Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Achyuth Kumar
7.5
Love Li (2024)
Love Li (2024)"မီးတောက်" ======================ကန်နာဒါရုပ်ရှင်တွေမှာ ဗီလိန်နေရာက သရုပ်ဆောင်တာများတဲ့ မင်းသား ဗာဆီရှ်သာဆင်မ်ဟာ ဇာတ်လိုက်နေရာကရိုက်ထားတဲ့ အသစ်ထွက် ရိုးမန့်စ်အက်ရှင် ရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဗာဆီရှ်သာဟာဆိုရင် K.G.F လို ရုပ်ရှင်မျိုးမှာတောင် ဗီလိန်နေရာက ပါဝင်ဖူးသူဖြစ်တဲ့အတွက် ကန်နာဒါရုပ်ရှင်လောကမှာ အတော်အသင့် နာမည်ကြီးနေပြီဖြစ်တဲ့မင်းသားလို့လည်းပြောလို့ရပါတယ်။ဇာတ်လမ်းကတော့.. သူ့ချစ်သူကို ထိလို့ဆိုပြီး ထိတဲ့လက်ကို ခုဝာ်ဖြဝာ်တဲ့ထိကြမ်းတဲ့၊ ကြမ်းပေ့ဆိုတဲ့ လူမိုက်တွေကတောင် ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ မိဘမဲ့ မိုက်ရူးရဲတစ်ယောက် ချစ်ရတဲ့မိန်းကလေးနဲ့ လက်ထပ်ပြီး အခြေချဖို့ကြိုးစားနေတုန်းမှာ အခြေအနေအရပ်ရပ်က သူ့ကို ဂိုဏ်းစတားတစ်ယောက်ဖြစ်လာအောင် တွန်းပို့တဲ့အတွက် ဂိုဏ်းစတားတစ်ယောက်ဖြစ်လာပုံကို တောင်ပိုင်းကားဆန်ဆန် မြင်တွေ့မှာပဲဖြစ်ပါတယ်။ဇာတ်လမ်းရော၊ နောက်ခံတီးလုံးတွေရော၊ အက်ရှင်ခန်းတွေရော တော်တော်လေး မဆိုးလှတာမလို့ စီအမ်အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် စီအမ်ဘောလိဝုဒ်တီးမ်ကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။ File size…2.5GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Love Li (2024)
2024
7
Sapta Sagaradaache Ello – Side B (2023)
Sapta Sagaradaache Ello Side B (2023) "မေ့ပြီလား"မနှစ်ကတင်ခဲ့တဲ့ Side A ရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ဟင်ဒီအချစ်ဒရာမာကားလေးကို အဆွေးဓာတ်ခံရှိတဲ့ ပရိသတ်တွေအကြိုက် တင်ဆက်ပေးလိုက်ပါတယ်ကိုယ်မလုပ်ခဲ့တဲ့ အပြစ်တစ်ခုအတွက် ထောင်ဆယ်နှစ်ကျပြီး ပြန်ထွက်လာတဲ့ မာနူတစ်ယောက် လေထဲအတူ တိုက်အိမ်ဆောက်ဖူးတဲ့ ချစ်သူ ပရီယာလည်း အိမ်ထောင်ကျ၊ဘဝမှာ ကျန်တာဆိုလို့ ထောင်ကရခဲ့တဲ့ အမာရွတ်တစ်ခုနဲ့ အတိတ်က မေ့ဖျောက်မရတဲ့ မှတ်ဉာဏ်တစ်ချို့နဲ့အတူ တွဲရက်ပါလာတဲ့ ဒဏ်ရာတွေပါပဲဘဝသစ်စဖို့ ကြိုးစားရင်း သူ့မိတ်ဆွေတစ်ယောက်ညွှန်းတဲ့အတိုင်း ဟိုအတန်းက သဘောမနောကောင်းတဲ့ ပြည့်တန်ဆာလေးနဲ့ သွားအိပ်ပြီး ရင်းနှီးသွားကြရင်း သူ့အမြင်တချို့ ပြောင်းလာတယ်ဒီအချိန်မှာပဲ ပရီယာတစ်ယောက် အိမ်ထောင်ကျလို့ ရွှေဘုံပေါ် စံနေပါပြီ သူ့ဘဝသူပျော်နေပါပြီ ဆိုတဲ့ အထင်နဲ့ အမြင် လွဲနေတာကို တွေ့လိုက်ရတဲ့အခါမှာတော့...တစ်စစီကျိုးပဲ့သွားတဲ့ အတိတ်ဘဝက အိပ်မက်တစ်ချို့ကို ပြန်လည်ဆက်စပ်ဖို့ သူကြိုးစားလို့ အောင်မြင်မှာလား ဒီတစ်ကြိမ်မှာရော ရှေ့ကားကလို မျက်ရည်တွေနဲ့ပဲ အဆုံးသတ်ရဦးမှာလားဆိုတာကိုတော့သီချင်းကအစ အဆွေးရော့ခ်သီချင်းတွေ ထည့်သွင်းထားပြီး ဟာသလုံးဝမနှောပဲ အပီအပြင်ဆွေးရဦးမယ့် ဇာတ်လမ်းလေးဖြစ်ကြောင်း ညွှန်းလိုက်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ...
