Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Aaron Eckhart
Suspect Zero (2004)
FBI အေးဂျင့် Thomas Mackelway က အာရုံထဲကနေ လူတွေဘာလုပ်နေလဲဆိုတာကိုမြင်နိုင်စွမ်းရှိနေပြီး သူ့စိတ်ထဲမှာ လူသတ်သမားတယောက်ဘာတွေလုပ်နေလဲဆိုတာတွေကိုမြင်နေရပါတယ်၊ တဖက်မှာ O'Ryan ဆိုသူကလည်း တခြားကွင်းဆက်လူသတ်မားတယောက်ရဲ့အာရုံတွေကိုရနေပြီး သူ့အနေနဲ့ ဥပဒေပြင်ပလုပ်ရပ်တွေနဲ့ ဒီလူသတ်သမားတွေကိုအပြစ်ပေးရမယ်လို့ယူဆနေသူပါ၊ဒီလိုနဲ့ O'Ryan တယောက်က ဒီလူသတ်သမားအကြောင်းကို Thomas Mackelway ကိုဖက်စစ်တွေပို့ပြီး နစ်နာသူတွေရဲ့ပျောက်ဆုံးတဲ့နေရာတွေအကြောင်းကိုသတင်းတွေပို့ပါတော့တယ်၊ဒါ့အပြင် O'Ryan ကမကောင်းတဲ့လူတွေကိုသတ်ပြီးအမှုဆင် ကွင်းဆက်လူသတ်သမားနောက်သွားမယ့်နေရာကို Thomas Mackelway ကိုသဲလွန်စတွေပေးပါတော့တယ်၊တကယ်တော့ O'Ryan ကလည်း FBI အေးဂျင့်ဟောင်းတယောက်ပါပဲ FBI ကသူတို့ကိုဒီလိုတွေမြင်နိုင်စွမ်းရှိအောင်လေ့ကျင့်ပေးထားတာပါ၊ O'Ryan တယောက်အနားယူပြီးတာတောင် ဒါတွေကိုစွမ်းလမ်းနေခဲ့တာပါ၊ O'Ryan ရဲ့လုပ်ရကကောမှန်နေတာလား၊ Thomas Mackelway တယောက်ကကော O'Ryan ရဲ့လုပ်ရပ်တွေကိုမျက်ကွယ်ပြုပြီး ကွင်းဆက်လူသတ်သမားကိုဖမ်းဆီးသွားမှာလား၊ O'Ryan Thomas Mackelway နဲ့ ကွင်းဆက်လူသတ်သမားတို့ရဲ့တွေ့ဆုံမှာကော ဘာတွေဖြစ်သွားမှာလဲဆိုတာကို ဒီဇာတ်ကားမှာဟောင့်ကြည့်သွားရမှာပါ File size…(2.8 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Crime, ...
movie
Suspect Zero (2004)
Sully (2016)
ဒီဇာတ်ကားက ၂၀၀၉ ခုနှစ် တစ်လပိုင်းက ဖြစ်ပျက်ခဲ့တဲ့ မြစ်ထဲကို လေယာဉ်ပျက်ကျမှုဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပါ။ ထူးခြားမှုကတော့ လေယာဉ်ပေါ်က လူ ၁၅၅ ယောက်လုံးအသက်ရှင်နိုင်ခဲ့တာပါပဲ။ ဒီဇာတ်ကားမှာ မင်းသားကြီး တွမ်ဟန့်ခ်က အမေရိကန်ရဲ့ သူရဲကောင်းတစ်ယောက်ဖြစ်လာတဲ့ ပိုင်းလော့ကြီးနေရာကနေ သရုပ်ဆောင်ထားပါတယ်။ မြစ်ထဲကို လူအသေအပျောက်မရှိထိုးဆင်းနိုင်ခဲ့လို့ တကယ်ချီးကျူးစရာဖြစ်ခဲ့သလို ၂၄ မိနစ်အတွင်း သင်္ဘောတွေ လေယာဉ်တွေနဲ့ ကယ်ဆယ်ရေး လူ၁၀၀၀ ကျော်စုစည်းပြီး အားလုံးကို ကယ်တင်နိုင်ခဲ့တဲ့ နိုင်ငံရဲ့စီမံခန့်ခွဲမှုကလည်း အံသြစရာတစ်ခုလို့ ပြောသင့်တယ်ထင်ပါတယ်။IMDb rating 7.8 ရထားတဲ့ဒီဇာတ်လမ်းမှာ အားလုံးက သူရဲကောင်းလို့သတ်မှတ်ထားတဲ့ ပိုင်းလော့ကြီးရဲ့ လေယာဉ်ဆင်းသက်ခဲ့ပြီး နောက်ဆက်တွဲပြဿနာနဲ့ လေယာဉ်ပေါ်က အကြောင်းအရာတွေကို ပေါင်းစပ်ပြီးပြသထားတာပါ။ ပြဿနာကတော့ လေယာဉ်ကိုစစ်ဆေးတဲ့ အင်ဂျင်ပိုင်းဆိုင်ရာ ပညာရှင်တွေနဲ့ ကွန်ပြူတာအချက်အလက်တွေက လေယာဉ်ဟာ မြစ်ထဲထိုးဆင်းစရာမလိုဘဲ လေဆိပ်ကိုအရောက်ပျံသန်းနိုင်တယ်လို့ ညွှန်ပြပြီး ပိုင်းလော့ကို အာမခံကုမ္မဏီက တရားခံရှာဖို့ကြိုးစားလာတာပါပဲ။ ဆူလီဟာ သူရဲကောင်းတစ်ယောက်လား ...
