Exit print mode Print Data A+ A- Undo all

Burnt (2015)

Never underestimate a man with everything to lose.
Burnt (2015)Burnt (2015)

Synopsis:

စားသောက်ဆိုင် ကျမ်းတော်ကြီး

“‘ လူတွေ အပြင်မှာ ရောင်းတဲ့ ၅ ဒေါ်လာတန်
ကို ဘာလို့ ငါတို့ဆိုင်မှာ ဒေါ်လာ ၅၀၀ ပေးပြီး
လာစားကြလဲသိလား ”’

442

”’ လက်မလောက်လေး အသားတုံးလေး ၂ခု
ပန်းကန်ထဲထည့်ထားတာကို ဘာလို့
စျေး၅သောင်း ၆ သောင်းပေးစားနေကြတာလဲ”’

ဋီး ဋချီး သံတွေ မိုးပျံ ၊ ပန်းကန်တွေ ဇွန်းတွေ ရိုက်ခွဲကောက်ပေါက်သံတွေ ဆူညံနေ အပူနဲ့
အလုပ်လုပ်နေရတဲ့ကြားထဲ မီးပူတာတစ်မျိုးနားပူ
တာတစ်မျိုး နဲ့ စိတ်မထိန်းနိုင်ရင် မျက်ခွက်ဆုတ်
ပျက်သတ်သွားမယ့် စားဖိုဆောင်…………

ဒီရုပ်ရှင်က IMDb Rating ၊ 6.6 Rotten Tomatoes 29% ၊ Metacritic score 42 ၊ CinemaScore B- တို့ရရှိထားပါတယ်။ ဝေဖန်မှု
တွေ အဆိုးအကောင်းရောနှောရရှိထားတဲ့ ရုပ်ရှင်
တစ်ခုလဲဖြစ်ပါတယ်။ R Rating Movie အမျိုးအစား ဖြစ်လို့ ၁၇ နှစ်အောင်တွေ အုပ်ထိန်းသူတွေ
နဲ့ ကြည့်ဖို့ပြောချင်ပါတယ်။ လိင်ကိစ္စတွေပါလို့
မဟုတ်ပါဘူး စကားပြောကြမ်းတာတွေ ကြမ်း
တမ်းတဲ့အပြုအမှုတွေပါလို့ပါ။ဒီ ရုပ်ရှင်ကို ၂၀၁၅
ခုနှစ် အောက်တိုဘာ
နယူးယောက်မှာ အကြိုပြသခဲ့ပြီး နောက်ရက်အနည်းငယ်အကြာမှာ အမေရိကန်မှာ The Weinstein Company ကစတင်ဖြန့်ချီထားခဲ့ပါ
တယ်။ အင်္ဂလိပ် ၊ ပြင်သစ် စကားပြောရုပ်ရှင်ဖြစ်
ပါတယ်။ တစ်ကားလုံးကြာချိန် မိနစ် ၁၀၀ ရှိပါတယ်။ Budget ကန်ဒေါ်လာ ၂၀ မီလီယံ နဲ့ရိုက်
ကူးထားပြီး Box Office မှာ ကန်ဒေါ်လာ ၃၆.၆
မီလီယံ ပြန်လည်ရရှိထားပါတယ်။

ဒါရိုက်တာ John Wells ရိုကူးထားပြီး၊ သူက ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ရုပ်ရှင်တွေ တွေ ရိုက်ကူး
တဲ့အပြင် ရုပ်သံထုတ်လုပ်သူအနေနဲ့ ရော စာရေး
ဆရာအနေနဲ့ပါ လုပ်ပါတယ်။ ဒီကားက သူရိုက်ကူး
ထားတဲ့နောက်ဆုံး ရုပ်ရှင်ကားဖြစ်ပါတယ်။
အဓီကပါဝင်သရုပ်ဆောင်ထားတဲ့သူတွေ
ကတော့ မင်းသား Bardley Cooper နဲ့ Sienna Miller ဖြစ်ပါတယ်ပါတယ်။

