Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Aasif Mandvi
6.8
The Proposal (2009)
The Proposal (2009)IMDb Rating (6.8 )Ryan Reynolds နဲ့ Sandra Bullock တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဒရမ်မာရိုမန့်ဟာသကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...နာမည်ကျော်စာအုပ်တိုက်တစ်ခုမှာ ဦးစီးဦးဆောင်လုပ်ကိုင်နေတဲ့ မာဂရက်ဆိုတဲ့ မမကြီးဟာ စမတ်ကျကျနေတတ်ပေမယ့် ဘော်ကျော့ပုံစံတွေကြောင့် သူမရဲ့လက်ထောက်ဖြစ်သူ အန်ဒရူးကစလို့ တစ်ရုံးလုံးက မကြည်ကြပါဘူး...ဒီလိုနဲ့ သူ့လုပ်ငန်းအခြေအနေကြောင့်ရယ် အမေရိကန်နိုင်ငံမှာ ဆက်လက်နေထိုင်ဖို့ Visa အခက်အခဲဖြစ်လာတာရယ်ကြောင့်အမေရိကန်နိုင်ငံသားဖြစ်တဲ့ သူမရဲ့ လက်ထောက်ဖြစ်သူ အန်ဒရူးနဲ့ လက်ထပ်ဖို့ကြံစည်ပါတော့တယ်.....မိန်းကလေးက ယောကျာ်းလေးကို ပြန်ပြီး လက်ထပ်ခွင့်တောင်းမယ့်ပုံစံရဲ့နောက်ကွယ်ကအလိမ်တွေ အရှုပ်ထုတ်တွေကြားထဲ မိသားစု၊ ချစ်ခြင်းမေတ္တာတွေကိုရှာဖွေတွေ့ရှိသွားမလားဆိုတာ.......။ဝါရင့်သရုပ်ဆောင်တွေမလို့ ပရိတ်သတ်ကို တောက်လျှောက်ဆွဲခေါ်သွားမှာပါ။ File size…(2 GB )/(1 GB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:47:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie
The Proposal (2009)
2009
7.0
Million Dollar Arm (2014)
ဒီကားလေးကတော့ 2014 ကထွက်ရှိထားတဲ့ တကယ့်ဖြစ်ရပ်မှန် ကို အခြေခံရိုက်ကူးထားတဲ့ sports dramaကားလေးဖြစ်ပါတယ်။ Life of Paiဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Indiaမင်းသား Suraj Sharma နဲ့ Slumdog millionaire မှာ ပါတဲ့ Madhur Mittal တို့လည်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်တဲ့အတွက် တကယ်ကို ကြည့်လို့ကောင်းတဲ့ကောင်းလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့အားကစားagentတွေ ဖြစ်ကျတဲ့ J.B Bernstein နဲ့ သူ့ရဲ့ Partner Ash Vasudevan တို့က Los Angeles က သူတို့ company မှာ အခက်တွေ့နေကျတဲ့ သူတွေဖြစ်ပါတယ် JB ကလည်းအားကစားသမားအသစ်တွေမွေးမထုတ်ပေးနိုင်တာကြာပါပြီအဲဒါနဲ့ သူကဘယ်သူမှ မထိရသေးတဲ့ဈေးကွက်ဖြစ်တဲ့ India မှာ baseball ကစားသမားအသစ်တွေကို ရှာဖို့ အတွက် million dollar arm ပြိုင်ပွဲကို ကျင်းပဖို့စီစဉ်ခဲ့ပါတယ်။ဒီလိုနဲ့ သူလိုချင်တဲ့အားကစားသမားကောင်:တွေကိုရှာတွေ့နိုင်ပါ့မလား သူတို့ နဲ့ရော ...
movie
Million Dollar Arm (2014)
7.6
Die Hard: With a Vengeance (1995) Die Hard 3
ခရစ်စမတ်နဲ့ နယူးရီးယားပိတ်ရက်တွေမှာ အက်ရှင်ပရိတ်သတ်တွေ ဘာရုပ်ရှင်ကြည့်ကြမလဲဆိုရင် မင်းသားကြီး Bruce Willis ရဲ့ John McClane ဇာတ်ကောင်ပါဝင်တဲ့ Die Hard ဇာတ်ကားတွေကိုပဲ အားလုံးကတော့ ညွှန်းကြမှာပါ။ Die Hard ရုပ်ရှင်က စုစုပေါင်း ၅ ကားထွက်ရှိခဲ့ပြီး ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=die+hard ကြည့်ပါ။Die Hard 1 နဲ့ 2 မှာတော့ John McClane တစ်ယောက် ခရစ်စမတ်ပိတ်ရက်လေးမှာ ဇနီးသည်လေး Holly Gennaro နဲ့ Chill ဖို့ တက်ကြွစွာ ဇနီးသည်ကိုလာတွေ့ပေမယ့် ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ကြုံရပြီး သူမပါလို့မရတော့တဲ့ပြသနာတွေမလို့ ကိုယ်တိုင်ပါဝင် ကယ်တင်ရပုံတွေကို ကြည့်ရှုရမှာပါ။ Die Hard 3,4,5 တွေကတော့ ခရစ်စမတ်ပိတ်ရက်နဲ့ သူ့ရဲ့ဇနီး Holly Gennaro တို့နဲ့ တိုက်ရိုက်မပတ်သက်တော့ပေမယ့် သူတို့ရဲ့ သားနဲ့သမီးနဲ့ဆက်စပ်တာတွေ ဗီလိန်တွေက ဆက်စပ်နေတာတွေနဲ့ ရှေ့ကရုပ်ရှင်ကားတွေနဲ့ဆက်စပ်မှုတော့ရှိနေပါတယ်။Die Hard နဲ့ပတ်သက်ရင်တော့ John ...
