Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Abhinav Gomatam
My Dear Donga (2024)
My Dear Donga (2024) "ချစ်သော ဒွန်ဂါ(သူခိုး)"လောလောလတ်လတ် ထွက်ရှိထားတဲ့ ရင်ကိုအေးစေမယ့် ရွှေရင်အေး တေလဂူး အချစ်ဟာသကားလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်ပေါ့ပေါ့ပါးပါး ရယ်ရပေမယ့် မပေါပဲ ကြည့်ကောင်းပြီး runtime ကလည်း မဆွဲဆန့်ထားတာမို့လို့ အချိန်ပေးရကျိုးနပ်စေမှာပါ ဇာတ်လမ်အကျဥ်းအနေနဲ့ ဆူဂျီက dating app အတွက် အင်စတာဂရမ်မှာ caption တွေ ရေးပေးတဲ့ သွက်သွက်လက်လက် မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူ့ချစ်သူကတော့ ဆရာဝန်ဖြစ်တဲ့ ဗီရှယ်လ်ပေါ့ သူငယ်ချင်းတို့အတွဲ ro နေတာတွေကို အပြစ်တင်သလိုလိုနဲ့ ကြိတ်အားကျနေရပြီး အလုပ်များလို့ ဂရုမစိုက်နိုင်တဲ့ ဗီရှယ်လ်ကိုတော့ သူ့စိတ်ထဲ အားမရပါဘူး ဒီလိုနဲ့ ကံကြမ္မာဆန်းကြယ်လိုက်ပုံများ သူ့တိုက်ခန်းကို ခိုးဝင်လာတဲ့ သူခိုး ဆူရတ်ရှ်နဲ့မှ သူငယ်ချင်းဖြစ်သွားပါလေရော သူတို့ဆက်ဆံရေးခိုင်မြဲလာခဲ့ပြီး ဘဝမှာလည်း မထင်မှတ်တဲ့ အပြောင်းအလဲတွေ ရိုက်ခတ်တဲ့အခါ ကောင်မလေးက ဘာကိုရွေးချယ်သွားမှာလဲဆိုတာကိုတော့....ပရိသတ်ကြီးပဲ ဆက်လက်အားပေးလိုက်ပါဦး.. ကြည်နူးစရာ ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေး ကြည့်ချင်တယ် အချိန်လည်း အများကြီး မပေးချင်ဘူးဆိုရင်တော့ ဒေါင်းကြည့်လိုက်တော့နော် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ...
movie
My Dear Donga (2024)
2024
8.0
Kismat (2024)
Kismat (2024) "ကံကြမ္မာ" ============================Cmပရိသတ်တွေအတွက် တကယ်ရယ်ရတဲ့ တေလဂူးစကားပြော မှုခင်းဟာသရုပ်ရှင်သစ်လေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ရွာငယ်လေးတစ်ခုမှာ အင်ဂျင်နီယာကျောင်းပြီးထားတဲ့ လူငယ်သုံးယောက်ရှိကြပါတယ်။ သူတို့ဟာ အင်ဂျင်နီယာတွေဖြစ်ကြပေမဲ့ ဘွဲ့ရပြီး နှစ်တွေကြာတဲ့အထိ အလုပ်အကိုင်မရှိတာကြောင့် မိသားစုတွေက အမြင်မကြည်ကြတဲ့အတွက် မြို့တက် အလုပ်လုပ်ဖို့ ကြိုးစားကြပါတယ်။အင်ဂျင်နီယာကျောင်း ထောင်ချီရှိနေပေမဲ့ အလုပ်အကိုင်အခွင့်အလန်းက ရာဂဏန်းတောင်မရှိတဲ့အတွက် သူတို့အလုပ်မရကြပါဘူး။ ဒီလို ပေါပေါပဲပဲအင်ဂျင်နီယာကျောင်းတွေကို ဖွင့်ထားတာကတော့ ဒုစရိုက်လုပ်ငန်းတွေ လုပ်နေတဲ့ နိုင်ငံရေးသမားတွေပါပဲ။ဒီလိုနဲ့ ကျောင်းကသင်ပေးလိုက်တဲ့ ပညာရပ်တွေကိုအသုံးချပြီး သူငယ်ချင်းသုံးယောက် ဒုစရိုက်ဂိုဏ်းခေါင်းဆောင် နိုင်ငံရေးသမားဆီက ပိုက်ဆံခိုးဖို့ကြံကြပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…1.97GB / 971MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Kismat (2024)