မင်းသား Bardley
ကတော့လူုတောတောများများသိရှိပြီးဖြစ်မယ်ထင်
ပါတယ်။သူ့အကြောင်းနည်းနည်းပြောပြပါမယ်။
သူက အော်စကာဆုပေးပွဲက နေစပြီး တစ်ခြား
သောရုပ်ရှင်စပေးပွဲတွေအထိဇကာတင်စာရင်းနဲ့
ဆုတွေ ယူထားတဲ့သူဖြစ်ပါတယ်။ ၃ နှစ်ဆက်
တိုက် အမြင့်ဆုံး အနုပညာကြေးရတဲ့ မင်းသား
ဖြစ်ပြီး ၂၀၁၅ ခုနှစ် တိုင်မ်း မဂ္ဂဇင်းရဲ့ လွှမ်းမိုးမှု
ရှိဆုံးအယောက် ၁၀၀ စာရင်းမှာပါဝင်ထားနိုင်တဲ့
အထိကို အရှိန်အဝါကြီးပါတယ်။ Hangover ကတော့ ကျွန်တော်အကြိုက်ဆုံးပေါ့။

ဗြိတိန် အမေရိကန်စပ် မင်းသမီး Sienna ကလဲ BAFTA ၊ Golden Globe Award တို့လို ဆုပေးပွဲတွေအထိခြေဆန့်ထားနိုင်ယ်မင်းသမီးဖြစ်ပါတယ်
American Sniper မှာလဲ မင်းသားBardley နဲ့
အတူတူသရုပ်ဆောင်ခဲ့ဖူးပါတယ်။ ကဲဟုတ်ပါပြီ
ဒါတွေက ရုပ်ရှင်ထုတ်လုပ်မှုပိုင်းဆိုင်ရာတွေပေါ့။

နောက်ဆုံးမှာထည့်ထားတဲ့ သီချင်းနာမည်က Barns Courteny ရဲ့ Fire ဆိုတဲ့သီချင်းပါ။

ဒီကားကို ရွှေးရတဲ့အကြောင်းအရင်း က
ဒီကားကို ကြည့်မယ့်သူတွေထဲမှာ
စားသောက်ဆိုင် လိုဟိုတယ်လိုဝန်ဆောင်မှု
လုပ်ငန်းလုပ်ကိုင်နေတဲ့ သူတွေ ကိုပြောချင်တာ စားသောက်ဆိုင်ဆိုတာ ဟင်းရောင်းရုံနေရာမဟုတ်ဘူး ၊ တာဝန်ယူမှုတာဝန်ခံမှု ကို သဘော
ပေါက်ပြီး professionalဆန်စေချင်တာရယ် ၊
ခေါင်းဆောင်ဆိုတဲ့ အဓီပယ်
ကို ပိုနားလည်သွားစေချင်တာရယ်၊ အသင်းအဖွဲ့
နဲ့ လုပ်ဆောင်ခြင်းTeam Work က
နေရာတိုင်းမှာဘယ်လောက်အရေးပါတယ်ဆိုတာကို ပိုပြီးသိသွားစေချင်တာကြောင့်ပါ။

ဒီနေ့ခေတ်က IT ခေတ်ပါ
အရင် Facebook မပေါ်ခင်တုန်းကလို
လာစားတဲ့သူတွေကို သမ္မတအိမ်တော် ထမင်းချိုင့်
ပို့နေရတဲ့မျက်နှာ နဲ့ ရောင်းလို့မရတော့ပါဘူး။