movie
Die Hard: With a Vengeance (1995) Die Hard 3
1995
4K HEVC
5.2
Freedomland (2006)
Freedomland (2006) ================လူဖြူလူမည်းပြဿနာဆိုတာ ဟိုးအရင်ကတည်းကရှိခဲ့ပြီး အခုထိလည်း အနည်းနဲ့အများတော့ရှိကြပါတယ်။ လူမည်းတွေ အဓိကနေထိုင်တဲ့ ဒမ်ဆီ နဲ့ လူဖြူအဓိကနေထိုင်တဲ့ ဂန်နွန်တို့နယ်မြေနှစ်ခုကလည်း အဲ့ဒီအတိုင်းပါပဲ။ ဒမ်ဆီဘက်ကလည်း ဂန်နွန်ကိုသဘောမကျသလို ၊ ဂန်နွန်ဘက်ကလူကလည်း ဒမ်ဆီကိုမလိုလားကြပါဘူး။ ဒီနယ်မြေနှစ်ခုကို ဟန်ချက်ညီအောင်၊ ပြဿနာ မတက်အောင် ထိန်းပေးနေရတာ လူမည်းစုံထောက်ဖြစ်တဲ့ လိုရန်ဇို နဲ့ လူဖြူ စုံထောက်ဘော်ဘီတို့ပဲဖြစ်ပါတယ်။ပြဿနာကတော့ အသက်လေးနှစ်အရွယ် လူဖြူကလေး ကိုဒီ ပျောက်တဲ့အမှု ကနေစပါတယ်။ ကလေးအမေ ဘရန်ဒါက အလုပ်ကအပြန် ဒမ်ဆီမြို့ကိုဖြတ်ပြီး ဂန်နွန်မြို့ကိုပြန်ပါတယ်။ အဲ့ဒီမှာ ကားအလုခံရပြီး ကားထဲကလေးပါသွားပါတယ်။ အဓိကပစ်မှတ်ကတော့ လူမည်းရပ်ကွက်လို့ခေါ်လို့ရတဲ့ အမ်းစတောင်းအိမ်ယာ အနီးမှာဖြစ်သွားတာမို့ သာမာန်အမှုလိုက်တာနဲ့မတူပဲ လူမျိုးရေးတွေပါ ပါလာပါ တော့တယ်။ အဲ့ဒီကနေတစ်ဆင့် လူမျိုးရေးအဓိကရုဏ်းအထိ ဖြစ်မလာနိုင်အောင် လူမည်းစုံထောက်လိုရန်ဇို ကာကွယ်နိုင်ပါ့မလား၊ ကလေးပျောက်ရှာပုံတော်ဖွင့် နေရင်းနဲ့ ဘယ်လိုမျိုးမြှုပ်ကွက်တွေ ထပ်ပေါ်လာမလဲဆိုတာကိုတော့ ဇာတ်လမ်း ဆုံးတဲ့အထိ ဆက်ပြီးကြည့်လိုက်ပါတော့နော်.... ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(2.21 GB) / (977 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 53Min Subtitle...........Myanmar ...
movie
Freedomland (2006)
2006
7.1
It’s Kind of a Funny Story (2010)
2010က ထွက်ရှိခဲ့တဲ့ ဒီကားကို Ned Vizzini ရဲ့ နာမည်တူ နာမည်ကြီး စာအုပ်ကို ပြန်လည်ရိုက်ကူးထားပြီးတော့ မျက်နှာသိသရုပ်ဆောင်တွေလည်းပါ ပါတယ်။ Emma Robert, Viola Davis တို့လို နာမည်ကြီးတွေနဲ့ Zach Galifianakusတို့လို ဟာသသရုပ်ဆောင်မင်းသား Atypical Serieက ခေါင်းဆောင် မင်းသား Keir Gilchrist တို့လည်း ပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ Craigဆိုတဲ့ ဆယ်ကျော်သက် ကောင်လေးက တစ်ညမှာ သေကြောင်းကြံစည်မယ့်အိမ်မက်ကနေ လန့်နို့လာပြီးတော့ သူ့အိမ်နဲ့ အနီးဆုံး ဆေးရုံမှာ သွားပြီး ပြခဲ့ပါတယ်။ သူ့အကြံအစည်ကတော့ ဆေးပဲ လိုချင်တာဆိုပေမယ့် ဆရာဝန်က သူ့ကိုဆေးရုံတင်ပစ်လိုက်ပါတယ်။ ဆေးရုံရဲ့ပေါ်လစီအရ အနည်းဆုံးဆေးရုံမှာ ငါးရက်ကတော့ မဖြစ်မနေ နေရတော့မှာပါ။ အစမှာတော့ ဆေးရုံကလူတွေနဲ့ သူတို့ရဲ့ထူးထူးဆန်းဆန်းပုံတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေဖို့ ခဲယဉ်းခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ နေသားကျလာပါတယ်။ဒါ့အပြင် Bobbyလို့ခေါ်တဲ့ လူကြီးတစ်ယောက်နဲ့လည်း ...
