Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Aaron Douglas
3.4
Catwoman (2004)
Catwoman (2004) Genre - Action,Crime,Fantasyဒီတစ်ခါမှာတော့ အားလုံးနဲ့မစိမ်းတဲ့ မင်းသမီးကြီး Halle Berry ပါဝင်သရုပ်ဆောင်ထားတဲ့ Catwoman နဲ့မိတ်ဆက်ပေးပါမယ်။ Patience ဟာ Hadre အလှကုန်ကုမ္ပဏီမှာ ဒီဇိုင်းဆွဲတဲ့အလုပ်လုပ်နေတဲ့ကောင်မလေးပါ။ တစ်နေ့မှာတော့ သူ့တိုက်ခန်းမှာဒီဇိုင်းဆွဲနေတုန်း ကြောင်လေးတစ်ကောင်ခေါင်မိုးပေါ်ရောက်နေတာတွေ့တာနဲ့ ပြတင်းပေါက်ကထွက်ပြီးကယ်ဖို့လုပ်ပါတော့တယ်။အဲဒီလိုကယ်နေတဲ့အချိန်မှာပဲ လမ်းကဖြတ်သွားတဲ့ စုံထောက်ကြီးတစ်ယောက်က ခုန်ချမယ်ထင်ပြီး လာကယ်ရင်းနဲ့ပဲ Patience နဲ့ စုံထောက်ကြီးတို့ခင်မင်သွားပါတော့တယ်။ တစ်နေ့ Patience တစ်ယောက် ကုမ္ပဏီကခိုင်းထားတဲ့ဒီဇိုင်းကိုစက်ရုံအထိသွားပေးရပါတယ်။ စက်ရုံကလျှို့ဝှက်ချက်တစ်ခုကိုမထင်မှတ်ပဲ သိသွားတာကြောင့် ကံဆိုးမိုးမှောင်ကျပြီး အသတ်ခံလိုက်ရပါတယ်။Patience တစ်ယောက်သေသွားတယ်ဆိုပေမဲ့ သူကယ်ခဲ့တဲအီဂျစ်နတ်ဘုရားမရဲ့တမန်တော်ကြောင်လေးရဲ့ အစွမ်းနဲ့ အသက်ပြန်ရှင်သန်လာခဲ့ပါတယ်။ ပြန်ရှင်သန်လာတဲ့အခါမှာ Patience တစ်ယောက် အရင်လိုမဟုတ်တော့ပါဘူး။ အထိအတွေ့၊ အနံ့ အာရုံခံမှုတွေဟာ လူသားတစ်ယောက်နဲ့မတူတော့ဘဲ ထူးခြားနေပါတယ်။ အဲဒီညကကိစ္စကိုလည်း မမှတ်မိပါဘူး။ ဒီလိုနဲ့ ကြောင်အစွမ်းတွေရပြီး ကြောင်လူသားဖြစ်သွားတဲ့ Patience ဟာ သူ့စိတ်ထင်ရာလျှောက်သွားလိုက်၊ လူဆိုးတွေကိုဝင်ဖမ်းလိုက်နဲ့ သတင်းတွေမှာနာမည်ကြီးလာပါတယ်။ နောက်ပိုင်းမှာ သူအသတ်ခံခဲ့ရတဲ့အဖြစ်မှန်ကိုသိပြီး သတ်ခဲ့တဲ့လူနဲ့ သတ်ခဲ့တဲ့အကြောင်းအရင်းကိုရှာပုံတော်ဖွင့်ပါတော့တယ်။ Catwoman တစ်ယောက် ကုမ္ပဏီရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်နိုင်ပြီး တရားမျှတမှုကိုရှာဖွေနိုင်မလားဆိုတာကို မမရဲ့ အမိုက်စားတိုက်ခိုက်မှုပြကွက်တွေနဲ့တင်ဆက်ပေးထားတာကြောင့်ကြည့်ရှုခံစားလိုက်ပါဦး။File size… 2.1 GB / 971 ...