movie
Sapta Sagaradaache Ello – Side B (2023)
2023
6.7
Yuva (2024)
Yuva (2024) ကျောင်းတော်ကရန်စအက်ရှင်ကားကောင်းတွေက ကြိုက်နှစ်သက်တဲ့ ဘောလီးဝုဒ်ပရိသတ်ကြီးအတွက် အကြမ်းပတမ်းအသတ်အပုတ်မှာ လှည့်ကြည့်စရာမလိုအောင် တဂျိမ်းဂျိမ်းချတဲ့ ကန်နာဒါကားလေးတစ်ကားလာပါပြီ ကန်နာဒါကားတွေထုံးစံ မင်းသားနဲ့ အုပ်လိုက် အုပ်လိုက်နဲ့မင်းသား လေပေါ်မြှောက်အောင်ထိုးပြီး သွေးတရဲရဲနဲ့ သောက်ခွက်ညိုအောင်ကျွေးတဲ့ အားရပါးရကို အဝကြည့်ရမဲ့ အက်ရှင်ကားလေးပါပဲဇာတ်လမ်းလေးကတော့ မန်ဂလူရူမြို့က ကောလိပ်လေးတစ်ခုမှာ နယ်ခံကျောင်းသားတွေက တခြားကလာပြီး အဆောင်နေတဲ့ ကျောင်းသားတွေကို အနိုင်ကျင့်နေတာကြာပါပြီ...တစ်နေ့မှာ သူတို့က ယူဗာလို့ခေါ်တဲ့ အင်ယာကျောင်းသားတစ်ယောက်ကို သူတို့ဆိုင်ကယ်ပါကင်မှာ ဆိုင်ကယ်လာရပ်လို့ ဆိုင်ကယ်ကို ရိုက်ခွဲလိုက်တာကစပြီး ယူဗာနဲ့ နယ်ခံကျောင်းသားတွေ...ရန်တွေဖြစ် တွေ့တဲ့နေရာကြိတ်ကြပြီး နယ်ခံကျောင်သားတွေတင်မက နယ်ခံလူမိုက်တွေနဲ့ပါ ဇယားတွေရှုပ်ကုန်ပါတော့တယ်... ယူဗာနဲ့ နယ်ခံကောင်တွေ ဘယ်လိုကျွေးကြမလဲဆိုတာ ပိတ်ကားပြင်ထက်မှာ ဆက်လက်အားပေးကြဖို့ တင်ဆက်ပေးလိုက်ပါတယ်...အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ် File size…2.8GB / 1.3GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Yuva (2024)
2024
8.9
K.G.F: Chapter 2(2022) KGF 2
K.G.F: Chapter 2(2022) အညွှန်းKannada Audio အစစ်နဲ့ 4K ကိုတင်ဆက်ထားပါတယ်။****************************IMDb..8.9WEB-DL1080P5.1CH ကြည်တောက်ရှင်း ရပါပြီ.....KGF 1 မှာရော့ကီဟာ အင်အားကြီးမားလာသလို ရန်သူအပေါင်းရဲ့ အဓိက နှိမ်နှင်းစရာဖြစ်လာတယ်...ဒါ့ကြောင့်ပဲ KGF 2 မှာတော့ရော့ကီနဲ့အပြိုင်ကြမ်းမဲ့ အမိုက်စားဗီလိန် တစ်ယောက်ပါဝင်လာပါတယ်...ဒါ့အပြင် နိုင်ငံရေးအရှုတ်တော်ပုံတွေလည်း ပါဝင်လာတဲ့အခါမှာတော့... File Size : 8.4 GB, 2.9GB ,1.5GB, 560MB Quality : WEB-DL 4K HEVC,1080P5.1Ch(HEVC),720P, 480p Format : mp4 Duration : 2hr & 45mins Genre ...
movie
K.G.F: Chapter 2(2022) KGF 2
4K HEVC
8.9
K.G.F: Chapter 1 (2018) KGF 1
K.G.F: Chapter 1 (2018)အညွှန်းKannada Audio အစစ်နဲ့ 4K ကိုတင်ဆက်ထားပါတယ်။******************************IMDb rating - 8.7/10 Google Users - 95%၁၉၅၁ ခုနှစ်ကို အခြေတည်ရေးသားထားတဲ့ ကိုလာရွှေလုပ်ကွက်ရဲ့ အကြောင်းအရာတွေ ပါဝင်နေတဲ့ ဂျာနယ်လစ်အာနန်းအင်္ဂလာဂီရဲ့ "El Dorado- အယ်လ်ဒိုရာဒို"စာအုပ်ကို အိန္ဒိယအစိုးရက တားမြစ်ပိတ်ပင်ပြီး ထုတ်ဝေထားသမျှ စာအုပ်အားလုံးကို မီးရှို့ဖျက်ဆီးပစ်လိုက်တယ်။မျက်မှောက်ခေတ်ကို ရောက်တော့ ဒီစာအုပ်ကိုပဲ တီဗီချန်နယ်တစ်ခုက မရမက ရှာဖွေပြီး ဂျာနယ်လစ်ကို အင်တာဗျူးလုပ်တယ်။စာအုပ်ထဲက အကြောင်းအရာတွေကို စာရေးသူက ပြန်လည်ပြောပြရာကနေ ဒီဇာတ်လမ်း ပြန်လည်အသက်ဝင်လာခဲ့တော့တယ်။"ကိုလာရွှေလုပ်ကွက် ဖြစ်တည်လာပုံနှင့် ရော်ကီမွေးဖွားလာပုံ ပြိုင်တူအဖြစ်အပျက်နှစ်ခု..."ဟိုး ၁၉၅၁ခုနှစ်တုန်းက အိန္ဒိယနိုင်ငံတောင်ပိုင်းမှာရှိတဲ့ မိုင်ဆောပြည်နယ် (ယခု ကာနာတားကားပြည်နယ် - ကိုလာခရိုင်) မှာ အစိုးရအာဏာပိုင်တွေဟာ ရွှေကြောတစ်ခုကို တွေ့ရှိခဲ့ကြတယ်။ ဒီရွှေကြောကို ရှာတွေ့ခဲ့တဲ့ နေ့မှာ အဖြစ်အပျက်နှစ်ခု ပြိုင်တူဖြစ်ပွားခဲ့တယ်။တစ်ခုက ရာဂျားကရစ်ရှ်နားပါးဘိုင်ယာဆိုတဲ့ လူသားတစ်ယောက် အသက်မပြည့်သေးပဲ ကိုယ်ဝန်လွယ်ထားရတဲ့ အမိဝမ်းကနေ ကမ္ဘာမြေပေါ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီးနောက်တစ်ခုက ကိုလာရွှေကြောကို တွေ့ရှိတဲ့နေရာမှာကြီးစိုးတဲ့ ဆူရိယဗာဒန်ဆိုသူ လူမိုက်ကြီးဟာ ရွှေကြောကို တွေ့ရှိတဲ့ အစိုးရအာဏာပိုင်တွေကို လက်စဖျောက်ပစ်ပြီး ရွှေကြောကို ...