movie
Sully (2016)
5.5
Chief of Station (2024)
Cheif Of Station (2024) ဇာတ်ကားဟာဟောလီဝုဒ် မင်းသားကြီး Aaron Eckhart အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၂၄ ရဲ့ နောက်ဆုံးထွက်အက်ရှင်ဇာတ်ကားကြီးတစ်ကားပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားက သာမန်ကားတွေနဲ့ မတူတာကတော့ဥရောပတခွင်မှာ လှုပ်ရှားနေကြတဲ့ ထောက်လှမ်းရေးအေဂျင်စီတွေမျိုးစုံရဲ့ ရှုပ်နေတဲ့ ဇာတ်လမ်းတွေကိုမြင်တွေ့ရမှာ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းပြောရရင်တော့ကျွန်တော်တို့ရဲ့ မင်းသားကြီးဟာ တစ်နေ့သူ့မိန်းမနဲ့နှစ်ပတ်လည် ညစာစာဖို့ သွားတော့မဲ့အချိန်မှာသူ့မိန်းမဟာ ဗုံးပေါက်ကွဲမှုတစ်ခုမှာ သေဆုံးသွားခဲ့ရပါတယ်။သူ့မိန်းမရဲ့ သေဆုံးမှုဟာ သွေးရိုးသားရိုးဖြစ်ရဲ့လားသူ့မိန်းမရဲ့ သေဆုံးမှုကို ထောက်လှမ်းရေးအေဂျင်စီတွေကဘယ်လိုတုံ့ပြန်ကြမှာလဲ သူကရော တုံ့ပြန်မှုအပေါ်ဘယ်လိုသဘောထား ရှိမလဲ။ ဒီဇာတ်ကားထဲမှာပြောသွားတဲ့စကားဖြစ်တဲ့ "ဒီထောက်လှမ်းရေးလောကမှာဘယ်သူ့ကိုမှ သေချာသိတယ်ဆိုတာ မရှိဘူး" ဆိုတဲ့စကားအတိုင်း ဒီဇာတ်ကားကို သေချာသိဖို့ဆိုရင်ကြည့်မှသာ ကောင်းမှန်း သိနိုင်မယ်လို့ ပြောရင်း ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်နော်။ File size…1.28GB / 577MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre …..Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie
Chief of Station (2024)
The Core (2003)
ယခုတင်ဆက်ပေးမှာကတော့ အမေရိကန် ဟောလိဝုဒ်က ရိုက်ကူးတင်ဆက်ထားတဲ့ ကမ္ဘာပျက်ကားတစ်ခုဖြစ်ပါတယ်။ဟုတ်ပါတယ်။ ကမ္ဘာကြီးပျက်တော့မှာကို အမေရိကန်ပညာရှင်တွေကပဲ ဦးစွာသိပါတယ်။ သူတို့နဲ့ ကမ္ဘာပေါ်က ထိပ်တန်းပညာရှင်တွေပေါင်းပြီး ကမ္ဘာပျက်ကိန်းကို ဖြေရှင်းဖို့ အဖြေရှာကြပါတယ်။ အကောင်အထည်ဖော်တော့ အမေရိကန်ပညာရှင်က ပရောဂျက်ခေါင်းဆောင်ပေါ့လေ။ဒါတွေက မထူးခြားနားတဲ့ ဖန်တရာတေ မွဲပြာပုဆိုးတွေပါ။ ဒါပေမဲ့ ဖန်တရာတေဇာတ်ကားတွေကို မက်မက်မောမောကြည့်ကြတဲ့ အကြောင်းအရင်းကလည်း ရှိပါတယ်။ ဇာတ်လမ်းခိုင်မာတာ၊ ကမ္ဘာပျက်ရမယ့်အကြောင်းအရင်းက ယုတ္တိရှိပြီး စနစ်တကျ တွက်ချက်ထားတာ၊ ဇာတ်ကောင်စရိုက်ပီပြင်တာ၊ လူ့သဘော လူ့သဘာဝကို မီးမောင်းထိုးပြနိုင်တာ၊ အစရှိသဖြင့်ပေါ့လေ။ အသံစနစ်နဲ့ ရုပ်ထွက်ပိုင်း၊ ကွန်ပျူတာအထူးပြုလုပ်ချက်တွေကလည်း အစစ်လို့ မှတ်ထင်ခံစားသွားရလောက်အောင် ပြောင်မြောက်ပေတာကိုး။ကမ္ဘာကြီးက အူတိုင်မှာ လည်ပတ်နေတဲ့ သံချော်ရည်ပူကြီးကြောင့် လျှပ်စစ်သံလိုက်စက်ကွင်းဖြစ်တည်လာပြီး ကမ္ဘာကို ကာကွယ်ပေးထားပါတယ်။ သံလိုက်စက်ကွင်းက လူသားတွေ မခံနိုင်တဲ့ ပတ်ဝန်းကျင်အခြေအနေတွေ ဖြစ်မလာနိုင်အောင် တားဆီးထားနိုင်သလို ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ လျှပ်စစ်ပစ္စည်း၊ လမ်းကြောင်းပြစနစ်တွေကလည်း အဲဒီသံလိုက်စက်ကွင်းကို မှီခိုနေရတာပါ။အူတိုင်မှာ ချော်ရည်တွေ စက်ဝိုင်းပုံလည်ပတ်နေတာ ...
