Exit print mode Print Data A+ A- Undo all

C.R.A.Z.Y. (2005)

Growing up in this family, you'd have to be... C.R.A.Z.Y.
C.R.A.Z.Y. (2005)C.R.A.Z.Y. (2005)

Synopsis:

442

C.R.A.Z.Y 2005 ဒီရုပ်ရှင်က IMDb 7.8/ ခရမ်းသီးပုပ် 100% နဲ့ Meta score 81 အထိရရှိခဲ့ပြီး ဆုပေါင်း ၃၈ ခုပိုင်ဆိုင်ခဲ့တဲ့ ဟောင်းပေမဲ့ ကောင်းနေဆဲ ပြင်သစ် Drama/ Coming of age ရုပ်ရှင်လေးပါ။ နာမည်ကို C.R.A.Z.Y လို့ပေးထားခြင်းက ဒီရုပ်ရှင်ထဲက ညီအစ်ကိုငါးယောက်ဖြစ်တဲ့ Christian, Raymond, Antoine, Zachary နဲ့ Yv‌an တို့ရဲ့ ရှေ့ဆုံးနာမည်အက္ခရာတွေကို ကြီးစဉ်ငယ်လိုက်စီထားတာကြောင့်ပါ။ ဇာတ်အိမ်ကိုတော့ ၁၉၆၀ ခုနစ်ကျော်ကာလမှာတည်ထားပါတယ်။

ကတ်သလစ်ဘာ၀င် ပြင်သစ်ကနေဒီယန် မိသားစုတစ်ခုမှာ သားချည်းပဲ ငါးယောက်ထွန်းကားခဲ့တယ်။ အိမ်ထောင်ဦးစီးဖြစ်တဲ့ အဖေကြီးက ချမ်းသာကြွယ်၀သူတစ်ဦးဖြစ်ပြီး ရှေးရိုးလည်းသိပ်စွဲတတ်တဲ့သူကြီးပါ။ သူရဲ့သားငါးယောက်လုံးကတော့ စာဂျပိုး၊ လူပေလူတေ၊ အားကစားရူး စသဖြင့် တစ်ဦးနဲ့တစ်ဦး နည်းနည်းလေးမှမတူတဲ့ ပင်ကိုစရိုက်လက္ခဏာ ကိုယ်ရည်ကိုယ်သွေးတွေကို ပိုင်ဆိုင်ထားကြတယ်။ ဒီညီအစ်ကိုတွေလိုပဲ ဇာတ်လိုက်ကျော် Zachary၊ ဇက် မှာလည်း ထူးခြားတဲ့ပင်ကိုယ်သဘာ၀တွေရှိတယ်။

ဇက်က ခရစ်စမတ်နေ့မှာ‌မွေးတဲ့သူဖြစ်ပြီး ခရစ်တော်နဲ့မွေးနေ့တူလို့ ခရစ်တော်ကပေးသနားထားတဲ့ ပါရမီတစ်ခုကို ပိုင်ဆိုင်ထားတယ်လို့ ဇက်ရဲ့အမေကယုံကြည်ထားတယ်။ ညီအစ်ကိုငါးယောက်လုံးက တစ်ယောက်နဲ့တစ်ယောက် စရိုက်လက္ခဏာတွေမတူကြဘူးဆိုပေမဲ့ ဇက်ကတော့ ကျန်တဲ့လေးယောက်နဲ့ တော်တော်လေးကို ကွာခြားတယ်လို့ပြောရမယ်။ ဇက်က သားယောက်ျားလေးဖြစ်ပါလျက်နဲ့ နူးညံ့သိမ်မွေ့လွန်းလို့ ဖခင်ဖြစ်သူကြီးက မကြာမကြာ အားမလိုအားမရဖြစ်ရတယ်။ ဇက်တို့မိသားစုက ကတ်သလစ်မိသားစုပီပီ နှစ်စဉ် ခရစ်စမတ်နေ့တိုင်းမှာ မိသားစု အမျိုးအဆွေ စုံစုံလင်လင်နဲ့ ညစာစားပွဲကြီးကိုကျင်းပလေ့ရှိကြတယ်။