ဒီဇာတ်လမ်းက အပြင်က Gordon Ramsay ပုံစံ
နဲ့ တော်တော်တူပါတယ်။ အခု MRTV 4 မှာပြနေ
တဲ့ MasterChef ရဲ့မှုရင်းထုတ်လုပ်သူ လဲဖြစ်
သူကိုယ်တိုင်လဲ Michaellin ကြယ်၃ ပွင့်တွေ၊ ၂ ပွင့်တွေ ၊ ၁ ပွင့်တွေရထား
တဲ့ စားသောက်ဆိုင်တွေရဲ့ ပိုင်ရှင်ဖြစ်တဲ့သူပါ။
သူ့ကိုတော်တော်များများသိကြမှာပါ Facebook
ပေါ်မှာ စားဖိုမှုးတွေ ကို ပျစ်ပျစ်နှစ်နှစ် ရစရာ
မရှိအောင် ပြောတက်တဲ့ video ကိုတွေ့ဖူးကြမှာပါ။
မတွေ့ဖူးလဲ ရိုက်ရှာလိုက်။

ဒီကားထဲမှာ ရိုက်ပြထားတဲ့ ဟင်းချက်တဲ့ပြကွက်
တွေမှာ ဟင်းချက်ပုံချက်နည်းကို သေချာရိုက်
မပြဘဲ တစ်ဝက်တစ်ပျက်နဲ့လောက်ပဲပြပြ သွားတာ
က ဇာတ်လမ်းအရှိန်ကို လျော့သွားစေပါတယ်။

ဒီဇာတ်လမ်းထဲမှာပါ တယ် Michaellin star ဆို
တာဘာလဲ ဘယ်လဲ ဆိုတာ ဟိုစပ်စပ်ဒီစပ်
လျောက်ရှာကြည့်လိုက်တယ်။

ဒီ Michaellin star ဆိုတာ က စားသောက်ဆိုင်တွေကို starတွေပေးပြီး အဆင့်သတ်မှတ်ပေး
တဲ့ စားသောက်ဆိုင်လမ်းညွှန်စာအုပ်ပေါ့
တစ်ချို့သူတွေခေါ်ကြတာတော့ စားသောက်
ဆိုင် လောက က ကျမ်းစာအုပ်တော် ပေါ့။

ထူးတာက အဲ့ဒီအဖွဲ့အစည်းက အရမ်းကိုလျှိုဝှက်
လွန်းတယ်။ ရုပ်ရှင်ဆန်ဆန်ကို လုပ်ဆောင်တဲ့
အဖွဲ့အစည်းပါ။ ဒီအဖွဲ့အစည်းစတင် တည်ဆောက်
ခဲ့တာ ၁၉၀၀ ခုနှစ်လောက်မှာ Michaellin
တာယာ တွေထုတ်လုပ်တဲ့ လုပ်ငန်း ရဲ့ ညီအကို
နှစ်ယောက် Andreနဲ့ Edourad က စပြီးတည်
ထောင်ခဲ့တယ်။
အစက သူတို့ ထုတ်တဲ့စာအုပ်က ပြင်သစ်နိုင်ငံ
အတွင်းက တာယာတွေ ဘယ်ဆိုင်မှာကောင်းတယ် ဘာညာ တာယာနယ်ပယ်နဲ့ ဆိုင်တာ ကိုပဲလမ်းညွန်ထုတ်ပေးခဲ့တာနောက်ပိုင်း ၁၉၂၆ မှာစပြီး စားသောက်ဆိုင်လမ်းညွန်ဆိုပြီး
ပြင်သစ်နိုင်ငံက စားသောက်ဆိုင်တွေကို အဆင့်သတ်မှတ်တာတွေလုပ်လာတယ်။
နောက် ပြင်သစ်အပြင် တစ်ခြားသောနိုင်ငံတွေ
ကိုပါ ရောက်လာတယ်ပေါ့။