movie
It’s Kind of a Funny Story (2010)
7.1
Margin Call (2011)
Margin Call (2011)Margin Call ဆိုတာ Trading လောကမှ စကားလုံးဖြစ်ပြီး အဓိပ္ပာယ်ကတော့ မိမိအကောင့်၊ မိမိရဲ့ပိုင်ဆိုင်မှုတန်ဖိုးတွေဟာ သတ်မှတ်တန်ဖိုးအောက်စျေးကျသွားတဲ့အတွက် အကောင့်ပိတ်မသွားအောင် ငွေထပ်ထည့်စိုက်မလား၊ ရှိသမျှပိုင်ဆိုင်မှုတွေရောင်းချမလားကို သတ်မှတ်ပေးတဲ့စည်းမျဥ်းတစ်ခုပါ။ တစ်နည်းပြောရရင် တန်ဖိုးကျသွားလို့ မွဲပြာကျသွားပြီး ဘဝမပျက်ချင်ရင် အကုန်ရောင်းလို့ဆိုလိုချင်တာပါ။ဒီလိုခေါင်းစဥ်နဲ့ ဇာတ်လမ်းလေးကတော့ 2007-2008 ခုနှစ်လောက်က ဖြစ်ပျက်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေးပျက်ကပ်တစ်ခုအတွင်း ဒေဝါလီခံခဲ့တဲ့ ကုမ္ပဏီတစ်ခုကို စိတ်ကူးယဥ်ပြီးပြန်ရိုက်ကူးထားတာပါ။ဇာတ်လမ်းထဲမှာတော့ စတော့ရှယ်ယာလိုမျိုး၊ အာမခံငွေလက်မှတ်လိုမျိုးတွေကို အရောင်းအဝယ်လုပ်တဲ့ ရင်းနီးမြှုပ်နံမှုကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ယောက်ဟာ စီးပွားပျက်ကပ်ဖြစ်လာနိုင်တာကိုကြိုသိခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ ဒီလောကမှာက ယခင်ဖြစ်ခဲ့ဖူးတဲ့ စျေးနှုန်းတန်ဖိုးတွေ၊ အရောင်းအဝယ်မှတ်တမ်းတွေကိုကြည့်ရှုပြီး နောင်ဖြစ်လာနိုင်တာကို အနီးစပ်ဆုံးခန့်မှန်းလို့ရနိုင်လို့ပါပဲ။ဖြစ်လာမယ်မှန်းလည်းသိပြီဆိုတော့ ဒီပျက်ကပ်ကို ဘယ်လိုရှောင်လွှဲကြမလဲဆိုတာ ကြံကြပြန်ပါတယ်။ ဆုံးဖြတ်ချက်မြန်မြန်ချနိုင်လေ ဆုံးရှုံးနိုင်မှုနည်းလေးပဲဆိုတော့ ညတွင်းချင်းဆုံးဖြတ်အတည်ပြုကြပါတယ်။ရှုပ်ထွေးလှတဲ့လောကကြီးမှာ သူများထက် ခေါင်းပိုသုံးတဲ့သူ၊ ဉာဏ်နီဉာဏ်နက်များတဲ့သူ၊ လက်တစ်လုံးခြားလူလည်ကျမှ ရှင်ကျန်စမြဲဖြစ်ကြောင်းရိုက်ပြထားတဲ့ စိတ်ဝင်စားစရာ financeကားလေးဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။)File Size ...
