Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Aaron Taylor-Johnson
7.3
The Fall Guy (2024)
Action , Comedy , DramaIMDB 7.3/10 ကနေဒါ အောင်ရဲလင်း Ryan Gosling ရဲ့ အက်ရှင်ဇာတ်မြူး ရုပ်ရှင်ကားသစ်ပါ Ryan Gosling ရဲ့ဘာဘီ Kenn လို Aactive ဖြစ်တဲ့ ဇာတ်ရုပ်ကိုပြန်မြင်ရမှာဖြစ်ပြီး Ryan Gosling , Emily Blunt ,Aaron Taylor တို့လို ဟောလီးဝုဒ်ရဲ့ နာမည်ကြီးA list သရုပ်ဆောင်တွေကြည့် ပါဝင်ထားတဲ့ရုပ်ရှင်ဖြစ်တဲ့အတွက် ဘာမှမစဉ်းစားဘဲပြေးကြည့်လိုက်ပါတော့..ဇာတ်လမ်းအညွန်းက ဟော်လီးဝုဒ်ရဲ့ အက်ရှင်စတားတွမ်ခရုစ်ကို မှီညှမ်းထားတဲ့ တွမ်ရိုက်ဒါဟာ နာမည်ကြီးသရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ကို့ထ်ဆီဗာ တစ်ဖြစ်လဲRyan Gosling ကသူ့ရဲ့ အားအကိုးရဆုံး စတန့်သမားပေါ့..ကင်မရာကိုင်တဲ့ ဂျိုဒီနဲ့ ကို့ထ်ဆီဗာတို့က ချစ်သူတွေဖြစ်ပြီးတစ်နေ့ ကို့ထ်ရဲ့ရိုက်ကွင်းမတော်တဆ ပြုတ်ကျမှုကြောင့်ခါးရိုးကျိုးသွားပြီး တစ်နှစ်လောက်နားလိုက်ရပါတယ်...သူ့ရဲ့စတန့်မင်းသားဘဝကနေပါ ဇာတ်မြှုပ်သွားပြီးတစ်နှစ်အကြာမှာ..ရည်းစားဟောင်း ဂျိုဒီဟာ ဟော်လီးဝုဒ်ရဲ့ နာမည်ကြီးရုပ်ရှင်ကားကြီးကို ဖန်တီးနေချိန် သူပြန်ပါဝင်ဖို့ အကြောင်းဖန်လာပါတော့တယ်...ဒါပေမယ့် မင်းသား တွမ်ရိုက်ဒါက ...
movie
The Fall Guy (2024)
4K HEVC
6.4
Godzilla (2014)
MonsterVerse TimelineMonsterVerse ရဲ့ ၅ ကားမြောက် Godzilla x Kong: The New Empire (2024) လဲထွက်လာခဲ့ပြီဆိုတော့ Godzilla, Kong နဲ့ သူတို့ကြားက အဖြစ်အပျက်တွေကြားက timeline ကို တစ်ချက်ပြန်ကြည့်ကြည့်ရအောင်. ဒီ timeline ထဲက အဖြစ်အပျက်တွေက ထွက်ရှိခဲ့တဲ့ MonsterVerse ရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေအပြင် tied in graphic novels တွေက အကြောင်းတွေပါ ပါဝင်ပါတယ်။ Event တွေများ source တွေလည်း များလို့ မှားနေတာ လိုနေတာရှိရင် ဝင်ဆွေးနွေးသွား ထောက်ပြသွားနိုင်ပါတယ်။- 252 millions BC ကမ္ဘာ့ မျက်နှာပြင်ပေါ်မှာ Radiation တွေ ယနေ့လက်ရှိအချိန်ထက် အဆပေါင်းများစွာရှိနေတုန်းက radiation ကို စားသုံးကြီးထွားတဲ့ Godzilla နဲ့ တခြား Titan တွေဟာ ...
