Channel Myanmar

Cassiopeia (2022)

1h 41min Drama

5
IMDB: 5/10 120 votes

South Korea

210034

Report error

Cassiopeia (2022)

ဟိုးအရင်တုန်းက ညဘက်မှာ လမ်းပျောက်ရင် ဓူဝံကြယ်ကိုကြည့်ပြီး လမ်းရှာခဲ့ကြပါတယ်
ဓူဝံကြယ်ကိုရော ဘယ်လိုရှာသလဲ…
အတောက်ပဆုံးဆိုတဲ့ “ကယ်ဆီယိုးပီးယား” ဆိုတဲ့ ကြယ်စုတန်းကို ရှာတွေ့ရင် ဓူဝံကြယ်ကို ရှာတွေ့ပါသတဲ့လေ…
ဒါဆိုရင် ညဘက်မှာလမ်းပျောက်ရင် ကြယ်ကိုကြည့်ပြီး လမ်းရှာနိုင်ပေမဲ့
နေ့ခင်းဘက်မှာ လမ်းပျောက်ရင်ရော…

442

တကယ်တမ်း နေ့ခင်းမှာလမ်းပျောက်ခဲ့သူကတော့ ဘတ်ဆူဂျင်းပါပဲ

ဘတ်ဆူဂျင်းဟာ သမီးနဲ့ နှစ်ယောက်တည်းနေရင်း တစ်ခုခုဆို အဖေဖြစ်သူကိုပါ အကူအညီတောင်းနေရသူ တစ်ယောက်ပါ
ဖြစ်ချင်တော့ အသက် ၃၀ ကျော်ပဲရှိသေးတဲ့ ဘတ်ဆူဂျင်းဆီကို မထင်မှတ်ထားတဲ့၊
အဲဒီအသက်အရွယ်မှာ ဖြစ်ခဲလှတဲ့ Dementia လို့ ခေါ်တဲ့ သတိမေ့တတ်တဲ့ ရောဂါကြီး ရောက်လာခဲ့ပါတော့တယ်။

တကယ်တမ်း အရေးကြုံလာရင် ဘေးနားမှာရှိပေးတာက မိဘပါပဲ၊
ဘတ်ဆူဂျင်းရဲ့အဖေကတော့ သမီးဖြစ်သူရဲ့ ဘေးမှာ စောင့်ရှောက်ပေးရင်း အရာရာကို အတူတူရင်ဆိုင်ပေးခဲ့တာပါ

ဘတ်ဆူဂျင်းအဖြစ် သရုပ်ဆောင်ထားတာကတော့ Why Her? ကရှေ့နေမမ အိုဆူဂျယ် (Seo Hyun Jin) ပဲဖြစ်ပါတယ်၊

ရှေ့နေဆိုတဲ့ ဇာတ်ကောင်တူနေပေမဲ့ လုံးဝကွဲပြားနေတာကတော့
သတိမေ့တတ်တဲ့ ပုံစံနဲ့ သရုပ်ဆောင်ရတဲ့ဇာတ်ကောင်စရိုက် ပါပဲ

ဒီရုပ်ရှင်ကတော့ Seo Hyun Jin ရဲ့ next level ရောက်နေတဲ့ သရုပ်ဆောင်ချက်တွေနဲ့တင် ကြည့်ရတာ အရမ်းကိုတန်နေပါပြီ
နောက်ဆုံးမှာ လမ်းပျောက်နေတဲ့ ဆူဂျင်းတစ်ယောက် ရှာတွေ့သွားနိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးနော်

အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။

Genre….. Drama
Quality…. 1080p | 720p | 480p
File size…  931MB | 534MB | 238MB
Format… mp4
Duration…. 1h 41min
Subtitle…. Myanmar Subtitle (Hardsub)
Translator ….. Joyz
Encoder ….. August



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available


Related movies