Calvaire (2004)
Some people would kill for company.

Synopsis:
ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို
ဒါရိုက်တာ Fabrice du Welz ကရိုက်ကူးပုံဖော်ထားပြီး
မင်းသား Laurent Lucas ,မင်းသမီး Brigitte Lahaie နဲ့
မင်းသား Jackie Berroyer တို့ပါဝင်သရုပ်ဆောင်ထားတဲ့
Calvaire ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ.
ဒီဇာတ်ကားဟာ Special Juary Prize, Premier Award
International Critics Award နဲ့ Best Film Award
စတဲ့ဆုများစွာ ရရှိထားတဲ့အပြင် ဆန်ကာတင် စာရင်းတွေမှာပါ
ပါဝင်ထားပြီး rating 6.1/10အထိရရှိထားပါတယ်
ဒီဇာတ်ကားမှာ အောင်မြင်တဲ့ သဘင်ပညာသည်တစ်ယောက်
ဖြစ်ချင်နေတဲ့ မာ့စ်စတီဗင်ဆိုတဲ့ ကောင်လေးတစ်ယောက်
ခရစ္စမတ်ပွဲတစ်ခုကို ဖျော်ဖြေဖို့အတွက် သွားတဲ့လမ်းမှာ
ကားပျက်သွားပြီး တောထဲမှာ ဘိုရစ်ဆိုတဲ့ သူ့ရဲ့ခွေးမလေး
ဘဲလ်လာကို လိုက်ရှာနေတဲ့ ကောင်လေးတစ်ယောက်နဲ့
တွေ့ပါတယ် အဲ့မှာတင် ဘိုရစ်ကညကြီး အချိန်မတော်
မိုးကလည်းရွာနေတာ ဆိုတော့ မာ့စ်ကို အနီးအနားက တည်းခိုခန်း
တစ်ခုကိုလိုက်ပို့ပေးလိုက်ပါတော့တယ် ဖြစ်ချင်တော့
တည်းခိုခန်းပိုင်ရှင် အဖိုးကြီးက သူ့မိန်းမပြန်အလာကိုစောင့်နေတဲ့
စိတ္တဆန်ဆန်ဖြစ်နေတဲ့ သူတစ်ယောက်ဖြစ်နေပါတယ်
ဘာမှမသိတဲ့ မာ့စ်တစ်ယောက် အစကတော့ အဖိုးကြီးရဲ့
ဖော်ရွေမှုတွေ ဧည့်ဝတ်ကျေပွန်မှုတွေကြောင့် သာယာမိနေပါတယ်
အဖိုးကြီးကလည်း မာ့စ်ကားကို မိမိပြင်ပေးမည် ဖြစ်ကြောင်းနဲ့
ခရစ္စမတ်မတိုင်မှီ ဖျော်ဖြေပွဲကို အချိန်မှီရောက်နိုင်ကြောင်း
မာ့စ်ကိုအယုံသွင်းပါတော့တယ် အဲ့ဒီနောက် အဖိုးကြီးက
ဒီတည်းခိုခန်းက သူ့မိန်းမရှိတဲ့အချိန်တုန်းကတော့ စည်စည်ကားကား
ရှိခဲ့ကြောင်း မိမိကလည်း လူရွှင်တော်တစ်ယောက်ဖြစ်ကြောင်းနဲ့
သူ့မိန်းမထွက်သွားပြီးတဲ့နောက်ပိုင်း အရာအားလုံး ကပြောင်းကပြန်
တွေ ဖြစ်ကုန်ကြောင်း ရင်ဖွင့်ပါတော့တယ် အဲ့ဒီနောက် အဖိုးကြီးရဲ့
အပြုအမူတွေက တဖြည်းဖြည်း သံသယဖြစ်စရာကောင်းလာပြီး
မိမိအတွက် အန္တရာယ်ရှိနိုင်ကြောင်း မာ့စ်တစ်ယောက် သိရှိသွားတဲ့
အခါမှာတော့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ..
မာ့စ်တစ်ယောက်အဖိုးကြီးလက်ကနေလွတ်ပြီး ခရစ္စမတ်ဖျော်ဖြေပွဲ
ကို အချိန်မှီရောက်နိုင်ပါ့မလား ဆိုတာကိုဒီဇာတ်ကားလေးထဲမှာ
ကြည့်ရှုသူ ပရိတ်သတ်ကြီးကိုယ်တိုင်ပဲ ရင်သပ်ရှုမောဖွယ်
စောင့်မျှော်ကြည့်ရှုလိုက်ပါဦး..
ဒီဇာတ်ကားက Drama, Horror &Thriller အမျိုးအစားကိုမှ
ကြည့်ရှုရတာကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ကြည့်ရှုသူပရိတ်သတ်တွေ
အကြိုက်တွေ့စေမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်…
File size…1.62GB / 775MB
Quality…WEB-Dl 1080p 5.1CH / 720p
Format…mp4
Duration….1h 28m
Genre ….. Drama , Thriller
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Eh Phaw
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။