movie
Godzilla (2014)
2014
4K HEVC
The Illusionist (2006)
မင်းသားကြီး Edward Norton ရဲ့ နာမည်ကျော် ရုပ်ရှင်ကောင်းတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ Now You See Me လို မျက်လှည့်ကားကောင်းကောင်းမျိုးတွေထဲက တစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းမဖြစ်နိုင်တဲ့အရာတွေကိုအာရုံစိုက်လွန်းတဲ့အခါ ဖြစ်နိုင်ချေရှိတဲ့အချက်တွေကိုလွတ်ထွက်သွားတတ်ပါတယ်။ မျက်လှည့်ဆိုတာ ဒီလိုမျိုးပါပဲ။ လူငယ်မျက်လှည့်ဝါသနာရှင်အက်ဝဒ်က မြို့စားသမီးနဲ့ လူငယ်သဘာဝချစ်ကြိုက်ခဲ့ကြတယ်။ဒါပေမဲ့ မျိုးရိုးဂုဏ်မတူတဲ့သူတို့နှစ်ယောက်က ဘယ်လိုမှပေါင်းဖက်ဖို့မဖြစ်နိုင်ခဲ့ပါဘူး။ဒီလိုနဲ့ အက်ဝဒ်က အချစ်ဦးဆိုဖီနဲ့ဝေးပြီး၁၅နှစ်ကြာတဲ့အခါ မျက်လှည့်ဆရာအိုက်စ်ဟန်ဖြစ်လာခဲ့တယ်။ အချစ်ဦးနဲ့ နောက်ထပ်ပြန်တွေ့တဲ့အချိန်မှာတော့ အိုက်စ်ဟန်က သူ့ရဲ့မျက်လှည့်ပြကွက်တွေနဲ့အချစ်ဦးကိုပြန်ရဖို့ကြိုးစားမှာပါ။ မျက်လှည့်ဆိုတဲ့အရာကဘယ်လောက်ထိစွမ်းနိုင်လဲဆိုတာနဲ့ အဆုံးသတ်မှာအိုက်စ်ဟန်ဖြစ်ချင်သလိုဖြစ်လာနိုင်မလားဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။ File size…(1.8 GB)/(786 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre...Fantasy, Drama, Thriller, Roamce Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra
movie
The Illusionist (2006)
6.2
Shanghai Knights (2003)
ဂျက်ကီချန်း ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးပါရစေShanghai Knights ဇာတ်ကားဟာ 2003 ခုနှစ်ကထွက်ရှိထားတဲ့ တရုတ်အမေရိကန်အက်ရှင်ကားတစ်ကားဖြစ်ပါတယ် IMDb rating 6.2/10 ရရှိထားပြီး Jackie Chan ၊ Owen Wilson ၊ Donnie Yan ၊ Aaron Taylor စတဲ့သရုပ်ဆောင်ကြီးတွေပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဉ်းကတော့Chon Wang ဟာ အမိမြေတရုတ်နိုင်ငံကိုစွန့်ခွာပြီး အမေရိကန်နိုင်ငံ Carson မြို့လေးမှာ အရာရှိတစ်ယောက်အဖြစ်အသက်မွေးဝမ်းကျောင်းသူပါ....ဖခင်ဖြစ်သူကတော့ တရုတ်တော်ဝင်နန်းတွင်းတံံဆိပ်ကိုထိန်းသိမ်းရသူတစ်ဦးဖြစ်ပြီး သားလုပ်သူကိုမနှစ်မြို့သူတစ်ဦးဖြစ်ပါတယ်....တော်လှန်ပုန်ကန်မှုတွေဖြစ်တဲ့အချိန်မှာ သူပုန်တွေက Chon Wang အဖေ့ကိုသတ်ပြီး တံဆိပ်တုံးလုယူသွားခဲ့ပါတယ်.....ဒီဖြစ်ရပ်ကြောင့် Chon Wang ဟာ ပါတနာRoy O'Bannonနဲ့ပူးပေါင်းပြီး လူသတ်သမားတွေထွက်ပြေးရာလန်ဒန်ကို လိုက်သွားပါတော့တယ်.....နောက်ဆုံးမှာ အဖေ့အတွက်ကလဲ့စားချေနိုင်မှာလား....တရားခံတွေကရောဘယ်သူတွေလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါ.... File size…(2.1 GB)/(1.2 GB) Quality….. Blu-Ray 1080p / 720p Format…mp4 Duration….01:54:00 Genre...Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min ...
movie
Shanghai Knights (2003)
2003
6.5
Kick-Ass 2 (2013)
Kick-Ass 2 (2013)IMDb Rating (6.5) / Rotten Tomatoes (32%)ဒီ Hero ကားလေးကတော့ ၂၀၁၀ က ထွက်ရှိခဲ့တဲ့ Kick Ass ရုပ်ရှင်ဇာတ်ကားရဲ့အဆက်အနေနဲ့ ၃ နှစ်အကြာမှာထပ်မံထွက်ရှိလာတဲ့ Kick Ass 2 ပဲဖြစ်ပါတယ်...ဇာတ်လမ်းကလဲ ဆက်စပ်ပြီးတော့ Kick Ass 2 ရဲ့အဓိကဗီလိန်ကတော့ Kick Ass 1 မှာ ပါဝင်ခဲ့တဲ့ Red Mist ဟာ Mother Fucker ဆိုတဲ့ နာမည်အဆန်းကြီးနဲ့ ပြန်လည်မွေးဖွားလာလို့ပါပဲ... (သူ့ဟာနဲ့သူတော့ဟုတ်နေတာပဲ...ဘာလို့လဲဆိုတော့ သူ့အမေကို မတော်တဆသတ်မိလိုက်လို့တဲ့ဗျာ....) သူ့ရဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်... သူ့အဖေကို ဘစူကာကြီးနဲ့မညှာမတာပစ်သတ်ခဲ့တဲ့ Kick Ass ကို မသေမချင်းပြန်သတ်ဖို့ပါပဲ... ဒါကြောင့် ကြေးစားလူမိုက်တွေအကုန်လိုက်စုစည်းပြီးတော့ အကြီးမားဆုံးရာဇဝတ်မှု့ကို ကျူးလွန်ကြတော့မှာပါ...ဒီ Kick Ass 2 မှာထူးခြားလာတာကတော့ Kick Ass တစ်ယောက်တည်း မျက်နှာဖုံးနဲ့မဟုတ်တော့ပါဘူး... Kick Ass 1 မှာကတည်းက Kick Ass ကိုသဘောကျထောက်ခံတဲ့လူတွေအများစုက သူ့တို့ကိုယ်တိုင်လည်းမျက်နှာဖုံးတွေဝတ်ပြီးတော့ မကောင်းမှုတွေကို လိုက်လံရှာဖွေနေကြတာကိုမြင်ရတော့မှာပါ... သူတို့ဟာ ဘာအစွမ်းအစမှမရှိပါဘူး...ဒါပေမယ့် ...