movie
Catwoman (2004)
Saved! (2004)
ဆယ်ကျော်သက်အရွယ် မေရီက အမေရိကန်အီးဂဲလ်ခရစ်ယာန်အထက်တန်းကျောင်းမှာ တက်ရောက်နေပြီးတော့ ယုံကြည်သက်ဝင်သူတစ်ဦး ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူမနဲ့ သူမရဲ့ ရည်းစား ဒင်းတို့ ရေတူတူကူးနေတဲ့အချိန် သူမရဲ့ရည်းစားက သူ့ကိုယ်သူ ဂေးနေတယ်လို့ ထင်ကြောင်း ဝန်ခံလာပါတော့တယ်။ အထိတ်တလန့်နဲ့ မေရီက ခေါင်းဆောင့်မိပြီး ဘုရားသခင်ကို မြင်လိုက်တဲ့အပြင် ဘုရားသခင်က ဒင်းကိုကူညီပေးဖို့ သူ့ကိုပြောလိုက်တယ်လို့ ထင်လာပါတော့တယ်။ဘုရားသခင်က သူမကို ခွင့်လွှတ်ပေးလိမ့်မယ်လို့ ယုံကြည်ပြီး ဒင်းကို ကူညီဖို့အတွက် သူမရဲ့ အပျိုစင်ဘဝကို ပေးအပ်လိုက်ပါတော့တယ်။ ကံမကောင်းအကြောင်းမလှစွာနဲ့ သူမကိုယ်ဝန်ရှိလာတဲ့အခါ ဘာသာရေးကို ယုံကြည်သက်ဝင်သူအသိုင်းအဝိုင်းအကြား သူမဘယ်လိုရုန်းကန်မလဲ။ သူမသူငယ်ချင်းတွေကရော သူမအပေါ် ဘယ်လိုမြင်ကြမလဲ။ သူမသူငယ်ချင်းတွေထဲ ဘယ်သူတွေက သူမကို ကူညီမလဲ။ ဘယ်သူတွေက သူမကို ဝိုင်းပယ်လိုက်မလဲ ဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Comedy အမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာ မေရီအဖြစ် Jena Malone၊ မေရီရဲ့ ...
movie
Saved! (2004)
6.9
Crossword Mysteries: Terminal Descent (2021)
Who murdered Morgan? ဘယ်သူက မော်ဂန်ကိုသတ်တဲ့တရားခံလဲ?IT နည်းပညာရှင် သူဌေးကြီး လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး တရားခံအမှန်ပေါ်ပေါက်အောင် crossword ပဟဠိ ကျွမ်းကျင်ပညာရှင် တက်စ်နဲ့ စုံထောက် လိုဂန်တို့က ဘယ်လိုမျိုးတွေ ကွင်းဆက်တွေရှာဖွေခဲ့လဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ လျှို့ဝှက်ဆန်းကြယ်၊ စုံထောက်ဇာတ်လမ်းကြိုက်သူများ ကြည့်သင့်တဲ့ကားလေးတစ်ကားပါပဲ။ File size…(1.3 GB)/(612 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre... Crime, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Luca
movie
Crossword Mysteries: Terminal Descent (2021)
6.5
My Christmas Hero (2023)
My Christmas Hero (2023) ===================ခရစ္စမတ်စ်ကာလဟာနီကိုးလ်တို့မိသားစုအဖို့ နီကိုးလ်ရဲ့အဘွားဖြစ်သူ ဒိုရိုတီမရှိဘဲဆင်နွှဲရမယ့် ပထမဦးဆုံးသော ခရစ္စမတ်စ်လေးပါ။ နီကိုးလ်ရဲ့ အဘိုးဖြစ်သူဂျွန်ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်သားတစ်ယောက်ဖြစ်ပါတယ်။ ဂျွန် စစ်ပွဲတွင်းမှာ ကျဆုံးသွားခဲ့တာ နှစ်ပေါင်းမြောက်များစွာ ကြာပြီးတဲ့ထိတိုင်အောင်ကို ဒိုရိုသီကမမေ့နိုင် သေးဘဲ အမြဲတမ်းတပြီးချစ်နေခဲ့တာကြောင့် နီကိုးလ်နဲ့ နီကိုးလ်ရဲ့အမေတို့ နှစ်ယောက်လုံးဟာ ငယ်ငယ်လေးကတည်းကစပြီး ဒိုရိုသီ့ဆီကနေ အဘိုး ဖြစ်သူရဲ့အကြောင်းတွေ၊ အမှတ်တရတွေကိုကြားသိထားရပြီး အလွတ်တမ်း မှတ်မိနေခဲ့တာပေါ့။ဒီလိုနဲ့ ဒိုရိုသီဆုံးပါးသွားပြီးနောက်ပိုင်းမှာ နီကိုးလ်ရဲ့အမေဟာ အမေဖြစ်သူ ကိုသတိရတဲ့စိတ်၊ အဖေဖြစ်သူကိုလွမ်းဆွတ်တဲ့စိတ်တွေနဲ့ စိတ်ခံစားရသက် သာရအောင်လို့ စေတနာ့ဝန်ထမ်းအလုပ်တွေကိုပဲ ဆက်တိုက်မနားတမ်းလုပ် နေခဲ့ပါတယ်။ ဒါနဲ့ပဲ နီကိုးလ်တစ်ယောက် မကြာခင်ရောက်လာတော့မယ့် ခရစ္စမတ်စ်မှာ သူ့အမေဖြစ်သူကို ခံစားရသက်သာရအောင်လို့ အဘွားဆီကနေ တစ်စိတ်တစ်ပိုင်း အနည်းငယ်လောက်ပဲ သိထားခဲ့ရတဲ့ အဘိုးဖြစ်သူရဲ့စစ်ပွဲ တွင်းကအကြောင်းတွေကိုစုံစမ်းဖို့ကြံပါတော့တယ်။ ဒီတော့ သူအောင်မြင်နိုင် ပါ့မလား၊ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ဒီ "My Christmas Hero" ဆိုတဲ့ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်)File Size..........(1.41 GB) / (548 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 24Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, ...