movie
The Core (2003)
5.5
The Bricklayer (2023)
Dark Knight ရုပ်ရှင်ထဲက ဟာဗေးဒန့်အဖြစ်သရုပ်ဆောင်ခဲ့တဲ့မင်းသား Aaron Eckhart ရဲ့ အက်ရှင်ကားအသစ်ပါ။မင်းသမီးကတော့ Vampire Diaries ဖန်တွေရဲ့အချစ်တောNina Dobrev ပဲ ဖြစ်ပါတယ်။စုံထောက်အက်ရှင်အမျိုးအစားမို့ အပန်းဖြေ ကြည့်ဖို့ သင့်တော်တဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းအကျဉ်း***************ဇာတ်လမ်းနာမည်အတိုင်း ဗေးဆိုတဲ့ မင်းသားက ပန်းရံလုပ်တာပါ။ဒါပေမဲ့ စီအိုင်အေက အနားယူထားတဲ့ ဆရာကြီးပါပဲ။ တစ်နေ့မှာတော့သူ့ရဲ့ ရန်သူဟောင်း သေပြီထင်နေတဲ့ ရာဒက်ဆိုတဲ့သူ ပြန်ပေါ်လာပြီးစီအိုင်အေကိုရော အမေရိကန်တစ်ခုလုံးကိုပါ ချောက်ချပြီး ကမ္ဘာစစ်ပါဖြစ်မဲ့ကိစ္စကို လုပ်ပါတော့တယ်။ စီအိုင်အေက သတင်းပေါက်ကြားပြီးသူ့နောက်ကိုလိုက်ခိုင်းဖို့ စိတ်ချရတဲ့သူမရှိတာကြောင့် အနားယူသွားတဲ့မင်းသားကို ပြန်ခေါ်ပြီး အေးဂျင့်အသစ်ကောင်မလေးနဲ့အတူ ဂရိကိုလွှတ်လိုက်ပါတော့တယ်။ အမေရိကန်ကိုတောင် ဒုက္ခရောက်သွားစေနိုင်တဲ့ကိစ္စကဘာလဲ၊ ရာဒက်နဲ့ဗေးနဲ့ စီအိုင်အေရဲ့ ရာဇဝင်ဟောင်းကဘာလဲဆိုတာကို အဖြေရှာရင်း၊ ရာဒက်ရဲ့ အကြံအစည်ကြီးကို တားဖို့ကြိုးစားကြတာကိုကြည့်ရမှာပါ.... File size…2.00 GB / 914 MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. ...
movie
The Bricklayer (2023)
7.0
Rabbit Hole (2010)
အခုတစ်ခါမှာတော့ Rabbit Hole ဆိုတဲ့ Drama အမျိုးအစာဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ်ဒီဇာတ်ကားလေးမှာ မင်းသမီး Nicole Kidman နဲ့ The Spectacular Now ထဲကမင်းသား Miles Teller တို့ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းလေးကတော့ ဘက်ကာနဲ့ဟောင်ဝီတို့ဟာ ဒန်နီဆိုတဲ့သားလေးနဲ့အတူ ပျော်ရွှင်စရာမိသားစုလေးကိုပိုင်ဆိုင်ထားကြပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ ဒန်နီလေးဟာ သူ့ရဲ့ခွေးလေးနောက်ကိုလိုက်ရင်း ကားတိုက်ခံလိုက်ရပြီး ဆုံးသွားပါတယ် အဲဒီအချိန်ကစပြီး ဘက်ကာတို့ဘဝဟာ ပျော်ရွှင်မှုမရှိ ပြောင်းလဲသွားပါတော့တယ်ဟောင်ဝီက ပူဆွေးဝမ်းနည်းမှုတွေကိုအချင်းချင်းဝေမျှတဲ့အဖွဲ့မှာ အဖွဲ့ဝင်ထားပါတယ် ဘက်ကာကတော့ အဲ့ဖွဲ့ကိုသဘောမကျလှတာကြောင့် သိပ်မလိုက်ပါဘူး ဟောင်ဝီက သူ့သားရဲ့အရင်ကဗီဒီယိုလေးတွေပြန်ကြည့်ရင်း အတိတ်မှာပဲပျော်မွေ့နေပါတယ် ဘက်ကာကတော့ အဲ့အတိတ်က ပူဆွေးမှုတွေကနေရုန်းထွက်နိုင်ဖို့ကြိုးစားနေတာပါတစ်နေ့ သူ့သားကိုကားနဲ့တိုက်ခဲ့တဲ့ကောင်လေး ဂျေဆန်နဲ့စကားပြောမိကြရာကနေ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ ခံစားကြည့်ရှုရမှာဖြစ်ပါတယ် ဘက်ကာက သူ့သားကို ကားနဲ့တိုက်မိခဲ့တဲ့ ဂျေဆန်ကို ခွင့်လွှတ်နိုင်ပါ့မလားဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.78 GB)/(940 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by ...
movie
Rabbit Hole (2010)
I, Frankenstein (2014)
ဗစ်တာဖရန်ကင်စတိန်းဆိုတာကတော့ သိကြတဲ့အတိုင်းပဲ စာရေးဆရာမ Mary Shelley ရဲ့ နာမည်ကျော်ဇာတ်ကောင်ဖြစ်ပါတယ်။ခုဇာတ်လမ်းမှာတော့ ဗစ်တာဖရန်ကင်စတိန်းဇာတ်လမ်းထဲက Monster ဖြစ်တဲ့ ဝိဉာဏ်မရှိဘဲအသက်ရှင်နေတဲ့ သတ္တဝါတစ်ကောင်အကြောင်းကို လိုက်ပါခံစားရမှာပါ။သိပ္ပံပညာရှင် ဗစ်တာဖရန်ကင်စတိန်းရဲ့ မတော်မဆဖန်တီးမှုကနေ လူလိုခံစားချက်နဲ့ လူမဟုတ်တဲ့သတ္တဝါတစ်ကောင်ဟာမြေအောက်ကမ္ဘာက မကောင်းဆိုးဝါးနတ်ဆိုးတွေနဲ့ နတ်စစ်သည်တွေကြား ကျရောက်လာပြီးဒီဇာတ်လမ်းတွေရဲ့နောက်ကွယ်မှာ ဘာတွေရှိမလဲဆိုတာ......။အက်ရှင်ကြမ်းကြမ်းတွေ သတ္တဝါအဆန်းအပြားတွေနဲ့ ရောမခေတ်ဆန်ဆန် သဘာဝလွန်ဖြစ်ရပ်ဆန်းရိုက်ချက်တွေနဲ့ဒီရုပ်ရှင်ကားက ရုံတင်တုန်းကလဲ လူကြိုက်များခဲ့ပါတယ်။ File size…(2.3 GB)/(1 GB) Quality….BluRay Remux 1080p /720p Format…mp4 Duration….01:32:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie
I, Frankenstein (2014)
6.7
Rumble Through the Dark (2023)
Rumble Through the Dark (2023)~ IMDb - 6.7/10, Rotten Tomatoes - 50% ~"You either die a hero or live long enough to see yourself become the villain." ဆိုတဲ့ နာမည်ကျော် ဒိုင်ယာလော့ကို ကြားရင် ခင်ဗျားတို့ ဘယ်သူ့ကိုပြေးမြင်ကြလဲ။ သေချာတာပေါ့... နိုလန်ရဲ့ The Dark Knight ထဲက ဟာဗီးဒန့် ခေါ် Two-Face ကြီးကိုပါပဲ။ ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Aaron Eckhart ကိုလည်း ခင်ဗျားတို့ကောင်းကောင်းရင်းနှီးကြမှာပါ။ Olympus Has Fallen, London Has Fallen, I, Frankenstein နဲ့ Sully တို့အပါအဝင် ...
