Cam (2018)


Synopsis:
CM ပရိတ်သတ်ကြီးအတွက် ဒီတစ်ခါ တင်ဆက်ပေးမှာကတော့
Rating 6.5 ရရှိထားတဲ့
‘Cam’ ဆိုတဲ့ ဇာတ်ကားလေးပါ
ဒီကားထဲမှာဆိုရင် အယ်လစ်ဆိုတဲ့ ကောင်မလေးက
လိုလာဆိုတဲ့အကောင့်နာမည်နဲ့ ကမ်ရှိုးတွေပြပါတယ်
ကမ်ရှိုးဆိုတာကတော့ ဝဘ်ဆိုဒ်တစ်ခုမှာ မိန်းကလေးတွေက လိုက်ဗ်လွှင့်တယ်
အမျိုးသားတွေက ဘောက်ဆူးတွေပေးပြီး သူတို့ခိုင်းတာကို
မိန်းကလေးတွေကလုပ်ပြရတာမျိုးပါ
တစ်နည်းအားဖြင့်တော့ public sex chat သလိုပါပဲ
လူကြိုက်များ မများပေါ်မူတည်ပြီးတော့လဲ အဆင့်တွေသတ်မှတ်ထားတာပေါ့
အဲ့မှာ အယ်လစ်က သိပ်မကျော်ကြားသေးတဲ့သူပေါ့
သူကအဆင့်တက်ဖို့ကြိုးစားနေတာ တစ်နေ့မှာတော့
သူကခပ်ဆန်းဆန်းရှိုးလေးတစ်ခုပြပြီတော့
ထိပ်ဆုံးအဆင့် ၅၀ အတွင်းဝင်သွားပါတော့တယ်
ဒါပေမဲ့နောက်တစ်နေ့ သူအိပ်ရာက နိုးလာတော့ သူ့အကောင့်ထဲကို ဝင်လို့မရတော့ပါဘူး
အဲ့ထက်ပိုဆိုးတာက သူ့အကောင့်မှာ သူနဲ့တစ်ပုံစံထဲတူတဲ့ မိန်းကလေးက
သူ့လိုဟန်ဆောင်ပြီး ရှိုးတွေဆက်ပြနေတာပါပဲ
အယ်လစ်ဟာ သူပြနေတာမဟုတ်တဲ့ရှိုးတွေအတွက်လဲ နာမည်ပျက်လာပါတော့တယ်
သူဒီကိစ္စကို ဘယ်လိုဖြေရှင်းသွားမလဲ ဒီကိစ္စရဲ့နောက်ကွယ်မှာရော ဘာတွေရှိနေမလဲ
ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုခံစားကြပါ
(ဇာတ်ဝင်ခန်းတော်တော်များများက ကလေး၊ မိသားစုတွေနဲ့ အတူကြည့်ဖို့မသင့်တော်ပါဘူး)
File Size : (815 MB) and (259 MB)
Quality :Web DL 720p
Running Time :1hr 34 min
Format : Mp4
Genre : Horror , Mystery , Thriller
Subtitle : Myanmar Subtitle (Hard Sub)
Translated by HMO
Encoded by Moe Myint Lwin
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။