Channel Myanmar

Abhilash Thapliyal

Maidaan (2023) 8.4
Maidaan (2023) Maidaan (2024) "ပြိုင်ပွဲ" IMDb - 8.4/10တို့တစ်ရွာလုံးကတော့ အဂျေးဆိုတဲ့ ကျွန်တော့်လိုလူတွေအတွက် သိပ်မကြာသေးခင်ကမှ Shaitaan (2024)ရုံတင်ကားကြီးကို တင်ဆက်ပေးပြီးတဲ့နောက် အဂျေးရဲ့ ရှားရှားပါးပါး အားကစားရုပ်ရှင်ကားကြီး ရုတ်တရက်ထွက်ရှိလာတဲ့အတွက် အမြန်ဆုံးတင်ဆက်ပေးလိုက်ပါတယ်။အားကစားရုပ်ရှင်ဖြစ်တဲ့အလျောက် ရုပ်ရှင်ကားကြီးတိုင်း ရုံတင်ငွေအများကြီးမရခဲ့ပေမဲ့ အားကစားရုပ်ရှင်တို့ထုံးစံအတိုင်း ရသတမျိုးမျိုးကတော့ ခံစားစေရမှာ အမှန်ဖြစ်ပြီး ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးထောပနာပြုမှုကို ရရှိခဲ့ပါတယ်။၁၉၅၀ခုနှစ်ကနေ သေဆုံးချိန်အထိ အိန္ဒိယနိုင်ငံ့လက်ရွေးစင်ဘောလုံးအသင်းရဲ့ နည်းပြနဲ့မန်နေဂျာဖြစ်တဲ့ Rahim Saabအကြောင်းကို အခြေခံရိုက်ကူးထားပါတယ်။ခေတ်ကာလအလျောက် နိုင်ငံတော်ကနေ နိုင်ငံ့လက်ရွေးစင်ဘောလုံးအသင်းအပေါ် ထောက်ပံ့မှုအားနည်းပုံတွေ၊ နိုင်ငံ့လက်ရွေးစင်အသင်းတစ်သင်းရှုံးနိမ့်ပြီဆို ဘောလုံးအသင်းချုပ်ဘုတ်အဖွဲ့ဝင်တွေရဲ့ နည်းပြအပေါ် လွှဲချမှုတွေ၊ လူမျိုးရေးပဋိပက္ခတွေ၊နောက်ပြီး အဓိကဇာတ်လိုက်ဖြစ်တဲ့ နည်းပြတစ်ယောက်ရဲ့ အသင်းပေါ်ထားတဲ့စိတ်ဓာတ်နဲ့ ရင်ဆိုင်ရတဲ့ အမျိုးမျိုးသောဖြစ်ရပ်တွေအပြင် ကွင်းတွင်းကွင်းပြင်ဖြစ်ရပ်တွေကို သေချာရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…3.4GB / 1.7GB  Quality…WEB DL 1080p / 720p Format…mp4 Duration….3h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Maidaan (2023)

2024
Blurr (2022) 4.3
Blurr (2022) Blurr (2022)တာ့ပ်ဆီးရဲ့ဇာတ်ကားကောင်းလေးတစ်ကား ထွက်လို့လာခဲ့ပြန်ပါပြီနော် ထုံးစံအတိုင်း သူသရုပ်ဆောင်တဲ့ ကားတွေက မင်းသားမလိုဘဲ သူတစ်ကိုယ်တော်တည်းနဲ့ ဇာတ်လမ်းကို အထွတ်အထိပ်ရောင်အောင် ဆွဲနိုင်တဲ့အရည်အချင်းရှိတဲ့ကားတွေပါ...ဒီဇာတ်ကားမှာတော့ ဂိုင်သရီးနဲ့ ဂေါ်တမီဆိုတဲ့ အမြွှာညီအစ်မနေရာကနေ သရုပ်ဆောင်ထားပါတယ်တစ်ရက် သူ့ညီမလေး ဂေါ်တမီတစ်ခုခုဖြစ်နေတယ်လို့ ဂိုင်သရီးအိပ်မက်ဆိုးမက်ခဲ့ပါတယ်ယောက်ျားဖြစ်သူကို ခေါ်ပြီး ညီမဖြစ်သူအိမ်ကိုလိုက်သွားကြည့်တော့ ညီမဖြစ်သူဟာ ဆွဲကြိုးချလျက်သား သေဆုံးနေတာကို ရှာဖွေတွေ့ရှိခဲ့ရပါတယ်...။ရဲများရဲ့စုံစမ်းစစ်ဆေးမှုအရ ဂေါ်တမီဟာ ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့တာပါလို့ သိရပါတယ်...ဒါကို ဂိုင်သရီးဟာ လက်မခံခဲ့ပါဘူးအဖြစ်မှန်ကို သူကိုယ်တိုင်လိုက်လံစုံစမ်းနေတုန်း သူ့အနောက်ကို အမြဲလိုလို လူတစ်ယောက်လိုက်နေသလိုခံစားနေရပါတယ်..သို့ပေမယ့် အဲ့ဒီလူကို ဘယ်သူမှမမြင်တွေ့ရပါဘူးတဖြည်းဖြည်းနဲ့ အသက်အန္တရာယ်ပါ ထိပါးလာတဲ့အခါမှာတော့....။ဘာတွေဆက်ဖြစ်လာတော့မလဲ...။ File size…1.27GB  / 569MB Quality…1080p HQ HD RIP /720p Format…mp4 Duration….2h 7min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Blurr (2022)