movie
Rumble Through the Dark (2023)
2023
5.6
Muzzle (2023)
Muzzle (2023) ============ Crime,ThrillerBatman ကားတွေထဲမှာ Harvy Dent (Two Face ) အဖြစ်သရု်ဆောင်ခဲဲ့တဲ့ မင်းသားကြီး Aaron Eckhart ရဲံ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်မှုခင်းအရာရှိ ဂျိတ်ရိုဆာက တစ်ကိုယ်ထဲသမားဖြစ်တဲ့အတွက် သူ့ဘေးမှာ အဖော်ပြုပေးမယ့် K-9 မျိုးစိတ် ဂျာမန် ရဲခွေးကြီးတစ်ကောင်ပဲရှိပါတယ် ဘယ်သွားသွား သူ့ကိုကားနဲ့အမြဲခေါ်သွားပြီး အလုပ်မှာရော အိမ်မှာပါသူ့ရဲ့ တစ်ဦးထဲသောမိသားစုဝင်လိုဖြစ်နေတာပေါ့ တစ်နေ့ မူးယစ်သမားတွေကို သူ့ခွေးနဲ့လိုက်ဖမ်းရင်း လူတစ်ယောက်က ဂျာမန်စကားနဲ့ သူ့ခွေးကို ယဉ်ပါးအောင်လုပ်ကာ သေနတ်နဲ့ပစ်သတ်သွားပါတယ်... ခွေးကို ဂျာမန်လိုခိုင်းနိုင်တာ သူတို့ရဲဌာနက ခွေးထိန်းနဲ့ ရဲအချို့ပဲရှိပါတယ်... မိသားစုဝင်တစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ ဂျိတ်အတွက်... သူ့ခွေးအတွက် ဂျွန်ဝစ်လိုမျိုး လက်စားချေဖို့ ပြန်လာခဲ့ပါပြီ...(အညွှန်းနဲ့ဘာာသာပြန်ကတော့ Thiha Yan Naing ပဲ ဖြစ်ပါတယ် )Genre..... Thriller Quality…. 1080p | 720p File size…1.1GB | 711MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thiha ...
movie
Muzzle (2023)
2023
6.3
No Reservations (2007)
No Reservations (2007) Genre – Comedy, Drama, Romance IMDB – 6.3/10ငယ်ငယ်တုန်းက Zorro ကြည့်ရင်း ဒီမင်းသမီးလှလိုက်တာဆိုပြီးဖြစ်ခဲ့ဖူးတဲ့သူ ဒါမှမဟုတ် ခု နာမည်ကြီး ဗုဒ္ဓဟူးမ Wednesday ရဲ့ အမေနေရာကပါပြီးခုထိ ကျက်သရေရှိရှိနဲ့ လှနေတဲ့ အန်တီကြီး Catherine Zeta-Jones ရဲ့၂၀၀၇ ခုနှစ်တုန်းက Rom-com ကားကောင်းလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။မင်းသားနေရာကလည်း Dark Knight Trilogy မှာ အပြိုင်ကြမ်းခဲ့တဲ့Two-face နေရာက မင်းသား Aaron Eckhart ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းချုံးလေးကတော့ စားဖိုမှူးလောကမှာ နာမည်ရှိပြီးအင်မတန်တော်သလောက် စည်းမျဉ်းစည်းကမ်းတွေနဲ့ စေ့စပ်တိကျပြီးမိတ်ဆွေမရှိ ချစ်သူမရှိ ဟင်းချက်တာကိုပဲ စိတ်နှစ်ထားတဲ့စားဖိုမှူးမချော ကိတ်ဆိုတာရှိပါတယ်။ဆိုင်ထဲမှာ ဖောက်သည်က သူချက်တာကို စောဒကတက်ရင်လည်းမထင်ရင်မထင်သလို ပြန်ပြန် ပြဿနာရှာတတ်လွန်းလို့ဆိုင်ပိုင်ရှင်ကတောင် ကုထုံးဆရာဆီ ပို့ထားရတဲ့လူမျိုးပါ။တစ်ရက်တော့ သူ့ အစ်မဖြစ်သူဟာ သူ့သမီးနဲ့အတူ သူ့ဆီကိုလာလည်ဖို့လုပ်ရင်း မတော်မဆ ဖြစ်သွားရာကနေ ...
