Channel Myanmar

Abigail Dolan

The Fabulous Four (2024)
The Fabulous Four (2024) လတ်တလောထွက်ရှိထားတဲ့ The Fabulous four ဆိုတဲ့ comedy ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအညွှန်း ကတော့ဝေးကွာနေတဲ့ငယ်သူငယ်ချင်း လေးယောက် ထဲက တစ်ယောက်ရဲ့ မင်္ဂလာပွဲအတွက် ကျန်သုံးယောက်က သတို့သမီးအရံလုပ်ဖို့ ဖလော်ရီဒါ ကီးဝက်စ်မြို့လေးဆီ ရောက်လာခဲ့ကြပုံပါ။ တစ်ယောက် တစ်မျိုးစီ ကြောင်တောင်တောင် အမူအကျင့်တွေရယ် စိတ်မပြေနိုင်သေးတဲ့ အတိတ်က ရန်စတွေနဲ့ တစ်လွဲတစ်ချော် ဖြစ်ပုံတွေကို ရယ်ရယ်မောမောနဲ့ ကြည့်ကြရမှာပါ။ပိတ်ရက်မှာစိတ်အပန်းဖြေစေနိုင်ပြီး ငယ်သူငယ်ချင်းတွေကိုပါသတိရသွားစေနိုင်တဲ့ comedy ကားကောင်းလေးတစ်ကားဖြစ်တာကြောင့် လက်မလွှတ်တမ်းကြည့်ရှုသင့်ကြောင်းတိုက်တွန်းပေးလိုက်ပါတယ်။ File size…(2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:38:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by P Andrew
movie

The Fabulous Four (2024)

American Animals (2018) 7.6
American Animals (2018)  ဒီရုပ်ရှင်ကား ကို မကြည့်ခင် သတိပေးချင်တာကအတော် ခေါင်းရှုပ်ရလိမ့်မယ် မျက်စိတွေ နောက်ရလိမ့်မယ်ဆိုတာပါပဲ ဒါပေမယ့် ကြည့်ရင်း ကြည့်ရင်း နဲ့အကြောင်းအရာ တစ်ခုကို တစ်ဖြေးဖြေး သဘောပေါက်သွားပါမယ်IMDb 7.1 ဆိုတော့ ဇတ်လမ်းမကောင်းမှာ စိတ်မပူရပါဘူးအကြောင်းအရာလေးက ကန်တူကီ မှာ ၂၀၀၄ ခုနှစ်ကတကယ်ဖြစ်ပွားခဲ့တဲ့ အကြောင်းအရာလေးကို ရိုက်ကူးထားတာပါဇတ်လမ်းကို အညွှန်းပုံစံ မပြောပဲ စာအနေနဲ့ပဲ ပြောပြချင်တော့တယ်ကျောင်းသားလေး ယောက်ဟာ အနုပညာ ပြတိုက်မှာ ရှိတဲ့ ဒေါ်လာသန်းချီတန်တဲ့ စာအုပ်တစ်အုပ်ကို ခိုးယူဖို့ ကြံစည်ကြတဲ့ အကြောင်းလေးပါသူတို့ အသက်ငယ်ငယ်လေးတွေ နဲ့ ဒီလိုအရာကို ခိုးယူဖို့ ဘာတွေကသူတို့စိတ်ကို ညစ်ညမ်းစေခဲ့သလဲ ဘယ်အရာတွေ ကြောင့်လဲအတွေးပေါင်းများစွာ နဲ့ ကြည့်ရှုရမှာပါ မထင်မှတ်ထားလောက်တဲ့ဇတ်ကြောင်းကို အဲ့ဒီဖြစ်ရပ်မှာ ပါဝင်ခဲ့တဲ့ ကျောင်းသား ၄ ယောက်ကပြန်ပြောပြထားပါတယ်....ပိုပြီး ထူးဆန်းတာက အဲ့ဒီလေးယောက်ဟာ ဘာရာဇဝတ်မှုမှမကျူးလွန်ထားဘူးတဲ့ ရိုးရိုးအေးအေးလေးတွေပါပဲဒီလိုည မိုးအေးအေးလေးနဲ့ ကြည့်ရှုခံစားလိုက်ကြပါအုံးဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားတာကတော့May Thu ဖြစ်ပြီး Thit San Khant မှ တင်ဆက်ပေးပါသည်။
movie

American Animals (2018)

2018