movie
My Christmas Hero (2023)
2023
7.1
The Wedding Cottage (2023)
မင်္ဂလာပွဲစီစဉ်သူတစ် ယောက်ဖြစ်တဲ့ ဗန်နက်ဆာ ဒွိုင်းကတော့ မင်္ဂလာပွဲစီစဉ်ပေးရတဲ့ အလုပ်ကိုမလုပ်တော့ပဲ အမေရိကန်တစ်နိုင်ငံလုံးမှာ မင်္ဂလာပွဲနဲ့ပတ်သတ်ရင် အကုန်ဖြည့်ဆည်းပေးနိုင်နဲ့ Tying the Knot ဆိုတဲ့ လုပ်ငန်းကိုစပြီး လုပ်ခဲ့ပါတယ်။ သူ့ရဲ့ လုပ်ငန်းအသစ်လေး လူသိများဖို့အတွက်ရော၊ သူ့နောက်ဆုံး စီစဉ်ပေးရတဲ့ မင်္ဂလာပွဲလေးပါဖြစ်ဖို့အတွက် ပြိုင်ပွဲတစ်ခုလုပ်ပြီး ကိုက်ညီတဲ့ စုံတွဲကိုရွေးချယ်ခဲ့ရာမှာ၊ သတို့သားဖြစ်သူက စစ်သားဖြစ်နေတာကြောင့် နိုင်ငံခြားကို နှစ်လအတွင်းသွားရတော့မှာဖြစ်လို့ မင်္ဂလာပွဲကိုလည်း ငါးပတ်အတွင်းအပြီးစီစဉ်ရဖို့ဖြစ်လာခဲ့ပါတယ်။ရွေးချယ်ခံရတဲ့စုံတွဲရဲ့ ဆုံးဖြတ်ချက်အတိုင်း မင်္ဂလာနေရာကို ဗာမွန့်မြို့က မင်္ဂလာဆောင်အိမ်လေးမှာ မင်္ဂလာပွဲ စီစဉ်ပေးရတော့မှာဖြစ်ပေမဲ့ အိမ်လေးကပိတ်သွားခဲ့တာ ငါးနှစ်ကျော်နေခဲ့ပါပြီ။ ဒီလိုနဲ့ ဗန်နက်ဆာကိုယ်တိုင် ဗာမွန့်ကိုလိုက်သွားပြီး အိမ်ပိုင်ရှင်တစ်ဖြစ်လည်း၊ နာမည်ကြီးပန်းပုပညာရှင် အီဗန် စတန်းဖို့ကို အိမ်လေးပြင်ဆင်ခွင့်ပေးပြီး မင်္ဂလာပွဲလုပ်ခွင့်ပေးဖို့ တောင်းဆိုပါတော့တယ်။ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာ အေးအေးချမ်းချမ်းအလုပ်လာလုပ်တဲ့ အီဗန်ကတော့ အစပိုင်းမှာငြင်းပေမဲ့ ဇွဲအရမ်းကောင်းတဲ့ ဗန်နက်ဆာကြောင့် နောက်ဆုံးမှာ အိမ်ပြင်ခွင့်ပေးလိုက်ရပါတော့တယ်။ဒီလိုနဲ့ ဗန်နက်ဆာနဲ့ အီဗန်တို့နှစ်ယောက် တဖြည်းဖြည်းနီးစပ်လာခဲ့ကြပြီး မင်္ဂလာပွဲစီစဉိပေးရတဲ့သူနဲ့ အကြံအိုက်နေတဲ့ ...
