Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Aaron Toney
6.1
Bunraku (2010)
Bunraku ဆိုတာ နှစ်ပေါင်း ၄၀၀ သက်တမ်းရှိတဲ့ဂျပန်ရုပ်သေးပြဇာတ်ပုံစံတစ်မျိုးဖြစ်ပါတယ်။ ပြဇာတ်မှာနောက်ခံစကားပြောသူရဲ့ဇာတ်ကြောင်းအတိုင်း ၄ ပေအမြင့်ရှိတဲ့အရုပ်တွေက လိုက်လံပုံဖော်တင်ဆက်ဖျော်ဖြေရတာပါ။၂၀၁၀ မှာထွက်ရှိခဲ့တဲ့ Bunraku ရုပ်ရှင်ဟာ အက်ရှင်အမျိုးအစားဖြစ်ပေမယ့် ဇာတ်ကားတစ်ခုလုံးကိုBunraku ရုပ်သေးပြဇာတ်တစ်ခုလိုကြည့်ရှု့ခံစားရမှာပါ။ဒေါ်လာ ၂၅ သန်းအကုန်အကျခံရိုက်ကူးထားပေမယ့်ဝေဖန်မှုတွေအများကြီးရရှိထားတဲ့ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း************** သေဆုံးမှုတွေနဲ့ဖျက်ဆီးမှုတွေအများအပြားဖြစ်ပေါ်မှုကြောင့်သေနတ်ကိုင်ဆောင်မှုကိုတားမြစ်ထားတဲ့ကမၻာကြီးမှာလူတွေကတော့ ဓားတွေ၊လက်တွေကိုသုံးပြီး အချင်းချင်းတိုက်ခိုက်သတ်ဖြတ်နေကြတုန်းပါပဲ။ သစ်ခုတ်သမားလို့လည်းခေါ်တဲ့နီကိုလာဟာ အတ္တလန်တိတ်အရှေ့ဘက်မှာ အင်အားအကြီးဆုံးသူဖြစ်ပြီး သူ့နယ်မြေကိုလိုချင်လို့ စိန်ခေါ်သူတွေအများကြီးရှိပေမယ့် နီကိုလာနဲ့သူ့ရဲ့လူသတ်သမားကိုးယောက်ကိုယှဉ်နိုင်သူမရှိခဲ့တာကြာမြင့်လှပြီဖြစ်ပါတယ်။တစ်ရက်မှာတော့ ထူးဆန်းတဲ့ခြေသလုံးအိမ်တိုင်သမားတစ်ယောက်နဲ့ ဂျပန်ဆာမူရိုင်းဓားသမားတစ်ယောက်ဟာမြို့ထဲရောက်ရှိလာပြီး တူညီတဲ့ရည်ရွယ်ချက်တစ်ခုကြောင့်အရက်ဆိုင်ပိုင်ရှင်နဲ့ တစ်ဖွဲ့တည်းဖြစ်သွားခဲ့ကြပါတယ်။သူတို့သုံးယောက်ဟာ မတူညီတဲ့အကြောင်းရင်းအသီးသီးကြောင့်နီကိုလာနဲ့လူသတ်သမားကိုးယောက်ကို အနိုင်ယူဖို့ကြိုးစားရမှာပဲဖြစ်ပါတယ်။ File size…2.33GB , 1.02GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 4m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie
Bunraku (2010)
6.7
Out of the Furnace(2013)
Out of the Furnace(2013)====================ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ ဘတ်မန်းမင်းသားကြီးChristian Bale ကိုဒီဇာတ်ကားမှာ အမေရိကန် စက်ရုံအလုပ်သမားအောက်ခြေလူတန်းစားတယောက်အဖြစ် မြင်တွေ့ရမှာပါ။ ထပ်မံပြီးတော့Manchester by the sea မင်းသား Casey Affleck နဲ့ Avatar မင်းသမီးZoe Saldaña တို့လဲ ပါဝင်ထားတာမို့ သရုပ်ဆောင် အင်အားကောင်းကောင်းနဲ့မှုခင်းဒရာမာ ဇာတ်လမ်းကောင်းလေးပါ။နယ်မြို့လေးက စတီးစက်ရုံ အလုပ်သမားလေး ရပ်ဆဲလ်ဗေ့ဇ်(Christian bale) ဟာသာမန်ဘဝလေးတခုမှာ ရိုးရှင်းစွာနေထိုင်ဖို့ကြိုးစားရင်း မထင်မှတ်ဘဲ ကားတိုက်မှုဖြစ်လို့ ထောင်ကျသွားခဲ့တယ်။အဲ့ကနေစလို့ ဘဝတခုလုံး ကံဆိုးမိုးမှောင်ကျတော့တာပါဘဲ။ ဖခင်လဲဆုံးချစ်သူကမုန်း နဲ့ တဦးတည်းသော ညီလေးကလဲ လောင်းကစားကြွေးပိပြီးကြေးစားလက်ဝှေ့ထိုးရင်း လူဆိုးဂိုဏ်းတခုကအပြန် ပျောက်ချင်းမလှပျောက်သွားသောအခါ ညီလေးကိုလိုက်ရှာမယ့် အကိုကြီးအဖြစ် ဘတ်မန်းမင်းသားကြီး ဘေးလ်ကို စော်ပစ်ခံရတဲ့ဘဝသမားလေးအဖြစ် တကားလုံးဆွေးဆွေးမြေ့မြေ့လေးမြင်ရမှာပါ။ File size…1.86GB / 647MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 56m Genre ..... ...