movie
Kick-Ass 2 (2013)
2013
4K HEVCHDR
7.6
Kick-Ass (2010)
Kick-Ass (2010)IMDb Rating (7.6) / Rotten Tomatoes (77%)ကျွန်တော် အမြဲလိုလို မေးခဲ့တဲ့ မေးခွန်းတစ်ခုကို သူမေးခဲ့တယ်။ Superheroes ရုပ်ရှင်ကားတွေ စာအုပ်တွေထဲက သူရဲကောင်း စူပါဟီးရိုးဆိုသူတွေ တစ်ကယ့်လက်တွေ့ဘဝမှာ ဘာလို့မရှိကြရတာလဲ။ လူတစ်ယောက်က ဦးဆောင်ပြီး ဘာလို့စ မလုပ်ကြတာလဲ။ ဦးဆောင်သူတစ်ယောက်ကို လူသားတွေက စောင့်နေကြတာလား။ ဒါမှမဟုတ် စိတ်ကူးတွေထဲမှာပဲ Batman တို့ Iron Man တို့ကို အားကျပြီး လက်တွေ့ဘဝမှာတော့ မိမိတို့ရဲ့ရိုးရှင်းလှတဲ့ ဘဝမှာပဲ နေ့စဉ်ဘဝကို ဖြတ်သန်းနေကြတာလား။Kick-Ass ကတော့ လူသားတွေ Superheroes ဇာတ်ကားတွေ အားပေးကြည့်ရှုကြပြီး တစ်ကယ့်အပြင် လက်တွေ့ဘဝမှာတော့ ဘာကြောင့် တစ်ယောက်တစ်လေမှ ဝတ်စုံဝတ် မျက်နှာဖုံးလေးတပ် ကျရာလက်နက်လေးတစ်ခု ဆွဲကိုင်ပြီး လောကကြီးကို မထွက်လာကြတာလဲဆိုတဲ့မေးခွန်းထုတ်ပြီး ဇာတ်လမ်းစခဲ့ပါတယ်။ကျွန်တော်တို့တွေ Superheroes ရုပ်ရှင်တွေ ကြည့်ကြတယ်။ ဆွေးနွေးကြတယ်။ ရင်ခုန်ကြတယ်။ နှစ်သက်ကြတယ်။ ဒါပေမဲ့ လက်တွေ့ဘဝမှာ ဘယ်သူမှ ဒီလို လုပ်ရပ်မျိုးတွေ မလုပ်ကိုင်ကြဘူးလေ။ ဒီလိုသူရဲကောင်းအလုပ်တွေကို ဘယ်သူကစမလဲ.....ဒါတွေကို သူမေးခဲ့ပြီး သူကိုယ်တိုင် လုပ်ရပ်တွေနဲ့ပြန်ဖြေခဲ့တယ်။ သူဟာလဲ ...
