Channel Myanmar

Calibre (2018)

TV-MA 1h 41min Thriller

6.7
IMDB: 6.7/10 9,636 votes

, , , , , , , , ,

N/A

USA

248963

Report error

Martin McCann and Jack Lowden in Calibre (2018)

Netflix ရဲ့ နောက် Movie တစ်ခုကို ထပ်မံ တင်ဆက်ပေးလိုက်ပါပြီ

442

Netflix ရဲ့ ထုံးစံအတိုင်း တွေးစရာတွေ အများကြီးပေးပြီး

ပေါ့ပေါ့ပါးပါး ဇတ်လမ်းလေးကိုပဲ စိတ်ဝင်စားစရာတွေ

တစ်ပုံကြီး နဲ့ စွဲဆောင်ထားပြန်ပါတယ်….

ဇတ်လမ်းပုံစံကတော့ ဘော်ဒါဆောင်နေကတည်းက

လက်တွဲလာခဲ့တဲ့ အချစ်ဆုံး သူငယ်ချင်း ၂ ယောက်ဟာ

အမဲပစ်ရာသီမှာ အပျော်တမ်း အမဲပစ်ဖို့ ကားတစ်စီး နဲ့

သေနတ်တွေ သယ်ပြီး ခရီးထွက်လာခဲ့ပါတယ်…

သူတို့ရောက်တဲ့ မြို့မှာတော့ စရိုက်ကြမ်းတယ်လို့ ပြောလို့ရတဲ့

လူတွေ နေပြီး ဥပဒေစိုးမိုးမှု သိပ်မရှိလှပါဘူး ဒါကြောင့်

စည်းကမ်း တစ်ချို့ကို လိုက်နာရပြီး နယ်မြို့လေး ရဲ့

ပြသနာရှိမယ့် လူတစ်ချို့ ကို ရှောင်ပြီး အမဲလိုက်ရမယ့်အကြောင်း

သူတို့ကို သတိပေးထားပြီး ဖြစ်ပါတယ်….

မားကပ်စ် က သူဌေးသား တစ်ယောက်ဖြစ်ပြီး

ဗွမ် ကို အမြဲတမ်းလိုလို ကာကွယ်ပေးတက်သူပါ

သူအချစ်ဆုံး သူငယ်ချင်းအတွက် ဘာပဲ လုပ်ရ လုပ်ရ

လုပ်ပေးမယ့် သူ တစ်ယောက်ပေါ့…

သူငယ်ချင်း ၂ ယောက်ဟာ တစ်ယောက်ကို တစ်ယောက်

ချစ်ပြီး အသတ်ပေးဖို့ လဲ ဝန်မလေးကြပါဘူး…

ဒီလိုနဲ့ သူငယ်ချင်း နှစ်ယောက် သေနတ်တွေ သယ်ပြီး

သူတို့ ကားလေးနဲ့ တောအုပ်ထဲ ဝင်ခဲ့တယ်

တောစပ် တစ်နေရာမှာတော့ သားကောင် စတွေ့လို့

ထုံးစံအတိုင်း သူငယ်ချင်းကို အခွင့်အရေးပေးတက်တဲ့

မားကပ်စ် က ဗွမ် ကို သူ့သေနတ်ပေးပြီး ပွဲဦးထွက်

သားကောင် ရယူခိုင်းပါတယ် အမဲလိုက်ဖို့

သိပ်စိတ်မပါတဲ့ ဗွမ် ဟာ သေချာ ချိန်ပြီး

သားကောင်ကို ပစ်ခဲ့ပေမယ့် သားကောင်အရှောင်

တစ်စုံတစ်ခုကို သွားပစ်မိပါတော့တယ်…

ဒီလိုနဲ့ အဲ့ဒီပစ်မိခဲ့တဲ့ အရာကို သွားကြည့်လိုက်သောအခါ….

ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့

CM Translator အသစ်လေး Hein That Naing ဖြစ်ပြီး

အမှားအယွင်း ပါရှိခဲ့သော် ခွင့်လွှတ်နားလည်ပေးကြပါလို့

ပန်ကြားအပ်ပါတယ်….

Thit San Khant မှ Encode ၍ တင်ဆက်ပေးထားပါတယ်



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Calibre (2018)
Calibre (2018)
Calibre (2018)
Calibre (2018)


No downloads available

Genres



Related movies