movie
Margin Call (2011)
2011
6.6
The Magician’s Elephant (2023)
The Magician's Elephant (2023)"ဘောလ်တိစ်" ဆိုတဲ့ မြို့ငယ်လေးက မျှော်လင့်ချက်တွေဆိတ်သုဥ်းနေတဲ့မြို့လေးလို့ပြောရမယ်။ သူတို့ကြုံခဲ့ရတဲ့စစ်ပွဲကြီးအပြီးမှာ လူတွေကမပျော်ရွှင်ကြတော့ပါဘူး။ စစ်ကြီးကလဲ ပြီးတာ ဒီကားထဲက ဇာတ်လိုက်လေးရဲ့တစ်သက်ရှိနေပြီ။ ဒါပေမဲ့လူတွေက ပျော်ရွှင်မှုတွေမရကြသေးဘူး။ မျှော်လင့်ချက်တွေ ယုံကြည်မှုတွေ ပြန်မရှင်သန်ကြသေးဘဲ အဆိုးတွေပေါ်ပဲအာရုံစိုက် အဆိုးတွေကိုပဲမျှော်လင့်ပြီးနေကြသူတွေပေါ့။ တစ်နေ့မှာမျက်လှည့်ဆရာကြီးက ဒီလူတွေအတွက် မျှော်လင့်ချက်တွေပြန်ရှင်သန်စေဖို့ မန္တန်ကြီးတစ်ခုကိုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူ့ခဗျာမှာလဲ သိပ်မကျွမ်းကျင်တော့ ဆင်ကြီးတစ်ကောင်သာအမိုးကနေပွင့်ပြီးပြုတ်ကျလာပါတယ်။ မျက်လှည့်ဆရာကြီးက သူ့မန္တန်ကမအောင်မြင်ဘူးထင်တာပေါ့။ မျက်လှည့်ဆရာကြီးကိုယ်တိုင်လဲ သူ့ဆင်ကြီးက အဖွားကြီးတစ်ယောက်ပေါ်သွားပိတာကြောင့် ဂျေးထဲအောင်းသွားရပါတယ်။ ဒါပေမဲ့ ဒီဆင်ကြီးရောက်လာတာကပဲ ဒီကားထဲကဇာတ်လိုက်လေးအတွက် ယုံကြည်မှုတွေကိုအသက်သွင်းရာမှာ၊ သူ့မိသားစုကိုရှာဖွေရာမှာ အရေးအကြီးဆုံးနဲ့ပထမဆုံးခြေလှမ်းဖြစ်ပြီး ဘယ်လိုအံ့ဖွယ်ရာတွေကိုထပ်ဖြစ်စေမလဲဆိုတာကြည့်ရမှာပါ။ ဇာတ်လမ်းလေးက ကာတွန်းဆန်ဆန် ရယ်စရာမောစရာမှော်ဆန်ဆန်ဇာတ်လမ်းလေးဖြစ်တဲ့အပြင် ပေးချင်တဲ့မက်ဆေ့ချ်ကလဲ မျှော်လင့်ချက်ပျက်သုဥ်းနေသူတွေအတွက်၊ အကောင်းတွေအများကြီးထဲကအဆိုးတစ်ခုလောက်ကိုမှရွေးပြီး မျှော်လင့်ချက်ပျက်တတ်တဲ့လူတွေအတွက် အရာအားလုံးကဖြစ်နိုင်တယ်ဆိုတာမျိုးစိတ်ခွန်အားပေးထားတဲ့အတွက် ကလေးတွေရောလူကြီးတွေပါကြည့်သင့်တဲ့ဇာတ်လမ်းလှလှလေးပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Animation, Adventure, Comedy Quality…. 1080p | 720p | 480p File size… 1.35GB | 766MB | 362MB Format… mp4 Duration….1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... Aaron
movie
The Magician’s Elephant (2023)
2023
6.5
Music and Lyrics (2007)
Music and Lyrics (2007) ================== IMDb Rating - 6.5/10ဒီဇာတ်ကားကိုမကြည့်ခင် YouTube Spotify Apple music စတဲ့ပလက်ဖောင်းတွေမှာ Way back into love ဆိုတဲ့ သီချင်း ကို နားဆင်ခံစားကြည့်လိုက်ပါ၊ တကယ်လို့ အဲ့သီချင်းကိုမကြိုက် ခဲ့ရင်လည်း ဇာတ်ကားကိုတော့ ဆက်ကြည့်လိုက်ပါ။ နားထောင် ရတာကြိုက်ခဲ့ရင်တော့ စီးကရက်တစ်လိပ်နဲ့ ကော်ဖီတစ်ခွက်ယူပြီး ဆက်ခံစားကြည့်ကြဖို့ အကြံပေးပါရစေ။ဇာတ်လမ်းကမဆန်းပါဘူး musical romance လေးပါပဲ။ ဒါပေမဲ့ အချစ်ဆိုတဲ့အရာကိုက ဆန်းကြယ်နေခဲ့တာပါ။ အချစ်ကြောင့် အရာ ရာအဓိပ္ပာယ်ရှိသွားတယ်၊ အချစ်ကြောင့် အရာရာလှပနေခဲ့တယ်၊ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်မှာ နားဆင်ခံစားဖို့သီချင်းကောင်းလေး တွေအပြင် သီချင်းစာသားတွေရဲ့နှလုံးသားကို ခံစားလို့ရမယ်။လူတိုင်းချစ်တတ်ကြမှာပါ၊ အချစ်မှာနောင်တတွေအမှားတွေရှိတယ်၊ အချစ်မှာကြီးကျယ်ခမ်းနားခြင်းတွေ အားအင်တွေရှိတယ်၊ အဲတော့ ဒီအချစ်ဇာတ်ကားလေးနဲ့အတူ အချစ်ကိုခံစားရင်း ကောင်မလေးရှိတဲ့ သူတွေက ကောင်မလေးကိုရိုပြပါ၊ FA တွေကလည်း စိတ်ကူးယဉ်ရင်း မျက်ရည်ကျပါ၊ တစ်ခေတ်တစ်ခါရဲ့ Charles'Angle ဒရူးဘယ်ရီမိုးက တော့ သင်တို့အားလုံးအား အချစ်အဓိပ္ပာယ်ကိုဖွင့်ဆိုပြမှာမို့ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Sai Thurein Lynn ဖြစ်ပါတယ်)File Size..........(2.13 GB) / (889 ...
