Exit print mode Print Data A+ A- Undo all

Cairo Conspiracy (2022)

Cairo Conspiracy (2022)Cairo Conspiracy (2022)

Synopsis:

Cairo Conspiracy (2022)

~ IMDb – 7.1/10, RT – 77%, Meta – 74% ~

442

ကားနာမည်အတိုင်းပဲ… အီဂျစ်နိုင်ငံရဲ့မြို့တော် ကိုင်ရိုက အီဂျစ်နိုင်ငံရဲ့ ရာထူးအကြီးဆုံးထိပ်သီးတွေ ဘာသာရေးခေါင်းဆောင်တွေ ပါဝင်ပတ်သက်နေတဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုတစ်ခုအကြောင်းပါ။ အီဂျစ်ဟာ အစ္စလာမ်ကမ္ဘာမှာ အဓိက အင်အားကြီးနိုင်ငံဖြစ်တာနဲ့အညီ ဒီကားက အစ္စလာမ်ဘာသာကို အဓိကထားပြီး ဇာတ်အိမ်တည်ထားပါတယ်။ နောက် အစ္စလာမ်ဘာသာရေးဆိုင်ရာ သင်ကြားမှုတွေရဲ့ အချက်အချာဖြစ်တဲ့ အယ်အာဇာကိုလည်း ဒီကားရဲ့ အဓိကလိုကေးရှင်းအဖြစ်သုံးထားပါတယ်။ နိုင်ငံရေးနဲ့ ဘာသာရေးကြားက အားပြိုင်မှုတွေကြားမှာ ကြားကမြေစာပင်ဖြစ်သွားတဲ့ ကျေးလက်ကကောင်လေးကို အဓိကနေရာကထားပြီး တင်ပြသွားပါတယ်။

ဒီကားမှာ အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ၊ အကြမ်းဖက်ဝါဒီတွေ၊ အစိုးရဘက်တော်သားတွေ စသဖြင့် ဘက်သုံးဘက်ကိုတွေ့မြင်ရမှာဖြစ်ပြီး ဒီသုံးခုရဲ့အားပြိုင်မှုကို ချိတ်ဆက်တင်ပြသွားပုံကလည်း တော်တော်လေး‌ သေသပ်တယ်ပြောရပါမယ်။ ဇာတ်လမ်းအစမှာ အစိုးရဘက်ကို သတင်းပေးနေတဲ့ အယ်အာဇာက ကျောင်းသားတစ်ယောက် သေသွားတယ်။ ကျောင်းသားက တစ်ဖက်က အစိုးရသတင်းပေးလည်းဖြစ်နေတာမို့ နိုင်ငံရေးအရ အန္တရာယ်ကြီးတာမို့ ဒီသေသွားတာကို မတော်တဆမှုအနေနဲ့ပဲ ပိတ်လိုက်ပေမဲ့ နိုင်ငံတော်လုံခြုံရေးဌာနက အရာရှိတစ်ယောက်က အဲဒီအမှုကို ဆက်လိုက်ပါတယ်။ ဒီအချိန်မှာ အယ်အာဇာက အီမမ်ကြီးခေါ် ဘာသာရေးအရ အာဏာအကြီးဆုံးပုဂ္ဂိုလ်ကြီးကလည်း ဆုံးသွားပြီး သူ့နေရာမှာ လူသစ်တင်ဖို့လည်း လုပ်နေရပါတယ်။ ဒီတော့ ဘာသာရေး နိုင်ငံရေး မတည်ငြိမ်မှုတွေကြား ဒီသုံးဖွဲ့မှာ ဘယ်အဖွဲ့က ဒီကျောင်းသားကို သတ်လိုက်တာလဲဆိုတာကို လှည့်ကွက်ပေါင်းများစွာနဲ့ ကြည့်ရမယ့် ပြင်သစ်ထုတ် အီဂျစ်အခြေတည်တဲ့ ရှားပါးရုပ်ရှင်ကားပါပဲ။ ဘာသာရေးနဲ့ပတ်သက်ပြီး တော်တော်ကြမ်းကြမ်းတမ်းတမ်းတွေပါတတ်တာမို့ ဒါမျိုးမကြည့်ချင်သူတွေ မကြည့်သင့်သလို အစ္စလာမ်ဘာသာနဲ့မြန်မာပြည်ကြားက မကျေနပ်ချက်တွေလည်း ဒိုင်ထဲပါတာမို့ ဒါမျိုးတွေ မမြင်ချင်တဲ့သူတွေလည်း မကြည့်သင့်ပါဘူး။ ဘာနေနေ ရုပ်ရှင်ကတော့ ရုပ်ရှင်ကောင်းပါပဲ။

(ဒီဇာတ်ကားနဲ့အညွှန်းကို N မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 2GB, 880MB
Quality – 1080p, 720p
IMDb Rating – 7.1/10
Format – mp4
Duration – 2H 10Min
Genre – Drama, Romance
Subtitle – Myanmar Subtitle (Hardsub)
Translated by N
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Walad Min Al Janna
Director
Tarik Saleh
Stars
Ahmed Laissaoui, Amr Mosad, Ayman Fathy, Fares Fares, Hassan El Sayed, Jalal Altawil, Makram J. Khoury, Mehdi Dehbi, Moe Ayoub, Mohammad Bakri, Mouloud Ayad, Okan Bozkuş, Ramzi Choukair, Sherwan Haji, Tawfeek Barhom, Younes Medhat, Youssef Salama Zeki, Yunus Albayrak, Zain Alabdin A. Fallatah
Release Date
2022
Rated
Unrated
Runtime
2h 6m
Awards
2 wins & 19 nominations
Country
Sweden, France, Finland, Denmark
Budget
USD $7 047 000,00
Revenue
USD $3 646 605,00
Popularity
26.534
Status
Released
ID IMDb.com
tt15452062
IMDB Rating
7.1
IMDB votes
2200
ID Themoviedb.org
788977
TMDb Rating
7
TMDb votes
79