အဲ့ဒီအဖွဲ့အစည်းမှာ ရှိတဲ့ အကဲဖြတ်ဝန်ထမ်း
တွေ ဘယ်လောက်ရှိတယ် ၊ ဘယ်လို ပုံစံ၊
ဘယ်သူတွေလဲ ဆိုတာ ဘယ်သူမှမသိကြဘူး။
အဲ့မှာ လုပ်တဲ့အကဲဖြတ်သူတွေက သူတို့ဘာလုပ်
နေတယ်ဆိုတာသူတို့ မိဘတွေကိုတောင်ပြောပြခွင့်မရှိဘူးတဲ့။ သူတို့စားသောက်ဆိုင်တစ်ဆိုင်ကို
အမှတ်ပေးတဲ့ ပုံစံက အကဲဖြတ်တဲ့သူတွေ တစ်
ယောက်ပြီးတစ်ယောက် သွားစားကြည့်ပြီးသူတို့
တွေ့တာအားလုံးကို အသေးစိတ်မှတ်သားလာ
တယ် နောက်ပြီး အားလုံးပြန်စုပြီး အစည်းဝေး
ထိုင်တယ် နောက် အဆင့်သတ်မှတ်ပေးလိုက်
တယ်ပေါ့။အဲ့တော့ လာဘ်ထိုးဖို့ မလွယ်ဘူး။

အဲ့ဒီအဖွဲ့အစည်းက ဖြုတ်ခံလိုက်
ရတဲ့ သူတစ်ယောက် ၂၀၀၃ ခုနှစ်မှာ ထုတ်ပြီး
ပြောပြထားတာက အဲ့ဒီအဖွဲ့အစည်းထဲ သူတို့
တွေ က အရမ်းကို အထီးကျန်ကြတယ် ၊
တစ်ယောက်တည်းပဲ စားသောက် ကြရတယ်၊
နောက်အသေးစိတ်ကို မှတ်သားပြီး ပြန်တင်ပြရတယ်၊ ပြီးတော့ လုပ်အားခငွေက ကလဲ
နည်းနည်းပဲရကြတယ်လို့ ပြောပြထားတယ်။
သူတို့ အားလုံး ၂၅ ယောက်ရှိတယ်လို့ပြောတယ်။
ဒါပေမယ့် Michaellin တို့ဘက်က မဟုတ်ဘူးလို့
သာငြင်းဆိုထားပါတယ်။

သူတို့ စားသောက်ဆိုင်တွေကို လာတာဘယ်သူမှ
လဲ မသိလိုက်ဘူး၊ ဘယ်အချိန်လာသွားတယ်မှန်း
လဲမသိလိုက်ကြဘူး၊ဘယ်လိုအမှတ်အသားမျိုး
ဘယ်လို မှလဲ မလုပ်ပြကြဘူး၊ စားပြီးပြန်သွား
ကြတယ်၊ နောက်တော့မှ အဆင့်
သတ်မှတ်တဲ့စာအုပ်ထွက်လာမှသိကြရတယ်။

အဆင့်တွေကို ကြယ် ၁ ပွင့် ကြယ် ၂ ပွင့်
အမြင့်ဆုံး ကြယ် ၃ ပွင့် နဲ့ ဘာကြယ်မှမပေးတာ
မျိူးသတ်မှတ်ပေးကြတယ်။
ကြယ်ရတာ တွေက ဥရောပ အမေရိက
ဘက်ကဆိုင်တွေ နဲ့ ပြင်သစ်ပုံစံ ပြင်ဆင်ထားတဲ့
ဆိုင်တွေ ရတာများတယ်။ဒါပေမယ့် ဂျပန်ကို
Michaellin တွေ စပြီး အဆင့်သတ်မှတ်ပေး
တော့ ဆိုင်တွေတော်တော်များများ ကြယ်ရကြ
တာတွေ့ရတယ် ။ စားဖိုမှုးတွေလဲ သူတို့ ကိုယ်
သူတို့ အံ့သြနေကြတယ် ။

တစ်ခြားနိုင်ငံတွေထက် ဂျပန်ကိုပေးတာများ
တယ်ပေါ့။ တစ်ချို့ဝေဖန်ကြတာက
Michaellin က သူ့ ကားတာယာ company
ဂျပန်နိုင်ငံကိုဖြန့်ဖို့ နာမည်ကောင်းရချင်လို့ ဘာလို့ ပြောကြတယ်။ တစ်ချို့က လဲ ဂျပန်အစားစာ
တွေက သန့်ရှင်းတယ် လတ်ဆတ်တယ်
ကျန်းမာရေးနဲ့ညီညွှတ်လို့ ရတာလို့ပြောကြတယ်။