movie
K.G.F: Chapter 1 (2018) KGF 1
2018
4K HEVC
6.4
Bachelor Party (2024)
Bachelor Party (2024) "ကြိုးပြတ်သွားသော ခိုင်းနွား" ========================= IMDb 6.6 ရထားပြီး အမှန်အကန်ရယ်ရမယ့် ကန်နားဒါး ဟာသကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဥ်းကတော့ ဆန်တို့ရှ်က ရိုးသားကြိုးစားပြီး ဘော့စ်က အားထားရတဲ့ဝန်ထမ်း - မိသားစုကို လိုလေသေးမရှိရလေအောင် ထောက်ပံ့တဲ့လူကောင်းတစ်ယောက်ဖြစ်ပေမဲ့ အိမ်ပြန်ရောက်လာရင်တော့ ကြင်သူသက်ထားရဲ့ ခြေသုတ်ခုံဘဝကို ရောက်သွားပါတယ်...ဆန်ဒယာက ဘာအလုပ်မှမလုပ် အိမ်ဖော်ငှားပြီးယောကျာ်းရှာသမျှစည်းစိမ်ကို သုံးဖြုန်းတဲ့အပြင် ... ဆန်တို့ရှ်ကို ခိုင်းနွားလိုဆက်ဆံ... အလုပ်ကပြန်ရောက်ရင် ရေတစ်ခွက်တိုက်ဖို့နေနေသာသာ တစ်စက်လေးမှ အဖတ်မလုပ်ပဲ ယောကျာ်းကို မီးဖိုချောင်မှာ ညအိပ်ခိုင်းတဲ့ ချစ်စရာ ဇနီးချောလေးတစ်ယောက်ပေါ့ ဒါတွေကို သည်းမခံနိုင်တော့တဲ့အဆုံးမှာတော့ တစ်နေ့ ဆန်တို့ရှ်တစ်ယောက် ပါတီတစ်ခုမှာ ငယ်သူငယ်ချင်းနဲ့ ပြန်ဆုံပြီး သူတို့ရဲ့ ကျောင်းဆရာ အပါအဝင် သုံးယောက်ပေါင်း လောင်းကျော်ရင်း နွားသိုးကြိုးပြတ်သလို ရူးသွပ်မှုလယ်ဗယ်လ် အဆုံးစွန်ရောက်သွားတဲ့ စွန့်စားခန်းတွေကို ရယ်ရယ်မောမော ရှုစားရမှာဖြစ်ပြီး ဆန်တို့ရှ်တစ်ယောက် ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတတ်တဲ့ ယောကျာ်းတစ်ယောက် ပြန်ဖြစ်လာပါ့မလားဆိုတာကို...မီဆိုဂျီနီ အဆင့်ထိ မရောက်ပေမယ့်လို့ ဖီးမေးလ် အန်ပါဝါးမန့်နဲ့ ဆန့်ကျင့်ဘက်ဖြစ်တဲ့ မေးလ်အန်ပါဝါးမန့်ကို ...
movie
Bachelor Party (2024)
2024
5
Annapoorani (2023)
Annapoorani - The Goddess of Food (2023)"အိန္ဒိယချန်ဂင်" IMDb- 4.8/10Netflixကနေ ထုတ်လွှင့်လိုက်တဲ့ စားဖိုမှူးမလေးအကြောင်း တမီလ်အချစ် အချက်အပြုတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။အဓိကဇာတ်ကောင်ကတော့ Jawan(2023)မှာ ရှရွတ်ခန်းဇနီး ရဲမေမလေးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချော နာယန်သရာပဲဖြစ်ပါတယ်။ဘုရားကျောင်းမှာ ဘုရားဆွမ်းချက်ပေးရတဲ့ သက်သတ်လွတ်စားတဲ့ မျိုးရိုးဇာတ်အနွယ်မြင့် မိသားစုက အမျိုးသမီးလေးတစ်ယောက်။ဒီအမျိုးသမီးလေးရဲ့ အိပ်မက်က အိန္ဒိယဂုဏ်ဆောင် ကမ္ဘာကျော်စားဖိုမှူးကြီးဖြစ်ဖို့။ သက်သတ်လွတ်ဟင်းတွေကို ထူးရှယ်ချက်ပြုတ်နိုင်ပေမဲ့လည်း အသားမစားတဲ့အတွက် အသားဟင်းချက်ဖို့ အသားကိုင်ဖို့ကျ အဆင်မပြေဖြစ်နေရရှာ။သူ့ကိုပိုးပန်းနေတဲ့ ကိုယ်တော်ချောရဲ့ ကောင်းမှုနဲ့ အဖေဖြစ်သူမသိအောင် အသားဟင်းတွေချက်ပြုတ်မြည်းစမ်းလာတဲ့အခါ။အဖေဖြစ်သူက သူ့သမီးလေး အမ်ဘီအေတက်နေတယ်အမှတ်နဲ့ ကျောင်းကိုအလာမှာ အသားဟင်းတွေချက်ပြုတ် မြည်းစမ်းနေတဲ့သမီးဖြစ်သူကိုတွေ့တဲ့အခါမှာတော့။ သူဖြစ်ချင်တဲ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ဆက်လက်ကြိုးစားသွားနိုင်မှာလားဆိုတာ...။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…5.4GB / 2.06GB / 980MB Quality…WEBDL 4k HEVC / WEB DL 1080p ...
movie
Annapoorani (2023)
2023
4K HEVC
9.0
Vikram Vedha (2017)
ဇာတ်လမ်းကို မညွှန်းခင် Rating လေးတစ်ချက်ကြည့်လိုက်ပါဦး IMDB 9.0/10 တဲ့ဗျာ ဒီကားကို စကြည့်ဖြစ်တုန်းကတော့ Tollywood ကားဆိုတော့ ထုံးစံအတိုင်း တစ်ချက်ထိုးလိုက်ရင် လေပေါ်ပျံတာတို့ အားအားနေကနေတို့ ဒါတွေပဲ ဖြစ်မှာပါလို့ ထင်ထားမိတာ အမှားကြီးမှားတာပဲ အိန္ဒိယရုပ်ရှင်ကား တစ်ကားလို့တောင် မထင်ရက်ဘူး ဒီကားကို Bollywood က Reboot ပြန်ရိုက်ဖို့အထိ မျှော်လင့်မိတယ်ဗျာ ကောင်းလား မကောင်းလား မညွှန်းတော့ဘူး တန်းသာဒေါင်းလိုက်တော့ ဒေါင်းရကျိုးနပ်စေရမည်ဗျာ့ဒုစရိုက်ကားဆိုတော့ ကြည့်ဖူးနေကျ ရုပ်ရှင်ကားတွေလို မှောင်ခိုတွေလုပ် ရဲကဖမ်း ရဲကို ပြန်သတ် သူသေ ကိုယ်သေ ဒါမျိုးလာလိမ့်မယ် ထင်ထားတာ ဒါရိုက်တာက အလှည့်အပြောင်းတွေနဲ့ Crime ကားကို Mystery ဆန်ဆန်လေး တင်ပြသွားတယ်ရဲနဲ့ရာဇာဝတ်ကောင်ကြားကို ယှဉ်ပြတဲ့ အခါမှာလည်း ရဲတစ်ယောက်ရဲ့သားဟာ ရဲဖြစ်သလို အဖေရိုးသားသလို သားဖြစ်သူကလည်း ရိုးရိုးသားသားနဲ့ အမှန်တရားရဲ့ ဘက်တော်သားပီပီ ပုံဖေါ်ထားပြီး လူဆိုးလူမိုက်ကိုလည်း ကျွန်တော်တို့ဆီက ၁ရာဖိုးသုံးပုဒ်တွေလို အထိုးခံခါနီး လူဆိုးပေါ်လာ မိုက်ချင်ရင် စွတ်မိုက် ကြမ်းချင်ရင် စွတ်ကြမ်း မျက်နှာကြီးတွေ ရှုံမဲ့ထားပြီး ...
