Channel Myanmar

Aaron Twinn

Trafficking (2023)
Trafficking (2023)  ရက်ကွင်ယန်ဆိုတဲ့အသက် ၅၀ ကျော်လူတစ်ယောက်ကမကြာသေးခင်ကပဲသူ့မှာ ကုမရတဲ့ကင်ဆာရှိနေပြီး ခြောက်လလောက်ပဲအသက်ရှင်ရတော့မယ်ဆိုတာကိုသိခဲ့ရပါတယ်။သူက ၃၅ နှစ်တုန်းကလုပ်ခဲ့တဲ့ ပြစ်မှုတစ်ခုကြောင့်ထောင် ၁၅ နှစ်ကျခဲ့ပြီးလွတ်လာတာလဲ ငါးနှစ်လောက်သာရှိပါသေးတယ်။အခုလွတ်လာတော့လဲ သူကကြေးစားအကြွေးလိုက်တောင်းပေးတဲ့လူတစ်ယောက်အနေနဲ့လုပ်ကိုင်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။အသက်ကြီးပေမဲ့ မပျက်စီးသေးတဲ့ ဇနဲ့ဘဲကြီးတစ်ယောက်ပါပဲ။တစ်နေ့မှာတော့ သူ့အကြွေးသွားတောင်းတဲ့လူတစ်ယောက်ရဲ့ အိမ်ကိုရောက်ပြီးနောက်မှာ အဲ့ဒီအိမ်က ကလေးမလေးတစ်ယောက် လူကုန်ကူးခံရတော့မယ်ဆိုတာကို သိခဲ့ရပါတယ်။ဒါပေမယ့် အဲ့ဒီလူကုန်ကူးတဲ့လုပ်ငန်းကြီးရဲ့ပိုင်ရှင်က သူ့သူဌေးတောင်မထိရဲတဲ့ ဥရောပမူးယစ်မှောင်ခိုကုန်သည်ကြီးဖြစ်နေတဲ့ အတွက် သူ့သူဌေးကရော သူ့သူငယ်ချင်းကပါအဲ့ဒီကိစ္စကိုသွားမရှုပ်ဖို့တားခဲ့ပါတယ် ။ ဒါပေမယ့် သေမထူးနေမထူးဖြစ်နေတဲ့လူတစ်ယောက်အနေနဲ့ သူ့သမီးအရွယ်လောက်သာရှိတဲ့ အဲ့ဒီကလေးမလေးကို သွားကယ်ခဲ့ပြီးနောက်မှာ ဘယ်လို နောက်ဆက်တွဲပြဿနာတွေဆက်ဖြစ်လာမလဲ။ သူ့ဘဝရဲ့ ကျန်ရှိနေတဲ့အချိန်လေးတွေကိုရောဘယ်လိုအကျိုးရှိရှိ နေသွားမလဲဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။ File size…0.9GB / 416MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 36m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Trafficking (2023)