Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Abraham Popoola
Atlas (2024)
ဒီရုပ်ရှင်ကတော ဂျေလို ခေါင်းဆောင်ပါဝင်ထားတဲ့ သိပ္ပံ စိတ်ကူးယဉ် စွန့်စားခန်း ရုပ်ရှင်အသစ်ပါ။ ဒါရိုက်တာကတော့ San Andreas တို့ Rampage တို့ရဲ့ ဖန်တီးရှင် Brad Peyton ပါပဲ။ဇာတ်လမ်းအကျဉ်း လူသားတွေ တီထွင်ခဲ့တဲ့ စက်အသိဉာဏ် အေအိုင်တွေထဲက ဟာလန်ဆိုတဲ့ စက်ရုပ်တစ်ရုပ်က ဉာဏ်အလင်းပွင့်သွားပြီး ကမ္ဘာကို ဒုက္ခပေးနေတဲ့ လူသားတွေကို မျိုးတုံးအောင်လုပ်ဖို့ ကြံစည်ပါတော့တယ်။ ဒါပေမဲ့ အေအိုင်စက်ရုပ် အင်အားက နည်းသေးလို့ စစ်ရှုံးပြီး အခြားကမ္ဘာကို ထွက်ပြေးသွားရတယ်။နှစ်ပေါင်းများစွာကြာတဲ့အထိ ဟာလန်ကို ရှာနေကြပြီးနောက်မှာတော့ အက်တလက်ဆိုတဲ့ ဟာလန်ရဲ့ ငယ်သူငယ်ချင်း မိန်းကလေးက တည်နေရာကိုတွေ့သွားပြီး အထူးတပ် ရိမ်းဂျားတွေက ဟာလန်ကို ဖမ်းဆီးဖို စစ်ဆင်ရေးထွက်လာကြပါတယ်။ အဲဒီခရီးမှာ အက်တလက်လည်း ပါလာပြီး ဟာလန်ရဲ့ဂြိုလ်ကို ရောက်ရောက်ချင်း ဆီးပြီး တိုက်ခိုက်ခံရတဲ့အခါ အသက်ရှင်ဖို့ကြိုးစားရင်း ဟာလန်ကိုလည်းနှိမ်နင်းဖို့ ကြိုးစားရပါတော့တယ်။ ဇာတ်လမ်းကောင်းကောင်း ရိုက်ချက်ကောင်းကောင်းနဲ့ ...
movie
Atlas (2024)
4K HEVC
5.9
The Marvels (2023)
မာဗယ် ရုပ်ရှင် စကြဝဠာရဲ့ ၃၃ ကားမြောက်ဖြစ်တဲ့ The Marvels ကိုတင်ပေးထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ အဓိက ပါတဲ့နောက်ထပ်ကာရိုက်တာနှစ်ယောက်ကိုတော့ Wanda Vision စီးရီး နဲ့ Ms Marvel စီးရီးတွေမှာ မိတ်ဆက်ထားပြီးပါပြီ။ဒီရုပ်ရှင်ဟာ ရိတ်တင်နည်းနေတာရယ်၊ ဇာတ်လမ်းက ပေါနေတာရယ် ကလွဲရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ဘာလို့လဲဆိုတော့ မာဗယ်ရဲ့အကြီးဆုံးခြေလှမ်းတွေထဲက တစ်ခုကို ဒီကနေ စတင်ထားလို့ပါ။ ထုံးစံအတိုင်း ဘယ်လောက်ပေါပေါ နောင်လာမဲ့ကားတွေနဲ့ ဆက်စပ်မိအောင် တစ်ခါတော့ ကြည့်ကိုကြည့်ထားရမှာပါပဲ။ဇာတ်လမ်းအကျဉ်းကပ္ပတိန်မာဗယ်ဖြစ်တဲ့ ကယ်ရိုးဒန်ဗာဟာ အာကာသထဲမှာ ရှိနေချိန် စကြဝဠာထဲက ခုန်မှတ်တစ်ခုက အပေါက်ကြီးဖြစ်သွားပါတယ်။ အဲဒီအပေါက်ကို ဖြူရီရဲ့အဖွဲ့က သွားစုံစမ်းနေချိန်မှာ ကပ္ပတိန်မိုနီကာရမ်ဘူးလည်းပါလာပါတယ်။ အဲဒီအပေါက်ထဲက စွမ်းအင်တွေကြောင့် ကယ်ရိုးနဲ့မိုနီကာတို့ ချိတ်ဆက်မိသွားပါတယ်။ တချိန်တည်းမှာပဲ အဲဒီအပေါက်ကိုဖန်တီးလိုက်တဲ့ ကွမ်တမ်လက်ပတ်တစ်ခုက ခရီး ခေါင်းဆောင် ဒါဘန်းဆီမှာရှိနေပြီး နောက်တစ်ခုက ကာမာလာခန်းဆီမှာရှိနေတာကြောင့် ကာမာလာကလည်း ကယ်ရိုးတို့နှစ်ယောက်နဲ့ စွမ်းအားတွေချိတ်ဆက်မိသွားပါတယ်။ ...