movie
Vikram Vedha (2017)
2017
5.6
Dhoomam (2023)
Dhoomam (2023) "မှတ်ဉာဏ် မီးခိုးငွေ့များ"အတိတ်က မွှေးခဲ့တဲ့မီးက ပစ္စုပ္ပန်အထိ လိုက်ပါပြီး မီးခိုးငွေ့တွေ တရိပ်ရိပ်လောင်နေတုန်းပဲ အတိတ်စာမျက်နှာရဲ့ ဘယ်နေရာမှာ ဘာတွေ မှားခဲ့လဲ အခုခံစားနေရတဲ့ အကျိုးဆက်တွေက ဘာကြောင့်လဲ ဆိုတာတောင် မသိရတဲ့ အခြေအနေ...CM ပရိသတ်ကြီး ရုံးပိတ်ရက်မှာ အနားယူဖို့ ဇာတ်အိမ်ခိုင်ခိုင်နဲ့ Malayalam စကားပြော mystery/thriller ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ အာဗီဆိုတဲ့ စီးကရက်ကုမ္ပဏီတစ်ခုက မားကတ်တင်းမန်နေဂျာနဲ့ သူ့ရဲ့ ဇနီးသည်ဖြစ်သူ ဒီယာ တို့က ညဖက် ကားမောင်းနေတုန်း မတော်တဆမှုတစ်ခု ကြုံရပါတယ် ဇာတ်လမ်းကို အတိတ်ဖြစ်ရပ် ကာလအပိုင်းအခြားနဲ့ လက်ရှိဖြစ်နေတဲ့ timeline ကို တစ်လှည့်စီ ရိုက်ကူးပြထားပါတယ် အတိတ်နဲ့ ပစ္စုပ္ပန်တို့ရဲ့ ဇာတ်ကြောင်းနှစ်ခုဟာ ဘယ်လိုမှ မသက်ဆိုင်အောင် ကွာခြားနေပြီး ဒါကပဲ ဒီဇာတ်ကားမှာ ပရိသတ်အနေနဲ့ ဘာဆက်ဖြစ်မလဲ ခန့်မှန်းချင်စိတ်ပေါ်လာအောင် ဆွဲဆောင်ထားနိုင်တဲ့ အချက်ပါအာဗီက လက်ရှိပစ္စုပ္ပန်မှာ အတိတ်မေ့နေပြီးတော့ သူလုပ်ခဲ့တဲ့အရာနဲ့ လက်ရှိသူ့မိန်းမနဲ့ သူတို့နှစ်ယောက်ဖြစ်နေတဲ့ ပြဿနာကို ဆက်စပ်မရဖြစ်နေပါတယ်အတိတ်ဖြစ်ရပ်မှာတော့ သူ့မိန်းမဖြစ်သူနဲ့ ...
movie
Dhoomam (2023)
2023
8.7
Sapta Sagaradaache Ello – Side A (2023)
Saptha Sagaradaache Ello Side A (2023)IMDB 8.8 ရရှိထားတဲ့ 777Charliesနဲ့ ပရိတ်သတ်တွေအားပေးမှုကိုရရှိခဲ့တဲ့ မင်းသား Rakshit Shettyရဲ့ Kannada ဘာသာစကား အချစ်ဒရာမာဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်အချစ်ကားဆိုပေမယ့် "လက်တွေ့ကျတဲ့ သရုပ်ဖော်မှု၊ ကဗျာဆန်တဲ့ visual storytelling" ဆိုပြီးတော့ ရုပ်ရှင်ဝေဖန် ရေးဆရာများက ချီးကျူးထားကြပါတယ်သီချင်းသံတွေနဲ့ အတင်းလုပ်ယူထားတာမရှိပဲ သဘာဝကျကျ ရိုးစင်းတဲ့ ဒိုင်ယာလော့ လေးတွေနဲ့ အချစ်ကို လက်တွေ့ကျကျ သရုပ်ဖော်ထားတယ်လို့ ဝေဖန်ရေးဆရာတွေက ဆိုပါတယ်ဇာတ်လမ်းအကျဥ်းကတော့ မာနူနဲ့ ပရီယာတို့ ချစ်သူနှစ်ဦးက အခြေခံ လူတန်းစားဖြစ်တာနဲ့အညီ အိပ်မက်တွေနောက်လိုက်ရင်း နှစ်ယောက်အတူ အိမ်လေးတစ်လုံးငှားပြီး အခြေချဖို့အတွက် ကြိုးစားနေကြသူတွေပါမာနူက သူဌေးရဲ့ ကားမောင်း တောက်တိုမယ်ရ လုပ်ပေးရပြီး ပရီယာကတော့ အ ဆိုတော်ဖြစ်ဖို့ ကြိုးစားနေသူပါ ပရီကာက ချုပ်ချယ်သမျှ ဆူပူသမျှ မြည်တွန်သမျှကို မာနူကလည်း အရာရာသည်းခံပြီး ချစ်တတ်ပါတယ်ဆိုလို့ ပရီယာကလည်း မချစ်တတ်တာတော့ မဟုတ်ပါဘူး တခါတလေတော့ သူ့ချစ်သူကောင်လေးကိုချစ်ကြောင်း နုနုရွရွ ပြောတတ်ပါသေးတယ်"ရို" တယ်ဆိုလို့ နှစ်ယောက်တစ်ကမ္ဘာ မှော်လောကကြီးမှာ နောက်ခံသီချင်းဖွင့်ပြီး ကနေဖို့ အချိန်မရှိပဲ ...