movie
The Wedding Cottage (2023)
7.0
Shattered(2007)
Shattered(2007)*************** မင်းသားကြီး Pierce Brosnan နဲ့ Gerard Butlerတို့အဓိက ပါဝင်သရုပ်ဆောင်ထားတယ်.... သူ့နာမည် နေးလ် ရမ်ဒဲတဲ့။ သူ့မှာ ဝင်ငွေကောင်းတဲ့ အလုပ်ကောင်းကောင်းလည်းရှိတယ်။ အိမ်ကောင်းကောင်း ကားကောင်းကောင်းလည်းပိုင်ထားတယ်။ ဇနီးချောလေးအပြင် သမီးချောလေးတစ်ယောက်ပါရှိသေးတယ်။လူတိုင်းအားကျရတဲ့ ဘဝကိုပိုင်ဆိုင်ထားရှာတဲ့ နေးလ် ပေါ့။သူ့ဇနီး အက်ဘီကိုလည်း အရမ်းချစ်တတ်သလို အက်ဘီကလည်းသူ့ကိုသိပ်ချစ်တယ်။ကုမ္ပဏီမှာလည်း အလုပ်လုပ်တာတော်တော့ သူဌေးမျက်နှာသာပေးတာလည်းခံရတယ်။တစ်နေ့ သူ့ သူဌေးက အိမ်ကိုအလည်ခေါ်လို့ နေးလ်ကခရီးထွက်ဖို့ပြင်ပြီး အက်ဘီကတော့သူ့သူငယ်ချင်းနဲ့လျှောက်လည်မယ်လို့စီစဉ်ထားကြတယ်။ သမီးလေး ဆိုဖီကိုတော့ ကလေးထိန်းနဲ့ထားခဲ့ကြမယ်ပေါ့လေ။ အဲ့လိုနဲ့ သူတို့နှစ်ယောက် ကားမောင်းထွက်လာပြီးမကြာဘူးကားပေါ်မှာခိုးလိုက်လာတဲ့ လူတစ်ယောက်က သူတို့သမီးလေးဆိုဖီကို ပြန်ပေးဆွဲထားတာဖြစ်ကြောင်း \သူခိုင်းတာမှန်သမျှလုပ်ပေးရမယ်ဖြစ်ကြောင်းပြောရင်း ခြိမ်းခြောက်ပါတော့တယ်။ဇာတ်လမ်းအစကနေအဆုံးထိ tension မကျပဲ ဆွဲခေါ်သွားတာဖြစ်လို့ ကြည့်ရတန်တဲ့ဇာတ်ကားတစ်ခုပါပဲ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Muse ပဲဖြစ်ပါတယ်...File size… 1.4GB& 613MB Quality…Blu-Ray 1080p & 720p Format…mp4 Duration….1hr 35min Genre ….. Crime, Thriller ,Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo ...
movie
Shattered(2007)
5.5
White Noise (2005)
ဗိသုကာတစ်ယောက်ဖြစ်တဲ့ဂျိုနာသန်ရေးဗားဟာဇနီးသည်စာရေးဆရာဖြစ်တဲ့အန်နာနဲ့အတူအရင်အိမ်ထောင်ကရတဲ့သားကိုအလှည့်ကျအုပ်ထိန်းရင်းသာယာတဲ့အိမ်ထောင်တစ်ခုကိုပိုင်ဆိုင်ပါတယ်။မနက်ခင်းတစ်ခုမှာတော့ အန်နာကသူကိုယ်ဝန်ရှိနေပြီဆိုတဲ့အကြောင်းဖွင့်ပြောခဲ့တဲ့အတွက်ဂျိုနာသန်တစ်ယောက်ပျော်ရွှင်လို့မဝသေးခင်မှာပဲ အန်နာဟာသူ့ သူငယ်ချင်းဆီကအိမ်အပြန်လမ်းမှာပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။အန်နာပြန်လာနေတဲ့လမ်းမှာရပ်ထားတဲ့ သူ့ကား၊ဖိနပ် အစရှိတာတွေကိုရဲတွေရှာတွေ့ခဲ့ပေမယ့် အန်နာ့ကိုတော့အစအနရှာမရပါဘူး။ အဲ့ဒီအချိန်မှာသူ့ကို ရေမွန်ပရိုက်စ်ဆိုတဲ့လူတစ်ယောက် သူ့ဆီရောက်လာခဲ့ပြီး အန်နာဟာ သေဆုံးသွားခဲ့ပြီဖြစ်တဲ့အကြောင်းနဲသူ့ဆီကိုဆက်သွယ်လာကြောင်းပြောပြလာပါတယ်။သူ့ဇနီးသည်သေဆုံးပြီဆိုတာကိုလက်မခံနိုင်တဲ့ဂျိုနာသန်ကခါးခါးသီးသီးငြင်းဆန်ခဲ့ပေမယ့်မကြာခင်မှာအန်နာ့အလောင်းကိုရှာတွေ့သွားခဲ့တဲ့နောက်၊ဒါ့အပြင်သူကိုယ်တိုင်ဆီကိုပါသေဆုံးသူဇနီးသည်အန်နာဆီကဖုန်းတွေဝင်လာအသံတွေကြားလာတဲ့နောက်မှာတော့ ပဟေဠိဖြစ်နေတဲ့ အန်နာ့သေဆုံးမှုကိုအဖြေသိချင်တဲ့၊ သူ့ဇနီးသည်ကိုနောက်ဆုံးအဖြစ်မြင်လိုတဲ့ စိတ်တွေနဲ့ အန်နာကိုအဆက်အသွယ်ရဖို့ကြိုးစားပါတော့တယ်။ဒါပေမယ့်တစ်ဖက်လောကမှာကိုယ်ဆက်သွယ်ချင်တဲ့သူ၊ကိုယ်ချစ်ခင်ရတဲ့သူတွေသာမဟုတ်ပဲရန်လိုတဲ့ကြောက်မက်ဖွယ်ဝိဉာဉ်တွေလည်းရှိနေသေးတယ်ဆိုတာကို ဂျိုနာသန်မေ့လျော့နေခဲ့ပါတယ်။မကြာသေးခင်ကမှ The FlashမှာBruceWayneအဖြစ်ပြန်လည်တွေ့ခဲ့ရတဲ့Batmanမင်းသားဟောင်းကြီးMichaelKeatonခေါင်းဆောင်ပါဝင်တဲ့ဒီဇာတ်ကားဟာတစ်ချိန်ကနာမည်ကျော်ခဲ့တဲ့Horrorတစ်ကားဖြစ်ပြီးgenreaudienceတွေလက်မလွတ်သင့်တဲ့ကားဟောင်းကားကောင်းတစ်ကားဖြစ်ပါတယ်။File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Drama, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias
movie
White Noise (2005)
5.2
Double Life ( 2023 )
2023 မေလ၅ရက်နေ့ကမှပူပူနွေးနွေးထွက်ရှိခဲ့တဲ့ကားပဲဖြစ်ပါတယ်။ Javicia Leslie,John Cassiniနဲ့ Pascale Huttonတို့ကအဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအသွားကတော့ Sharon Satter ဆိုတဲ့ အမျိုးသမီးဟာ သူမရဲ့ခင်ပွန်းဖြစ်သူ Mark Setter က ရုံးကအပြန်မှာ သေဆုံးသွားတာကိုသိရှိပြီး ပူဆွေးနေတုန်းမှာပဲ Jo Creuzot ဆိုတဲ့အမျိုးသမီးက သူမရဲ့ခင်ပွန်းသေဆုံးမှုက ပုံမှန်မဟုတ်ကြောင်းပြောပြရင်း အစအနများကိုလိုက်ရှာကြရာကနေ တကယ်ကိုမထင်ထားတဲ့ လှည့်ကွက်တွေနဲ့ စိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့ CrimeThriller အမျိုးအစားပဲဖြစ်ပါတယ်။ တကယ့်ကို မထင်ထားတဲ့လှည့်ကွက်များနဲ့ အက်ရှင်များကိုကြိုက်နှစ်သက်ရင်တော့ ဒီဇာတ်ကားကိုကြည့်ဖို့တိုက်တွန်းပါတယ်.File size…(1.5 GB)/(720 MB)/(350 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phyo Phill
movie
Double Life ( 2023 )
6.7
The Exorcism of Emily Rose(2005)
The Exorcism of Emily Rose(2005)=============================ဒီတခါ ဇာတ်ကားလေးကတော့ 2005 ခုနှစ်မှာထွက်ရှိခဲ့ပြီး Director Scott Derrickson ရိုက်ကူးခဲ့တဲ့သဲထိပ်ရင်ဖိုကားလေးပဲဖြစ်ပါတယ်မင်းသမီး က Jennifer Carpenter ဖစ်ပြီး ဒီဇာတ်လမ်းလေးက1976 ခုနစ်က ဂျာမနီမှာ သေဆုံးခဲ့တဲ့ Anneliese Michel ဆိုတဲ့ဂျာမန်မလေးရဲ့ မကောင်းဆိုးဝါး ပူးကပ်ခံရတဲ့ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားပါတယ်ဇာတ်လမ်းအကျဉ်းကတော့ emily rose ဆိုတဲ့ ၁၉ နှစ်အရွယ်ကောင်မလေးက အနေအေပြီး စာဖတ်တာ ဂီတလေ့လာတာနဲ့ပဲအိမ်ထဲမှာပဲနေလေ့ရှိတယ် ဒါပေမဲ့ တက္ကသိုလ်တက်ဖို့အတွက်scholarship ရခဲ့တော့ ဆရာမဖြစ်ချင်တဲ့ သူမရဲ့အိပ်မက်ကြောင့်မိသားစုနဲ့ခွဲပြီ းသွားတက်ဖို့ဆုံးဖြတ်လိုက်တယ် သူမကညဘက်တွေဆိုမီးလောင်တဲ့အနံ့ရလို့ နိုးလာတတ်ပြီးအဆစ်တွေလှုပ်မရတာတွေ မျက်ဆံအနက်ကြီးဖြစ်သွားတာတွေနာရီအတော်ကြာအော်နေတာတွေ အင်းဆက်တွေစားတာတွေစတဲ့လက္ခဏာတွေနဲ့ မကြာခင်မှာသေဆုံးသွားတယ် သူမရဲ့သေဆုံးမှုကကျန်းမာရေးအခြေအနေကြောင့်လား? မကောင်းဆိုးဝါးဝင်ပူးတာလား?