movie
Kick-Ass (2010)
2010
4K HEVCHDR
6.4
Savages (2012)
ဒီတစ်ခါတော့ ပရိသတ်ကြီးကို တကယ်မိုက်တဲ့ကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ် လောကကြီးဆိုတာ ဦးကြီးလေးဖြူဆိုထားတဲ့ အမိုက်လိုက်အက ပါပဲ ယောင်တောင်ပေါင်တောင်လုပ်နေလို့ကတော့ အစားခံလိုက်ရမှာပါ "ငါက ငါ့အလုပ်ပဲလုပ်တာတခြားသူတွေကိုစိတ်မဝင်စားပါဘူး"တို့ "ကိုယ်အလုပ်သာလုပ် အားလုံးအဆင်ပြေသွားမှာပါ"တို့ ဆိုတာက ဘုရားပွင့်နေတဲ့အချိန်မှာတောင် မဖြစ်နိုင်လောက်ဘူးဆိုတာ ဒီကားလေးကြည့်ရင် တွေးမိကြမှာ သူများတွေကို လူလည်ကျနိုင့်ထက်စီးနင်းမလုပ်ဘူးဆိုပေမဲ့လည်း အမြဲတမ်းတော့ ပါးနပ်နေဖို့ အင်အားကြီးနေဖို့ ဥာဏ်ကောင်းနေဖို့လိုတယ်ဆိုတဲ့အတွေးလေးတွေပါ ရသွားနိုင်လောက်ပါတယ် ဇာတ်လမ်းအကျဉ်း "အို"ရယ် "ဘန်"ရယ် "ချောင်"ရယ်က အတူတူနေကြတဲ့ သူတွေပါ အို က ဘန်နဲ့ရော ချောင်နဲ့ရော ချစ်ခြင်းမေတ္တာတွေမျှဝေပေးနေတဲ့သူလေးပေါ့ သုံးယောက်သားကတော့ အရမ်းကိုချစ်ကြပြီး လုယက်စားသုံးတာလည်းမရှိပါဘူး သူတို့ရဲ့ အဓိကစီးပွားရေးကတော့ ကမ္ဘာ့အကောင်းဆုံးဆေးခြောက်တွေစိုက်ပျိုးပြီးရောင်းကြတာပါ ဘန်က ရုက္ခဗေဒပညာရပ် နဲ့ စီးပွားရေးပညာရပ်ကို တတ်မြောက်ထားပြီး ချောင် ကတော့ အမေရိကန်အထူးတပ်သားဟောင်းကြီးပေါ့ သူတို့ဘဝလေးက ဆေးခြောက်လေးရောင်းပြီးသာယာနေတာပါ အဲဒီအချိန်မှာပါ ဘာဟာဆိုတဲ့ မက္ကဆီကိုရဲ့ မူးယစ်ဂိုဏ်းကြီးက သူတို့ရဲ့ဆေးခြောက်ထုတ်လုပ်ပုံတွေကို သဘောကျလာတာနဲ့ အဲဒီပညာတွေကို သိမ်းပိုက်ချင်လာပါတော့တယ် သူတို့ကိုညှိနှိုင်းဖို့အတွက် လူ၇ယောက်ခေါင်းဖြတ်ထားတဲ့ ...
movie
Savages (2012)
7.5
Bullet Train (2022)
Bullet Train (2022)ဒီရုပ်ရှင်ကိုတော့ အကုန်ကြည့်ချင်ကြမယ်ထင်တယ်။ ဘရက်ပစ်ကြီးရဲ့ အက်ရှင်၊ဟာသကောင်းပါ။ ဇာတ်လမ်းကောင်းကောင်း၊ အက်ရှင်ကောင်းကောင်း၊ ရိုက်ချက်လှလှတွေနဲ့ တင်ဆက်ထားပါတယ်။ ဒါရိုက်တာကလည်း Atomic Blond ကိုရိုက်ပြီး John Wick ကို Producer လုပ်ခဲ့တဲ့ David Leitch ပါပဲ။IMDb Rating(7.5) ထိ ရရှိထားသလို တကယ်လဲ ကြည့်ကောင်းတဲ့ရုပ်ရှင်တစ်ကားပါ။ဇာတ်လမ်းအကျဉ်းဘရက်ပစ်ကတော့ ကြေးစားဟောင်းတစ်ယောက်ဖြစ်ပြီး စိတ်ဒဏ်ရာတွေကို ဆရာဝန်ပြရင်းအနားယူနေတဲ့လူတစ်ယောက်ပါပဲ။ တစ်နေ့မှာတော့ သူအလုပ်ပြန်စလုပ်ဖို့ လွယ်တဲ့အလုပ်လေးတွေပေးပါလို့ အလုပ်တောင်းတော့ သူ့ကို ရထားပေါ်က ပစ္စည်းလေးတစ်ခု သယ်ပြီး ပြန်ဆင်းလာဖို့ ဆိုပြီး အလုပ်လွယ်လွယ်တစ်ခုပေးလိုက်ပါတယ်။ ဒါပေမဲ့ ကံဆိုးပြီး ဂျပန်ရဲ့အကြီးဆုံးဂိုဏ်းခေါင်းဆောင်ရယ် လူသတ်သမားတွေ ကြေးစားတွေ အကြံမျိုးစုံနဲ့ အကြောင်းမျိုးစုံနဲ့ ကျည်ဆံရထားပေါ်ရောက်လာတဲ့လူမျိုးစုံကို ရင်ဆိုင်ရတဲ့အခါ တလွဲတွေကြားထဲမှာ အသက်ရှင်ဖို့ ရုန်းကန်ရပါတော့တယ်...အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Actjon, Comedy , Tbriller Quality…. 4K HEVC | 1080p | ...
movie
Bullet Train (2022)
2022
4K HEVC
7.8
Tenet (2020)
Inception တို့ Interstellar တို့ကို ရိုက်ခဲ့တဲ့ဒါရိုက်တာ ခရစ္စတိုဖာ နိုလန်ရဲ့ နောက်ဆုံး ထွက်ရုပ်ရှင်သစ် ရပါပြီ။ဒီရုပ်ရှင်က သိပ္ပံ စိတ်ကူးယဉ် ရုပ်ရှင်ဖြစ်ပြီး အချိန်ခရီးသွားခြင်း ကို စိတ်ကူးအသစ်နဲ့ ပြသထားတာပါ။ဇာတ်လမ်းကိုတော့ မပြောပြတော့ပါဘူး။အရမ်းကောင်းပါတယ်၊ ကြည့်ပါ။နားလည်ချင်ရင် အခန်းတွေ ကျော်မကြည့်ဘဲ လိုက်စဉ်းစားနေမှ အဆင်ပြေမယ်တော့ ထင်ပါတယ်။အဓိက သဘောတရားကတော့ ကျွန်တော်တို့ လူတွေ အရာဝတ္ထုတွေဟာအချိန်လမ်းကြောင်းအတိုင်း ရှေ့ကို သွားနေပါတယ်။ကမ္ဘာကြီးကလည်း အဲဒီလိုပဲ လည်ပတ်နေပါတယ်။၇ နာရီ မှာ တည်ရှိနေတဲ့လူဟာ နောက်ထပ် ၁၀ မိနစ် နေရင် ၇ နာရီ ၁၀ မိနစ်မှာ တည်ရှိနေမှာပါပဲ။တကယ်လို့ အဲဒီလူတွေ အရာဝတ္ထုတွေဟာ အချိန်လမ်းကြောင်းနဲ့ ဆန့်ကျင်ဘက်ကိုသွားတယ်ဆိုပါစို့ အချိန်ဖြစ်စဉ်အရ ...
movie
Tenet (2020)
4K HEVC
6.7
The King’s Man (2021)
The King's Man (2021)================IMDb Rating - 6.7/102021 ပြီးဆုံးခါနီးမှာ အားလုံးပဲမျှော်လင့်ခဲ့ကြတဲ့ King's Man ရုပ်ရှင်ကတော့ ထွက်ရှိလို့လာခဲ့ပါပြီ။ ထုံးစံအတိုင်းပဲ ကင်းစ်မန်းရုပ်ရှင်တွေကတော့ ကျွန်တော်တို့ကို စိတ်မပျက်စေရပါဘူး။ ဒီရုပ်ရှင်လည်းအတော်ကြီးကို ကောင်းပါတယ်။ အရင် ကင်းစ်မန်းနှစ်ကားရဲ့ အဆက်မဟုတ် ပါဘူး။ ကင်းစ်မန်းအဖွဲ့ဖြစ်ပေါ်လာပုံ ဇစ်မြစ်ကိုပြတဲ့ဇာတ်ကားပါ။ ပထမကမ္ဘာစစ် အင်္ဂလန် ရုရှား ဂျာမနီ အမေရိကန် စစ်ပွဲသမိုင်းကို အခြေခံပြီး ကင်းစ်မန်းတွေရဲ့ စစ်ဆင်ရေးကို ပြသထားတာပါပဲ။ အားရပါးရကို ကြည့်လို့ကောင်းပါတယ်။ ခံစားကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်။)File Size - (3.94 GB) / (1.59 GB) / (814 MB) / (531 MB) Quality – WebRip - (4K HEVC) / (1080p) / (720p) / (480p) Duration ...
movie
The King’s Man (2021)
2021
6.6
Anna Karenina (2012)
Anna Karenina (2012)================IMDb Rating - 6.6/10အချစ်မှာ "ဘာလို့လဲ" ဆိုတာ မရှိဘူးတဲ့.....တစ်ဦးက ဂုဏ်သိက္ခာ တစ်ဦးက ချစ်မေတ္တာ တစ်ဦးက ရမ္မက်ကွဲပြားတဲ့ ကိုယ်စီအလေးထားမှုတွေနဲ့ လူသုံးယောက်ရဲ့ အရှုပ်တော်ပုံလို့ပဲ တင်စားလိုက်ပါရစေ။အထူးသဖြင့် အန်နာ ကရီနီနာဆိုတဲ့ သားတစ်ယောက်မိခင် အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်ရဲ့ ရင်နင့်ဖွယ် ဇာတ်လမ်းလေး တစ်ပုဒ်ပေါ့။အဖြစ်အပျက်တွေ အားလုံးရဲ့ မြစ်ဖျားခံရာကတော့ အစ်ကိုဖြစ်သူရဲ့ အိမ်ထောင်ရေး အခြေအနေ အဆင်မပြေမှုအတွက် ဖြောင်းဖျဖို့ သွားခဲ့ရာ မော်စကိုမြို့လေးပါပဲ.....ဗရွန်စကီဆိုတဲ့ ချောမောခန့်ညားတဲ့ အသက်ငယ်ငယ် မြို့စားတစ်ယောက်နဲ့ သူဆုံဆည်းခဲ့ပုံကလည်း ရထားလေးပေါ်မှာ အမှုမဲ့အမှတ်မဲ့ပါပဲ.....သို့ပေမဲ့ အမှတ်တမဲ့မှ အမှတ်တရတွေ ဖြစ်ခဲ့ကြသည်ပေါ့ မပြတ်နိုင်တဲ့ သံယောဇဉ်တွေကြောင့် ရပ်တန့်ဖို့ ကြိုးစားချိန်မှာ အရမ်း နောက်ကျသွားခဲ့ပြီ.....ပြင်ဆင်ဖို့ နောက်ကျခဲ့ခြင်းကြောင့် ရေပြင်လို တည်ငြိမ်အေးချမ်းနေတဲ့ အိမ်ထောင်တစ်ခုဟာ ဘောင်ဘင်ရိုက်ခတ်ခဲ့ရပါပြီ ....နာမည်ကြီး ရုရှား စာရေးဆရာကြီး Leo Tolstoy ရဲ့ ၀တ္ထုကို အခြေခံရိုက်ကူးထားတဲ့ masterpiece ဇာတ်လမ်းကောင်းပါဇာတ်လမ်းတစ်လျှောက်လုံးမှာ Cinematography , music တွေကလည်း အံ၀င်ဂွင်ကျတယ်ဒါရိုက်တာကြီးကလည်း နယ်နယ်ရရမဟုတ်ပါဘူး Pride & Prejudice, Atonement စတဲ့ masterpiece ...