movie
Music and Lyrics (2007)
2007
6.5
Paws of Fury: The Legend of Hank (2022)
Paws of Fury: The Legend of Hank (2022) ဆမ်မြူရယ် ဂျက်ဆန်ကြီး ဆာမူရိုင်းအဖြစ် အသံသရုပ်ဆောင်ထားတဲ့ ကာတွန်းရုပ်ရှင်အသစ်ထွက်လာပါပြီ။ အတော်ရယ်ရပါတယ်။ဇာတ်လမ်းအကျဉ်းမှာတော့ ကြောင်အမတ်ကြီး အစ်ကချူဟာ ကြောင်ရှိုးဂန်းကြီးကို ဖားဖို့အတွက် နန်းတော်ကြီးတစ်ခု တည်ဆောက်နေပါတယ်။ ဒါပေမဲ့ အဲဒီနန်းတော်ကြီးရဲ့ ရှုခင်းမှာ ရှေးဟောင်းကြောင်မြို့လေးတစ်ရွာပိတ်နေလို့ အဲဒီရွာကို ရှင်းပစ်ဖို့ ဘယ်သူမှမသိအောင် ကြောင်နင်ဂျာတွေ လွှတ်ပြီး ဖျက်ဆီးခိုင်းလိုက်ပါတယ်။အဲဒီအတွက် အဲဒီကာကာမူချိုမြို့သားတွေက မြို့ကိုကာကွယ်ပေးဖို့ ရှိုးဂန်းကြောင်ကြီးဆီက ဆာမူရိုင်းတစ်ယောက် တောင်းခံလိုက်ပါတော့တယ်။ ရှိုးဂန်ကြီးက အဲဒီတာဝန်ကို အစ်ကချူကိုပဲ ပြန်ပေးလိုက်တာမို့ အစ်ကချူ ကိုယ့်ရှုးကိုယ်ပတ်ပါတော့တယ်။ဒါပေမဲ့ ကြောင်ယုတ်မာ အစ်ကချူက ဆာမူရိုင်းအရမ်းဖြစ်ချင်လို့ ကြောင်တိုင်းပြည်ကို ခိုးဝင်လာတဲ့ ခွေး ဟန့်ခ်ကို ဖမ်းထားရာကနေလွှတ်၊ ဆာမူရိုင်းဘွဲ့ ချက်ချင်းပေးပြီး ကာကာမူချိုမြို့လေးကို ကာကွယ်ဖို့ တာဝန်ပေးလိုက်ပါတော့တယ်။ရည်ရွယ်ချက်ကတော့ အဲဒီမြို့က ကြောင်တွေက ခွေးကိုမုန်းလို့ ခြောက်ချက်ကုတ်ပြီး သတ်လိုက်ရင် သူက အရေးယူဖို့ပါပဲ။ ...
movie
Paws of Fury: The Legend of Hank (2022)
2022
6.3
Crush (2022)
Crush (2022) အညွှန်း ဒီကားလေးကတော့ Hulu က ပြသသွားပြီး ပေ့ါပေ့ါပါးပါး ကြည့်ရမဲ့ ဇာတ်ကားလေးပါ။ လိင်တူ စိတ်ဝင်စားတဲ့ ဆယ်ကျော်သက်လူငယ်လေးတွေ အကြောင်းကို အထက်တန်းကျောင်းလေးတစ်ခုမှာ အမှီပြုပြီး ရိုက်ထားတာဖြစ်ပါတယ်။Crush ဆိုတဲ့ နာမည်လေးအတိုင်း တစ်ဖက်သတ် အချစ်ဇာတ်လမ်းလေးနဲ့ စတင်ခဲ့ပါတယ်။ ပေ့ချ် ဆိုတဲ့ ကောင်မလေးက လိင်တူ စိတ်ဝင်စားတဲ့ Lesbian လေးပါ။ သူ တက်နေတဲ့ ကျောင်းမှာလည်း 60 % လောက်က gay, lesbian, bisexual တွေချည်းပါပဲ။ ပေ့ချ်က ပန်းချီ အနုပညာကို နှစ်သက်ပြီး ကျွမ်းကျင်တဲ့ ကျောင်းသူလေးပေါ့။ သူ့ အိပ်မက် ကျောင်းဖြစ်တဲ့ CalArts မှာ နွေရာသီ ပရိုဂရမ် ဝင်ခွင့်လျှောက်တဲ့အချိန်မှာ ကျောင်းက သူ့ကို "အပျော်ဆုံး အခိုက်အတန့်" နဲ့ပတ်သက်ပြီး ဖန်တီးထားတဲ့ အနုပညာလက်ရာကို တောင်းတယ်။ပေ့ချ်တစ်ယောက် သူ့ဘဝရဲ့ ...
