုခံစားမိတော့ ကျွန်တော် ကျောင်းသင်ရိုးကကဗျာတွေ အရေးပါတာတွေးမိတယ်။ ကိုယ့်ဘာသာဆို သိချင်မှသိမယ်ကိုး။ မူရင်းပိုလန်ဘာသာကနေ အင်္ဂလိပ်လိုပြန်ထားတာကိုမှ ဗမာလိုပြန်ရေးတာမို့ Lost in Translation အများကြီးရှိနိုင်ပေမယ့် ဒီထဲက သီချင်းတွေကို ကျေးလက်ကဗျာ အငွေ့အသက်ရအောင်ပဲ ပြန်ထားပေးပါတယ်။Cold Warရဲ့တစ်ချို့ အခန်းတွေဟာ သိပ်လှတယ်။ ကျွန်တော်အကြိုက်ဆုံးအခန်းက ကျေးလက်ဂီတတွေကို နိုင်ငံရေးစည်းရုံးရေးသီချင်းဖြစ်အောင် မလွဲရှောင်သာလို့ သုံးပေးလိုက်ရပေမယ့် အဲ့ဒီဂီတတင်ဆက်မှုရဲ့ အောင်မြင်မှုအတွက် အားလုံးလက်ခုပ်တီးနေချိန်မှာ လက်ခုပ်မတီးနိုင်တဲ့ ဂီတတင်ဆက်မှုရဲ့ ပဲ့ကိုင်ရှင် နှစ်ယောက်နဲ့ သူတို့ရဲ့ မသက်မသာမျက်နှာတွေပါပဲ။ရုပ်ရှင်နာမည်ကတော့ ဇာတ်အိမ်ကို ပိုလန်ရဲ့စစ်အေးတိုက်ပွဲ ကာလအတွင်းတည်ထား တာမို့ Cold Warလို့ပေးထားပေမယ့်။ စစ်နဲ့ ပက်သက်တာ ဘာမှမပါပါဘူး။ သမိုင်းအစစ်တွေတော့ ယူသုံးထားတယ်။ Cold Warဟာ 2018ထွက်ဆိုပေမယ့် ဒါရိုက်တာက သူ့အနုပညာရည်ကို လက်စွမ်းပြချင်တော့ အဖြူအမဲနဲ့ရိုက်ထားတယ်။ အဲ့ဒီနှစ်က ရုပ်ရှင်ဓာတ်ပုံ ပညာနဲ့ အော်စကာဆန်ခါတင်၀င်ခဲ့သေးပေမယ့် Romaရသွားတယ်။ သူအသားပေးဖော်ပြသွားတဲ့ ကျေးလက်ဂီတတွေရဲ့ ခံစားမှုမျိုးကိုပဲ Cold War က ...
movie
Cold War (2018)
2018