မှာ ကြယ်၃ ပွင့်ရသွားတဲ့
ဆိုုင် ဆို သူ့ မီနှုးက ပြင်သစ် ပုံစံ ဘက်ကိုရောက်
ရောက်သွားကြတယ်တဲ့။ အရှေ့တောင်အာရှမှာ
ကြယ်ရတဲ့ ဆိုင် သိပ်မရှိဘူး။ ဝေဖန်သူတွေပြော
ကြတာ အာရှအစားအစာက ပြင်သစ်အစားအစာ
တွေလိုမဟုတ်လို့လို့ ပြောကြတယ်။
Michaellin ကြယ်ရပြီးဆိုလဲ တစ်ကမ္ဘာလုံးက လာစားမဲ့ ဧည့်သည်တွေ ရောက်လာကြတော့
မှာပါ။

ကြယ် ၁ ပွင့်ရဲ့အဓီပယ်က လမ်းကြုံရင်သွားစား
သင့်တယ် အဆင့်မှီတယ်။ နိုင်ငံရပ်ခြားကို
sponsor နဲ့ shopping ထွက်တာဖြစ်ဖြစ်
ကင်ဆာတို့ ဘာတို့ ညာတို့ဖြစ်လို ဆေး့သွားကု
ရင်း၆ လလောက်ပဲ ခံတော့မယ် ဆိုရင် ဖြင့် သွားစားကြည့်ပေါ့။ စင်ကာပူမှာ ကြယ် ၃ပွင့်
ဆိုင်ရှိပါတယ်။

ကြယ် ၂ ပွင့်ရဲ့ အဓီပယ်က သွားစားဖို့ကောင်းတဲ့
ဆိုင် အဆင်ကျော်တယ်။ ကိုယ့် ATM Card
ထဲ တစ်ယောက်ယောက်ဆီက မှားနိုပ်မီပြီး
သိန်း ၅ ရာ ၁ ထောင်လောက် ဝင်လာရင်
ဘာမှပြောမနေနဲ့ ကဒ်ကိုင်ပြီးစားသောက်ဆိုင်
ကိုဒိုးတော့။

ကြယ် ၃ ပွင့်ရဲ့ အဓီပယ်က လုံးဝပြီးပြည့်စုံနေ
မယ်။ လာချပေးတဲ့ ပန်းကန်ပြားကို ဓာတ်မီးနဲ့ ထိုးကြည့်လက်ဗွေရာတောင်မတွေ့ရဘူး။
သိန်း ၁ ထောင်ကောက်ရရင်ဖြစ်ဖြစ်
သိန်း ၁ သောင်း ကို၂ နှစ်ဆက် တိုက်ပေါက်ရင်
ဖြစ်ဖြစ် တစ်နေ့ ၁ထောင်စုပြီး လန်လိုဂီနီတို့
ဖာရာရီ တို့ ဝယ်နိုင်တဲ့နေ့သွားကြည့်ပေါ့။

ပိုက်ဆံမရှိလဲ မှာပြီး ဟင်းက အရောင်တွေနဲ့ဆိုပြီး
compalin တက် ပိုက်ဆံမပေးပဲ ထထွက်လာခဲ့လိုက် ငိငိ

ကြယ် ၃ ပွင့်ရထားတဲ့ဆိုင် ကအရှေ့တောင်အာရှ နဲ့ အာရှမှာဆို မှာဆို စင်ကာပူ၊ ဂျပန် ၊ ကိုးရီးယား၊
မကာအို တို့မှာရှိတယ်။ စျေးက ဒေါ်လာ ၅၀၀ လောက်က နေအမျိုးမျိုးရှိတာတွေ့ရပါတယ်။