2024
8.3
Masthu Shades Unnai Ra (2024)
Masthu Shades Unani Raa (2024) "ပန်းချီဆရာ"IMDb 8.3 ရထားပြီး ကျေးလက်ဆန်တဲ့ မြို့လေးက အငွေ့အသက်တွေမကင်းတဲ့ တေလဂူး ဟာသကားလေး တစ်ကား တင်ဆက်ပေးလိုက်ပါတယ်မာနိုဟာက ငယ်ငယ်ကတည်းက ပုံဆွဲတော်ပေမယ့် လူ့ချမ်းသာ အသိုင်းအဝိုင်းက မဟုတ်သလို တက္ကသိုလ်လည်း ဆက်မတက်နိုင်ခဲ့ပါဘူးသူငယ်ချင်းနဲ့အတူ ကြော်ငြာဆိုင်းဘုတ်တွေကို ဆေးသားနဲ့ လိုက်ဆွဲတဲ့ အလုပ်ကို လုပ်ကိုင်ရင်းမှ မင်္ဂလာဆောင်ဖို့ ဖြစ်လာပါတယ်ဖြစ်ချင်တော့ လက်ထပ်ပွဲမစခင် သတို့သမီးက ခိုးရာလိုက်ပြေးသွားပြီး သူ့အတွက် စာတစ်စောင်ထားခဲ့ပါတယ် "သူ့လို ငမွဲနဲ့ ပေါင်းဖို့မဖြစ်နိုင်ဘူး" ပေါ့လေဒီလိုနဲ့ သူပြောင်းလဲဖို့ ဆုံးဖြတ်လိုက်ပြီး လက်နဲ့ ကြော်ငြာဘုတ် ဆွဲရာကနေ ဗီနိုင်းပရင့်ထုတ်တဲ့ လုပ်ငန်းကို ပြောင်းလုပ်ဖို့ ကြံပါတော့တယ်အရင်းအနှီးလည်းရှာ၊ ဒစ်ဂျစ်တယ်ပြောင်းဖို့ photoshop သင်တန်းတက်ဖို့ လုပ်ရင်း အူမာဆိုတဲ့ ကောင်မလေးကို တွေ့ကာ ဘာတွေဆက်ဖြစ်မှာလဲ ဘယ်လိုအခက်အခဲတွေ တွေ့ကြုံရမလဲဆိုတာကို အရမ်းဇာတ်မနာပဲ ပေါ့ပါ့ပါးပါး ကြည့်ရမှာပါအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…2.55GB / 1.22GB Quality…WEB ...
movie
Masthu Shades Unnai Ra (2024)
2024
7.8
Miss. Shetty Mr. Polishetty (2023)
Miss Shetty Mr Polishetty 2023IMDB 7.8 ရထားပြီး ရုံတင်ငွေ လေးဆကျော်မြတ်ခဲ့တဲ့ Telugu ဘာသာစကားပြော rom-com လေးလာပါပြီ စီးပွားရေးအရ အောင်မြင်ရုံမကပဲ ဝေဖန်ရေးဆရာတွေရဲ့ positive review တွေပါရထားတဲ့ကားလေးဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ အန်ဗီသာဆိုတဲ့ အသက် ၃၀ အရွယ် လန်ဒန်က Master Chef မမ က သူ့အမေနဲ့အတူ နှစ်ယောက်တည်းနေပြီး ထက်မြက်တဲ့မိန်းမပီပီ မိန်းမဝါဒီတစ်ယောက်ဖြစ်ပါတယ်သူမဘဝမှာ သူ့အမေကို သင်ခန်းစာရလို့ အိမ်ထောင်ရေးကို စိတ်မဝင်စားပဲ အချစ်နဲ့ ခပ်ကင်းကင်းနေသူတစ်ယောက်ပါ သူ့အမေဆုံးပြီးတဲ့နောက်တော့ တစ်ယောက်တည်းအထီးကျန်လို့ သူအသက်ကြီးလာတဲ့အခါ အနားမှာရှိနေပေးမယ့် သားသမီးမရှိမှာလည်း စိုးရိမ်လာပါတယ်ဒါပေမယ့်လည်း Independent 'ဝီးမန်း' ခံယူထားသူ မမက ယောကျာ်းယူဖို့ထက် သားသမီးကို ချစ်တင်းနှောခြင်းမပါပဲ မွေးဖို့ အလှူရှင်ရှာပါတော့တယ်ကြံရာကျပမ်း ယောကျာ်းအလှူရှင်နဲ့ရမှာကို တွေးပူပြီး သူ့စိတ်ကြိုက် သူ့စံနှုန်းနဲ့ ကိုက်မယ့်လူကို ရှာပုံတော်ထွက်ရာမှာ Stand-up comedian ဖြစ်ဖို့ကြိုးစားနေတဲ့ ဆစ်ဒူဆိုတဲ့ ကောင်လေးနဲ့ သွားတွေ့ပါတယ် ဆစ်ဒူကို မြင်မြင်ချင်းသဘောကျသွားတဲ့ ...