movie
No Reservations (2007)
6.0
Erased (2012)
မစ္စတာ လိုဂန်ဟာ သူ့သမီးနဲ့ အတူ ဘဝတစ်ခုကို ပြန်လည် စတင်ဖို့ ကြိုးစားနေတဲ့ သူတစ်ယောက်ပါ။ ဘယ်ဂျီယံကို ပြောင်းရွှေ့ပြီး အလုပ်လုပ်နေရာကနေ တစ်မနက် သူ့ရုံးကို သွားတဲ့အခါမှာတော့ တစ်ရုံးလုံးမှာ ဘာမှမရှိတော့ဘဲ ရှင်းလင်းနေတာကို တွေ့လိုက်ရပါတယ်။ ဒါဟာ ဘာလို့များလဲ။ မစ္စတာ လိုဂန်တို့ သားအဖ နှစ်ယောက် ဒီကိစ္စကို လိုက်အဖြေရှာရင်း ဘယ်လို အရှုပ်တွေကြားထဲ ပါမိလျက်သား ဖြစ်သွားမလဲ ဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်း အစမှာတင် စိတ်ဝင်စားစရာကောင်းအောင် ဆွဲခေါ်သွားနိုင်ပြီး IMDB rating 6အထိ ရရှိထားတဲ့ Action/ Thriller ဇာတ်ကားကောင်း တစ်ခုပဲ ဖြစ်ပါတယ်။File size…(1.9 GB)/(920 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Darcy ...
movie
Erased (2012)
Ambush (2023)
ဗီယက်နမ်စစ်ပွဲအတွင်းကအမေရိကန်စစ်သားတွေရဲ့အကြောင်းကိုဇာတ်အိမ်တည်ထားတာဖြစ်ပြီး IMDb 4/10 ရရှိထားတဲ့ War & Action ကားဖြစ်ပါတယ် ဒီဇာတ်လမ်းဟာဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားပြီး ဇာတ်လမ်းထဲမှာတော့ ရုတ်တရက်ခြုံခိုတိုက်ခိုက်ခံလိုက်ရတဲ့တပ်စခန်းလေးတစ်ခုကစစ်သားတွေဟာမြေအောက်လိုဏ်ခေါင်းတွေထဲကနေအရေးကြီးတဲ့စစ်ဆင်ရေးတစ်ခုလုပ်ဆောင်နေကြတာကိုကြည့်ရှုရမှာပါFile size…(1.8 GB)/(900 MB)/(420 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Action, War, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn
movie
Ambush (2023)
5.8
Battle: Los Angeles (2011)
စစ်ကားတွေထဲမှာမှ အမေရိကန်နဲ့ ဂြိုလ်သားတွေရဲ့စစ်ပွဲတွေဟာမဆန်းတော့ပါဘူး..ဒါကြောင့် ဒီကားကလည်း Independence Day တို့လိုပဲ ကမ္ဘာမြေပေါ်ကိုကျူူးကျော်နယ်ချဲ့ထွင်လာတဲ့ ဂြိုလ်သားတွေနဲ့အမေရိကန်စစ်တပ်တို့ရဲ့အပြင်းအထန်တိုက်ခိုက်တာတွေကိုဖော်ပြထားပါတယ်... စစ်တစ်ခုဖြစ်လာတဲ့အခါအများဆုံးထိခိုက်ရတာကတော့ပြည်သူတွေပဲဖြစ်ပါတယ်...နောက်ပြီးတော့ ဒီလူတွေကိုကာကွယ်ဖို့အတွက်သစ္စာဆိုထားတဲ့ စစ်သားတွေရဲ့ရင်းနှီးမှု့တွေကလည်းမသေးပါဘူး...ဒါပေမယ့် သူတို့ရင်ဆိုင်နေတဲ့အရာတွေက သာမာန်ထက်လွန်ကဲနေတဲ့သတ္တဝါတွေဖြစ်နေတဲ့အတွက်ကြောင့် အမေရိကန်လိုစစ်အင်အားကြီးခေတ်မီလက်နက်တွေတပ်ဆင်သုံးစွဲနေတဲ့ နိုင်ငံတောင်ဆုံးရှုံးမှု့တွေကြီးလှပါတယ်... အမည်မသိ ဘာအမျိုးအစားမှန်းလည်းမသိတဲ့ သတ္တဝါတွေကြောင့်ပြည်သူတွေကို ကယ်ဆယ်ထုတ်ဖို့သွားရန်အတွက်အမိန့်ပေးခြင်းခံရတဲ့ တပ်စုတစ်စု ကယ်ဆယ်ဖို့သွားရင်းကနေသူတို့ပါ ရန်သူတွေရဲ့ သတ်ကွင်းမှာ ဓားစားခံတွေလိုပိတ်မိနေကြပါတယ်...အချက်ပေါင်းများစု ပစ်သတ်လည်း မသေတဲ့ ဒီသတ္တဝါတွေကြောင့်ဒီတပ်စုလေးတစ်စုဟာ ဒီအန္တရာယ်တွေကြားထဲကနေ ပြည်သူတွေကိုအသက်ရှင်လျက်နဲ့ဘယ်လိုကယ်ဆယ်ထုတ်မလဲဆိုတာစိတ်ဝင်စားစရာပါပဲ...စတေးမှု့တွေမရှိပဲ စစ်ဆိုတာ ပြီးဆုံးသွားမှာမဟုတ်ပါဘူး...ဒီကားလေးထဲမှာလည်း စစ်တကယ်တမ်းဖြစ်လာရင် ဘယ်လိုဆုံးရှုံးမှု့တွေဖြစ်လာတယ်ဆိုတာကို ရိုက်ပြထားတာကြောင့်စစ်ကားကြိုက်သူများလက်လွတ်မခံသင့်တဲ့ ကားကောင်းလေးတစ်ကားလို့ပြောပါရစေ... File size…2.86GB / 1.13GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1hr 56min Genre ..... Action , Sci-Fi , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie
Battle: Los Angeles (2011)
2011
Any Given Sunday (1999)
“အိုလာတယ်ဆိုတာ ထန်းလျက်ကို ခွေးလျက်သလိုပဲကွ။အကောင်အထည်လိုက် လျော့သွားတာမျိုး မဟုတ်ဘဲ တဖြည်းဖြည်းလုံးပါး ပါးသွားတာမျိုး”တဲ့။ ဒီဇာတ်ကားထဲက နည်းပြဒါမားတိုးကလည်း အဲ့စကားနဲ့ ခပ်ဆင်ဆင်စကားမျိုး ပြောဖူးတယ်။ ”အသက်ကြီးလာတာနဲ့အမျှ ဘဝက ငါတို့ပိုင်ဆိုင်ထားသမျှကို ဖြည်းဖြည်းချင်း ယူယူသွားတယ်” တဲ့။ ကျွန်တော်တို့ဟာ အသက်အရွယ်အိုမင်းလာတာနဲ့အမျှ ခန္ဓာကိုယ်ကဟိုနားကနာ ဒီနားကနာတာမျိုး၊စိတ်သွားတိုင်း ကိုယ်မပါတော့တာမျိုးတွေ တစ်စတစ်စကြုံလာရတတ်တယ်။ ဒီသဘောတရားတွေဟာ အထူးသဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ အသက်မွေးဝမ်းကြောင်းပြုရတဲ့ အားကစားသမားတွေအပေါ်မှာဆို ပိုပြီးသက်ရောက်မှုရှိတယ်။ ဒီဇာတ်ကားမှာ ခင်ဗျားဘာတွေမြင်ရမလဲဆိုရင် အသက်အရွယ်ကကိုယ့်ခန္ဓာကိုယ်ကို လှမ်းပြီးစကားပြောလာတဲ့အခါမှာ လက်မခံနိုင်တဲ့၊လက်ခံဖို့ငြင်းဆန်တဲ့ ဂန္ဓဝင်ကစားသမားတစ်ယောက်ကို တွေ့ရမယ်။ မမျှော်လင့်ထားတဲ့ အခွင့်အရေးတစ်ခုကြောင့် နေ့ချင်းညချင်းအောင်မြင်လာပြီး အောက်ခြေလွတ်သွားတဲ့ တက်သစ်စကစားသမားတစ်ယောက်ကို မြင်ရမယ်။ဒီလူနှစ်ယောက်ကိုဗဟိုပြုပြီး အသင်းထဲမှာ ပဋိပက္ခတွေဖြစ်လာတဲ့အခါ အဲ့တာတွေ ဖြေရှင်းဖို့ အတတ်နိုင်ဆုံးကြိုးစားနေတဲ့ နည်းပြတစ်ယောက်ကို တွေ့ရမယ်။ ပြောရရင် ဂန္ဓဝင်ကစားသမား ကပ္ပတိန်ရွန်းနီ၊တက်သစ်စ ဝီလီဘီးမန်းနဲ့ နည်းပြဒါမားတိုးတို့ပေါ့။ ဒီရုပ်ရှင်ထဲမှာ သူတို့သုံးယောက်ကို ဗဟိုပြုပြီး ဘောလုံးလောကထဲက ကစားသမားတွေရဲ့ ဘဝတွေ၊အောင်မြင်လာတဲ့အခါ ...
movie
Any Given Sunday (1999)
6.3
Nurse Betty (2000)
Nurse Betty (2000) ============== IMDb Rating - 6.3/10ကန်းဆက်မြို့လေးက သာမန် အိမ်ထောင်ရှင်မလေး ဘတ်တီ... ရုပ်ရှင်စီးရီးတစ်ခုကို သိပ်သဘောကျရင်း Main character ဆရာဝန် ဒေးဗစ်ကို စွဲလမ်းနေတဲ့ ဘတ်တီ၊ တစ်ခုသော ညနေမှာ စီးရီးလေး ကြည့်နေတုန်း ခင်ပွန်းဖြစ်သူ ထမင်းစားခန်းထဲ ရက် ရက်စက်သက် အသတ်ခံလိုက်ရတာကို မြင်လိုက်ရတဲ့အခါ စိတ် ဖောက်ပြန်သွားပြီး သူ့ကိုယ်သူ စီးရီးထဲက character လို့ထင်သွား တယ်။ဒေးဗစ်ရဲ့ Ex အနေနဲ့ သူ့ကိုယ်သူ သတ်မှတ်ရင်း အပြင်မှာ မရှိတဲ့ စီးရီးထဲက ဇာတ်ကောင်ကို ရှာဖွေဖို့ နည်းလမ်းမျိုးစုံနဲ့ LA အထိ လိုက်လာခဲ့ချိန်မှာ ဘာတွေဆက်ဖြစ်မလဲတော့ ကြည့်ရှုအားပေး လိုက်ကြပါဦး။ နာမည်ကျော် Morgan Freeman နဲ့ Chris Rock တို့ အဓိက ပါဝင်ထားတဲ့အပြင် မင်းသမီး Renee Zellweger ရဲ့ Disney ဆန်ဆန် overacting တွေကိုလည်း ကြည့်ရှုရမှာဖြစ်ပါ ကြောင်းပြောကြားရင်း တင်ဆက်ပေးလိုက်ပါပြီ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ...