movie
Crush (2022)
2022
7.3
Spider-Man 2 (2004)
Spider Man 2 က ပထမဇာတ်ကားရဲ့ အဆက်အနေနဲ့ ထွက်ရှိခဲ့တာပါ။ဒီဇာတ်လမ်းမှာတော့ စမိုက်ဒါမန်းဟာ မပျော်မရွင်ဖြစ်နေရပါတယ်...သူချစ်ရတဲ့ကောင်မလေး မေရီဂျိန်းဝမ်ဆန်ကို စွန့်လွှတ်ပြီးတဲ့နောက်မှာတော့ သူ့ဘဝကို ရာဇဝတ်မှုတွေကိုတိုက်ဖျက်နေရင်းနဲ့ဖြတ်သန်း နေရပါတယ်..မေရီဂျိန်းဟာလည်း သူဌေးတစ်ယောက်နဲ့စေ့စပ်ထားလိုက်ပါပြီ ...သူ့သူငယ်ချင်း ဟယ်ရီကလည်း သူ့အဖေကိုသတ်သွားတဲ့စပိုက်ဒါမန်းကို ပြန်သတ်ချင်လို့ အသည်းအသန်စုံစမ်းနေပါ သလို မြို့ကိုဒုက္ခပေးမယ့် အန္တရာယ်တွေလည်းတိုးလာပါတယ်..ဒီလိုပြသနာတွေကြားမှာ ပီတာပါကားတစ်ယောက် ဘယ်လိုခွန်အားနဲ့ ဆက်လက်အသက်ရှင်ပြီး ပြသနာတွေကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ...။မင်သား Tobey Maguire ရဲ့ အော်ရဂျင်နယ် Spider Man ဇာတ်ကားတွေကို DS4K 1080p BluRay Quality နဲ့တင်ဆက်လိုက်ပါတယ်...1080p ဆိုပေမယ့် 4K ရုပ်ထွက်ထက် ပိုကောင်းတဲ့ Regrade Version မို့ DS4K Version ကိုသာ တင်ဆက်လိုက်ပါတယ်။ဘာသာပြန်လိုအပ်ချက်တွေရော သတ်ပုံတွေရော တတ်နိုင်သမျှပြန်ပြင်ထားတာမို့ အခု Version ကို ပြန်ဒေါင်းသိမ်းသင့်ပါတယ်။ File size…(2.3 GB)/(1 GB) Quality….BluRay DS4K HEVC ...
movie
Spider-Man 2 (2004)
2004
6.9
Human Capital (2019)
နာမည်ကြီး အီတလီရုပ်ရှင်ကားတစ်ကားကို remakeပြန်လုပ်ထားပြီးနာမည်ရှိသရုပ်ဆောင်တွေနဲ့ရိုက်ကူးထားတဲ့ Dramaကားတစ်ကားပါ။IMDb Rating 7.8နဲ့ tomatoesမှာ62%ရထားပါတယ်။တစ်ခုသောညတစ်ညမှာ အလုပ်ကနေအိမ်ကိုစက်ဘီးစီးပြီးပြန်လာတဲ့သူတစ်ယောက်ကားတိုက်ခံလိုက်ရပြီး ယာဉ်မောင်းကတော့ထွက်ပြေးသွားပါတယ်။အဲ့အမှုကိုစင်တာထားပြီး ဇာတ်ကားထဲမှာပါဝင်တဲ့ဇာတ်ကောင်တွေရဲ့ကာရိုက်တာ၊ အကျပ်အတည်း၊ စရိုက်တွေကို ချပြသွားပါတယ်။သာမာန်စီးပွားရေးသမားရဲ့ အထက်တန်းကျောင်းသူသမီးတစ်ယောက်နဲ့မီလီယံနာသူဌေးရဲ့သားဖြစ်သူတို့အတွဲကြောင့်မိသားစုနှစ်ခုတွေ့ဆုံသွားပြီး စီးပွားရေးကိစ္စတွေပါ ပါဝင်လာဖို့ဖြစ်သွားပါတယ်။နောက်တော့ သူတို့ဟာဒီယာဉ်တိုက်မှုနဲ့ပတ်သတ်လာတဲ့အခါမှာတော့ ....ဘာတွေဆက်ဖြစ်ပြီး ဘယ်လိုတွေရိုက်ကူးတင်ဆက်ထားတယ်ဆိုတာကိုကိုယ်တိုင်ပဲခံစားကြည့်ရှုလိုက်ပါ။ File Size : ( 911 MB , 334 MB) Quality : WEB-DL 720p Running Time : 1 hr 35 min Format : Mp4 Genre : Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie
Human Capital (2019)
6.3
The Siege (1998)
