Exit print mode Print Data A+ A- Undo all

Campton Manor (2024)

Campton Manor (2024)Campton Manor (2024)

Synopsis:

 

Horror ချစ်သူများအတွက် စိတ်ဝင်စားစရာလှည့်ကွက်မျိုးစုံနဲ့

442

ဖြဲမခြောက်ဘဲ ကျောချမ်းနေရမဲ့ သရဲကားအသစ်လေးကို

တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့

Campton Manor ဖြစ်ပြီးနာမည်ကြီးသရုပ်ဆောင်တွေ

ဒါရိုက်တာတွေနဲ့ ရိုက်ကူးထားတာတော့မဟုတ်ပေမဲ့ သူဟာနဲ့

သူကြည့်ကောင်းတဲ့အနေအထားတော့ရှိပါတယ်။ဒီဇာတ်ကားက

Horror ဆိုပေမဲ့ လျှို့ဝှက်ဆန်းကြယ်ဖြစ်စဉ်တွေနဲ့ ပေါင်းစပ်

ထားတာဖြစ်တဲ့အတွက် ပုံမှန်သရဲကားတွေလို ခြောက် လန့်

ပြေးမဟုတ်ဘဲ ခေါင်းနည်းနည်းသုံးပြီးတော့စိတ်ဝင်စားစရာ

ကောင်းတဲ့ပုံစံမျိုးဖြစ်ပါတယ်။

ဇာတ်လမ်းရဲ့ အစမှာတော့ အောင်မြင်တဲ့သည်းထိတ်ရင်ဖိုစာရေး

ဆရာတစ်ဖြစ်လည်း ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ တက်ဒီ့ကို

တွေ့ရမှာဖြစ်ပါတယ်။သူဒီနေ့အလုပ်လာတဲ့ ရက်မှာတော့သူ့ရုံးခန်းကို

ဂျက် ဆိုတဲ့လူတစ်ယောက်ကရောက်နေပါတယ်။ဂျက်ကတော်တော်

ထူးဆန်းတဲ့လူတစ်ယောက်ဖြစ်ပြီး လာရင်းအကြောင်းလည်း

မပြောသလို သူဘယ်သူဆိုတာကိုလည်းမပြောပြပါဘူး။ဒါပေမယ့်

သူက တက်ဒီ့မှာသေဆုံးပြီးသား လူတွေကိုမြင်နေရတဲ့ အစွမ်းတစ်ခု

ရှိနေတာကို သိပြီးတော့ အဲ့ဒီအစွမ်းကိုအသုံးချဖို့လိုအပ်တဲ့အတွက်

အကူအညီလာတောင်းတာလို့တော့ပြောပါတယ်။ဘာကိစ္စအတွက်

တက်ဒီ့ အစွမ်းတွေကို လိုလဲဆိုတာကတော့ လွန်ခဲ့တဲ့ဆယ်စုနှစ်

တွေတုန်းက ကမ့်ပ်တွန်ဆိုတဲ့အိမ်တော်ကြီးမှာလူတွေအစုလိုက်

အပြုံလိုက်သေဆုံးခဲ့ကြပြီး ဘာလို့သေဆုံးခဲ့ရလဲဆိုတာကို

အခုထက်ထိအဖြေမရှာနိုင်သေးတဲ့ အမှုအတွက်ပဲဖြစ်ပါတယ်။

တက်ဒီကတော့စိတ်မပါပေမဲ့ ဂျက်ကအတင်းအကြပ်ခေါ်နေတဲ့

အတွက်ပါသွားခဲ့ပြီးနောက်မှာတော့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့

ကမ့်ပ်တွန်အိမ်တော်ကြီးကိုရောက်ခဲ့ပါတော့တယ်။အဲ့ဒီကစပြီးတော့

တက်ဒီနဲ့ ဂျက်နှစ်ယောက်အိမ်ကြီးထဲဝင်သွားခဲ့ကြပြီးနောက် ဒီအိမ်ကြီးမှာ

ဖြစ်ခဲ့တဲ့ လူသတ်မှုတွေရဲ့ နောက်ကွယ်မှာဘယ်လိုလျှို့ဝှက်ဆန်းကြယ်

မှုတွေရှိနေလဲ ဆိုတာကို အဖြေရှာကြပုံကို ကြည့်ရမဲ့ဇာတ်ကားကောင်း

တစ်ကားပဲဖြစ်ပါတယ်။

 

File size…976MB / 395MB
Quality…WEB-Rip 1080p  / 720p
Format…mp4
Duration….1h 32m
Genre ….. Horror , Mystery , Thriller
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Saw Lay



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
2.833
Status
Released
ID IMDb.com
tt8192610
IMDB Rating
5.0
ID Themoviedb.org
1259417
TMDb Rating
4.3
TMDb votes
3