movie
Out of the Furnace(2013)
5.9
Abraham Lincoln: Vampire Hunter(2012)
Abraham-Lincoln-Vampire-Hunter(2012)==================================အမေရိကကို ပြင်ပကနေ ဘယ်တော့မှ ဖျက်ဆီးနိုင်မှာမဟုတ်ဘူး။ကျုုုပ်တို့အင်အားချိနဲ့ပြီး လွတ်လပ်မှုတွေဆုံးရှူံးရပြီဆိုရင် ဒါဟာကျုပ်တို့ကိုယ်တိုင် ဖျက်ဆီးပစ်တာကြောင့်ပဲ ဖြစ်လိမ့်မယ်။(အေဘရာဟမ်လင်ကွန်း)သမ္မတလင်ကွန်း ဆိုခဲ့သလို စစ်ရေး၊ စီးပွားရေးမဟာအင်အားကြီးစူပါပါဝါအမေရိကကို ပြင်ပကမ္ဘာကဖျက်ဆီးနိုင်ဖို့၊ ရန်သတ္တရုပြုဖို့ဆိုတာ မလွယ်လှသလို၊ဆိုးရွားပြင်းထန်တဲ့ အကျိုးဆက်တွေနဲ့ကြုံတွေ့ရမှာမြေကြီးလက်ခတ်မလွဲပါပဲ။ 'သွေးထွက်သံယိုမှုမရှိဘဲနိုင်ငံတစ်ခုကို မတည်ဆောက်နိုင်' ဆိုတဲ့အတိုင်းလင်ကွန်းကိုယ်တိုင်ထိတ်လန့်ခြောက်ခြားဖွယ်ရာသွေးသံရဲရဲ အနိဌာရုံတွေ၊ တိုက်ခိုက်သတ်ဖြတ်မှုတွေကိုရှောင်လွှဲမရစွာ လုပ်ဆောင်ခဲ့ရတာလည်း ရှိလေရဲ့။လင်ကွန်းရဲ့ ကျော်ကြားလှတဲ့ အထက်ပါစကားရပ်လိုအမေရိကကိုအပြီးတိုင် ဖျက်ဆီးပစ်မယ့် ရန်သူဟာနိုင်ငံအတွင်းမှာ တကယ်ကိုရှိနေခဲ့ပါပြီ။အေဘရာဟမ်လင်ကွန်း လို့ဆိုလိုက်တာနဲ့အမေရိကရဲ့၁၆ ယောက်မြောက်သမ္မတ၊ ငွေဝယ်ကျွန်စနစ်ပပျောက်ရေး ကြိုးပမ်းသူစတဲ့ သမိုင်းအချက်အလက်တွေကိုသာ သတိရကြစမြဲပါ။ လင်ကွန်းနဲ့ပတ်သက်ပြီးအလွန်အရေးကြီးလှသည့်တိုင် သမိုင်းမတွင်တဲ့အကြောင်းခြင်းရာတစ်ခုကတော့ အင်မတန် လူသိနည်းလှပါတယ်။ အဲဒါကတော့လင်ကွန်းဟာ နေ့ဘက်မှာတိုင်းပြည်ကို သမ္မတအဖြစ် စီမံအုပ်ချုပ်ပြီး၊အကာလညအခါမှာ သွေးစုပ်ဖုတ်ကောင်တွေကို လိုက်လံသုတ်သင်ချေမှုန်းသူတစ်ဦး ဆိုတာပါပဲ။ ဒီသမိုင်းဖြစ်ရပ်တွေကိုဆက်သ်ဂရေဟမ်စမစ်သ် က လေ့လာဖော်ထုတ်ဇာတ်ညွှန်းခွဲပြီး၊ ဒါရိုက်တာ ဘက်ခ်မမ်ဘီတော့ဗ် ကရိုက်ကူးတင်ပြလိုက်တဲ့အခါ-Abraham Lincoln: Vampire Hunter ဆိုပြီး ဖြစ်လာပါတယ်။ခေါင်းဆောင်မင်းသား ဘင်ဂျမင်ဝေါ်ကာရဲ့အထူးပီပြင်လှတဲ့ အင်ပြည့်အားပြည့် သရုပ်ဆောင်ချက်တွေ၊သွေးပျက်ခြောက်ခြားစရာ တိုက်ခိုက်ခန်းတွေ၊အန်ထော်နီမက်ကီ၊ ဒေါမနစ်ကူးပါး ...