ကျွန်တော်တို့ဟာ အစ္စလာမ်ဘာသာကို တိုက်ခိုက်နေခြင်း မဟုတ်ပါဘူး ၊ အစ္စလာမ်ဘာသာကို ခုတုံးလုပ်ပြီး အကြမ်းဖက်သောင်းကျန်းနေသူများကို တိုက်ခိုက်နေခြင်းသာ ဖြစ်ပါတယ်လို့ အိုဘားမား သမ္မတဖြစ်ခါစ အရှေ့အလယ်ပိုင်းခရီးစဉ်မှာ ပြောခဲ့ဖူးတယ် ။ ၁၉၈၀ ကျော်မှာ ဆိုဗီယက်က အာဖဂန်နစ္စတန်ကို ကျူးကျော်တုန်းက အမေရီကန် CIA တွေက ဘင်လာဒင်တို့လို့ မျိုးချစ်ပုဂ္ဂိုလ်တစ်ချို့ကို တော်လှန်ရေးသမားအဖြစ် မွေးမြူခဲ့တယ် ။ CIA ရဲ့ ရည်ရွယ်ချက်က အရှေ့အလယ်ပိုင်းဒေသမှာ အမေရီကန်ရဲ့ အကျိူးစီးပွားကို ထိခိုက်နိုင်တဲ့ ဆိုဗီယက်ရဲ့ ဩဇာအာဏာကို ဟန့်တားဖို့ပေါ့ ။ ၁၉၉၀ ကျော် အမေရီကန် သမ္မတ ဂျော့ဘုရှ် လက်ထပ်မှာတော့ အီရတ်က ဆတ်ဒမ်ဟူစိန်ကိုအမေရီကန်က ဖြုတ်ချချင်တယ် ။ အီရတ်ပြည်တွင်းမှာ ဆတ်ဒမ်ကို တော်လှန်ချင်သူတွေကို လက်နက်တွေပေးတယ် ၊ အကြမ်းဖက်နည်းတွေ သင်ပေးတယ် ၊ ဗုံးလုပ်နည်းတွေ သင်ပေးတယ် ။ အမေရီကန် သမ္မတသစ် ကလင်တန် လက်ထပ်မှာ နိုင်ငံခြားရေးမူဝါဒကပြောင်းသွားတယ် ...
movie
The Siege (1998)
1998
6.4
Drunk Parents (2019)
ဒီရုပ်ရှင်ကား ဟာ ဟာသ ကားလို့ ပြောလို့ရသလို မိသားစု အဓိပါယ်ကို ဖော်ဆောင်တဲ့ ရုပ်ရှင်ကားမျိုးလဲ ဖြစ်ပါတယ်... ဖရန့် နဲ့ နန်စီ မှာ သမီးလေး တစ်ယောက်ရှိပြီး သူတို့ သမီးလေး အထက်တန်းအောင်ပြီး သက္ကသိုလ် တက်ဖို့ အဆောင်မှာထားခဲ့ပြီး အိမ်ပြန်လာတဲ့ အခြေအနေကနေ ဇတ်လမ်းကို စတင်ထားပါတယ်... ဖြစ်ချင်တော့ ဖရန့် ဟာ စီးပွားပျက်နေတဲ့ သူတစ်ယောက်ဖြစ်ပြီး သမီးလေး စိတ်အားငယ်မှာဆိုးလို့ ဖွင့်မပြောပဲ ကျောင်းလခ အတွက် လင်မယား ၂ ယောက် ပိုက်ဆံ ကြံဖန်ရှာဖွေ ပေးပြီး ကျောင်းထားပေးခဲ့တာပါ အိမ်ပြန်ရောက်လာတဲ့ လင်မယား ၂ ယောက်မှာတော့ အကြွေးတွေ လည်ပင်းနစ်နေပြီမို့ ပိုက်ဆံ ရှာဖွေဖို့ အချိန်ကတော့ တစ်ပတ်ပဲ ရပါတော့တယ်... အဲ့ဒီ တစ်ပတ် ဆိုတဲ့ အချိန်အတွင်း ဒီလင်မယား ၂ ယောက် ဘယ်လိုတွေ ကြိုးစားကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါအုံး ရုပ်ရှင်ကားကို ညို့မျက်ဝန်း က ဘာသာပြန်ပေးထားပြီး Thit San Khant မှ အညွှန်းရေးပေးထားပါတယ်
movie
Drunk Parents (2019)
2019
6.4
The Dictator (2012)
The Dictator (2012) IMDb - 6.4/10_____Rotten - 57% ကြည့်ဖူးတဲ့သူကတော့ ဒီပုံလေးမြင်တာနဲ့ မှတ်မိမှာပါ။ အာဏာရှင် ကင်ဂျုံအီ၊ ကဒါဖီ တို့ကိုအခြေခံပြီး ဇာတ်ကောင်ဖန်တီးရိုက်ကူးခဲ့တဲ့ နိုင်ငံရေးသရော်တဲ့ ဟာသကားပါ။ ဒီကားထဲက အာဏာရှင် ဗိုလ်ချုပ်ကြီး အလာဒန် ဟာ နယူးယောက်ခ် ကုလအစည်းအဝေးကို လာတက်စဉ်မှာ ပြန်ပေးဆွဲခံလိုက်ရပြီး သူ့နေရာကို ပုံစံတူလူစားထိုးခံလိုက်ရပါတယ်။ ရည်ရွယ်ချက်ကတော့ သစ္စာဖောက်ဦးလေးဟာ နိုင်ငံကိုဒီမိုကရေစီအဖြစ်ပြောင်းလဲပြီး ကိုယ်ကျိုးအတွက်စီးပွားရေးလုပ်ဖို့ပါပဲ။ ဘယ်သူမှမမှတ်မိတော့တဲ့ အလာဒန်တစ်ယောက် အခက်ခဲတွေကြားထဲကစွန့်စားပြီး သူ့နိုင်ငံကြီး ဒီမိုကရေစီမရဖို့အရေး သက်စွန့်ကြိုးပမ်းဆောင်ရွက်လာရတဲ့အခါမှာတော့..... File Size : 708 MB File Type : Mp4 Quality : Bluray rip Duration : ...