သူမရဲ့သေဆုံးမှုရဲ့တရားခံက ဘယ်သူလဲ? ဆိုတာ Jennifer Carpenter ရဲ့တအားမိုက်တဲ့ သရုပ်ဆောင်ချက်တွေကို ကြည့်ရင်း အဖြေတူတူရှာလိုက်ကြဦးနော် အညွှန်းနဲ့ဘာသာပြန်ကတော့ Duckkie ပဲဖြစ်ပါတယ်; File size…1GB / 435MB Quality…Blu-Ray 1080p5.1CH ...
movie
The Exorcism of Emily Rose(2005)
6.5
Operation Christmas Drop(2020)
Operation Christmas Drop(2020)ခရစ္စမတ်ရာသီမှာခရစ္စမတ်ကားကောင်းလေးတွေမျှော်လင့်နေသူတွေအဖို့တော့ ဒီကားလေးက အကောင်းဆုံးဖြစ်မှာပါ။အဲရီကာဆိုတာလွှတ်တော်က အမျိုးသမီးတစ်ဦးရဲ့လက်ထောက်ပါ။အဲဒီအမျိုးသမီးဟာ ကျွန်းတွေပေါ်မှာအခြေစိုက်နေတဲ့လေတပ်စခန်းတွေကိုပိတ်သိမ်းဖို့လိုလားနေတဲ့အမျိုးသမီးပေါ့။အဲဒီစခန်းကိုပိတ်သိမ်းနိုင်ဖို့ အဲရီကာကိုသွားရောက်စုံစမ်းစေပါတော့တယ်။အဲဒီစခန်းမှာက ခရစ္စမတ်အချိန်ရောက်ရင် အနီးအနားကကျွန်းတွေကို ခရစ္စမတ်လက်ဆောင်တွေ၊ရိက္ခာတွေကိုလေယာဥ်ပေါ်ကပစ်ချပေးတဲ့အစီအစဥ်ရှိပါတယ်။အဲဒီအစီအစဥ်က အခွန်ဆောင်ထားတဲ့ပြည်သူတွေရဲ့ပိုက်ဆံတွေကိုဖြုန်းတီးနေတာလားလို့အဲရီကာတစ်ယောက်စုံစမ်းရင်း ဘာတွေသိရှိလာရမလဲ?သူဘယ်လိုအစီရင်ခံတင်ပြမလဲဆိုတာစိတ်၀င်တစားကြည့်ရှုရမယ့်ကားလေးပါ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Aye Mon Kyaw ဖြစ်ပါတယ်....File Size :(905 MB) and (331MB) Quality : WEB-DL 720p Format…mp4 Duration…01:33:00 Genre : Comedy ,Family , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon Kyaw Encoded by Phyo Pyae
movie
Operation Christmas Drop(2020)
7.5
X-men 2 (2003)
Professor Charles Xavier and his team of genetically gifted superheroes face a rising tide of anti-mutant sentiment led by Col. William Stryker. Storm, Wolverine and Jean Grey must join their usual nemeses – Magneto and Mystique – to unhinge Stryker's scheme to exterminate all mutants. Xmen Universe ကို Extended Version 1080p BluRay 5.1 Audio နဲ့ တင်ဆက်လိုက်ပါတယ်….ယခင်တင်ဆက်ခဲ့တုန်းက လိုအပ်ချက်တချို့ရှိခဲ့တဲ့ စာတန်းထိုးတွေကိုလဲ ပြန်လည်ဖြည့်စွက်ပြင်ဆင်ထားပါတယ်။X-men ဇာတ်ကားအားလုံးကို https://channelmyanmar.to/category/x-men/ မှာဒေါင်းလို့ရပါတယ်။ File ...