movie
Sapta Sagaradaache Ello – Side A (2023)
8.2
Raghavendra Stores (2023)
Raghavendra Stores (2023) IMDb 8.2/10 အိမ်မှုကိစ္စမကူ မိန်းမကို အမျိုးမျိုးဆူပူအနိုင်ကျင့်ကြတဲ့ အိန္ဒိယကားထုံးစံတွေကို ကြည့်ရတာ ငြီးငွေ့လာတဲ့သူတွေအတွက် ပျော်ပျော်နေတတ်ပြီး အချက်အပြုတ်တော်တဲ့ မဟားဒယားမိန်းမလိုချင်နေတဲ့ အသက်၄၀အရွယ် လူပျိုကြီးအကြောင်းရိုက်ထားတဲ့ ဟာသကားလေး တင်ဆက်ပေးလိုက်ပါတယ်။လူပျိုကြီး ဟာယာဗာဒါနာတယောက် သာရေးနာရေးပွဲတွေမှာ အိုးသူကြီးလုပ်ရင်း လူမှုအကျိုးပြုတွေလုပ်ရင်း ဘ၀ကိုပျော်ပျော် ဖြတ်သန်းနေပါတယ်။တရက် သူ့အိုးသူကြီးအဖွဲ့က စကားမပြောတတ်တဲ့ ကိုဂလီကို မိန်းမလိုက်တောင်းပေးရာကစပြီး လူပျိုကြီးတယောက် မိန်းမအသည်းအသန်လိုချင်ပါတော့တယ်။လိုတာမရ ရတာမလိုနဲ့ နောက်ဆုံး အဖေဖြစ်သူ ကူညီစောင်မမှုနဲ့ သူကြိုက်တဲ့ကောင်မလေးတော့ ရပါရဲ့။မင်္ဂလာဆောင်တဲ့နေ့မှာ ဗေဒင်ဆရာက ဂြိုလ်တွေနက္ခတ်တွေမကိုက်လို့ သတို့သား သတို့သမီးကို ၄ ရက်လောက်အတူမနေဖို့ပြောပါလေရော။ကဲ ကျွန်တော်တို့ လူပျိုကြီး ဘယ်လိုဆက်ပြီး အလွဲလွဲ အချော်ချော်တွေနဲ့ မိန်းမနဲ့အတူနေဖို့ ကြိုးစားမလဲဆိုတာ မပြုံးပဲ ဝက်လုံးကွဲရီရင်း ကြည့်လိုက်ကြပါအုံး။ (အညွှန်းကို Bpl ရေးထားပြီး ဘာသာပြန်ကတော့ Bpl & chiclon3 & Saii & Yunni တို့ဖြစ်ပါတယ်) File size…1.67GB / 810MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 42m Subtitle….Myanmar ...
movie
Raghavendra Stores (2023)
2023
7.5
Gurudev Hoysala (2023)
Gurudev Hoysala 2023 IMDb 7.6/10ထူးဆန်းစွာပျောက်ဆုံးသွားတဲ့ လက်ထောက်အင်စပက်တာပျောက်ဆုံးမှုကိုစုံစမ်းဖို့အတွက် ရှုံးပွဲမရှိ နိုင်ခဲ့တဲ့ ဂူရူဒေ့ဗ်ကို အသ်နီမြို့လေးဆီ အထက်ကစေလွှတ်ခဲ့တယ် ဒီမြို့မှာလည်း ရဲတွေကြောက်ရတဲ့တစ်ဖွဲ့ရှိနေပါတယ် သူတို့ကတော့ ရဲတွေကိုငွေနဲ့အုပ်ပြီး တရားမဝင်သဲတွေတူးဖော်နေကြတဲ့ သဲသူခိုး သဲမာဖီးယားအဖွဲ့ပေါ့ ဂူရူဒေ့ဗ်မြို့ကိုရောက်ရောက်ချင်းပဲ အဲဒီမြို့ကရဲစခန်းရဲ့သတင်းကိုတီဗီကတစ်ဆင့်မြင်ခဲ့ရတယ်အဲဒါကတော့ ရဲဌာနကလူတွေက နိုင်ငံရေးသမားတွေနဲ့ပူးပေါင်းပြီး အဲဒီသဲမာဖီးယားတွေကိုအလွတ်ပေးနေတာလို့ မီဒီယာကကြေညာနေတာပါ ဒီလိုနဲ့သူဒီကိစ္စထဲဝင်ပတ်သက်မိပြီး အကုန်ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ မာဖီးယားခေါင်းဆောင်နဲ့ ထိပ်တိုက်တွေ့လာရတဲ့အခါ... သူရှာနေတဲ့ လက်ထောက်အင်စပက်တာကိုရော ရှာတွေ့နိုင်မလား ဒီမာဖီးယားတွေနဲ့ရော ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင် File size…2.18GB / 1.1GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Nyein Aye~BpL~Yunni~Cherry
movie
Gurudev Hoysala (2023)
2023
7.7
Repeat (2022)
Repeat 2022Crime/Thriller/Mystery (IMDb-7.8/10)တစ်ညမှာ ရဲစခန်းကို မူးပြီး စာရေးဆရာတစ်ယောက်ရောက်လာတယ်။ သူ့ဝတ္ထုထဲက ဇာတ်ကောင်က သူ့ကိုခြိမ်းခြောက်နေလို့တဲ့လေ။ မယုံကြည်နိုင်ဖြစ်နေတဲ့ ရဲတွေကြုံလိုက်ရတာက သူ့ဝတ္ထုထဲကနဲ့ တစ်ပုံစံတည်းတူတဲ့ ပြန်ပေးဆွဲ/ လူသတ်မှုတစ်ခု။ပြန်ပေးဆွဲခံရတဲ့ ပူဂျာဆိုတဲ့ မိန်းကလေးကလည်း ရဲချုပ်ရဲ့သမီးဖြစ်နေပြီး၊ ရွေးကောက်ပွဲမတိုင်ခင် ကာလဖြစ်တာမို့ ဒီအမှုဟာ ဟိုးလေးတကျော်ကျော်ဖြစ်လာတော့တာပေါ့။ဒါဟာတကယ်ပဲ Parallel universe တွေထဲကလို စာရေးဆရာဝတ္ထုထဲက ဇာတ်ကောင်တွေရဲ့မှုခင်းလား။ ဒါဆိုရင် ပျောက်ဆုံးနေတဲ့ ပူဂျာကရော အဲဒီဇာတ်လမ်းနဲ့ဘယ်လိုပတ်သတ်နေတာလဲ။ တရားခံအစစ်ကဘယ်သူလဲ၊ ဒီမေးခွန်းတွေကို အဖြေရှာဖို့ ရောက်လာတဲ့ လျှို့ဝှက်အေးဂျင့်တစ်ယောက်။ အဓိကဇာတ်ဆောင်အနေနဲ့ Naveen Chandra ကနေပြီး ပါဝင်ထားပါသေးတယ်။မဖြေရှင်းနိုင်တဲ့ရှုပ်ထွေးမှုတွေကြားက သဲလွန်စတွေကို တစ်စချင်းဆွဲထုတ်ရင်း ရင်တထိတ်ထိတ်ကြည့်ရမယ့် ရုပ်ရှင်မျိုးမို့ ခုပဲ Channel Myanmar မှာ ရှူစားလိုက်ပါတော့ခင်ဗျာ။ File size…1.9GB / 900MB Quality…1080p WEB DL HQ /720p Format…mp4 Duration….2h 4min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko ~ BpL ~HayMan~OeliuJ~Yunni
