Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Abdel Qissi
The Last Kumite (2024)
ဒီတစ်ခါတင်ဆက်မယ့်ဇာတ်ကားကတော့ သေနတ်ပစ်ခန်း၊ ဓားခုတ်ခန်းတွေမပါဘဲ လက်ဗလာနဲ့ချတဲ့ ဖိုက်တင်ကားစစ်စစ်ပါပဲ။ ကိုယ်ခံပညာဖိုက်တင်ကားတွေကြိုက်တဲ့သူတွေအတွက်တော့ ကွက်တိပါပဲ။ဇာတ်လမ်းအညွှန်းကတော့ မိုက်ကယ်ရေးဗားက သူ့ရဲ့မြို့မှာတော့ ကိုယ်ခံပညာမှာပြိုင်ဖက်ကင်းတဲ့သူတစ်ယောက်ပါ။ ကျင်းပသမျှတိုက်ခိုက်ပွဲတွေတော်တော်များများကိုလည်းနိုင်ခဲ့ပြီး သူ့ရဲ့နောက်ဆုံးပွဲလို့သတ်မှတ်ထားတဲ့ပြိုင်ပွဲမှာလဲ ချန်ပီယံဖြစ်ခဲ့ပါတယ်။ ဖြစ်ချင်တော့ သူအနားယူမယ့်နေ့မှာ လူတစ်ယောက်ကရောက်လာပြီးတော့ Kumiteလို့ခေါ်တဲ့ပြိုင်ပွဲမှာ ဝင်ပြိုင်စေချင်ကြောင်းနဲ့ ထိုပြိုင်ပွဲမှာနိုင်ရင် ဒေါ်လာတစ်သန်းရမယ်ဖြစ်ကြောင်းမက်လုံးပေးခဲ့ပေမဲ့ ထိုပြိုင်ပွဲကအသေသတ်ပြိုင်ပွဲဖြစ်ပြီး အန္တရာယ်များတာကြောင့် သူကငြင်းခဲ့ပါတယ်။ဒါပေမဲ့ တစ်ဖက်ကတော့ သူငြင်းလို့မရအောင် သူ့ရဲ့သမီးကိုဓားစာခံအဖြစ်ခေါ်သွားပါတော့တယ်။ ဒီတော့ မတတ်သာတဲ့နောက်ဆုံး ကမ္ဘာတစ်ဝှမ်းကအတော်ဆုံးချန်ပီယံတွေလာရောက်ပြိုင်တဲ့ Kumiteတိုက်ခိုက်ပွဲမှာ ဝင်ပြိုင်ဖို့ဖြစ်လာပါတော့တယ်။ File size…(2.4 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:45:00 Genre... Action Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mastro
movie
The Last Kumite (2024)
The Order (2001)
အရင်ခေတ်က ဗန်ဒိန်းဆိုရင် မသိသူမရှိသလောက်ကို နာမည်ကြီးခဲ့ပါတယ်။ကိုယ်တွေ ကလေးဘဝက သူ့ကားတွေဆိုနားလည်လည်၊ မလည်လည် ကြည့်ခဲ့ကြတာပဲ။ အက်ရှင်ခန်းတွေဆို တမေ့တမောကို ကြည့်ခဲ့ကြရတာ။ဒီလို ငယ်ငယ်က ဘဝကို ပြန်သတိရချင်တဲ့သူတွေအတွက်ဗန်ဒိန်းရဲ့ အက်ရှင်ဆန်ဆန်၊ လျှို့ဝှက်ဆန်းကျယ်ဆန်ဆန်ဇာတ်ကားတစ်ကားကို တင်ပြပေးလိုက်ပါတယ်။ ဒီကားက ၂၀၀၁ ခုနှစ်က ထွက်ခဲ့ပြီး ဗန်ဒိန်းကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး Sheldon Lettich က ရိုက်ခဲ့တဲ့ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရူဒီတစ်ဖြစ်လည်း ဗန်ဒိန်းကရှေးဟောင်းပစ္စည်းတွေကို ခိုးယူပြီး မှောင်ခိုရောင်းရင်းစီးပွားရေး လုပ်နေတဲ့သူပါ။ သူ့အဖေဖြစ်သူကတော့ သူနဲ့ ဆန့်ကျင်စွာပဲ ရှေးဟောင်းသုတေသီတစ်ဦး ဖြစ်ပါတယ်။တစ်ရက်မှာတော့ ခရစ်ယာန်ဘာသာကနေ ကွဲထွက်လာတဲ့ဂိုဏ်းတစ်ဂိုဏ်းက သူ့အဖေကို ပြန်ပေးဆွဲသွားပါတယ်။ဒီဂိုဏ်းက အပြင်လူတွေကို ဝင်ခွင့်မပေးသလိုပေးတောင် မသိတဲ့ ဂိုဏ်းပါ။ သူ့အဖေကို ပြန်လိုက်ကယ်ဖို့နဲ့လျှို့ဝှက်ဆန်းကျယ်တာတွေကိုဘယ်လိုအက်ရှင်တွေနဲ့ ခပ်မိုက်မိုက်တင်ဆက်သွားမလဲဆိုတာ ကြည့်ရှူလိုက်ကြပါဦး။ File size… 1.4 GB / 954 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 29m Genre ..... Action ...