movie
Miss. Shetty Mr. Polishetty (2023)
2023
7.5
Gandeevadhari Arjuna (2023)
Gandeevadhari Arjuna (2023)IMDb-7.7/10Missionတွေလုပ်ရတဲ့ Agent movieတွေကို နှစ်သက်သူတို့အကြိုက်တွေ့မယ် IMDb 7.7 ရထားတဲ့ ရုပ်ရှင်ကားလေးတစ်ကားကို တင်ဆက်ပေးမှာပါ။ ဒီကားထဲမှာတော့ မင်းသားချော Varun Tej ကို အရည်အချင်းမှာ သူမတူအောင်ထက်မြက်ပေမဲ့ အမိန့်မနာခံဘဲ ထင်ရာလုပ်တတ်တဲ့အေးဂျင့်အနေနဲ့ မြင်တွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်းရာသီဥတုဆိုးရွားစွာပြောင်းလဲမှုဒဏ်ကို ကမ္ဘာနဲ့အဝှမ်းခံစားလာရတဲ့အတွက် အမြဲအိပ်ပျော်နေတတ်တဲ့ UNကြီးလည်းနိုးထလာပြီး ရာသီဥတုပြောင်းလဲမှုအတွက် အဓိကကျတဲ့ နိုင်ငံ ၂၅ နိုင်ငံမှာ စောင့်ကြည့်သူတွေခန့်အပ်ဖို့ အဆိုတင်သွင်းလာပါတယ်။ အိန္ဒိယနိုင်ငံအတွက် စောင့်ကြည့်သူအဖြစ် လျာထားခံရသူကတော့ သစ်တောဝန်ကြီးအာဒီသရာပါ။စက်ရုံစွန့်ပစ်ပစ္စည်းတွေရဲ့ စွန့်ပစ်မှုကိုကြည့်ရှုစစ်ဆေးအရေးယူရမယ့်သူအဖြစ် ခန့်အပ်ခံရခြင်းနဲ့အတူ မသမာတဲ့လုပ်ငန်းရှင်တစ်စုရဲ့ မဟာရန်သူတော်ကြီးဖြစ်လာတဲ့ဝန်ကြီးအာဒီသရာ၊ သူ့ကို ကာကွယ်ပေးနေတဲ့ ဆရာဖြစ်သူဗီဂျေးက ဒဏ်ရာရသွားတဲ့နေရာ အာဂျွန်က ဆရာ့ကိုယ်စား ဝန်ကြီးကိုကာကွယ်ဖို့ဖြစ်လာတဲ့အခါ...ဝန်ကြီးရဲ့ကိုယ်ရေးအရာရှိဖြစ်တဲ့အိုင်ရာနဲ့ တစ်ချိန်ကဇာတ်လမ်းလေးကလည်းရှိနေတော့ အာဂျွန်တစ်ယောက် နောက်ဆံတင်းနေပေမဲ့ ဆရာကလည်း အကူအညီတောင်းတာဖြစ်ပြန်၊ တစ်ဖက်မှာလည်း အမေ့ရဲ့ဆေးကုစရိတ်ကြောင့် ငွေလိုနေတဲ့အခါ အလုပ်ကိုလက်ခံပြီး ဝန်ကြီးကိုကာကွယ်ဖို့ ဖိုင်တွဲနံပါတ် ၁၃ ကိုအရယူဖို့ အာဂျွန်တစ်ယောက် ဘယ်လိုကြိုးစားသွားမလဲဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ။အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ Alex ~ Dee ~ YH ~ ToMo~KKKZ တို့ပဲဖြစ်ပါတယ် File ...