movie
Nurse Betty (2000)
2000
8.5
The Dark Knight Rises (2012)
The Dark Knight Rises (2012) IMDb Rating (8.4) ဒီတစ်ခါတော့ ပရိတ်အကြိုက် Superhero ဇာတ်ကားဖြစ်တဲ့ The Dark Knight Rises ဇာတ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဒီကားက Christopher Nolan ရဲ့ Batman Trilogy မှာ နောက်ဆုံး ဇာတ်ကားဖြစ်ပြီး၊ မင်းသား Christian Bale ရဲ့ နောက်ဆုံး Batman ဇာတ်ကားဖြစ်ပါတယ်။ Batman ပရိတ်သတ် တွေအားလုံးနီးပါးရဲ့ အားပေးမှုကိုရခဲ့ပြီး၊ အကောင်းဆုံး Superhero ဇာတ်ကားလို့ သတ်မှတ်ထားတဲ့ The Dark Knight ရဲ့ နောက်ဆုံးပိတ်လည်းဖြစ်သလို၊ Epic Ending ဖြစ်မယ်လို့ ပြောထားခဲ့လို့ ဒီကားကို လူတွေစိတ်ဝင်စားခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ထင်သလောက် ဖြစ်မလာခဲ့ပါဘူး။ ဒီလိုပြောလို့ မကောင်းတာတော့မဟုတ်ပါဘူး။ ဇာတ်ကားကောင်းတစ်ကားပါ။ The Dark knight ...
movie
The Dark Knight Rises (2012)
2012
4K HEVC IMAXHDR
9.0
The Dark Knight (2008)
The Dark Knight (2008)===================IMDb Rating 9.0/10 မှာ ဗိုလ်စွဲထားတုန်းပါပဲ။ဒီတစ်ခါတော့ Superhero တွေထဲမှာ လူကြိုက်အများဆုံးလည်း ဖြစ်သလို၊ Superhero အားလုံးရဲ့ ရှေ့ဆောင် လမ်းပြလည်း အဖြစ် Superman နဲ့ အတူ သတ်မှတ်ခံထားရတဲ့ Batman ဇာတ်လမ်း နဲ့မိတ်ဆက်ပေးပါရစေ။The Dark Knight လို့တင်စားခံထားရတဲ့ Batman ကားတွေက ၁၉၈၉ မှာထဲက ရုပ်ရှင် အဖြစ်နဲ့ စင်မြင့်ထက်မှာ နေရာယူထားပေမယ့် ၂၀၀၅ ခုနှစ်ရောက် မှာ Christopher Nolan ရဲ့ Batman Begins နဲ့ အတူ လူရိုသေရှင်ရိုသေဖြစ်လာခဲ့ပါတယ်။ Batman လို့ပြောလိုက်ရင် Director Tim Burton ရဲ့ Batman (1989) Batman Returns (1992) တို့နဲ့ နာမည်ရလာပေမယ့်၊ Joel ...
movie
The Dark Knight (2008)
2008
4K HEVC IMAXHDR
6.3
Paycheck (2003)
Paycheck ( 2003 ) ပရိသတ်တို့ရဲ့ အချစ်တော်မင်းသားကြီး Ben Affleck ရဲ့ 2003 ခုနှစ်ကတည်းက ထွက်ရှိထားတဲ့ Action ဇာတ်ကားကောင်းဖြစ်ပါတယ်။ နည်းပညာအသစ်အဆန်းတွေကို သူများထက်သာလွန်ပြီး လျင်မြန်တဲ့ နည်းလမ်းတွေနဲ့ ဖန်တီးတည်ဆောက်နိုင်တဲ့ အင်ဂျင်နီယာလေး မိုက်ခ်ဟာ သူ့ရဲ့ဦးနှောက်ကို ပိုက်ဆံတွေနဲ့ အလဲအလှယ်လုပ်လေ့ရှိပါတယ်။တစ်နေ့တော့ သူ့သူငယ်ချင်း ဂျင်မီရဲ့ ငွေမက်လုံးပေးမှုကြောင့် သူ့ရဲ့သုံးနှစ်တာကို ထုံးစံအတိုင်း အရောင်းအဝယ်လုပ်ဖို့ ကြိုးစားရာကနေ သူ့ဘဝအလှည့်အပြောင်းကြုံလာခဲ့ပါတယ်။ သူတည်ဆောက်ခဲ့တာက ဘယ်လိုမျိုးနည်းပညာဖြစ်ပြီး ဘယ်လိုမျိုး ကိုယ့်ရှူးကိုယ်ပတ်ပြီး ကြားထဲမှာ လမ်းကြုံ ချစ်ရသူဒေါက်တာမလေးနဲ့ ဒရမ်မာခင်းတာတွေလည်း ပါဝင်ပါတယ်။ကြည့်ရတန်တဲ့ဇာတ်လမ်းဖြစ်တာမို့ စဥ်းစားမနေဘဲ Playlist ထဲထည့်ဖို့ အကြံပြုချင်ပါတယ်ရှင်။ File size…(2.64GB/(1.35GB)/(677MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:59:00 Genre...Action / Mystery / Sci -Fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie
Paycheck (2003)
7.4
Erin Brockovich(2000)