movie
Repeat (2022)
2022
9.0
Kantara(2022)
Kantara (2022)IMDb-9/10ဒီတစ်ခေါက် CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးမှာကတော့ မင်းသားကြီး ရီရှက်ဘ်ရှက်တီကိုယ်တိုင် ဒါရိုက်တာလုပ် သရုပ်ဆောင်ထားတဲ့ ရုံတင်ငွေအမြတ်များစွာရရှိထားတဲ့ Thriller ကားကောင်းလေး တစ်ကားဖြစ်ပါတယ်ရဂျီးနီးကိုယ်တိုင်လည်း သူ့ဆီသွားရောက် ချီးကျူးဂုဏ်ပြုခဲ့ပါသေးတယ်၁၆ ကုဋေသုံးပြီးရိုက်ကူးခဲ့တဲ့ ဒီကားဟာ ရုံတင်ငွေကုဋေ ၄၀၀ ရရှိခဲ့သည်ထိ အောင်မြင်ခဲ့တဲ့ဇာတ်ကားပါဇာတ်လမ်းအညွှန်းဘုရင်ခေတ်က ဘုရင်တစ်ပါးဟာ အရာရာပြီးပြည့်စုံနေပေမယ့် သူ့စိတ်နှလုံးဟာအေးချမ်းမှုမရခဲ့ဘူး စိတ်ငြိမ်းချမ်းမှုကို လိုက်ရှာရင်းရှာရင်း တမန်တော်ပန်ဂျူရီနဲ့ တွေ့ခဲ့တယ်သို့ပေမယ့် တမန်တော်ပန်ဂျူရီဟာ ရွာတစ်ရွာကိုစောင့်ရှောက်ပြီးသားသူဖြစ်တာမို့ ဘုရင်ဟာသူ့ကို လိုချင်ရင် သူ့ရဲ့ အသံတစ်ဆုံးထိ ရွာအတွက် သတ်မှတ်ချီးမြှင့်ပေးရမယ်ဆိုပြီး အပေးအယူညှိခဲ့ကြတယ်ဒီလိုနဲ့ ဘုရင်ကြီးဟာလည်း စိတ်အေးချမ်းမှုရရှိသွားသလို ရွာလေးဟာလည်း ကျယ်ပြောတဲ့ သစ်တောတစ်ဆုံး တမန်တော်ရဲ့စောင့်ရှောက်မှုနဲ့ အေးချမ်းခဲ့တာပေါ့1970 ခုနှစ်မှာ လူတစ်ယောက်က ဒီရွာလေးကို သူ့ဘိုးဘွားပိုင်မြေမို့ ပြန်ပေးပါဆိုပြီးတမန်တော်ကို ရင့်ရင့်သီးသီးပြောဆိုပြီး ပြန်တောင်းခဲ့တယ် အဲ့ဒီနောက်တစ်ရက်မှာပဲ ထိုလူဟာ တရားရုံးလှေကားမှာ သွေးအန်ပြီးသေနေတာတွေ့ခဲ့ကြရတယ်1990 ဇာတ်လမ်းဖြစ်တည်ရာကာလမှာလည်း နိုင်ငံတောအစိုးရပိုင် သစ်တောကြိုးဝိုင်းဆိုပြီး ဒီတောထဲက အရာတွေအတွက် အစိုးရဆီခွင့်ပြုချက်တောင်းရမယ်ဆိုတဲ့ အမိန့်တွေထုတ်ပြန်ခဲ့တယ်ဇာတ်ဆောင်မင်းသားကြီးရီရှက်ဘ်ရှက်တီကတော့ တော၀က်အမဲလိုက်တတ်တဲ့ အဲဒီရွာကရှီဗာရွာသားတစ်ယောက် သူ့အမေက တော၀က်တွေကို အမဲလိုက်တာမကြိုက်တာကြောင့် တားပေမယ့် ရှီဗာကတော့ ...
movie
Kantara(2022)
2022
4K HEVC
7.8
Dejavu (2022)
Dejavu (2022) Thriller IMDb 7.8/10ဒီဇာတ်ကားကတော့ တကယ့်ကိုစိတ်ဝင်စားဖို့ကောင်းပြီး အတွေးတွေဝေစေမယ့်တမီလ်ရုပ်ရှင်ကားတစ်ကားဖြစ်ပီး... လတ်တလောထွက်ထားတဲ့ D-Block ထဲကမင်းသားကို ခပ်မိုက်မိုက် ရဲတစ်ယောက်အဖြစ်တွေ့မြင်ရမှာပါဇာတ်လမ်းအကျဉ်း တစ်ည ရဲစခန်းကို လူတစ်ယောက်ရောက်လာပြီး တိုင်ချက်လာဖွင့်ပါတယ် အကြောင်းရင်းက သူဟာ စာရေးဆရာတစ်ယောက်ဖြစ်ပြီး သူ့ဇာတ်လမ်းထဲကဇာတ်ကောင်တွေက သူ့ကိုဖုန်းဆက်ခြိမ်းခြောက်နေလို့ ရဲစောင့်ထားပေးပါလို့ လာတောင်းဆိုတာဖြစ်ပါတယ်လူကလည်းမူးနေတော့ ရဲတွေက ဒီလူမူးနေလို့ ရစ်တာပါဆိုပြီး ထင်မြင်ချက်ပေးပြီး ပြန်လွှတ်လိုက်တယ် အဲ့ဒီနေ့ညမှာပဲ ကောင်မလေးတစ်ယောက်ပျောက်သွားခဲ့ပါတယ်...ကောင်မလေးက မပျောက်ခင်မှာ ရဲထိန်းချုပ်ခန်းဆီ ဖုန်းဆက်ပြီး ဒီစာရေးဆရာနာမည်ကိုပြောသွားခဲ့ပါတယ်...မနက်စာရေးဆရာအိမ်ကို သွားစုံစမ်းတော့ တကယ်ပဲ သူရေးလက်စဇာတ်လမ်းက အပြင်ကဖြစ်ပျက်ပုံနဲ့ တထေရာတည်းတူနေတဲ့အခါ...ရှေ့ဆက်စိတ်ဝင်စားစရာ ဇာတ်လမ်းအချိုးအကွေ့တွေကို ဘယ်လိုအကြောင်းရင်းတွေနဲ့ ကြုံရမလဲဆိုတာကိုတော့ ပိတ်ကားပြင်ထက်မှာပဲ ဆက်လက်ရှုစားပေးကြပါ... File size…1.8GB / 845MB Quality…1080p True WEB DL AAC5.1CH / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Thet Ko & Lwin Htoo Aung
movie
Dejavu (2022)
2022
9.5
Trikonam (2022)