movie
X-men 2 (2003)
2003
6.2
Final Destination 2 (2003) IMDb......6.2/10 (Blu-Ray 1080p 5.1 CH,Blu-Ray 720p တို့ဖြင့် အရောင်အသွေးစုံလင်စွာဖြင့် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်….))Horror ကားကြိုက်နှစ်သက်သူတို့အဖို့ ကြည့်ဖူးသမျှထဲမယ် သူတို့ရဲ့ နှလုံးသည်းအူကို လှုပ်ရမ်းနိုင်တဲ့ ဇာတ်ကားများကို ပြောပါဆိုရင်Final Destination တွေကိုပြောကြမှာသေချာသလောက်ပါပဲ....ယ္ခုနောက်ပိုင်းထွက်တဲ့ horror ကားတော်တော်များများမှာ အထူးသဖြင့် Jump scare မျိုး ဝုန်းကနဲဒိုင်းခနဲ ခြောက်လှန့်တတ်တဲ့ ကားမျိုးတွေကို horror ကား ကြိုက်နှစ်သက်သူသူတို့အဖို့ ကြာလာတော့ အနည်းငယ်ရိုးအီလာသလိုပါပဲ.......Final Destination လို horror မျိုးကျတော့လည်း တကယ့်ကို သွေးပျက်ထိတ်လန့်စရာဖြစ်တဲ့အပြင်ကျောထဲစိမ့်နေအောင် ကြောက်နေရတာမျိုး....မင်း horror ဘယ်လောက် crazy ဖြစ်လဲဆိုတာကို Final Destination (1 to 5)ကို စဆုံးကြည့်ဖြစ်လားဆိုတာမျိုးနဲ့ ဆုံးဖြတ်ရလောက်အောင် သွေးပျက်ထိတ်လန့်စရာပါပဲ... ယ္ခုလည်း New Line Cinema ကFinal Destination Reboot ကိုစတင်လုပ်ဆောင်နေပြီလို့သိရပါတယ်။ ဒီတော့ စဆုံးလေးကို ပြန်လည် ခံစားချင်သူများအတွက် အရည်အသွေးစုံလင်စွာဖြင့် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်..... -------------------------------------------------------- File Size : (1.4GB) and (852MB) Quality : ...