movie
Anna Karenina (2012)
2012
Captain America: The Winter Soldier (2014) MCU
After the cataclysmic events in New York with The Avengers, Steve Rogers, aka Captain America is living quietly in Washington, D.C. and trying to adjust to the modern world. But when a S.H.I.E.L.D. colleague comes under attack, Steve becomes embroiled in a web of intrigue that threatens to put the world at risk. Joining forces with the Black Widow, Captain ...
movie
Captain America: The Winter Soldier (2014) MCU
7.4
Avengers: Age of Ultron (2015) MCU
Marvel Cinematic Universe Intro=======================Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan လို့ခေါ်ကြတဲ့ Thanos က ဒီကျောက်တုံးတွေကို စုစည်းပြီး စကြဝဠာကို သူ့သဘောအတိုင်းဖန်တီးဖို့ကြိုးစားပါလိမ့်မယ်။ ဒါကို Avengers( Captain America, Iron Man, Hulk, Thor, Black Widow, ...
movie
Avengers: Age of Ultron (2015) MCU
2015
6.6
A Million Little Pieces(2019)
A Million Little Pieces(2019)အညွှန်း******************************(unicode)အရက် ဆေး ကိုကင်း အသီး အရွက် အလုံး ဒီနာမည်မျိုးစုံနဲ့ ထွက်တဲ့ဆေးဝါးတွေမူးယစ်ဆေးတွေစိတ်ကြွဆေးတွေဟာ သုံးလို့တော့ကောင်းပေမယ့် နောက်ဆက်တွဲ က ဆိုးကျိုးပဲ များတာကို အတော်များများ သိကြမှာပါ....ဆေးချတာမပြောနဲ့ဦး Hangover ဖြစ်ရင်တောင်တစ်နေ့လုံးနေလို့အဆင်မပြေတဲ့ဝေဒနာကြီးစွဲထင်တတ်ပါတယ် A Million Little Pieces ထဲက ဂျိမ်းစ်ဖရေး သူ့ဘ၀တောက်လျှောက်ဆေးလိပ်တွေအရက်တွေ ကိုကင်းတွေနဲ့ပဲ ရင်းနှီးခဲ့ရတယ် အသက်နဲ့မလိုက်အောင် ကိုယ်တွင်းအင်္ဂါထိခိုက်မှုတွေဖြစ်ထားတယ် မိသားစုအချစ်ရေး မိတ်ဆွေသူငယ်ချင်းအားလုံးဆုံးရှုံးပြီးမှ ဒီပြန်လည်ထူထောင်ရေးစင်တာကိုရောက်လာတယ် ပထမနေ့ နေရထိုင်ရအဆင်မပြေဖြစ်တယ်ဂယောင်ခြောက်ခြားဖြစ်မယ် ဝေဒနာပေါင်းစုံပါပဲ ဒုတိယနေ့အဲ့ထက်ဆိုးတယ် တတိယနေ့အဲ့ထက်ပိုပိုဆိုးလာတယ်ဆေးပြတ်အောင်ဖြတ်တာဟာလွယ်ကူတဲ့အလုပ်မဟုတ်မှန်းဒီကားကြည့်ရင်သိမှာပါ တဖြည်းဖြည်းပြောင်းလဲလာတဲ့ဂျိမ်းစ်ဖရေးကိုလဲ ကြည့်ရင်း ကိုယ်တိုင်မွန်းကြပ်လာသလို သူနဲ့ အတူ ဒီ ဒုက္ခတောထဲက ထွက်ဖို့ရုန်းကန်ချင်စိတ်ပေါ်လာပါတယ်.. သူဆေးပြတ်သွားမလား...ဆက်ပြီးသုံးရင်း ဘဝကို အဓိပ္ပါယ်မဲ့ ဆက်ကုန်ဆုံးမလား ခံစားကြည့်ကြပါဥ◌ီး.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ပဲဖြစ်ပါတယ်...(zawgyi)အရက် ဆေး ကိုကင်း အသီး အရွက် အလုံး ဒီနာမည်မျိုးစုံနဲ့ ထွက်တဲ့ဆေးဝါးတွေမူးယစ်ဆေးတွေစိတ်ကြွဆေးတွေဟာ သုံးလို့တော့ကောင်းပေမယ့် နောက်ဆက်တွဲ ...