မြန်မာနိုင်ငံမှာလဲ Michaellin star ရစားဖိုမှုးတွေ
ရှိတာကိုတွေ့ရတယ်။ ဟိုနိုင်ငံတွေက ပြောင်းလာပြီးဒီမှာဆိုင်လာဖွင့်နေကြတာ ၃ ဆိုင် ရှိတာကို
စုံစမ်းတွေ့ရှိရပါတယ်။

ပထမဆုံးဆိုင်က ၂၀၁၅ လား ၂၀၁၆ လာမသိ
နှစ်ယောက် သွားစားတာ ၁၆ သိန်းကုန်တယ်ဆိုပြီး
Facebook ပေါ်မှာ ပလူပျံသွားတဲ့
Le Planteur ဆိုတဲ့ဆိုင် ။ နောက် The Seedနဲ့
Shwe Sa Bwe တွေပါ။စျေးကတစ်ယောက်ကို
၈ သောင်းဝန်ကျင်လောက်ရှိပါတယ်။၀ိုင်ပါတာ
မပါတာ ဆိုင်ခြင်းမတူကြဘူး။

! ဘေဘီတို့ ကိုကိုတို့ ကိုခေါ်သွားကြတော့ ငိငိ!

ဒီကြယ်ကို စားဖိုမှုးလောက မှာဆို အော်စကာရ
တယ်လို့ တင်စားခေါ်ကြတယ်။ ကြယ်က ရပြီးသွား
ရင် အသေရသွားတာမျိုးမဟုတ်ဘူး ပြန်ရုပ်သိမ်း
ခံရတက်တယ် ။ ဒီကြယ်မှာ ကောင်းတာရှိသလို
တစ်ချို့ ကြတော့ ဒီကြယ်ရဲ့ ဒဏ်ကို မခံနိုင်ကြဘူး။ ဒီလိုပါ ဒီကြယ်က ရထားတဲ့ အပွင့်ကိုလိုက်
ပြီး ဝန်ထုပ်ကလဲပိလာကြတယ်။ စားဖိုမှုးတစ်
ယောက် ပြောထားတာ သူ့ရထားတဲ့ကြယ်ကို ပြန်
သိမ်းခိုင်းတယ် ဘာလို့ ဆို ကြယ်ရထားတော့
သူ့စံနှုန်းအတိုင်း တစ်သမတ်တည်းလုပ်နေရတယ်
နောက်ပြီး အမှားခံလို့ကိုမရဘူး ၊လာစားတဲ့သူတွေ
က အခြေနေအကုန်လုံးကို စောင့်ကြည့်နေကြတဲ့ ဒဏ်တွေ မခံနိုင်ဘူးတဲ့။

ကြယ်က လွယ်လွယ်ပေးတာမျိုးမဟုတ်ဘူး
ကြယ် ၃ပွင့်ရတဲ့ဆိုင်ဆို ၁ နှစ်မှာ လက်ချိုးရေလို့
တောင်ရတယ် ၃ ၊ ၄ ဆိုင်ဒီလောက်ပဲ။
ဒီစာတွေကို မနက် ၂နာရီမှာ ခေါက်ဆွဲပြုတ်
လေးစားနေရင်း ရေးလိုက်ပါတယ်။
ကျွန်တော်HLKပါ။



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Burnt
Director
John Wells
Stars
Alicia Vikander, Bradley Cooper, Daniel Brühl, Emma Thompson, Lily James, Matthew Rhys, Omar Sy, Sarah Greene, Sienna Miller, Uma Thurman
Release Date
30 Oct 2015
Rated
R
Runtime
101 min
Awards
6 wins & 1 nomination.
Country
USA
Budget
USD $20 000 000,00
Revenue
USD $36 606 743,00
Popularity
25.225
Status
Released
ID IMDb.com
tt2503944
IMDB Rating
6.6
IMDB votes
88,562
ID Themoviedb.org
295964
TMDb Rating
6.4
TMDb votes
1386