movie
The Order (2001)
2001
5.6
The Quest (1996)
အရှေ့တောင်အာရှတောနက်တစ်ခုထဲမှာ တစ်ကမ္ဘာလုံးက ကိုယ်ခံပညာအသီးသီးရဲ့ အကျော်အမော်တွေကို တိတ်တဆိတ်ဖိတ်ခေါ်ကာ ပြိုင်ပွဲလက်ခံကျင်းပနေတဲ့ ပျောက်ဆုံးမြို့တော်လေးတစ်မြို့ ရှိနေပါတယ်။အနိုင်ရရှိသူဟာ ရွှေအတိသွန်းလောင်းထားတဲ့ နဂါးရုပ်ထုကြီးကို လက်ဝယ်ရရှိပိုင်ဆိုင်ရမှာပါ။ပြိုင်ပွဲအမည်ကဂန်ဂန့်ဖြစ်ပြီးတော့ …. ဒီပြိုင်ပွဲကို အမေရိကားမှာ လူရွှင်တော်လုပ်စားနေတဲ့ ဗန်ဒိန်းတစ်ယောက် ပြန်ပေးဆွဲ ကျွန်ပြုခံရရင်းက ဒီ ဂန်ဂန့်ပြိုင်ပွဲကြီးမှာ ဘယ်လိုပါဝင်ယှဉ်ပြိုင်ဖြစ်ခဲ့သလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ် …မွေ့ထိုင်းနဲ့ပက်သက်တဲ့ ရုပ်ရှင်ကားဖြစ်ပြီးတော့ သိုင်းပေါင်းစုံရဲ့ ကစားကွက်တွေကိုလည်း ကြည့်ရှုရမှာပဲဖြစ်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(1.7GB) / (900MB) Quality__WEB-DL_1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:35:00 Type__Action, Adventure, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt
movie
The Quest (1996)
6.2
Lionheart (1990)
Lionheart ( 1990 ) ---------------- အာဖရိကမှာ တာဝန်ထမ်းဆောင်နေတဲ့အထူးတပ်သားတစ်ယောက်ရှိတယ်။ လော့အိန်ဂျယ်လိမှာ သူ့ညီဟာ အရှင်လတ်လတ် မီးရှိခံလိုက်ရတဲ့ ရက်စက်တဲ့အဖြစ်ဆိုးကြီးနဲ့ ကြုံခဲ့ရပေမဲ့ တပ်က သူ့ကိုအသိမပေးဘဲ ဖုံးထားခဲ့တယ်။ ဒီလိုနဲ့ သူသိသွားတဲ့အခါမှာ တပ်ကနေပြေးပြီး သူ့ညီရှိတဲ့ဆီ အပြေးသွားခဲ့တယ်။ လမ်းမှာ ငွေမရှိတော့ လမ်းဘေးထိုးပွဲတွေမှာ ဝင်ထိုးပြီး ငွေရှာရာကနေ နာမည်ကျော်တစ်ယောက်ဖြစ်လာခဲ့ပြီး ဒီနွံထဲက မရုန်းနိုင်ဘဲ သူ့ညီအတွက် သူ့မိသားစုအတွက် ကြေးမြင့်ထိုးပွဲတွေအထိပါ သူ့ရဲ့ ခြင်္သေ့လို နှလုံးသားနဲ့ ဆက်ထိုးရင်း တပ်ကလိုက်ဖမ်းတာကိုလည်း ရှောင်နေခဲ့ရတယ်။ ချစ်စိတ်လည်းကြီး သတ္တိလည်းကြီးတဲ့ သူ့နှလုံးသားနဲ့ ထိုးတဲ့ လက်သီးချက်တွေက သူ့မိသားစုဆီ ပြန်ရောက်ဖို ခြေတစ်လှမ်းပိုနီးလာစေမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါ။Lionheart ဟာ ဗန်ဒိန်းရဲ့ အက်ရှင်ခန်း ထိုးခန်း ချခန်း အလန်းစားတွေနဲ့ အက်ရှင်ကားကောင်းတစ်ကားပါ။ နပန်းပွဲတွေ ဆက်တိုက်ထိုးနေတာာကို ကြည့်ရတာမို ချခန်းတွေက တော်တော်လေး ကြည့်ကောင်းသလို မိသားစုအတွက် ဘာမဆိုလုပ်မယ့်လူတစ်ယောက်ရဲ့ ...
movie
Lionheart (1990)