movie
2018
7.2
Outlaw King (2018)
Outlaw/King "အင်္ဂလိပ်တွေအတွက်တော့ သူပုန်။ စကော့တွေအတွက်တော့ ကျေးဇူးရှင် ဘုရင်မင်းမြတ်။" ရန်သူတွေကို စစ်ရှုံးခဲ့ရလို့ ဂူတစ်ဂူထဲမှာ ခြေရာဖျောက်ပုန်းခိုနေရတဲ့ ဘုရင်ကြီးတစ်ပါးဟာ အကြီးအကျယ် စိတ်ဓာတ်ကျဆင်းနေတယ်။ ရန်သူတွေဟာ အင်အားကြီးလွန်းလို့ သူဘယ်လိုတိုက်တိုက် နိုင်မှာမဟုတ်ဘူး သူ့နိုင်ငံကိုစွန့်ပြီး ရေမြေခြားမှာ သွားခိုလှုံတာ အကောင်းဆုံးပဲလို့တောင် တွေးနေမိတယ်။ အဲဒီအချိန်မှာ ဂူအမိုးမှာ ပင့်ကူလေးတစ်ကောင်ဟာ ပင့်ကူအိမ်ကို ခက်ခက်ခဲခဲတည်ဆောက်နေတယ်။ ပိုးမျှင်တစ်တန်းဖြစ်လာဖို့ တွယ်တက်လိုက် ပြုတ်ကျလိုက် အားမလျှော့ဘဲ ဆက်တက်လိုက် လုပ်နေရင်းနဲ့ အချိန်တစ်ခုကြာတဲ့အခါ ပင့်ကူအိမ်တစ်ခုဖြစ်လာတယ်။ ဒါကိုစိတ်ဝင်တစားကြည့်မိနေတဲ့ ဘုရင်ကြီးဟာ ကြည့်ရင်းနဲ့ စိတ်ဓာတ်ခွန်အားတွေရလာတယ်။ ဘယ်လောက်ခက်ခဲတဲ့ အလုပ်ဖြစ်ပါစေ မလျှော့တဲ့ဇွဲလုံ့လနဲ့ ကြိုးစားရင် အောင်မြင်မှာပဲဆိုတဲ့ သဘောတရားကို ဆုပ်ကိုင်မိသွားတယ်။ မကြာမီမှာပဲ ဘုရင်ကြီးဟာ သူပုန်းအောင်းနေတဲ့ဂူကနေထွက်လာပြီး ရန်သူတွေကို တိုက်ခိုက် ခြေမှုန်းပစ်တော့တယ်။ ဒီ ဘုရင်ကြီးနဲ့ ပင့်ကူငယ်ပုံပြင်ကို လူတိုင်း ကြားဖူးကြလိမ့်မယ်။ ဒီပုံပြင်ထဲက ဘုရင်ကြီးဟာ King Davidလို့ဆိုကြသလို စစ်သူရဲကောင်း Black Douglasလို့လည်း ဆိုကြတယ်။ ဒီပုံပြင်ကို အင်္ဂလန်နဲ့စကော့တလန်မှာရှိတဲ့ ကလေးတိုင်း အလွတ်ရနေပြီး ပုံပြင်ထဲက ဘုရင်ကြီးဟာ ဘယ်သူလဲဆိုတာ သူတို့ကောင်းကောင်းသိပါတယ်။ စကော့တလန်ရဲ့လွတ်လပ်ရေးကို အင်္ဂလန်လက်က ပြန်တိုက်ယူပေးခဲ့တဲ့ ဘုရင်ကြီး Robert the Bruceပဲ။ စစ်ပညာရှင်တွေကတော့ Robert the Bruceကို ပြောက်ကျားစစ်ဘုရင်လို့ခေါ်ကြတယ်။ Robertဟာ သူ့ထက်အင်အား နှစ်ဆသာတဲ့ရန်သူကို ပြောက်ကျားနည်းနဲ့ အမြဲတိုက်ခိုက် အနိုင်ယူခဲ့လို့ ဖြစ်ပါတယ်။ ၁၂၈၆ ခုနှစ်မှာ စကော့ပြည်ရဲ့ဘုရင် Alexander ...