2022
Raksha Bandhan (2022) 4.6
Raksha Bandhan (2022) Raksha Bandhan (2022) ====================ဒီဇာတ်ကားလေးကတော့ အရှေးကူမားရဲ့မေတ္တာစာဖွဲ့ကားလေးလို့ ပြောရမယ်..စွန့်လွှတ်အနစ်နာခံတဲ့ အစ်ကိုကြီး အဖရာ နေရာကနေ သရုပ်ဆောင်ထားတယ်..အိန္ဒိယနိုင်ငံအတွင်းမှာက သတို့သမီးဘက်က သတို့သားကို တင်တောင်းရတယ် သမီးမွေးထားတဲ့ မိဘတွေက တစ်သက်လုံးလျှာထွက်အောင်ရုန်းရတယ် သူတို့သမီးလေး ယောက္ခမအိမ်မှာ မျက်နှာမငယ်ရဖို့အတွက် တင်တောင်းငွေများများပေးပြီး မင်္ဂလာဆောင်ပေးတဲ့ ဓလေ့ဆိုပါတော့...ဒါတင်မကသေးဘူး တချို့သားရှင်တွေက ဘယ်လောက်ဆိုးလဲဆိုရင် တင်တောင်းငွေပေးပြီး ပေးစားလိုက်ပြီးတာတောင် ပွဲတော်အခါသမယတွေရောက်တိုင်း ဟိုဟာပေးပါဦး ဒီဟာပေးပါဦးနဲ့ ထပ်တောင်းကြသေးတယ် မပေးရင်တော့ ဒီသမီးမိန်းကလေးက စိတ်ချမ်းချမ်းသာသာနဲ့ မနေရ သိမ်ငယ်ရတာပေါ့ဒီအဖြစ်ဆိုးမျိုးတွေနဲ့ ဓလေ့ကြီး ရိုက်ခတ်အခံရဆုံးသူကတော့ ချန်ဒီချော့မြို့လေးအတွင်းမှာ နေထိုင်သူ လာလာကီဒါနသ်ဆိုသူပေါ့...မိဘတွေဆုံးပါးသွားကြပြီးနောက် ညီမလေးယောက်ဖြစ်သူကို ကျွေးမွေးပြုစုစောင့်ရှောက်လာခဲ့ရသူပေါ့...ညီမလေးတွေ အရွယ်ရောက်လာတော့ သူတုိ့လေးတွေကို မင်္ဂလာဆောင်ပေးရမယ့် ဝန်ထုပ်ကြီးက သူ့ခေါင်းပေါ်မှာ ပိနေသလို ချစ်ရသူလေးကလည်း သူ့ကိုလက်ထပ်ပေးဖို့ ဂျီကျလာတဲ့အခါ မိခင်မဆုံးခင်ကလည်း သူညီမလေးယောက်ကို မင်္ဂလာဆောင်ပေးပြီးမှ သူလက်ထပ်ပါ့မယ်လို့ ကတိပေးထားခဲ့လေတော့....မိခင်ကိုပေးထားတဲ့ ကတိကိုတည်နိုင်အောင်ကြိုးစားဖို့ပဲ အားသန်နေတဲ့ လာလာတစ်ယောက်...ကတိတည်နိုင်ပါ့မလား....သူ့အချစ်လမ်းခရီးဖြောင့်ဖြူးနိုင်ပါ့မလား...ရှေ့ဆက်ပြီးတော့ အရှေးကူမားရဲ့ထုံးစံအတိုင်းအလွဲလေးတွေနဲ့ ခွီရမယ့်အပြင် လောကဓံကရိုက်ခတ်လာတဲ့အခါ ဝမ်းနည်းစရာလေးတွေကြုံလာရမှာမို့ ဒီကားလေးဟာ ခွီလည်းခွီရ ငိုလည်းငိုရနဲ့ ပညာပေးရိုက်ကူးထားတဲ့ အရှေးကူမားရဲ့ မိသားစု ဒရာမာ ဟာသကားကောင်းလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းပေးလိုက်ပါတယ်... File size…4.1GB / 2.03GB / 1.04GB Quality…4k ...
movie

Raksha Bandhan (2022)

2022
4K HEVC