ညီအစ်ကိုတွေ ဘယ်လိုပဲမတည့်ပါစေ၊ သဘောထားတွေဘယ်လိုပဲကွဲလွဲနေပါစေ၊ တစ်နှစ်တစ်ခေါက်တော့ ညစာစားပွဲမှာဆုံကြတာချည်းပဲ။ ဒီလိုနဲ့ ဒီညီအစ်ကိုတွေ ဆယ်ကျော်သက်လူငယ်အရွယ်ရောက်လာကြတဲ့အခါမှာတော့ သူတို့တစ်ဦးချင်းစီရဲ့ ပင်ကိုစရိုက်လက္ခဏာတွေ၊ ကိုယ်ပိုင်ရွေးချယ်မှုတွေ၊ ဘာသာရေးခံယူချက်‌တွေက ရှေးရိုးစွဲအဖေကြီးရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့သူကကိုက်ညီ၊ သွေဖီတဲ့သူကသွေဖီဖြစ်လာခဲ့တယ်။ ဒီအခက်အခဲတွေကို ရင်ဆိုင်လာရတဲ့အထဲမှာ ဇက်တစ်ယောက်က အဆိုးဆုံးပေါ့။

ဒီရုပ်ရှင်ထဲက ကာရိုက်တာတည်ဆောက်ပြမှုတွေက တော်တော်ကိုထောင့်စေ့တယ်ပြောရမယ်။ အက်တင်ဘာညာဆိုတာကတော့ ပြောစရာကိုလိုမယ်မထင်ဘူး။ ဆယ်ကျော်သက်လူငယ်တွေရဲ့စရိုက်သဘာ၀တွေ၊ စိတ်ခံစားချက်တွေကို ကွက်ကွက်ကွင်းကွင်းကိုမြင်ရမှာ။ အထူးသဖြင့် ဇက် မွေးလာတဲ့အချိန်ကစလို့ ဆယ်ကျော်သက်ဖြစ်လာတဲ့အချိန်ထိ နှစ်စဉ် ညစာစားပွဲကြီးမှာ တဖြည်းဖြည်းအရွယ်ရောက်လာတဲ့ ညီအစ်ကိုငါးယောက်ရဲ့ ပြောင်းလဲလာတဲ့ကာရိုက်တာတွေကို တစ်နှစ်ပြီးတစ်နှစ် မီးမောင်းထိုးရိုက်ပြထားတယ်။

၁၉၆၀၊ ၇၀၊ ၈၀ ဓာတ်ပြားခေတ်ရဲ့ ဂီတသံစဉ်တွေ၊ အဲဒီခေတ်ကာလက လူငယ်ယဉ်ကျေးမှု‌၊ ၀တ်ပုံစားပုံတွေကိုလည်း ရှုမြင်ရဦးမှာ။ လိုလေသေးမရှိဖြည့်ဆည်းပေးနိုင်ပေမဲ့ အတွေးအခေါ် ခံယူချက်တွေကတော့ ရှေးရိုးစွဲနေတဲ့ အဖေဖြစ်သူကြီးနဲ့ သားငါးယောက်ရဲ့ဇာတ်လမ်းကို ၂ နာရီကျော် တ၀ကြီးကြည့်ရှုခံစားလိုက်ကြပါဦး။ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးအသုံးအနှုန်း နဲ့ ရိုက်ချက်တချို့ပါ၀င်တာကိုတော့ သတိချပ်ပေးပါ။

File size…(2.5 GB)/(1.2 GB)
Quality….Webrip 1080p / 720p
Format…mp4
Duration….02:00:00
Genre…Comedy, Drama
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Steven Khant 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Revenue
USD $3 692 417,00
Popularity
18.278
Status
Released
ID IMDb.com
11421
ID Themoviedb.org
11421
TMDb Rating
7.422
TMDb votes
441