movie
Outlaw King (2018)
2018
6.2
The Wall (2017)
The Wall (2017) IMDb - 6.2/10_____Rotten - 65% ဒီကားလေးကတော့ယခုနှစ်၂၀၁၇၅လပိုင်းထွက်ကားသစ်လေးပါ။ စစ်ကားလို့ထင်ရပေမယ့်ဒီကားလေးကတမူထူးခြားပါတယ်။ အဲဒါထက်အဓိကသရုပ်ဆောင်နှစ်ယောက်မှာလဲနပန်းသမားကြီးJohnCenaပါဝင်သရုပ်ဆောင်ထားတာကိုတွေ့ရမှာပါ။ ဒီကားလေးကပုံမှန်စစ်ကားအတိုက်အခိုက်ကားတွေကနေကွဲထွက်နေတာပါ။ အပစ်အခတ်တွေထက်စကားပြောခန်းပိုပြီးပါတာတွေ့ရမှာပါ။ ပုံမှန်ကြည့်နေကျအမေရိကန်စစ်ကားတွေလိုစစ်တပ်ဆိုင်ရာအမြင်ထက်စစ်ပွဲအကြောင်းကို တဖက်ရှုထောင့်ကနေဖော်ပြပေးထားတာပါ။ ကြည့်လိုက်ရင်တော့တမျိုးကြီးဖြစ်နေပေမယ့်မကောင်းတဲ့တမျိုးကြီးတော့မဟုတ်ပါဘူး။ တွေးစရာလေးတော့ရမယ်ထင်ပါတယ်။ ဇာတ်ကားလေးကို၂၀၀၇ခုနှစ်စစ်ပွဲအပြီးပြန်လည်ထူထောင်ရေးကာလအီရတ်နိုင်ငံတနေရာမှာဇာတ်အိမ်တည်ထားပါတယ်။ အမေရိကန်စစ်တပ်လက်ဖြောင့်သမားနှစ်ဦးဖြစ်တဲ့အိုက်ဇက်နဲ့လက်ထောက်တပ်ကြပ်ရှိန်းတို့ဟာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တနေရာမှာပစ်ခတ်မှုဖြစ်တဲ့အတွက်အကူအညီခေါ်လို့သွားရောက်စုံစမ်းထောက်လှမ်းခဲ့ပါတယ်။ အချိန်အတော်ကြာအောင်စောင့်ကြည့်ပေမယ့်ဘာမှမထူးခြားတာကြောင့်တပ်ကြပ်ရှိန်းတယောက် အောက်ကိုဆင်းကြည့်တာမှစပြီးဲဂိုလ်ဆိုးဝင်တာပါပဲ။ Jubaလို့ခေါ်တဲ့အသံတိတ်သေနတ်သမားဆိုတဲ့အတိုင်းအမေရိကန်လက်ဖြောင့်သမားတွေထက်တောင် ကျွမ်းကျင်သူနဲ့ထိပ်တိုက်ရင်ဆိုင်ရပါတော့တယ်။ ရှိန်းတယောက်အပစ်ခံရပြီးနောက်အိုက်ဇက်လည်းနောက်ကလိုက်ကူဖို့ဆင်းသွားပါတယ်။ ဒါပေမယ့်သူလည်းအပစ်ခံလိုက်ရပြီးနှစ်ယောက်သားရန်သူလက်ဖြောင့်သမားရဲ့ထိန်းချုပ်မှုအောက်မှာရောက်သွားပါတယ်။ ဇာတ်လမ်းလေးကိုတော့အဲလိုလေးကျောရိုးတည်ထားပါတယ်။ ဇာတ်ကွက်ထက် စကားပြောခန်းကပိုပြီအခရာကျတဲ့အတွက်ဇာတ်ကားကိုကြည့်ပါမှပိုပြီးအရသာရှိမယ်လို့ပြောချင်ပါတယ်။ ဒီကားထဲမှာပါတဲံJubaဆိုတဲ့အသုံးအနှုန်းဟာတကယ့်လက်တွေ့မှာလည်းအီရတ်စစ်မြေပြင်မှာအမေရိကန်စစ်သားများစွာရဲ့ အသက်ကိုခြွေယူနိုင်ခဲ့တဲ့အသံတိတ်သေနတ်သမားတယောက်ကိုသုံးနှုန်းတဲ့စကားဖြစ်ပါတယ်။ အပစ်အခတ်ကိုဦးစားပေးတာမဟုတ်လို့အကြမ်းပတမ်းတွေတွေ့ရမှာမဟုတ်ပါဘူး။ Ratingအနေနဲ့ကလည်း6.2ထိရထားပါတယ်ဗျာ။ (ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်ကတော့ Thura Zarni Aung ပါ ) File Size : (700 MB) Quality : 720p Bluray Running Time : 1hr 28minutes Format : Mp4 Genre : Action, Drama, Thriller, War Subtitle : Myanmar Subtitle (Hard Sub) Translated By Thura Zarni Aung Encode By Thanhtike Zaw
movie
The Wall (2017)
2017