movie
Final Destination 2 (2003)
2003
7.1
I, Robot (2004)
AI နည်းပညာကို Phone တွေထဲ ထည့်သွင်းဖို့ ကြိုးစားနေကြတဲ့သတင်း ဖတ်မိတော့i,Robot ဆိုတဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားလေးကို သွားသတိရမိပါတယ်ဒီဇာတ်ကားဟာ Artificial Intelligence (ဉာဏ်ရည်တု) နည်းပညာရဲ့ကောင်းကျိုးဆိုးကျိုးတွေကို ထည့်သွင်းရိုက်ကူးထားတာကြောင့်ပညာပေးဇာတ်ကားတစ်ကားလို့တောင် ဆိုနိုင်ပါတယ်i,Robot ကို ဒါရိုက်တာ Alex Proyas ရိုက်ကူးခဲ့ပြီး မင်းသားကြီး Will Smith နဲ့မင်းသမီး Bridget Moynahan တို့က ဦးဆောင်ပါဝင်ထားပါတယ်IMDb 7.1 ရရှိထားတာကြောင့် ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားဆိုတာ သေချာပါတယ်ဒီဇာတ်ကားကို ကြည့်ရှုနေစဉ်မှာပင် ဇာတ်ဆောင်တွေ နဲ့ ဇာတ်လမ်းထဲကဇာတ်ရုပ်တွေအလွန်လိုက်ဖက်လွန်းတာကို သတိထားမိကြပါလိမ့်မယ်ဇာတ်လမ်းအကျဉ်း 2035 ခုနှစ် ချီကာဂိုမြို့မှာ ဇာတ်အိမ်တည်ထားပါတယ်ကမ္ဘာ့အကြီးဆုံး ရိုဘော့ထုတ်လုပ်ရေးကုမ္ပဏီ USR အဆောက်အဦးမှာကိုယ့်ကိုယ်ကိုယ်သတ်သေမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်သေဆုံးသူကတော့ ရိုဘော့ပညာရှင် ဒေါက်တာအဲလ်ဖရက်လန်နင် ဖြစ်ပါတယ်ထူးခြားတာာက ဒီအမှုကိုကိုင်တွယ်ဖို့ စုံထောက်တစ်ယောက်ကိုသေဆုံးသူက ကြိုတင်ရွေးချယ်ထားတာပါ သူရွေးချယ်ခဲ့တဲ့စုံထောက်ကတော့ရိုဘော့တွေကို နဂိုတည်းက မုန်းတီးရင်းစွဲစိတ်အခြေခံရှိထားတဲ့ စုံထောက်စပွန်နာ ဖြစ်ပါတယ်အခင်းဖြစ်ပွားခဲ့တဲ့နေရာမှာ ပုန်းအောင်းနေတဲ့ NS-5 ရိုဘော့တစ်ကောင်ကိုစုံထောက်စပွန်နာ ရှာတွေ့ခဲ့တဲ့အခါမှာတော့.....အဲလ်ဖရက်လန်နင်က ...
movie
I, Robot (2004)
2004
6.2
Walking Tall (2004)
အက်ရှင်ကားကြိုက်တဲ့ပရိသတ်တွေအတွက် ဇာန်ကားကောင်းလေးတစ်ကားတင်ပေးလိုက်ပါတယ်Walking Tall ရုပ်ရှင်ဇာတ်ကားဟာ ၂၀၀၄ခုနှစ်ထွက် အက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး Imdb rating 6.2/10 ရရှိထားပါတယ်ပါဝင်သရုပ်ဆောင်ထားသူတွေကတော့ အက်ရှင်မင်းသားကြီးDwayne Johnson,မင်းသမီးချော Ashley Scott,မင်းသား Johnny Knoxville စတဲ့သူတွေဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့ ဂုဏ်ထူးဆောင်စစ်သားဖြစ်ဖူးတဲ့ Chris Vaughn တစ်ယောက် ရာထူးကနေအနားယူပြီး မွေးရပ်မြေမြို့လေးမှာ ပြန်အခြေချနေထိုင်ခဲ့ပါတယ်။သူပြန်လာတဲ့အခါ တစ်မြို့လုံးမှာအကြီးဆုံးစီးပွားရေးက အရင်ကျောင်းနေဖက်တွေဖြစ်ခဲ့ဖူးတဲ့Jay Hamilton နဲ့ Ray Templeton တို့ဦးစီးလုပ်ကိုင်နေတဲ့ ကာစီနိုလောင်းကစားဝိုင်းကြီးဖြစ်နေခဲ့ပါတယ်။တစ်မြို့လုံးမှာ လောင်းကစား အရက် ဆေး စသည်ဖြင့်မကောင်းမှုမျိုးစုံနဲ့ပြည့်နေတာကိုမြင်နေရတဲ့အခါ Chris တစ်ယောက် ရဲတွေကိုယ်စား သူ့လက်နဲ့ဖြေရှင်းပါတော့တယ်။သူတစ်ကယ်ပဲဖြေရှင်းနိုင်ပြီး အရင်ကလိုကောင်းမွန်တဲ့မြို့လေးပြန်ဖြစ်အောင်လုပ်နိုင်မှာလား....ဘယ်လို ပြဿနာတွေကြုံတွေ့ရမှာလဲဆိုတာ စွန့်စားခန်းအပြည့်နဲ့ရိုက်ကူးထားတာမို့ အက်ရှင်ကားချစ်ပရိတ်သတ်တွေကြည့်ရှု့အားပေးလိုက်ပါဦး File Size : (750 MB) and (310 MB) Quality : Blu-Ray 720p Running Time : 1hr 26min Format : Mp4 Genre : Action, ...
movie
Walking Tall (2004)
2004