movie
Gandeevadhari Arjuna (2023)
2023
8.3
Spy (2023)
Spy 2023 IMDb 8.3/10 Action/Thrillerဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ အက်ရှင်အလန်းစားတွေကိုမှ ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် တေလဂူမင်းသားချော Nikhil Siddharth ပါဝင်ထားတဲ့ အက်ရှင်ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။RAWအဖွဲ့အစည်းလက်အောက်မှာ လုပ်ကိုင်နေတဲ့ လျှို့ဝှက်အေးဂျင့်ဆူဘာ့ရှ်ဟာ စစ်ဆင်ရေးတစ်ခုမှာ သေဆုံးသွားခဲ့ပါတယ်။ အစ်ကိုဖြစ်သူ ဆူဘာ့ရှ်ရဲ့သေဆုံးမှုကို သေချာသိရဖို့အတွက် ညီဖြစ်သူဂျေးဟာ လျှို့ဝှက်အေးဂျင့်လုပ်နေရင်း စုံစမ်းနေခဲ့ပါတယ်။တစ်နေ့မှာတော့ ဂျေး တာဝန်ပေးခံခဲ့ရတဲ့ စစ်ဆင်ရေးတစ်ခုဟာ အစ်ကိုဖြစ်သူဆူဘာ့ရှ် လုပ်ကိုင်ခဲ့တဲ့စစ်ဆင်ရေးဖြစ်နေခဲ့ပါတယ်။ စုံစမ်းစစ်ဆေးကြည့်တဲ့အခါမှာ ဒီကိစ္စဟာ အိန္ဒိယနိုင်ငံရဲ့ဂုဏ်သိက္ခာ၊ နိုင်ငံသားတွေရဲ့ဘေးကင်းမှုနဲ့လည်း သက်ဆိုင်နေပါတယ်။ ဂျေးတစ်ယောက် ဒီလိုကြီးလေးတဲ့တာဝန်ကို ထမ်းဆောင်ရင်း အစ်ကိုဖြစ်သူရဲ့သေဆုံးမှုကိုပါ စုံစမ်းဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီစစ်ဆင်ရေးအောင်မြင်သွားမလား။ ဂျေးရဲ့အစ်ကိုကရော ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ဆက်ပြီးကြည့်ရှုပေးကြပါဦး။ (အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ Cherry ~ BpL ~ V ~ Zwe ~ Yunni တို့ပဲဖြစ်ပါတယ်) File size…7GB / 2.4GB / 1GB Quality…4k HEVC True WEB DL / 1080p True WEB DL / 720p Format…mp4 Duration….2h ...
movie
Spy (2023)
2023
4K HEVC
7.9
Virupaksha(2023)
Virupaksha 2023IMDb-8/10Mystery ရုပ်ရှင်ပရိသတ်တွေအကြိုက်တွေ့မယ့် ရုံတင်ငွေကုဋေကိုးဆယ်နီးနီးရရှိခဲ့တဲ့ ရုံတင်ကားပါ ဇာတ်ဆောင်အနေနဲ့လည်း ဟိုတလောကနာမည်ကြီးသွားတဲ့ ကျောင်းဆရာကားထဲက မင်းသမီးလေး Samyuktha Menon အဓိကပါဝင်ထားပါတယ်ဇာတ်လမ်းအစမှာ တစ်ရွာလုံးကကလေးတွေကို ကျိန်စာတိုက်နေပါတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့လင်မယားနှစ်ယောက်ကိုမီးပုံရှို့နေပါတယ် ဒီထဲက ဇနီးဖြစ်သူက နောက် 12 နှစ်ကြာပြီးတဲ့အချိန်မှာ ဒီရွာဟာသုသာန်တစပြင်ဖြစ်ရမယ်လို့ကျိန်စာတိုက်ထားခဲ့ပါတယ်12 နှစ် ကြာပြီးတဲ့အချိန် ရူဒရာဗန်နမ်ဆိုတဲ့ကျေးရွာလေးဟာ ပွဲတော်တစ်ခုကျင်းပဖို့ပျော်ရွှင်နေကြချိန် ရွာသားတစ်ယောက်ထူးဆန်းစွာသေဆုံးမှုကြောင့် ဘုန်းတော်ကြီးကနေ ဒီရွာကို 8 ရက်တိုင်တိုင်ပိတ်ချ ၊ အပြင်လူအားလုံးတစ်ရက်အတွင် းပြန်ရမယ်ဆိုတဲ့စည်းကမ်းချမှတ်လိုက်ပါတယ် ဒီစည်းကမ်းကိုအကြောင်းအမျိုးမျိုးနဲ့ ချိုးဖောက်ပြီး ထွက်သွားကြသူတွေဟာလည်း ထူးဆန်းသွားသေဆုံးသွားကြပါတယ် ဒီချိန်မှာရွာရောက်နေတဲ့ ဆူရီယာဆိုတဲ့ မြို့သားတစ်ယောက်ဟာ ရွာခံနန်ဒီနီ့ကိုချစ်မိပြီး ထွက်သွားပြီးမှ နန်ဒီနီ့ကျန်းမာရေးအတွက် ပြန်ဝင်လာခဲ့ပါတယ်ဘယ်လောက်ပဲဆန်းကြယ်ပါစေ အဖြေရှာတွေ့စမြဲပါပဲ ဒီထဲကဆန်းကြယ်မှုတွေကိုရော ဆူရီယာကဘယ်လိုအဖြေရှာဖော်ထုတ်မလဲ ရင်တထိတ်ထိတ် ရှုစားကြည့်ပါဦးသွေးသံရဲရဲအခန်းတွေများစွာပါဝင်တာမို့ အသည်းငယ်တတ်သူများမကြည့်ရှုခင်မှာ သေချာလေးစဉ်းစားသင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ File size…2.93GB / 1.24GB Quality…1080p WEB DL / 720p Format… mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ YH ~ chiclon3 ~ Aditi ~ Yunni
movie
Virupaksha(2023)
2023
8.3
Shyam Singha Roy (2021)
Shyam Singha Roy (2021)ဒီတစ်ခါမှာတော့ ဘောလီဝုဒ်ပရိတ်သတ်တွေအတွက်IMDb 8.3ထိရရှိထားတဲ့ Netflixက ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်Vasu ဟာဆော့ဝဲလ်ကုမ္ပဏီကနေအလုပ်ထွက်ပြီး ဝါသနာပါတဲ့ရုပ်ရှင်ဒါရိုက်တာအလုပ်ကို ကူးပြောင်းနေတဲ့လူငယ်တစ်ယောက်ပေါ့တစ်နေ့မှာ ရုပ်ရှင်ရိုက်ဖို့ရာ အရင်းနှီးထုတ်ပေးမယ့်သူနဲ့တွေ့တော့ရုပ်ရှင်အတွက်ကိုယ်တိုင်ဇာတ်ညွှန်းဖန်တီးပြီး ရိုက်ကူးခဲ့ပါတယ်။အဲ့ရုပ်ရှင်ကတော်တော်လေးပေါက်သွားပြီး အောင်မြင်လုဆဲဆဲဖြစ်နေတဲ့ချိန်မှာပဲမူပိုင်ခွင့်ပြဿနာနဲ့တရားစွဲခံရပါတော့တယ်။ကိုယ်တိုင်စိတ်ကူးစိတ်သန်းကနေရေးသားထားတဲ့ဇာတ်ညွှန်းကို ခိုးချပါတယ်ဆိုပြီးအစွပ်စွဲခံရတော့ အဖြေရှာဖို့ကြိုးစားတဲ့အချိန်မှာ အဲ့ဖြစ်ရပ် နောက်ကွယ်အမှန်တရားကအတိတ်ဘဝနဲ့ထူးဆန်းစွာ ဆက်နွယ်နေမှန်းသိလိုက်ရတော့ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမှာမို့ ခုပဲဒေါင်းပြီးကြည့်ကြဖို့အကြံပေးပါရစေ..... File size…2.3Gb / 1.2GB Quality…1080p True WEB DL AAC 5.1CH / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by HM & Allena & Eliza & Haruko
movie
Shyam Singha Roy (2021)
2021
7.2
Rang De (2021)
