Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
张星瑶
5.8
One Night Stand ( 2024 )
ကျောင်းပြီးဘွဲ့တွေရကြပြီးတော့ အသီးသီးကိုယ်စီ ကိုယ့်လမ်းကိုယ်လျှောက်နေကြတဲ့အခါ ကျောင်းတုန်းကအတူတူအတန်းလစ်ခဲ့တာ၊ဆိုးခဲ့ကြတဲ့ သူငယ်ချင်းတွေနဲ့ဝေးကွာနေကြတယ်ဆိုရင် ဒီဇာတ်ကားလေးကိုကြည့်ရင်းဘဝအမောတွေဖြေဖျောက်နိုင်ဖို့ တင်ဆက်ပေးပါရစေ။ဇာတ်လမ်းလေးကတော့ကြော်ငြာကုမ္ပဏီမှာလက်ထောက် ဒါရိုက်တာရာထူးကနေ ဒါရိုက်တာရာထူးကိုလိုချင်လို့အလုပ်ကြိုးစားနေတဲ့ လင်သာ့ချုံ၊ ဘေးပတ်ပတ်လည်မိန်းကလေးတွေ ဝိုင်းရံနေတဲ့ခန့်ညားချောမောတဲ့ဓါတ်ပုံဆရာ ဖန့်သာ၊ တက္ကစီမောင်းရင်းမိန်းမနဲ့ကလေးကိုရှာကျွေးနေတဲ့ လျိုရှောင်သောင်း၊ ငယ်စဉ်တည်းကသူဌေးသား လွီဖန့်ဖန့် ၊ သူတို့လေးယောက်ကတော့ ကျောင်းနေဖက်သူငယ်ချင်းဆိုးဖော်ဆိုးဖက်တွေဖြစ်ကြတာပေါ့။တနေ့မှာ ဖန့်ဖန့်ကတော့လင်သာ့ချုံရှိရာဆီလာပြီး မတွေ့ကြာတဲ့သူငယ်ချင်းတွေနဲ့ စုံစည်းချင်တယ်လို့ပြောတယ်။ သို့ပေမဲ့သာ့ချုံက သူလိုချင်တဲ့ဒါရိုက်တာရာထူးကို မက်မောနေတာကြောင့် ငြင်းဆိုခဲ့တာကြောင့်ဖန့်ဖန့်တစ်ယောက် သူ့အမေသေဆုံးသွားပြီး သူ့မှာနှလုံးရောဂါကြောင့် ဘယ်လောက်မှမခံတော့ကြောင်းဇာတ်လမ်းဆင်ခဲ့ရာမှာ သာ့ချုံလည်းသနားသွားပြီး တစ်နေ့တာသူငယ်ချင်းတွေနဲ့ အလုပ်လုပ်ရင်းလည်ပေးဖို့ဆုံးဖြတ်ခဲ့တယ်။ဒီလိုနဲ့သူငယ်ချင်းလေးယောက်သား စကားဝိုင်းမှာ တစ်ယောက်တစ်မျိုးစီကိုယ်ဖြစ်ချင်တဲ့ဆန္ဒတစ်ခုစီပြောရင်း အဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးကြဖို့ သဘောတူခဲ့ကြတယ်။ ဒီလိုနဲ့သမီးလေးရှိတဲ့ရှောင်းသားကတော့ သူ့သမီးဆန္ဒဖြစ်တဲ့ ဝက်ဝံလေးမွေးဖို့၊ဓါတ်ပုံဆရာ ဖန့်သာကတော့ သူ့အချစ်ဦးနဲ့တွေ့ဖို့၊ရုံးမှာစိတ်ကျဉ်းကျပ်လာတိုင်း လမ်းဘေးခေါက်ဆွဲဆိုင်လေးမှာ ခေါက်ဆွဲစားချင်တဲ့ သာ့ချုံ၊ငယ်စဉ်ကချမ်းသာပေမဲ့ သူများကဘောင်းဘီခွကြားထဲကနေ ဝပ်သွားဖြတ်လျှောက်ခိုင်းတာကြောင့် လက်စားပြန်ချေချင်တဲ့ ဖန့်ဖန့်။ဒီဆန္ဒလေးခုကို အကုန်အတူတူဖြည့်ဆည်းပေးကြတဲ့ အချိန်မှာဘယ်လိုတွေဖြည့်ဆည်းပေးကြမလဲ။ ဘယ်လိုတွေများသူငယ်ချင်းတွေစုပြီး ကယက်ထကြမလဲဆိုတာတွေနှင့်အတူ ဒီဇာတ်ကားလေးထဲမှာကျောင်းနေဖက် သူငယ်ချင်းတွေနဲ့ ပြန်တွေ့ဆုံကြတဲ့ခံစားချက်မြင်ကွင်းလေးတွေကို ပေါ်လွင်အောင်ရိုက်ကူးထားတဲ့အပြင် ပေါ့ပေါ့ပါးပါးဟာသဇာတ်လမ်း ဆိုပေမဲ့လည်း ရင်ထဲမှာတခုခုစွဲကျန်သွားစေရုံတင်မက One Night Stand ဆိုသည့်အတိုင်းတစ်ညတာပျော်ပါးကြပုံတွေကို ဇာတ်လမ်းလေးထဲမှာ မြင်တွေ့ရမှာဖြစ်တာကြောင့် လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင် Filesize : 1.93 GB / 998 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Comedy , Drama Runtime : 1h 44 min Subtitle : Myanmar Subtitle ( ...
movie
One Night Stand ( 2024 )