ဒီတစ်ခေါက်မှာလည်း လူထောင်ကျော်က Vote ပေးထားပြီး IMDB မှာ၉.၅ အထိရရှိထားတဲ့ Mystery, Thriller အမျိုးအစား အိန္ဒိယဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းလို့ရေးလို့မရလောက်အောင်ကို ဇာတ်လမ်းကရှုပ်ထွေးသလို ရိုးရှင်းလွန်းနေတဲ့ အခါမှာတော့ ဒီရုပ်ရှင်က ကြည့်တဲ့သူရဲ့ခံစားချက်အပေါ်မူတည်ပြီး ဇာတ်လမ်းက ကွဲသွားနိုင်လောက်တဲ့အခြေအနေပါဒါရိုက်တာတင်ပြချင်တဲ့ အကြောင်းအရင်းကတော့ လောဘ ဒေါသ မောဟ ဆိုတဲ့အထဲက ဒေါသရဲ့ နောက်ဆက်တွဲတွေကို ပြချင်တာပါ။ ဒီဇာတ်လမ်းမှာ ဇာတ်ကောင်မိသားစု သုံးစုပါဝင်ပြီး မတူညီတဲ့ စိတ်ခံစားချက်တွေကို အခြေခံတည်ဆောက်ထားပါတယ်ဒီတော့ ဒေါသရဲ့မကောင်းတဲ့နောက်ဆက်တွဲတွေဟာ ဘယ်လိုအကျိုးများရှိမှာလဲဆိုတာကိုတော့ ဒါရိုက်တာက နောက်ထပ်တမျိုးတစ်ဖုံတင်ဆက်ထားမှုကိုတော့ ရုပ်ရှင်မှာပဲ လိုက်ပါစီးမျောခံစားလိုက်ပါဦး အညွှန်းကိုတော့ Lwin Htoo Aung က ရေးသားထားပြီး ဘာသာပြန်ကတော့ Lwin Htoo Aung နှင့်Yunni တို့ပဲဖြစ်ပါတယ် File size…2.63GB / 1.6GB Quality…1080p HQ HDRIP Kannada AAC5.1CH / 720p Format...mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & Yuuni
movie
Trikonam (2022)
2022
7.6
Valimai (2022)
Valimai (2022)ခုတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့လတ်တလောထွက်ရှိထားတဲ့မှုခင်းအက်ရှင်ကားတစ်ကားဖြစ်တဲ့ Valimai ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ Arjun ဆိုတဲ့ရဲအရာရှိကတော့အရည်ချင်းရှိပြီးအမှုကိုင်တွယ်ပုံတမူထူးခြားတာနဲ့နာမည်ကြီးတဲ့ရဲကောင်းတစ်ယောက်ပေါ့ချန်နိုင်းဆိုတဲ့မြို့မှာ လူသတ်မှုတွေ ဓားပြတိုက်မှုတွေ မူးယစ်ဆေးဝါးမှုတွေဆွဲကြိုးလုယက်မှုတွေမြောက်များစွာဖြစ်ပွားတဲ့အချိန်မှာတော့ Arjunတစ်ယောက်အမှုကိုင်တွယ်ဖို့ ပြောင်းရွေ့တာ၀န်ပေးခံလိုက်ရပါတယ်။တစ်နေ့မှာ ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်တဲ့အမှုကို ကိုင်တွယ်ရင်းသေကြောင်းကြံစည်မှုမဟုတ်ဘဲ လူသတ်မှုဖြစ်နေတာကိုသိလိုက်ရတဲ့အချိန်မှာလိုက်တူးဆွရင်း တူးဆရင်းနဲ့ အဲမြို့မှာ ဖြစ်ပွားနေတဲ့မှုခင်းများစွာကဆိုင်ကယ်ဂိုဏ်းတစ်ဂိုဏ်းတည်းနဲ့ဆက်စပ်မှုရှိလောက်တာကိုသိလိုက်ရပေမဲ့လည်းအမှုဖြေရှင်းဖို့အခက်ခဲများစွာရှိနေတော့ Arjun တစ်ယောက်ဘယ်လိုဖြေရှင်းမလဲအခက်ခဲကိုဘယ်လိုကျော်ဖြတ်မလဲ ဘယ်လိုလှည့်ကွက်တွေရှိနေဦးမလဲဆိုတာကိုသည်းထိပ်ရင်ဖိုကြည့်ရမယ့်အက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.4GB / 2.85GB / 6GB Quality…1080p WEB DL / 720p / 4k HEVC WEB DL Format…mp4 Duration….2h 58mins Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Allena & Go-O & Eliza
movie
Valimai (2022)
2022
4K HEVC Web-DL
8.6
Govinda Govinda (2021)
Govinda Govinda (2021)ComedyIMDb 8.6/10၂၀၂၁ ခုနှစ်ရဲ့ တောင်ပိုင်းကားကောင်းလေးတွေထဲမှာဇာတ်လမ်းဇာတ်ကွက်တစ်မူကွဲပြားထွက်လာတဲ့ ကားလေးပေါ့ဗျာ။ဇာတ်လမ်းအသေးစိတ် မတူပေမဲ့ ကြောရိုးထပ်နေတဲ့ ကန်နားဒါးပရိတ်သတ်တွေအတွက်ဇာတ်ကွက်အသစ်လေးနဲ့ကြည့်ရတဲ့ကားလေးဆိုရင်လည်း ဒီကားလေးပဲရှိလိမ့်မယ်ဗျ။ဇာတ်လမ်းဇာတ်ကွက် တစ်မူကွဲထွက်ပေမဲ့လို့တောင်းပိုင်းအကြိုက်သရုပ်ဆောင်တွေနဲ့ လစ်ဟာမှုမရှိတဲ့ ဇာတ်လှည့်ဇာတ်ပြောင်း၊ဇာတ်ရှိန် ဇာတ်တက်ကို သရုပ်ဆောင်ကောင်းကောင်းနဲ့ကိုရှယ်သရုပ်ဆောင်ထားမှန်း Rating ကိုကြည့်တာနဲ့ သိမယ်ထင်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင် အိမ်ကအဆင်မပြေလို့ဆင်းလာရတဲ့ကောင်တွေ သူငယ်ချင်းမလေးကို ပြန်ပေးဆွဲပြီးငွေညှစ်ရာကနေ စတယ်ပဲဆိုရမှာပေါ့ဗျာ။ ဒါပေမဲ့ သူတို့ပြန်ပေးဆွဲတာပြီးသွားတာတောင် သူတို့သူငယ်ချင်းမလေး ထပ်ပျောက်သွားတဲ့အခါ၊ဘယ်နေရာကနေဘယ်လို ဘာဖြစ်သွားမှန်းဘယ်ရောက်နေမှန်းမသိရတဲ့သူငယ်ချင်းမလေးကို ပြန်ရှာဖို့ကြိုးစားရင်းအလွဲလေးတွေနဲ့ ပေါ့ပေါ့ပါးပါးရယ်ရဦးမယ့်ဇာတ်ကားကောင်းလေးကို ခံစားရဦးမှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ ၂၀၂၁ ရဲ့လက်လွတ်မခံသင့်တဲ့တောင်ပိုင်းကားလေး Govinda Govindaလေးကိုလည်း အားပေးလှည့်ပါဦးခင်ဗျာ။ File size…554MB / 1.6GB / 2.2GB Quality…720p HEVC Small Size / 720p / 1080p AAC 2.0 Format…mikv / mp4 Duration….2h 19min Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Lwin Htoo ...