Rang De 2021အချစ်ဟာ ဆန်းကြယ်တဲ့ ဆိုတဲ့ စကားကို ရှေ့တန်းတင်ရင် အားလုံးအတွက် ရယ်စရာဖြစ်မလား မသိဘူး။ ဝေးနေပေမဲ့၊ အပြင်မှာ မတွေ့ဖူးပေမဲ့ အရမ်းချစ်ရတဲ့အခါ ရှိတယ်။ ဘယ်သူနဲ့ ဘာတွေ လုပ်နေမလဲဆိုပြီး တွေးတောပူဆွေးရင်း တနေကုန်ငိုနေရတဲ့အခါ ရှိသလိုနီးကပ်၊ထိစပ်နေပေမဲ့ အချစ်စိတ် မဖြစ်ဘဲ သူငယ်ချင်းထက် မပိုနိုင်တဲ့ သံယောဇဉ်တွေလည်း ကြုံဖူးမှာပါ။နှစ်ယောက်လုံးက ချစ်စိတ်မဝင်ကြရင် နေသာသေးတယ်ဗျ၊ နှစ်ယောက်မှာ တစ်ယောက်က တစ်ဖက်သတ်ချစ်နေရမယ်ဆို မခက်ပေဘူးလား။ ---------------တေလဂူးတို့က အချစ်ကားလေးတွေမှာ တော်တော်လေး ကြည့်ကောင်းနေတာ အားလုံး အသိပါပဲ။ခုဇာတ်ကားကတော့ တေလဂူးပရိသတ်တို့ ရင်းနီးပြီးသားဖြစ်တဲ့ Nithiinနဲ့ Keerthyတို့ရဲ့ အိမ်နီးချင်း ဇာတ်လမ်းလေးပါပဲ။Nithiinဖြစ်တဲ့ အာဂျွန်ကတော့ ငယ်ငယ်ကတည်းက Keerthy ဖြစ်တဲ့ အာနူးရဲ့ ဒုက္ခပေးနည်းပေါင်းစုံကို ခံယူခဲ့ရသူတစ်ဦးပေါ့။အာနူးက အာဂျွန် ဝယ်လာသမျှ စားမယ် သောက်မယ်။ မရင် အာဂျွန် အဖေ့ကို တိုင်မယ်။ အတန်းမှာလည်း အတန်းမှာမို့၊ အိမ်မှာလည်း အိမ်မှာမို့နဲ့ အာဂျွန်ကတော့ တော်တော် စိတ်ပျက်နေသူပေါ့။ဒါကိုတော့ အာနူးရဲ့ စိတ်ထဲမှာ ကြည်နူးစရာလို့ သတ်မှတ်ထားတယ်။ အမြဲလိုလို သူ့အပေါ် ဂရုစိုက်တတ်တဲ့ အာဂျွန်ကလွဲပြီး သူ့အတွက်တော့ အားကိုးစရာမရှိဘူး။ငယ်ရွယ်စဉ်မှာ အမြဲလိုလို သည်းခံကြ၊ အနိုင်ယူကြနဲ့ အဆင်ပြေပေမဲ့ အရွယ်ရောက်လာတဲ့အခါမှာတော့....----------------------ကဲဒီလောက်ဆို အားလုံးလည်း ...
movie
Rang De (2021)
2021
7.0
Jessie ( 2019 )
2019 မှာထွက်ခဲ့တဲ့ Horror | Thriller အမျိုးအစားဇာတ်လမ်းလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ စိတ်ဝင်စားစရာပဲပရော်ဖက်ရှင်သရဲတစ္ဆေလိုက်သူအဖွဲ့ဟာ ညီအမ ၂ယောက်မှာဖြစ်ပျက်နေတဲ့သဘာဝလွန်ကိစ္စတွေကိုသတိထားမိခဲ့ကြပါတယ်ဒါကြောင့် သူတို့တွေဟာ ညီမ၂ယောက်ရဲ့ ဆန်းကြယ်မှုကိုအဖြေထုတ်ဖို့ကြိုးစားကြပါတယ်ကြိုးစားနေတဲ့နေရာကတော့ စွန့်ပစ်ခံထားရတဲ့ အိမ်တလုံးမှာပေါ့အဲ့အိမ်မှာပဲ သရဲလိုက်သူ အဖွဲ့ဟာ အေမီနဲ့ ဂျက်ဆီတို့၂ယောက်ကိုမှတ်တမ်းရုပ်ရှင်ရိုက်ရင်း ထူးဆန်းတဲ့အဖြစ်အပျက်တွေကိုခြေရာခံတဲ့နောက်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုဆက်လက်ကြည့်ရှုလိုက်ရအောင် Subtitle : Myanmar Sub ( Hardsub )Video Quality : WEB-DL 720pSubtitles Credit to Somonlian ( Subscene )
movie
Jessie ( 2019 )