movie
The Marvels (2023)
4K HEVC
5.1
Morbius (2022)
မင်းသား ဂျားရက်လေတိုရဲ့ စူပါဟီးရိုးကားအသစ် ရပါပြီ။မောဘီးယက်စ်ဆိုတာ စပိုက်ဒါမန်းကာတွန်းတွေထဲမှာ ပါဝင်ခဲ့ပြီးဗန်နွန်လိုပဲ လူဆိုးမဟုတ်လူကောင်းမဟုတ်အကောင်ပါပဲ။ ဒရက်ကူလာလို သွေးစုပ်ကောင်ဖြစ်ပြီး မှော်အစွမ်းအရ ဖြစ်လာတာမဟုတ်ပဲသိပ္ပံစမ်းသပ်မှုတစ်ခုကနေ ဖြစ်လာခဲ့တာပါ။ သွေးစုပ်ကောင်မုဆိုးဘလိတ်ဇာတ်လမ်းမှာလည်း ပါဝင်ဖူးပြီး မာဗယ်ကာတွန်းတွေအရတော့ဘလိတ်ကို လူတစ်ပိုင်းသွေးစုပ်ကောင်တစ်ပိုင်းဖြစ်စေခဲ့တဲ့လူလည်း ဖြစ်ဖူးပါတယ်။ဒီရုပ်ရှင်ထဲမှာတော့ ဒေါက်တာ မိုက်ကယ် မောဘီးယက်စ်ရဲ့ သွေးစုပ်ကောင်ဖြစ်လာပုံကိုပြသထားပြီး နောက်ဆုံးအခန်းမှာတော့ စပိုက်ဒါမန်းနဲ့ ချိတ်ဆက်ဖို့ ပြင်ဆင်သွားခဲ့ပါတယ်။ကြည့်ကြည့်လိုက်ကြပါဦး။ File size…3.6GB / 1.6GB / 900MB Quality… 4k HEVC WEB DL SDR AAC5.1Ch /1080p BLU RAY 5.1CH / 720p Format…mp4 Duration….1h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant & YK Translated by Mr.Anderson
movie
Morbius (2022)
2022
4K HEVC Web-DL
7.1
Cruella 2021
ခရူရယ်လာဆိုတဲ့ ဒစ်စနေးရဲ့ နာမည်ကျော် ဗီလိန်ကြီးလာပါပြီ။ ကျတော်တို့ငယ်ငယ်ကတည်းက ခွေးလေးတွေကို လိုက်ဒုက္ခပေးချင်တဲ့ ဒီမိန်းမကြီးကို မြင်တာနဲ့ မုန်းခဲ့တာပါ။ အခုတော့ သူ့နေရာကို အမ်မာကျောက်တုံးလေးက ဝင်ပြီး သရုပ်ဆောင်လိုက်တော့လည်း မုန်းလို့မရတော့ပါဘူး။ မယ်လီဖီးဆန့် ဂျိုလီကို မုန်းလို့မရသလိုပေါ့။ ဒီ Live action အသစ်ကတော့ အတော်ကောင်းတဲ့အထဲမှာ ပါပါတယ်။ ဇာတ်လမ်းဇာတ်ကွက်လည်း အဆင်ပြေတယ်။ ခရူရယ်လာဆိုတဲ့ သူဌေးမကြီးဘယ်လိုဖြစ်လာသလဲဆိုတာကို ကောင်းကောင်းပြထားတာပါပဲ။ ရိုက်ထားတာတွေ ဖက်ရှင်တွေကလည်းအတော်ကိုကောင်းပါတယ်။ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ ခရူရယ်လာ အကြောင်းကို ပြန်ကြည့်ချင်ရင်တော ့ 101 dalmatians နဲ့ 102 dalmatians ဆိုတဲ့ ရုပ်ရှင်နှစ်ကားရှိပါသေးတယ်။ ဒါကိုလည်း တစ်ခါတည်း တင်ထားပေးပါတယ်။ File size…(2 GB) and (1.4 GB) Quality….Webrip 1080p and 720p Format…mp4 Duration….02:14:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson Translated by Mr.Andreson
movie
Cruella 2021
6.6
Jingle Jangle: A Christmas Journey 2020
ဒီတစ်ခေါက် မိတ်ဆက်ပေးမယ့်ကားလေးကတော့ မိသားစုခရစ္စမတ်ကားလေးပဲ ဖြစ်ပါတယ် ဆောင်းညတစ်ညမှာ အဘွားအိုတစ်ယောက် သူ့မြေးလေးနှစ်ယောက်ကို မီးလင်းဖိုလေးနံဘေးမှာ ပုံပြင်တစ်ပုဒ်ကို ပြောပြနေရာကနေ အစချီထားပါတယ် ဂျရောနစ်ကပ်စ် ဂျန်ဂယ်လ်ဆိုတဲ့ သိပ်တော်တဲ့ တီထွင်သူကြီး တစ်ယောက်အကြောင်းပေါ့ သူ့ရဲ့အိပ်မက်က အားလုံးရဲ့စိတ်ကို ပြောင်းလဲနိုင်လောက်စရာ တီထွင်မှုကြီးတစ်ခု ဒါကို သူနှစ်ပေါင်းများစွာကြိုးစားနေခဲ့တယ် အဲ့ဒီတီထွင်မှုကြီးကို သူနောက်ဆုံးလုပ်နိုင်ခဲ့ပေမယ့် တပည့်ဖြစ်သူ ဂတ်စတက်ဖ်ဆန်ဟာ ခိုးယူထွက်ပြေးသွားပါတယ် ဂျရောနစ်ကပ်စ်တစ်ယောက်ဟာ ဒီနောက်မှာ ဇနီးလည်းသေ သမီးကိုလည်းမေ့လျောလိုက်ပြီး သူ့ဘ၀ကြီးဟာ လုံး၀ကို စုတ်ပြတ်သပ်သွားပါတော့တယ် ဒီလို စုတ်ပြတ်သပ်နေတဲ့ ဂျရောနစ်ကပ်စ်ရဲ့ဘ၀ထဲကို မြေးမလေး ဂျာနီပြန်ရောက်လာပြီး အရင် တီထွင်သူကြီး ဂျရောနစ်ကပ်စ်အဖြစ် ပြန်လည်ပြောင်းလဲသွားမယ့်ပုံကို ကြည့်ရှုရမယ့် မိသားစု ခရစ္စမတ် ကားကောင်းလေးပဲဖြစ်ပါတယ် File size… 1 Gb / 500 Mb Quality… webrip 1080p Format…mp4 Duration….02:00:00 Genre … Family, Fantsy, Musical Subtitle….Myanmar Subtitle (Hardsub) Translated by Chuck Chuck
movie
Jingle Jangle: A Christmas Journey 2020