movie
Abraham Lincoln: Vampire Hunter(2012)
7.8
Captain America: Civil War (2016) MCU
Marvel Cinematic Universe Intro=======================Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, ...
movie
Captain America: Civil War (2016) MCU
2016
6.8
TRON: Legacy (2010)
virtual world designer Kevin Flynn တယောက် ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပါတယ်နှစ်ပေါင်း ၂၀ ကြာပြီးတဲ့နောက်မှာ သားဖြစ်သူ Sam တယောက် ကုမ္ပဏီရဲ့ အဓိက ရှယ်ယာရှင်ဖြစ်လာခဲ့ပါပြီAlan bradly တယောက် Samကို ဖခင်ဖြစ်သူရဲ့ ဗီဒီယိုထဲကနေ ထူးဆန်းတဲ့ ပေးပို့ချက်တခုကို ဖော်ထုတ်ဖို့ တောင်းဆိုခဲ့ပါတယ်ဒီနောက်မှာတော့ Sam တယောက် ကွန်ပျုတာထဲကနေမှ ဖွက်ထားတဲ့ အောက်ခြေအဆင့်အပိုင်းကို ရှာတွေ့သွားတော့တဲ့နောက် ENCOM ရဲ့ အဓိက မိန်းဖရိန်နဲ့မဟုတ်ပဲ သက်သက်ကွဲထွက်နေတဲ့ အပိုင်း Grid ကနေ သတင်းပေးပို့ချက်ကို ရရှိခဲ့ပြီးတဲ့နောက် The Rinzler လို့ခေါ်တဲ့ ပရိုဂရမ်နဲ့ ယှဉ်ပြိုင်ဖို့ ဖိအားပေးခြင်းခံရပါတော့တယ်SAm တယောက်ထိခိုက်မိပြီး သွေးထွက်လာခဲ့တဲ့နောက် Rinzler က Samဟာလူသားဂိမ်းဆော့သူဖြစ်တယ်ဆိုတာ သိရှိသွားတဲ့အခါ ?ဒါ့အပြင် Grild ရဲ့ စည်းမျဉ်းပရိုဂရမ်ကို တပ်ဆင်ခဲ့သူက ဖခင်ဖြစ်သူ Kevin ...
movie
TRON: Legacy (2010)
2010
6.0
Wolf Warrior 2 (2017)
စစ်ပွဲနောက်ခံ အက်ရှင်ဇာတ်ကားသစ် Wolf Warriors II သည် တရုတ်နိုင်ငံအတွင်း၌ ရုံဝင်ငွေအများဆုံး ရရှိသော ဇာတ်ကားတစ်ကားဖြစ်လာပြီး ရုံတင်ပြသခဲ့သည့် ၁၂ရက်အတွင်း ယွမ်ငွေ ၃.၄၄ ဘီလျံ (ဒေါ်လာ ၅၀၆ သန်း) ခန့် ရရှိခဲ့သောကြောင့် အအောင်မြင်ဆုံး ရုပ်ရှင်တစ်ကားဖြစ်လာသည်။အဆိုပါဇာတ်ကားကို မင်းသားဝူကျင်းက ဒါရိုက်တာအနေနှင့်ရော ခေါင်းဆောင်မင်းသားအနေဖြင့်ပါ ဦးဆောင် ရိုက်ကူးထားပြီး သူနှင့်အတူ အခြားသရုပ်ဆောင် ကြယ်ပွင့်များဖြစ်ကြသော ဖရန့်ခ်ဂရီလို၊ ဆယ်လီနာဂျိတ်၊ ဝူဂန်းနှင့် ကျန်ဟန်တို့က ပါဝင်သရုပ်ဆောင်ထားကြသည်။ထိုရုပ်ရှင်သည် အာဖရိကန်စစ်ပွဲဇုံအတွင်းသို့ အမှတ်မထင်ရောက်ရှိသွားသော တရုတ်စစ်သားများ အနေဖြင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်ရပုံအား ဇာတ်အိမ်တည်ထားခြင်း ဖြစ်သည်။Wolf Warriors II ကို လွန်ခဲ့သောဇွန်လ ၂၇ ရက်နေ့က စတင်ပြသခဲ့ပြီး တရုတ်နိုင်ငံရုံဝင်ငွေဇယားတွင် ထိုနေ့ကတည်းက ထိပ်ဆုံးမှဦးဆောင်နိုင်ခဲ့သည်။ ဒါ့အပြင် ယနေ့အချိန်ထိ ရရှိခဲ့သော ရုံဝင်ငွေမှတ်တမ်းများ အရ ထိုဇာတ်ကားသည် ပြီးခဲ့သောနှစ်က ...
movie
Wolf Warrior 2 (2017)
2017