Erin Brockovich(2021) အညွှန်း****************************IMDb....7.4ငွေကြေးဆိုင်ရာအောင်မြင်မှုတွေရော၊ ကောင်းမွန်တဲ့မှတ်ချက်တွေရော၊ဆုဇကာတင်တွေရောအများကြီးရရှိထားပြီး ခေါင်းဆောင်မင်းသမီး မမချော Julia Robertsကို leading roleအတွက် Oscars,BEFTA award, Golden Globeအပါအဝင် ဆု၇ဆုရရှိစေခဲ့တဲ့ Biographical Dramaကားတစ်ကားပါ။ Erin Brockovichဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဘဝကိုအလှည့်အပြောင်းကြီးဖြစ်စေခဲ့တဲ့အချိန်တစ်ခုကိုရိုက်ပြထားပါတယ်။Erinအကြောင်းကို တခြားဇာတ်ကားတွေရိုက်ထားတာရှိပေမယ့်ဒီကားကတော့ပိုအောင်မြင်ပြီး ဖြစ်ရပ်မှန်နဲ့ ၉၈%တူညီပါတယ်တဲ့။ Erinဟာ ပိုက်ဆံမရှိ၊ အိမ်ထောင်နှစ်ခါကွဲခဲ့တဲ့ ကလေးသုံးယောက်ရှိတဲ့ဆင်ဂယ်မိခင်၊စိတ်ထင်သလိုပြောတတ်ပြီး အရမ်းဟော့ဟော့ရမ်းရမ်းဝတ်စားတဲ့ အလန်းစားမိန်းမလှတစ်ယောက်။တစ်နေ့ကားတိုက်မှုကြောင့် လျော်ကြေးသိပ်မရလိုက်တဲ့အခါအမှုလိုက်ပေးတဲ့ရှေ့နေဆီမှာ မရမကအလုပ်တောင်းပါတယ်။ဥပဒေနဲ့ဆိုင်တဲ့အတွေ့အကြုံဘာတစ်ခုမှမရှိပဲရှေ့နေရုံးခန်းမှာအလုပ်လုပ်ရင်း အိမ်ခြံမြေရောင်းတဲ့အမှုတစ်ခုမှာဆေးမှတ်တမ်းဖိုင်တွေပါတွဲထားတာကို နားမလည်လို့ သေချာစုံစမ်းလိုက်တဲ့အခါပစိဖိတ်ဓာတ်ငွေ့နှင့်လျှပ်စစ်ကော်ပိုရေးရှင်းအကြီးစားကြီးဟာအဲ့နယ်မြေနားမှာနေထိုင်တဲ့လူတွေအပေါ် ရောဂါများစွာဖြစ်စေပြီးအသက်အန္တရာယ်အရမ်းရှိတဲ့အဆိပ်အတောက်တွေစွန့်ထုတ်နေတဲ့ ဖုံးကွယ်ထားမှုကြီးကိုသိရှိသွားပြီးအဲ့နားမှာနေထိုင်သူတွေအတွက်လျော်ကြေးရအောင် အမှုလိုက်ရပါတော့တယ်။ဒီဖြစ်ရပ်ဟာ အမေရိကန်ရဲ့ Direct action lawsuitသမိုင်းမှာအမြင့်မားဆုံးလျော်ကြေးပေးဆောင်ခဲ့ရတဲ့အမှုပါ။ဒီအမှုကြီးတစ်ခုလုံးကို လူတိုင်းက Beauty without brainလို့မြင်တဲ့အားပြင်းတဲ့ ဟော့ဟော့ရမ်းရမ်းမိန်းမတစ်ယောက်ကဦးဆောင်သွားခဲ့ပုံတွေကိုဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ရိုက်ပြသွားတာပါ။ဖြစ်ရပ်မှန်ပေါ်အခြေခံရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေအများကြီးရှိတဲ့အတွက်Biographicalဆိုရင် နည်းနည်းပျင်းစရာကောင်းနေမလားဆိုတဲ့ အတွေးကိုထုတ်ပစ်လိုက်ပါ။သေချာပေါက်ပြောနိုင်တာကတော့ ဒီကားဟာ ဇာတ်လမ်းကောင်းတွေထဲကတစ်ပုဒ်ပါ။တစ်ခေတ်တခါက ပုရိသတို့ရဲ့အသည်းကျော် မမJuliaရဲ့ powerfulဖြစ်တဲ့သရုပ်ဆောင်မှုတွေနဲ့ အလန်းစားအလှတရားတွေကလည်း ဇာတ်လမ်းနဲ့ကွက်တိကို လိုက်ဖက်နေပါတယ်။ဒီကားမှာ အားကောင်းလှတဲ့သရုပ်ဆောင်ချက်တွေကြောင့် သရုပ်ဆောင်ကြေးအမြင့်ဆုံးအမျိုးသမီးသရုပ်ဆောင်တစ်ယောက်ဖြစ်စေခဲ့ပါတယ်။ ဒီဇာတ်ကားမှာErinရော ရှေ့နေ Masryရော ...
movie
Erin Brockovich(2000)
5.5
Wander 2020
အာသာ ဟာ အတိတ်က အဖြစ်ဆိုးကြောင့် စိတ်ဒဏ်ရာရထားတဲ့ လှို့ဝှက်ပူးပေါင်းကြံစည်မှု သီအိုရီသမား တစ်ဖြစ်လဲ အလွတ်စုံထောက်ပါ။ ဝန်ဒါလို့ခေါ်တဲ့ မြို့လေးမှာ ဖြစ်သွားတဲ့ လူသတ်မှုတစ်ခုကို စုံစမ်းပေးဖို့ ငှားရမ်းခံရပြီးနောက်မှာ လိမ်ညာမှုတွေကို ဆက်တိုက်တွေ့လာရပြီး ဒီအမှုက သူ့ရဲ့ သမီးကို သတ်လိုက်တဲ့လူနဲ့ ဆက်စပ်မှုရှိနေတယ်လို့ သံသယဝင်လာပါတယ်။ ဒီလိုနဲ့ အမှန်တရားနဲ့ စိတ်ကူးယဥ်မှုကြားမှာ စိတ်မနှံ့ချင်သလိုဖြစ်နေတဲ့ အာသာတစ်ယောက် အမှုမှန်ပေါ်အောင် ဖော်ထုတ်နိုင်ပါ့မလား? လျှို့ဝှက်ပူးပေါင်းကြံစည်မှုလို့ သူထင်နေတဲ့အမှုဟာ အမှန်လား ထင်ယောင်ထင်မှား ဖြစ်တာလား? Wander 2020 ဟာ ထိတ်လန့်သည်းဖို ပရိတ်သတ်တွေအတွက် ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ် Quality – 1080p, 720p WebRipDuration - 1h 36minSubtitle – Myanmar HardsubFormat – Mp4Genre : ThrillerTranslator – Htet Wai Lwin
movie
Wander 2020
1
2
Next