movie
The Dictator (2012)
2012
7.2
Ruby Sparks (2012)
Ruby Sparks (2012) IMDb - 7.2/10_____Rotten Tomatoes - 79% [ Spoilers Alert ] အကယ်၍ ကျနော်တို့ တပါးသူတစ်စုံတစ်ယောက်ကို ကိုယ့်စိတ်တိုင်းကျ ဖန်ဆင်းပုံဖော်လို့ရတဲ့ အခြေအနေတစ်ခုကို ရောက်သွားကြပြီ ဆိုပါစို့ဗျ။ အဲဒီ ဖန်ဆင်းခံရမယ့်သူက ကိုယ့်ရဲ့ အရမ်းချစ်ရတဲ့ ချစ်သူတစ်ယောက်ဆိုရင်ရော....သူ့ကို ဘာတွေ ဘယ်လို စိတ်ကူးယဉ်ပြီး ပုံဖော်မလဲ ။ တော်တော်လေးကိုစိတ်ဝင်စားဖို့ ကောင်းမှာပါ ။ သူ့ကို ကိုယ်လိုသလို ဖန်ဆင်းနိုင်မယ် တော်တော်ပျော်စရာကောင်းမယ်လို့ ထင်မိပါတယ်။ ဥပမာ အနေနဲ့ ကိုယ်ဖန်ဆင်းလိုက်တဲ့ ချစ်သူတစ်ယောက်ကို ...အကြာကြီးစိတ်မကောက်ရ တို့၊ မကြာခဏ သတိရပေးပါ တို့ ၊ အကြင်နာတွေအများကြီး ခြွေပေးပါတို့ .... စသဖြင့် ထည့်ပေးလိုက်မယ်ဆိုရင် Very Romantic ပေါ့ ^_^ ။ ဟုတ်ကဲ့ ။ အဲဒီလို အခြေအနေကို စိတ်ကူးယဉ်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားရှိပါတယ် ။ ဇာတ်ကားရဲ့ ...
movie
Ruby Sparks (2012)
2012
6.5
Premium Rush (2012)
Premium Rush (2012)IMDb - 6.5/10_____Rotten - 74% Wileeဆိုတဲ့ကောင်လေးဟာ ကိုလမ်ဘီယာ ဥပဒေကျောင်းဆင်း။ဒါပေမယ့် ဘဝကို ဒီလိုဖြတ်သန်းရမှာ မကြိုက်သူ။သူဟာ နယူးယောက်မှာ စက်ဘီးစီး စာပို့လုလင်လုပ်တော့မှ ဘဝရဲ့ အဓိပ္ပါယ် အနှစ်သာရ ကို ရှာဖွေတွေ့ရှိလာသူတစ်ယောက်။သူ့ ချစ်သူကောင်မလေး Vanessaကလည်း သူ့လိုလူ။ဒါပေမယ့် သူ့ဘဝအတွက် တစ်ခုခုထပ်လုပ်ရမယ်လို့အမြဲတမ်းပြောပြောနေတတ်တယ်။ Vanessaရဲ့ အတန်းဖော်ဟောင်း Nima ဟာ တစ်နေ့တော့ သူ၂နှစ်ကြာအောင် စုထားတဲ့ ဒေါ်လာ ၅သောင်းကို Mr.Leungထံ ပို့ခိုင်းပါလေရော။သူ့ဆီက လက်မှတ်တစ်ခုပါတောင်းခဲ့ဖို့ မှာလိုက်ပါတယ်။ Mr.Lin သို့မဟုတ် ခေတ်သစ်ချစ်တီးတစ်ယောက် ဟာ အဲ့ဒီလက်မှတ်ရတာနဲ့ Nimaရဲ့ ပိုက်ဆံတွေကို အပိုင်စီး နိုင်မယ်ဆိုတာ သိနေပါတယ်။Mr.Lin ဟာ သူ့ထံအကြွေးတင်နေပြီး လောင်းကစားအလွန်အကျွံစွဲနေတဲ့ နယူးယောက်ရံအရာရှိ Bobby Mondayထံ ချဉ်းကပ်လာပါရော။Mondayသာ အဲ့ လက်မှတ်ရအောင်ယူနိုင်မယ်ဆိုရင် သူ့အကြွေးတွေ လျှော်ပေးမယ်ပေါ့။ ဒီလို နဲ့ ဘာဆက်ဖြစ်ကြလဲဆိုတာ ...
movie
Premium Rush (2012)
2012