movie
Govinda Govinda (2021)
2021
6.3
Chalo(2018)
Chalo (2018) -------------2018ခုနှစ်မှာ ထွက်ခဲ့တဲ့ ဒီရုပ်ရှင်လေးကImdb 6.3 / 10 User 1.1kနဲ့ အတော်လေးratingမြင့်ပြီး မင်းသမီး Rashmika ပါနေတာကြောင့််တင်ဆက်ပေးလိုက်ပါတယ်....ဇာတ်လမ်းအကျဉ်းဒီဇာတ်ကားလေးကတော့ ရွာနှစ်ခြမ်းကွဲနေတဲ့ တေလဂူဘက်နဲ့ တမီလ်ဘက်က ပဋိပက္ခလေးတွေကိုဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ကားလေး ဖြစ်ပါတယ်ဟရီဆိုတဲ့ ရန်ဖြစ်ရတာကို ဝါသနာပါနေတဲ့သူကိုမှ စည်းကျော်ရင် သတ်မယ်ဆိုပြီးအမြဲရန်ဖြစ်နေတဲ့ ရွာကိုကောလိပ်တက်ဖို့ မိဘတွေက ပို့လိုက်ပါတယ်ဟရီတစ်ယောက် ရန်မဖြစ်ပဲ ကောလိပ်မှာ ဖူးစာရှင်လေးနဲ့ဆုံသွားခဲ့ပေမယ့်တစ်ယောက်ကတမီလ် တစ်ယောက်တေလဂူဖြစ်နေတော့ ပေါင်းဖက်ဖို့က ရွာနှစ်ခြမ်းပြန်ပေါင်းမှ ဖြစ်နိုင်မှာကိုသိသွားတဲ့အခါဒီရွာနှစ်ခြမ်းက ဘယ်လိုအကြောင်းကြောင့် သွေးကွဲသွားရတာလဲဟရီတစ်ယောက် သူရဲ့အချစ်အတွက် နှစ်ပေါင်းများစွာ မတည့်ခဲ့တဲ့ဒီနှစ်ရွာကို ဘယ်လိုပြန်ပေါင်းမလဲဆိုတာကိုဆက်လက်ကြည့်ရှုပေးပါဦးရှင်... File size…2.2Gb / 1.1GB / 643MB Quality…1080p HD RIP 5.1Ch / 720p / 480p Format…Mp4 Duration….2h 25mins Subtitle….Myanmar Subtitle ( Hard Sub) Encoder….YK Translated by Ida
movie
Chalo(2018)
7.9
ACT-1978 (2020)
ACT 1978 (2020)" ဆရာ. . . အကျိုးဆောင်ခ(ကော်မရှင်ခ)လေးပါ ..... "ဒီလိုမျိုး ပုဒ်မလေး နဲ့မှ အလုပ်လုပ်တတ်တဲ့ အစိုးရဝန်ထမ်းတွေကို ကြုံဖူးကြတယ် မဟုတ်လား?မနက်ကို နောက်ကျမှလာ ညနေကိုအစောကြီးပြန်။ အလုပ်ကျတော့ကောင်းကောင်းမလုပ် အကျိုးဆောင်ခပဲ မျှော်ကိုးနေပြီး တာဝန်ကိုအလွဲသုံးစားလုပ်ကြတဲ့ အစိုးရဝန်ထမ်းတွေကို ပညာပေးထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ခုပါလောကဓံကို အန်တုရင်ဆိုင်နေရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးလေး ဂီသာ ။ ဖခင်လည်းဆုံး ခင်ပွန်းသည်လည်း ဆေးရုံမှာမြောနေတာမို့ ဖခင်လယ်သမားကြီးရဲ့ နစ်နာကြေးနဲ့မှ အသက်ရှုချောင်နိုင်မယ့် ဂီသာ တစ်ယောက် လယ်သမားသက်သာချောင်ချိရေးဌာနကိုသွားပြီး နစ်နာကြေးတောင်းခံလွှာ တင်ခဲ့ပါတယ်။စစချင်း ဆောက်နဲ့ထွင်းသလို အကျိုးဆောင်ခ တောင်းလိုက်တဲ့ စာရေးကြောင့် အောင့်သက်သက်ဖြစ်ရပေမယ့်လည်း လာဘ်ပေးလာဘ်ယူကိုမုန်းတဲ့ ဂီသာ တစ်ယောက် နည်းလမ်းကျကျနဲ့ နစ်နာကြေးကို ရယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဗိုက်တောင်မထွက်သေးတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးက မွေးဖွားခါနီးသည်အထိ နစ်နာကြေးမရလာတဲ့အခါ. . .ဂီသာ တစ်ယောက် ဗုံးတစ်လုံးကို ခန္ဓာကိုယ်မှာပတ် အစိုးရဌာနထဲကိုဝင်ပြီး အဂတိလိုက်စားနေတဲ့ အစိုးရဝန်ထမ်းများအား သူမအတွက်၊ ပြည်သူတွေအတွက် ...
movie
ACT-1978 (2020)
2020
1
2
Next